ငါမင်းရဲ့ အိပ်မက်ကို မဖျက်ဆီးဘူး
Vol. 13 Ch. 191
ဘာသာပြန် = စနိုးဝှိုက်
ဒါရိုက်တာ ကျန်းဘာမှ မပြောနိုင်ခင်မှာပဲ သူ့ရဲ့ ဘေးနားမှာရပ်နေတဲ့ ပရော်ဖက်ဆာ လီဟာ ရှေ့ကို တက်လာပြီး လင်းဖန်ရဲ့ လက်ကို ဖမ်းကိုင်လိူက်တယ်။
"တွေ့ရတာဝမ်းသာပါတယ်..မာစတာ လင်း..ဒီက လူကြီးက လီမင်ဟောင် ပါ။ကျွန်တော်က ဆေးရုံ နဲ့ ဌာနကြီး တစ်ခုကြားထဲမှာ သွားလာပြီး ဝိတ်ကျရောဂါသည်တွေ အတွင်သုတေသန လုပ်နေပါတယ်။ကျွန်တော်တို့ အခုသိလိုက်ရတာက မာစတာလင်းရဲ့ ပန်ကိတ်တွေက ဝိတ်ကျရောဂါတွေအပေါ် အကျိုးသက်ရောက်နေခဲ့တယ်လေ။ကျွန်တော် သက်တမ်းတစ်လျောက်လုံးမှာ ဒီလို အဖြစ်အပျက်မျိုးကို တစ်ခါမှ မကြားခဲ့ဘူးလေ..ဒါကြောင့် ဒါရိုက်တာ ကျန်းကို အကူညီ တောင်းပြီး ဒီအထိလာ ဒုက္ခပေးရတာပါ..ကျွန်တော် မာစတာ လင်း ပန်ကိတ်လုပ်တာကို ကိုယ်တိုင် မျက်လုံးနဲ့ ကြည့်ချင်ပြီး..တကယ်လို့ ပန်ကိတ်ရဲ့ ထူးခြားချက်ကိုသာ မြင်နိုင်ခဲ့ရင်..ဒါက ဝိတ်ကျရောဂါသည်တွေ အတွက် အကျိုးအမြတ်ကြီးပဲလေ"
ဒီလူက အရမ်းကို စိတ်အားထက်သန်နေခဲ့တာပါ။လင်းဖန် သူပြောတာတွေ အကုန် နားထောင်ပြီးတဲ့ နောက်မှာ ခေါင်းလေးသာ ညိမ့်လိုက်တယ်။
"ဟဲလို..တွေ့ရ ဝမ်းသာပါတယ်"
ဒါရိုက်တာ ကျန်းဟာ ရှေ့ကို တက်လာပြီး မေးလိုက်တယ်။
"မာစတာ လင်း ..ပရော်ဖက်ဆာ လီက ဒီနိုင်ငံ ရဲ့ သုတေသန ရှာဖွေမူမှာ ခေါင်းဆောင်တစ်ယောက်လေ..သူ့ကို နိုင်ငံတကာ မှာတောင် အသိအမှတ်ပြုထားကြတယ်။သူက ဒီကို မေးခွန်းမေးချင်တယ် ဆိုလို့ ကျွန်တော် ခေါ်လာပေးတာ"
"ကျွန်တော် ဘယ်လိုကူညီပေးရမလဲတော့ မသိပေမယ့်လည်း..အကောင်းဆုံး ကြိုးစားပြီးတော့ ကူညီပါ့မယ်..ဒါပေမဲ့ ကျွန်တော့် ပန်ကိတ်ရဲ့ ပါဝင်ပစ္စည်းတွေက..သူများတွေ သုံးသလိုမျိုး သာမန်ပစ္စည်းတွေပဲ ထည့်ထားတာနော်။ဒါကြောင့် အများကြီး အကူညီ မပေးနိုင်မှာကို စိုးရိမ်မိတယ်"
ပရော်ဖက်ဆာ လီဟာ ဝိတ်ကျရောဂါသည် တွေ အတွက် အစွမ်းကုန် ကြိုးစားပြီး သုတေသန ပြုလုပ်နေတာဖြစ်ပြီး..မာစတာ လင်း ပန်ကိတ် ရဲ့ တွေ့ရှိချက်က လှိုင်ခေါင်း ထဲက အလင်းရောင်လိုပါပဲ။
သူသာ ပန်ကိတ်ရဲ့ အဓိက အချက်ကို ရှာဖွေနိုင်ရင် သူအောင်မြင်မယ်လို့ ယုံကြည်ချက်ရှိပါတယ်။
"မာစတာ လင်း.ဒီလောက် နိမ့်ချစရာ မလိုပါဘူး..မာစတာ လင်းရဲ့ ပန်ကိတ်တွေက သူတို့ရဲ့ စိတ်ခံစားချက်တွေကို ပြောင်းလဲ ပစ်နိုင်တဲ့ စွမ်းရည်တွေ ရှိပါတယ်။ဒါက ပါဝင်ပစ္စည်း ထည့်တဲ့ နေရာမှာ တစ်ခုနဲ့တစ်ခု ဓာတ်ပေါင်းသွားတာလဲ ဖြစ်နိုင်တယ်လေ.. "
ပရော်ဖက်ဆာ လီဟာ အတွေးအခေါ်ကောင်းတဲ့ လူတစ်ယောက်ဖြစ်ပြီး သူ့ ဦးနှောက်ထဲမှာ အမြဲ အိုင်ဒီယာ အသစ်တွေနဲ့ ပြည့်နေတဲ့ လူတစ်ယောက်ပါ။
ဒါရိုက်တာ ကျန်းလည်း သဘောတူစွာ ခေါင်းညိမ့်လိုက်တယ်။
"ဖြစ်နိုင်ခြေတွေကတော့ အများကြီးရှိပါတယ်..ဒါပေမဲ့ ကျွန်တော်တို့ မာစတာ လင်းရဲ့ ပန်ကိတ်ကို..ဓာတ်ခွဲခန်းမှာ စစ်ဆေးပြီးသွားပြီ..ဒါက တစ်ခြားပန်ကိတ်တွေလို ဘာမှ သိပ်မထူးခြားဘူး။ကျွန်တော်တို့ရဲ့ စက်တွေက ဒီက ထူးခြားမူကို ဖော်ထုတ်နိုင်လောက်အောင် အဆင့်မမြင့်သေးတာလဲ ဖြစ်နိုင်ပါတယ်"
လင်းဖန် ကတော့ ကူရာမဲ့စွာပဲ သူတို့နှစ်ယောက်ကို ရပ်ကြည့်နေလိုက်တယ်..သူ့ရှေ့က နှစ်ယောက်က သူတိူ့အချင်းချင်းပဲ ဆွေးနွေးနေကြတာပါ။အမှတ်တကယ်တော့ သူသူတို့ကို အများကြီးမတွေးကြဖို့နဲ့ ပန်ကိတ်မှာ ဘာမှ ထူးခြားတာမရှိကြောင်း ပြောချင်နေခဲ့တာပါ။
လင်းဖန် ပန်ကိတ်လုပ်ဖို့ ပုံမှန် ပါဝင်ပစ္စည်းတွေကို သာ အသုံးပြုရပြီး...ဒီလို အရသာဖြစ်လာတာကတော့ စွယ်စုံကျမ်းကြောင့်ပါ။
ဒါက သူတို့ပြောနေကြတဲ့ ဓာတုဓာတ်ပြုမူတွေနဲ့ ဘာမှမဆိုင်ပါဘူး။သို့ပေမယ့် သူ စွယ်စုံကျမ်း အကြောင်း ထုတ်ပြောရင်တောင် သူတို့ ယုံချင်မှ ယုံကြမှာပါ။
"ပရော်ဖက်ဆာ လီ.. ဒါရိုက်တာ ကျန်း..ကျွန်တော် ဘယ်လို များ ကူညီပေးရမလဲ"
တစ်ချို့ရောဂါသည် တွေဟာ သူ့ပန်ကိတ်ကို စားကြပေမယ့် လည်း ..မစားတဲ့ ရောဂါသည် တစ်ချို့လည်း ရှိကြပါသေးတယ်။သူတို့က စိတ်ပိုင်းဆိုင်ရာ ချွတ်ယွင်းမူတွေကြောင့် ဒီရောဂါ ရလာခဲ့ကြတာပါ။
"မာစတာ လင်း..ဒါက ဘာမှသိပ်ပြီး မကြီးမားပါဘူး..ကျွန်တော် မာစတာ လင်း ပန်ကိတ်လုပ်နေတဲ့အချိန်မှာ ဗီဒီယို ရိုက်ကူးထားချင်တယ်..ဒါမှပြန်ရောက်လို့ ရှိရင် သေချာကြည့်ပြီး သုံးသပ်နိုင်မှာလေ.."
ပရော်ဖက်ဆာလီဟာ ပြန်ပြောလိုက်တယ်။
လင်းဖန် ပရော်ဖက်ဆာလီ ကို ကြည့်ပြီး ဘာပြောရမှန်းတောင် မသိတော့ပါဘူး။သူပုံမှန်ဆိုရင် အလုပ်ရှုပ်မခံပဲ ငြင်းလိုက်မှာပါ..သို့ပေမယ့် ပရော်ဖက်ဆာလီ ရဲ့ စိတ်အားထက်သနိနေတဲ့ မျက်နှာကို ကြည့်ပြီး..သူ့ရဲ့ မျှော်လင့်ချက်တွေကို မဖျက်ဆီးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
"ကောင်းပြီ..ဒါပေမယ့် ကျွန်တော် တစ်ခါပဲ လုပ်ပြမှာနော်"
မာစတာ လင်းရဲ့ ပန်ကိတ်တွေဟာ ရှန်ဟိုင်းမှာအတော် နာမည်ကြီးပါတယ်။မနက်မိုးလင်းပြီ ဆိုတာနဲ့ တန်းစီနေကြတဲ့ လူတွေဟာ တိမ်ဖြူလမ်းမှာ အပြည့်ပါပဲ။
ဆိုင်ကနေ တုန်ကင် တစ်ရာကျော် ဝေပေးပြီး ဒီထဲကမှ ဆယ်ယောက်ကို ကျပမ်းရွေးချယ်တာပါ။ပန်ကိတ် တစ်ခုရဖို့ ဆိုတာက ကောင်းကင်ပေါ်က လမင်းကြီးကို ခူးဆွတ်ရသလို ခက်ခဲလွန်းလှပါတယ်။
ဒီမှာ မြေအောက် လှုပ်ရှားမူတွေတောင် ရှိနေပြီး..နံပါတ်တစ်ခုကို ဒေါ်လာရာနဲ့ချီပြီး ဝယ်ယူလို့ရကာ..အရွေးခံရပြီ ဆိုရင်လည်း ပန်ကိတ် တစ်ခုကို ပိုက်ဆံ အမြောက်အများနဲ့ ပြန်ရောင်းချနိုင်ပါတယ်။
ဒီမှာ ပန်ကိတ်ပြန်ဝယ်ချင်တဲ့ လူတွေအ များကြီး ရှိပြီး..တစ်ချို့ဆိုရင်..ကုမ္ပဏီ သူဌေးတွေတောင် ပါပါတယ်။သူတို့ စားချင်တဲ့ အချိန်တိုင်းမှာ သူတို့ ပိုက်ဆံအမြောက်အမြားပေးပြီး ဝယ်နေကြပါ။
ဒီမှာရှိနေတဲ့ လူတွေရဲ့ ပြောစကားကတော့ ပန်ကိတ်ရတာထက်စာရင်..ရွှေချောင်း ကောက်ရဖို့က ပိုလွယ်တယ် ဆိုတာပါပဲ။
ဒီဆိုင်ရဲ့ သတင်းကို ကြားပြီး လာကြတဲ့ နိင်ငံခြားသား အနည်းငယ်တောင် တစ်ခါတစ်လေ တွေ့ရတတ်ပါတယ်။
အခုဆိုရင်..မာစတာ လင်းရဲ့ ပန်ကိတ်က တိမ်ဖြူလမ်းရဲ့ တံဆိပ်နာမည်ပါပဲ။တိမ်ဖြူလမ်း ဆိုတာနဲ့ မာစတာ လင်းရဲ့ ပန်ကိတ်ပို ပြေးမြင်မိကြမှာပါ။
ပရော်ဖက်ဆာ လီဟာ မာစတာ လင်း တစ်ခုပဲ လုပ်မယ် ဆိုတာကို ကြားတဲ့ အချိန်မှာ နည်းတယ် လို့ တွေးနေတဲ့ အချိန်မှာပဲ ဒါရိုက်တာ ကျန်းရဲ့ သတိပေးမူကို ခံလိုက်ရပါတယ်။
"ပရော်ဖက်ဆာ ကျန်း.မာစတာ လင်းရဲ့ ပန်ကိတ်တွေက ရွှေလိုပဲ အဖိုးတနိတယ်နော်..တစ်ခုလုပ်ပေးတာတောင် မျက်နှာသာ ပေးရာကြနေပါပြီ"
ပရော်ဖက်ဆာ လီဟာ ဒါရိုက်တာကျန်း ပြောတာ ကို ကြားတဲ့ အချိန်မှာ ခေါင်းညိမ့်လိုက်တယ်။
ပန်ကိတ် တစ်ခုဝယ်ရတာ အဲ့လောက်ခက်မယ်မှန်း သူတကယ် မတွေးထားခဲ့တာပါ။
ပရော်ဖက်ဆာလီဟာ ဖုန်းကို ထုတ်လိုက်ပြီး ဒါရိုက်တာကျန်း ကို ပေးကာ ဗီဒီယို ရိုက်ကူး ခိုင်းလိုက်တယ်။ယင်းနောက် သူဟာ မှတ်စုစာအုပ်ကို ထုပ်ပြီး အရာရာတိုင်းကို မှတ်သားဖို့ ပြင်ဆင်လိုက်ပါတယ်။
"သေချာ အနီးကပ် ကြည့်ထားကြနော်..ကျွန်တော် စပြီး လုပ်တော့မယ်"
လင်းဖန် ပြောလိုက်တယ်။
ဒါရိုက်တာ ကျန်းနဲ့ ပရော်ဖက်ဆာလီ ကတော့ မာစတာ လင်းရဲ့ အပြုအမူတစ်ခု ချင်းစီတိုင်းကို ဂရုစိုက်နေပြီး..လွတ်သွားမှာကို ကြောက်ရွံ့နေခဲ့ပါတယ်။
ဆီကို ဒယ်အိုးထဲကို ထည့်လိုက်တယ်..တစ်ချို့ အမှုန့်တွေ..
အရာရာတိုင်းဟာ ပုံမှန် အတိုင်းဖြစ်ပြီး ဘာမှ ထူးခြားဖြစ်စဥ် မရှိပါဘူး။
ပါဝင်ပစ္စည်း..
ပရော်ဖက်ဆာလီ ရဲ့ ဘောပင် ကတော့ လုံးဝ မရပ်တန့်ပဲ အရာရာတိုင်းကို..မှတ်စုစာအုပ်ထဲ ရေးနေခဲ့ပါတယ်။
အဲ့အချိန်မှာပဲ မွှေးကြိုင်တဲ့ ရနံ့ဟာ ထွက်ပေါ်လာခဲ့တယ်..ပရော်ဖက်ဆာ လီရဲ့ မျက်နှာဟာ ဒီရနံ့ကို ရတဲ့ အချိန်မှာတော့ ပြောင်းလဲသွားခဲ့ပါပြီ။
ဒီ ရနံ့က တကယ့် နတ်သုဒ္ဓါ လိုပါပဲ။
ဒီ ပန်ကိတ်က ခွဲခြမ်းဖို့ဆိုတော့ ဘယ်လို စားမလဲ...
ပရော်ဖက်ဆာလီ ဟာ တံတွေးကို မြိုချလိုက်ပြီး သားချင်စိတ်ကို တွန်းလှန်ကာ ထပ်ပြီး မှတ်သားလိုက်တယ်။
အဲ့အချိန်မှာပဲ ပန်ကိတ် တစ်လုံးဟာ ပုံပေါ်လာခဲ့ပါတယ်။
လင်းဖန်ဟာ ပန်ကိတ်ကို ဆယ်လိုက်ပြီး ပရော်ဖက်ဆာလီကို ကမ်းပေးလိုက်ကာ..
"ပြီးပြီ"
ဒါရိုက်တာ ကျန်းဟာ မာစတာ လင်းရဲ့ ပန်ကိတ်နဲ့ ရင်းနှီးပြီးသား ဖြစ်တဲ့ အတွက်..တောင်ခံနိုင်ခဲ့ပါတယ်။ဒါပေမဲ့ ပရော်ဖက်ဆာလီ ဟာ. ပန်ကိတ်ရဲ့ ရနံ့ကြောင့် စားချင်စိတ်ကို မနည်းတောင့်ခံနေရပြီး တံတွေးတွေ မျိုချနေလို့ပါ။
သို့ပေမယ့် သူလည်း တောင့်ခံနိုင်ခဲ့ပါတယ်..ဒီပန်ကိတ်က စမ်းသပ်ဖို့ အတွက်ဖြစ်ပြီး..ဓာတ်ခွဲခန်းမှာ ဖော်ထုတ်တာက စားလိုက်တာထက် ပိုတန်ဖိုးရှိမှန် သူနားလည်ပြီးသားပါ။
ပရော်ဖက်ဆာလီဟာ နောက်ဆုံး အဆင့်တွေကို ချရေးကာ အပြီးသတ်လိုက်တယ်။ယင်းနောက် လင်းဖန် ရဲ့ လက်ကို ကိုင်လိုက်ပြီး....
"ကျေးဇူးပါ မာစတာ လင်း.."
လင်းဖန် ခေါင်းသာ ယမ်းပြလိုက်ပြီး သိပ်မများကြီး မတွေးတော့ပေ။သူ ပရော်ဖက်ဆာ လီ ဒီလိုတွေ လုပ်နေတာက အချိန်ဖြုန်း နေတာပဲ လို့ပြောချင်ပေမယ့် လည်း..မပြောဖို့သာ ဆုံးဖြတ်လိုက်ပါတယ်။
ပရော်ဖက်ဆာလီဟာ ဒီအသက်အရွယ် အထိကြိုးစားလာခဲ့ရပြီး..အခုမှ သူ့မှာ မျှော်လင့်ချက်ရှိလာခဲ့တာပါ။
လင်းဖန်ကိုယ်တိုင်လည်း ပန်ကိတ်တွေ ဒီလိုမျိုး အများကြီး စွမ်းဆောင်နိုင်တာကို အံ့သြရပါတယ်။
"ပရော်ဖက်ဆာ လီ..ရှာဖွေ မူကို အောင်မြင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်"
လင်းဖန် ပြုံးပြီးပြောလိူက်တယ်။
ပရော်ဖက်ဆာလီဟာ ကျေနပ်တဲ့ အမူအရာနဲ့ ခေါင်းညိမ့်လိုက်ပါတယ်။
"မာစတာ လင်း..ဒီက ပါဝင်ပစ္စည်း နည်းနည်းလောက်ယူသွားလို့ ရတယ်မလား"
"ယူစေဗျာ.."
ပရော်ဖက်ဆာ လီဟာ သူပြင်ဆင်လာခဲ့တဲ့ ဗူးလေးတွေ ထဲကို ပါဝင်ပစ္စည်းတွေလိုက်ထည့်လိုက်ပြီး ပြန်ပိတ်လိုက်တယ်။
လင်းဖန် ဟာ ပရော်ဖက်ဆာလီ လူပ်နေတာတွေကို ကြည့်ရင်း အောင်မြင်မှာ မဟုတိဘူး ဆိုတာကို သိနေခဲ့ပါတယိ...တကယ်လို့ သူသာ အောင်မြင်ရင် ဝက်တွေ လေပေါ်ပျံနေတဲ့ အချိန်မှ ဖြစ်ကောင်းဖြစ်နိုင်မှာပါ..
"ဒီမှာ ကျွန်တော်ရဲ့ နံပါတ်..တကယ်လို့ နားမလညိတာတွေ..အကူအညီ လိုတာတွေ ရှိရင် အချိန်မရွေး ဖုန်းဆက်လိုက်ပါ"
ပရော်ဖက်ဆာလီဟာ လင်းဖန်ကို စာရွက်တစ်ရွက် ကမ်းပေးကာ ပြောလိုက်တယ်။
ဒါရိုက်တာ ကျန်းဟာ လည်း ပရော်ဖက်ဆာလီ ရဲ့ အောင်မြင်နိုင်ချေက အရမ်းနည်းတယ်လို့ ခံစားမိပါတယ်။သူတို့ ရန်ဟီ ဆေးရုံရဲ့ ဓာတ်ခွဲခန်းက မြို့တော်က ဟာကို မမှီပေမယ့်လည်း အရမ်းကြီးတော့ နောက်ကျနေတာ မဟုတ်ပါဘူး။
သူတို့ အခုလို မာစတာ လင်းဆီလာခဲ့တဲ့ ခရီးက အချည်းနှီး ဖြစ်မှာကို စိုးရိန်မိပါတယ်။
သို့ပေမယ့် လည်း..ဒါရိုက်တာကျန်း ရော လင်းဖန်ရောဟာ ဒါတွေကို စိတ်ထဲမှာသာ ထားလိုက်ကြတယ် ...သူတို့ ပရော်ဖက်ဆာ လီရဲ့ အိမ်မက်တွေကို မဖျက်ဆီး ချင်ပါဘူး။