← Chapters

လက်ဆောင်တွေ အများကြီး.

Vol. 13 Ch. 190

လက်ဆောင်တွေ အများကြီး.

Vol. 13 Ch. 190

ဘာသာပြန် = စနိုးဝှိုက်

အစ်မဟောင်ဟာ ထွက်သွားလိုက်တယ်။

အကြီးအကဲ ခွေး နီကိုးလပ်ဟာလည်း မမြင်ရတော့ပါဘူး..သူအမွှေးပွ ခွေးမလေးကို ဘယ်လို စည်းရုံးရမလဲ နည်းလမ်းသွားရှာတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ထပ်ပြောရရင် အကြီးအကဲ ခွေးနီကိုးလပ်ဟာ..အမွှေးပွ ခွေးမလေးနဲ့ အရွယ်အစားချင်းကွာတာကို အခုမှ သတိထားမိလိုက်ပြီး..ရှက်သွားတာလည်း ဖြစ်နိုင်ချေရှိပါသည်။

"အမြန် ပို့ဆောင်မူ ကုမ္ပဏီက အကြီးအကဲ နီကိုးလပ် အတွက်လက်ဆောင် လာဖို့တာပါ"

အဲ့အချိနိမှာပဲ အမြန်ပို့ဆောင်မူ ကုမ္ပဏီက လူတစ်ယောက်ဟာ..ဘောက်စ်ကြီး တစ်လုံးကို သယ်ပြီး ရောက်ချလာတာ တွေ့ရလိုက်ရတယ်။

အထဲမှာတော့ ဘာရှိမှန်း မရေးထားပါဘူး။ဒါကြောင့် လင်းဖန် လူလိမ် ထျန်ကို ကြည့်လိုက်ပြီး..

"အထဲမှာ ဘာရှိလဲ တစ်ချက်ကြည့်ပေးလိုက်ပါလား"

အမြန် ပို့ဆောင်မူ ကုမ္ပဏီမှ လူ ဟာ..လူလိမ် ထျန်ကို ကြည့်လိုက်ပြီး..

"ခင်ဗျားက အကြီးအကဲ နီကိုးလပ်လား..ဒီမှာ လက်မှတ်လေးတစ်ချက် ထိုးပေးပါ"

လူလိမ် ထျန်ဟာ အချက်အလက်တွေကို ကြည့်ပြီး လက်မှတ်ထိုးပေးလိုက်တယ်..ပြီးမှ ခွေးမလေး နောက်ကို ပြေးလိုက်နေတဲ့ အကြီးအကဲ ခွေး နီကိုးလပ်ကို လက်ညိုးထိုးပြလိုက်ပြီး..

"အကြီးအကဲ နီကိုးလပ် ဆိုတာ အဲ့ခွေးပဲ ..ဒါပေမဲ့ ငါလက်ခံလက်မှတ်ထိုး လိုက်မယ်"

ပို့ဆောင်တဲ့ လူဟာ တစ်ချက်လှည့်ကြည့်လိုက်ပြီး..ဘာမှတော့ မပြောပါဘူး။လတ်တလောမှာ ရှုပ်ထွေးတာတွေ အများကြီး ရှိနေပြီး..သူပို့စရာ ရှိတာကို ပို့ပြီးတဲ့အတွက် ..ချက်ချင်းလှည့်ထွက်သွားလိုက်ပါတယ်။

လင်းဖန် ဘောက်စ်ကို စိတ်ဝင်စားသွာ ကြည့်လိုက်ပြီး..

"ဘောက်စ်ထဲမှာ ဘာများရှိနိုင်မလဲ"

"မသေချာဘူး . ဒါပေမဲ့ အတော်တော့ လေးတယ်"

လူလိမ် ထျန် ခေါင်းခါယမ်းလိုက်တယ်။

"ဒါက အကြီးအကဲ ခွေး နီကိုးလပ်ရဲ့ ပရိတ်သတ်တစ်ယောက် ပို့ လို့က်တာဖြစ်မယ်"

လင်းဖန် ရယ်မောလိုက်ကာ..

"ဒါက ဖြစ်နိုင်ပါ့မလား..တကယ်လို့ ပရိတ်သတ်တွေက လက်ဆောင်ပို့ကြေးဆိုရင် ငါ့ကို အရင်ပို့သင့်တာနော်"

"ခန့်မှန်းမနေနဲ့တော့..အခုပဲ ဖွင့်ပြီးကြည့်လိုက်မယ်"

လူလိမ် ထျန် သော့နဲ့ သေတ္တာကို ဖွင့်ကြည့်လိုက်တဲ့ အချိန်မှာတော့..

!ဒါက အကြီးအကဲ ခွေး နီကိုးလပ် အတွက်လက်ဆောင်ပဲ..ဒါပေမဲ့ ခွေးသား တစ်ကောင်ကောင်က လိုချင်တယ်ဆိုရင်..အကြီးအကဲ ခွေး နီကိုးလပ်နဲ့ တိုက်ခိုက်ရမယ်"

လင်းဖန်ဟာ သေတ္တာထဲက စာသားကို မြင်တဲ့အချိန်မှာ စိတ်ဝင်စားမူ ပျောက်သွားခဲ့ပါတယ်။

ပရီမီယမ် ခွေးစာ..

စျေးကြီးတဲ့ ခွေးစာ..

ဒီသေတ္တာထဲမှာ ခွေစာတွေနဲ့ ပြည့်နေပြီး..ခွေးစာခွက် တစ်ချို့တောင် ပါလာပါသေးတယ်။

"ဝိုး အကြီးအကဲ ခွေး နီကိုးလပ် ဒီလောက်ထိ အောင်မြင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး..သူကို ခွေးစာတွေတောင် လက်ဆောင်ပို့ နေကြပြီ"

ကျောက်ကျန်းယန်ဟာ စတင်ပြီးတော့ တိုက်ရိုက်ထုတ်လွင့်လိုက်တယ်။

"ဘယ်လို လူကများ.အကြီးအကဲ ခွေး နီကိုးလပ် အတွက် လက်ဆောင်ပို့ပေးလိုက်တာလဲ"

တိုက်ရိုက်ထုတ်လွင့်မူ စတင်တာနဲ့ မှတ်ချက်တွေဟာ တက်လာပါတော့တယ်။

"မိုက်တယ်..ဒီ ညီအစ်ကိုက မြန်တာ အဲ ဒီကိစ္စက မနေ့ကမှ ဖြစ်သွားတာကို သူက ဒီနေ့လက်ဆောင်ပို့လိုက်တယ်"

"အဲတာကို ငါပို့ပေးလိုက်တာ..အကြီးအကဲခွေး နီကိုးလပ်က စောက်ရမ်းသန်မာတယ်လေ..သူ ဒီဆုကို ရသင့်တယ်"

"ချီးပဲ ငါတို့လည်း တစ်ခုခုလုပ်ပေးရမယ်..သူဒီလောက်ကြိုးစားပြီးတာတောင် ဘာမှ မလုပ်ပေးလို့ မဖြစ်သေးဘူး"

လူတိုင်းဟာ တိုက်ရိုက်ထုတ်လွင့်မူကို အာရုံရောက်နေတဲ့ အချိန်မှာပဲ ခုနက အမြန်ပို့ဆောင်မူ ကုမ္ပဏီက အလုပ်သမားဟာ အော်ဟစ်ပြီး ပြန်လည်ရောက်လာခဲ့ပါတယ်။

"အကြီးအကဲ နီကိုးလပ်အတွက်..နောက်ထပ် ထပ်ရောက်တယ်..ဒီမှာ လက်မှတ်ထိုးပေးပါ"

လင်းဖန် နဲ့ လူလိမ် ထျန်ဟာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြတယ်..ဒါက လောဂျစ်ကို ဆန့်ကျင်နေပါပြီ။

လူလိမ် ထျန် ဘောက်စ်ကို ဖွင့်ကြည့်လိုက်တဲ့ အချိန်မှာ နောက်ထပ် ခွေးစာ..ခွေးစာခွက် နဲ့ ခွေး ကစားစရာ အရုပ်တွေပါ။

"ကြည့်ရတာ အကြီးအကဲ ခွေး နီကိုးလပ်က ကျော်ကြားနေပြီ ထင်တယ်..ဒါက ဒုတိယမြောက် လက်ဆောင်ဖြစ်ပြီး..ပိုလည်းများတယ် .သူ့ဘဝအတွက် ဒါက စားဖို့လုံလောက်နေပြီ"

ဝူယူလန်ဟာ ပြောလိုက်တယ်။

"ငါတို့ ဆိုင်က ဒီဟာတွေ အကုန်သိမ်းပေးထားဖို့ မကြီးဘူးလေ"

လင်းဖန် ကြည့်ပြီး ခေါင်းခါယမ်းလိုက်တယ်။

ဝူယူလန်ဟာ တွေးတောလိုက်ပြီး..

"တစ်ကယ်တော့ ငါတို့ တစ်ခြားခွေးတွေကိုလည်း ဝေပေးလို့ရတယ်..ဒီ တိမ်ဖြူလမ်းမှာ လေလွင့်ခွေးတွေလည်း ရှိတော့..ဒါက အဆင်ပြေမှာပါ"

"ဒါက အကြံကောင်းပဲ"

လင်းဖန် မျက်လုံးအရောင် တောက်သွားပြီး ထောက်ခံလိုက်တယ်။

"အကြီးအကဲ ခွေး နီကိုးလပ်က ဒါတွေ အကုန်လုံးကို ကုန်မှာမဟုတ်ဘူး..မျှဝေပေးတာက သူလည်း ကုသိုလ်ရတယ်လေ"

,

သိပ်မကြာခင်မှာပဲ အမြန်ပို့ဆောင်တဲ့ အလုပ်သမားရဲ့ အသံကို ထပ်ကြားလိုက်ကြရပါတယ်။

"အကြီးအကဲ ခွေး နီကိုးလပ် အတွက် နောက်ထပ်လက်ဆောင်တွေ"

အမြန်ပို့ဆောင်တဲ့ လူဟာ ဒီတစ်ခါမှာတော့ ဥာဏ်ကောင်းသွားခဲ့ပါပြီ..သူ ဒီကို မလာခင်မှာ အကြီးအကဲ ခွေး နီကိုးလပ်ရဲ့ လက်ဆောင်တွေကို အကုန်စုလိုက်ပြီး ပေါင်းယူလာခဲ့လိုက်တယ်။

သူဟာ သိပ်တော့ မယုံကြည်နိုင်ခဲ့ပဲ..

အကြီးအကဲ ခွေး နီကိုးလပ်က ဘာတွေလုပ်ခဲ့လို့လဲ..

ဘောက်စ်တစ်ခု ချင်းစီတိုင်ဟာ အတော်ကြီးပြီး သူတောင် အငှားကားနဲ့ သယ်လာခဲ့ရပါတယ်။လူလိမ် ထျန် ညွှန်ပြခဲ့တဲ့ ခွေးက ဒီလက်ဆောင်တွေ အကုန်လုံးကို ရခဲ့တယ် ဆိုတာ သူ မယုံကြည်နိုင် သေးပါဘူး"

လူလိမ် ထျန်ဟာ သေတ္တာတစ်ခုပြီး တစ်ခုလက်ခံရင်း လက်မှတ်ထိုးပေးနေခဲ့တယ်။

"ဗန်ကားထဲက ဟာတွေ အကုန် သူ့အတွက်ပဲ"

လူလိမ် ထျန်ဟာ ဒါကို ကြားပြီး အံ့သြလို့ မဆုံးတော့ပေ..အမြန်ပို့ သမားနောက်က ကားထဲမှာ အနည်းဆုံး သေတ္တာ ဆယ်လုံးလောက် ရှိပါတယ်။

ဒါတွေ အကုန်လုံးကို သာဆိုင်ထဲတည့်ရင် သူတို့ နေစရာ နေရာတောင် ရှိတော့မှာ မဟုတ်ပါဘူး။

လင်းဖန် နှာဖူးကို ရိုက်လိုက်တယ်..အကြီးအကဲ ခွေး နီကိုးလပ် ဘာလို့ လက်ဆောင်တွေ အများကြီး ရလဲ ဆိုတာ သူနားလည် လိုက်ပါပြီး..ကျောက်ကျန်းယန်ဟာ လူသိများပြီး..အဲ့နေ့ကလည်း တိုက်ရိုက် ထုတိလွင့်နေခဲ့တာပါ။

အထူးသဖြင့် ကလေးပျောက်တဲ့ နေ့မှာ ဝိုင်းရှဲလ်ကြရင်း ကြည့်ရူသူ သိန်းချီ ရှိပါတယ်။

အမြန်ပို့ သမား ပြန်သွားမှ လင်းဖန်ဟာ ဘေးနားဝန်းကျင်က ခွေးရှိတဲ့ ဆိုင်ပိုင်ရှင်တွေကို လူလိမ် ထျန်ကို ခေါ်ခိုင်းကာ ခွေးစာတွေ ဝေပေးလိုက်တယ်။

ဒီမှာ ခွေးစာတွေက အများကြီးရှိတာဖြစ်ပြီး တကယ်လို့ အကြီးအကဲ ခွေး နီကိုးလပ် တစ်ယောက်ထဲစားရင် ဗိုက်ပေါက်ထွက်သွားပါလိမ့်မယ်။

"တကယ်ပဲ..ဒီခွေးတွေက ငါတို့ထက် နာမည်ကြီးပြီး .ပိုတန်ဖိုး ရှိနေသလိုပဲ"

လူလိမ် ထျန်ဟာ ရေရွတ်လိုက်တယ်။

တိမ်ဖြူလမ်းက ဆိုင်ပိုင်ရှင်တွေဟာ..လင်းဖန် ဆိုင်ရှေ့မှာ ဝိုင်းနေကြလို့ပါ။သူ့တို့တွေရဲ့ ခွေးတွေ အပေါ်ကို အမြင်တွေက ပြောင်းလဲ သွားကြပါပြီ။

အစတုန်းကတော့ သူတို့ဟာ ခွေးကိုက်မှာနဲ့ ညစ်ပတ်မှာကို ကြောက်ကြပြီး..အစ်မဟောင် အဖြစ်အပျက်အပြီးမှာ ခွေးတွေ ဘယ်လောက် အသုံးဝင်ကြောင်း နားလည်လိုက်ကြတယ်။

ဆိုင်ပိုင်ရှင်တိုင်းဟာ သူတို့ ခွေးတွေအတွက် အစားတွေ အသီးသီး ယူသွားလိုက်ကြပါသည်။

လင်းဖန်ဟာ အများအပြားကို ပေးပစ်လိုက်ပြီး အကြီးအကဲ ခွေး နီကိုးလပ်အတွက် အနည်းငယ် လောကိသာ ချန်ထားလိုက်ပါတယ်။

တကယ်လို့ ဒါကို သာ အကြီးအကဲ ခွေး နီကိုးလပ် သိရင်..သူ ဘယ်လို တုန့်ပြန်မလဲ ဆိုတာ စိတ်ဝင်စားစရာပါပဲ။

လင်းဖန် အခု စိတ်ညစ်နေတာက သူခွေးတွေကို ပန်ကိတ် ကြိုက်သလောက်စားခိုင်းမယ် ဆိုတဲ့ ကတိပါ။

လက်ရှိအခြေအနေအရ တော့ ဒီခွေးတွေဟာ ဒါကို မေ့သွားမယ့် ပုံစံ မရှိကြပါဘူး။

အကြီးအကဲ ခွေး နီကိုးလပ်ရဲ့ အမိန့်အောက်မှာ ခွေးတွေ အကုန်လုံးက ပန်ကိတ်ကို နေ့တိုင်း စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေကြပါတယ်။

ဒါက သူ့အပေါ်ကို အမှန်တကယ် ဖိအား ဖြစ်စေတဲ့အရာပါ။

ကြည့်ရတာ သူ အကြီးအကဲ ခွေး နီကိုးလပ်နဲ့ စကားပြောရဦးမှာဖြစ်ပြီး..ဘယ်လို အခြေအနေပဲ ရှိရှိ အကြီးအကဲ ခွေး နီကိုးလပ်ကို သူ့ဘက်မှာ ရပ်တည်အောင် လုပ်ရမှာပါပဲ။

"ဝုတ် ဝုတ်"

အဲ့အချိန်မှာပဲ အကြီးအကဲ ခွေးနီကိုးလပ်ဟာ လေးပင်စွာနဲ့ ဆိုင်ရှေ့ကို ပြန်လာပြီး လှုပ်တောင် အလှုပ်တော့ပေ။

သူ့ကြည့်ရတာ မျှော်လင့်ချက်တွေ..ယုံကြည်မူတွေ အကုန်ပစ္စည်းသွားတဲ့ ပုံပါပဲ။

သူဟာ လမ်းပေါ်မှာ ပတ်ပြေးနေတာ ပိုလာ အမွှေးပွ ခွေမလေးကို မြင်လိုက်တဲ့အချိန်မှာတော့ ခေါင်းကို..အောက်ဘက်..အတင်းငုံလိုက်တယ်။

"အကြီးအကဲ ခွေး နီကိုးလပ် ငါမင်းနဲ့ ဆွေးနွေးစရာရှိတယ်..ငါတို့ ပန်ကိတ်ရဲ့ ပါဝင်ပစ္စည်းတွေက မလုံလောက်တော့..နောက်ကျရင် ပန်ကိတ်တွေ အများကြီး လုပ်ပေးလို့ရမှာ မဟုတ်ဘူး။တကယ်လို့ မင်းရဲ့ ခွေးတွေကိုသာ ခေါ်လာပြီး စားနေဦးမယ် ဆိုရင် မင်းအတွက်တောင် မလောက်တော့မှာ ငါ ကြောက်မိတယ်နော်"

အကြီးအကဲ ခွေးဟာ အခုချိန်မှာ ဘာစကားမှ ပြောချင်စိတ်ရှိတာ မဟုတ်ပါဘူး။သို့ပေမယ့် သူ ပန်ကိတ် မစားရတော့ ဘူးလို့ကြားတဲ့ အချိန်မှာ ခေါင်းထောင်လာခဲ့တယ်။

ဝုတ် ဝုတ်

လင်းဖန် ခေါင်းခါယမ်းလိုက်ပြီး ဂျင်းထည့်လိုက်ပါတယ်...

"ငါလည်း မတတ်နိုင်ဘူးလေ..မင်းတို့က အများကြီးစားတော့ ပါဝင်ပစ္စည်းတွေမှ မလုံလောက်တော့တာ..ဒါပေမဲ့ မင်းပဲ စားမယ်ဆိုရင်တော့ လုံလောက်ပါတယိ"

"မင်းက အကြီးအကဲ ခွေး ဆိုမှတော့ တစ်ခြားခွေးတွေ မစားရရင်တောင် မင်းတော့ စားသင့်တယ်လို့ ငါထင်တယ်နော်..အခုဟာက တစ်ကောင်စာ အတွက်ပဲ ရှိတာဆိုတော့..."

ဝုတ် ဝုတ်

"ငါ့အတွက် တစ်နေ့ တစ်ခုသာ ပုံမှန်လုပ်ပေး..အဲ့ကောင်တွေ အတွက်က မလိုဘူး"

အကြီးအကဲ ခွေး နီကိုးလပ်ဟာပြောလိုက်တယ်။

လင်းဖန် ရယ်မောလိုက်ပြီး..

"ကောင်းပြီ ကောင်းပြီ..ငါမင်းအတွက်လုပ်ပေးမယ်နေ့တိုင်း..မင်းဟာမင်း လျှာရှည်ပြီး ထပ်ခေါ်လာဦးမယ် ဆိုရင် လောက်မှာ မဟုတ်ဘူး ဆိုတာ တော့ သိထားနော်"

"ဝုတ် ဝုတ်"

အကြီးအကဲ ခွေးဟာ အလျင်အမြန်သဘောတူလိုက်တယ်။

လင်းဖန်ကတော့ စိတ်ထဲမှာဝမ်းသာ နေလို့ပါ..အကြီးအကဲ ခွေး နီကိုးလပ်က မတုံးအဘူး ဆိုပေမယ့်..လူလောက်တော့ ဥာဏ်မကောင်းသေးပါဘူး။

သူ့ကို လှည့်ဖျားကို အတော်လွယ်ကူလှပါတယ်။

"မာစတာ လင်း..ဒီမှာများရှိလား မသိဘူး .ခင်ဗျ"

အဲ့အချိန်မှာပဲ..အသံတစ်ခုကို ဆိုင်ပြင်ကနေ ကြားလိုက်ရတယ်။

လင်းဖန် ကြည့်လိုက်တဲ့ အချိန်မှာတော့ အပြင်မှာ လူနှစ်ယောက် ရှိနေပြီး..သူ ဒီနှစ်ယောက်ထဲက တစ်ယောက်ကို သိပါတယ်။

သူက ရန်ဟီ ဆေးရုံက ဒါရိုက်တာ ကျန်း ဖြစ်ပြီး..တစ်ခြား တစ်ယောက် ကိုတော့ သူလည်း မသိပါဘူး။

"အဲတာ ကျွန်တော်ပဲ..ဘာကိစ္စရှိလို့လဲ.."

All Chapters