မာစတာ လင်းက အရမ်းကံကောင်းတယ်
Vol. 13 Ch. 192
ဘာသာပြန် = စနိုးဝှိုက်
ပရော်ဖက်ဆာ လီ နဲ့ ဒါရိုက်တာ ကျန်း တို့ဟာ ပြန်သွားခဲ့ကြတယ်။
လူလိမ် ထျန်ဟာ လင်းဖန် ဆီကို သွားလိုက်ပြီး..
"ပရော်ဖက်ဆာ လီ အောင်မြင်နိုင်ပါ့မလား.."
လင်းဖန်ဟာ ပြုံးလိုက်တယ်။
"စောင့်ကြည့်ကြတာပေါ့"
လူလိမ် ထျန် လဲ ဒီကိစ္စကို နားမလည်နိုင်တော့ပါဘူး။ပါဝင်ပစ္စည်းတွေကို က သူပြန်ဆင် ပေးရတာပါ။ဒါပေမယ့် ဒီသာမနိ ပစ္စည်းတွေကပဲ တစ်မူထူးခြားတဲ့ အရသာ ထွက်နေခဲ့ပါတယ်။
သူ့ရဲ့ နောက်ဆုံးအဖြေကို ပြုလုပ်မူ ကျွမ်းကျင်တယ် လို့သာ သတ်မှတ်လိုက်တယ်..ဒါက မမှန်ကန်နိုင်ပေမယ့်လည်း..သူ့မတွေးတွေကို ဒီအဖြေနဲ့ အဆုံးသတ်နိုင်ပါသေးတယ်။
အဲ့အချိန်မှာပဲ သေးသွယ်တဲ့ ပုံရိပ်လေးဟာ တံခါးရှေ့မှာ ပေါ်လာခဲ့တယ်။
"မာစတာ လင်း."
ရှင်းလင်းပြီး စူးရှတဲ့ ခေါ်သံလေးကို ကြားလိုက်ရပါတယ်။ဝူရွှန်းယွဲ့ဟာ ဦးထုပ်လေး ဆောင်းထားပြီး လှပတဲ့ ဝတ်စုံလေးကို ဝတ်ဆင်ထားလို့ပါ။
လင်းဖန်လှည့်ကြည့်လိုက်တဲ့အချိန်မှာ အံ့သြသွားခဲ့တယ်။
"ဒီနေ့မှ ဘယ်လေ တိုက်ပြီး ရောက်လာတာတုန်း"
လူလိမ် ထျန်ဟာ ရယ်မောလိုက်ပြီး..
"သူမက ငါ့ဆီကို လာလည်တာ ထင်တယ်..ဟီးဟီး"
ဝူရွှန်းယွဲ့ဟာ ပြုံးလိုက်ပြီး..ဆိုင်ထဲကို ဝင်လိုက်ပါတယ်။
"တကယ်တော့ ဒီရက်ပိုင်း သီချင်းတွေ အသံသွင်းရင်း အလုပ်ရှုပ်နေတာ..ဒီနေ့ နားတာနဲ့ မာစတာ လင်းနဲ့ ကျန်တဲ့ လူတွေ ဘာတွေလူပ်နေလဲ သိချင်လို့ လာခဲ့တာလေ"
"လာလာ..ထိုင်ခုံပေါ် လာထိုင်လှည့်"
လူလိမ် ထျန် နွေးထွေးစွာပြောလိုက်တယ်။
ဝူရွှန်းယွဲ့ဟာ ဘေးနားမှာ ထိုင်နေတဲ့ ဝူယူလန်ကို ပြုံးပြလိုက်ပြီးကာမှ..လင်းဖန်ကို သံသယရှိစွာမေးလိုက်တယ်။
"မာစတာ လင်း..ဒီမိန်းမလှ လေးက ဘယ်သူလဲ"
လင်းဖန် ရယ်မောလိုက်တယ်။သူအစကတော့ ဝုရွှန်းယွဲ့ကို ဝူယူလန် နဲ့ မိတ်ဆက်ပေးဖို့ လုပ်နေခဲ့တာပါ..အခု ဝုရွှန်းယွဲက မေးလာပြီ ဆိုတော့ အဆင်ပြေသွားပါပြီ။
ဝူယူလန်ဟာ ရင်းနီီးစွာ မိတ်ဆကိလိုက်တမ။
"ကျွန်မနာမည်က ဝူယူလန် ပါ..လောလောဆယိ မာစတာ လင်းရဲ့ ဆိုင်မှာ ကူညီပေးနေတယ်။တကယ်လို့ အမှတ်မမှားဘူး ဆိုရင် ညီမနာမည်က ဝူရွှန်းယွဲ့ ဟုတ်တယ်မလား..တို့ရဲ့ မျိုးရိုးနာမည်က တူနေတာပဲ..ဒါပေမဲ့ မျိုးဆက်တည်ရှိမူ အဆင့်အရတော့. "ယူ " မျိူးဆက်က " ရွှမ်း " မျိူးဆက်ရဲ့ အရင်လာတာဆိုတော့..မျိုးဆက်ပိုင်းမှာ အစ်မက ပိုမြင့်လိမ့်မယ်"
[ အစပိုင်းမှာ ဝု ရွှန်းယွဲ့ လို့ မှားယွင်း ဘာသာပြန်ဆို မိပါသည်။ အမှန်က ' ဝူ ' ပါ ဝူရွှန်းယွဲ့ ]
ဝူယွန်းရွဲ့ ဟာ သူမရဲ့ ဦးထုတ်ကို ချွတ်လိုက်တဲ့ အချိန်မှာ လှပတဲ့ ဆံပင်တွေဟာ ထွက်ပေါ်လာခဲ့ပါတယ်။ယင်းနောက် သူဟာ ရယ်လိုက်ပြီး..
"တို့ရဲ့ မျိုးရိုး အဆက်အနွယ်တွေက တူမှာမဟုတ်ဘူး..ဘာလို့ ဆို ညီမရဲ့ ရွှန်း မျိုးဆက်က ယူ မျိုးဆက်ပြီး မှ ပေါ်ပေါက်လာခဲ့တာလေ.."
ဝူတန်ဟီ ဟာ သူ့သမီးကို အံ့သြသင့်စွာ ကြည့်ပြီး မှ ပြောလိုက်တယ်။
"ဝူ မျိုးရိုးက အတော်ကောင်းမွန်ပြီး..အများကြီးရှိကြတယ်လေ..ဒါကြောင့် မင်းတို့နှစ်ယောက်က မျိုးဆက် မတူတာက ပုံမှန်ပါပဲ"
ကျောက်ကျန်းယန်ဟာ သူ့ဟာ သူတစ်ယောက်ထဲ တိုက်ရိုက် ထုတ်လွင့် နေခဲ့တာပါ။သူ့ရဲ့ ကင်မရာကို ဝူရွှန်းယွဲ့ ဘက်ကို မသိမသာ လှည့်လိုက်တဲ့ အချိန်မှာတော့ ပရိတ်သတ်တွေဟာ အံ့သြသွားပါတော့တယိ။
"အစ်ကို ယန် ရဲ့ ကံတရားကြီးကတော့နော်..မာစတာ လင်းဆိုင်က မိန်းမလှလေး နဲ့ အတူတူ အလုပ်လုပ်နိုင်ယုံသာ မကဘူး..နေ့တိုင်းလည်း မိန်းမလှလေးတွေနဲ့ တွေ့နေရတယ်"
"ဟေး ဒီစော်လေးက ရင်းနှီးနေသလိုပဲနော်"
"ဟုတ်တယ်..အဲတာ အသံသစ် အစီအစဥ်က ဝူရွှန်းယွဲ့ မဟုတ်ဘူးလား.."
"ငါက သူမအသံကို စောက်ရမ်းကြိုက်တာပဲ"
"ဝူရွှန်းယွဲ့က ဘယ်သူလဲ.ငါမကြားဖူးပါလား"
......
လင်းဖန် နဲ့ လူလိန် ထျန် ဆိုင်ထဲက လေထု ထူးဆန်းလာတာကို သတိထားမိလိုက်ပြီး အချင်းချင်း ကြည့်လိုက်ကြပါတယိ။
"မင်းရဲ့ သီချင်း အသစ်တွေက ဘယ်တော့ ထွက်မှာလဲ ငါတို့က နားထောင်ချင်နေကြပြီ"
လင်းဖန် ပြုံးပြီး မေးလိုက်တယ်..ဝူရွှန်းယွဲ့နဲ့ ဝူယူလန် တို့က အခုမှ တွေ့ကြတာဆိုတော့ ပြောစရာတွေ သိပ်ရှိမှာ မဟုတ်ကြပါဘူး။
ဝူရွှန်းယွဲ့ဟာ ရယ်လိုက်တယ်။
"မကြာခင်ထွက်တော့မှာ..သီချင်းတွေကို ကုရီ မြူးစက် ကနေ ထုတိမှာလေ..တိုင်တည် သီချင်းကို တော့ မာစတာ လင်းရေးပေးတဲ့ သီချင်း သုံးထားတယ်"
လင်းဖန် ရယ်နောလိုက်ပြီး..
"တစ်ခြားသီချင်းတွေကို ဆရာယန် ရေးထားတာ ဆိုရင် တော့ အရည်အသွေးကောင်းမှာပဲ..ဒီတစ်ခါတည်းနဲ့ အကုန်လုံးကို ထိုးဖောက်ပြီး စူပါစတား ဖြစ်သွားမှာ ကျိန်းသေတယ်"
"မာစတာ လင်းကို အကြွေးတင်နေမိပြီ..ရှင့်ကြောင့်သာ မဟုတ်ရင် ဒီအချိန်အထိ ရောက်လာမှာ မဟုတ်ဘူး"
ဝူရွှန်းယွဲ့ဟာ ချိုသာစွာပြုံးပြီး လင်းဖန်ကို ကြည့်ကာ ပြောလိုက်တယ်။
"ဒီရက်ပိုင်း မိုးကောင်းကင် သီချင်းကို အများကြီး လေ့ကျင့်ဖြစ်တယ်..ဒါက မာစတာ လင်း ညီမပြိုင်ပွဲ ဝင်နေတုန်းရေးပေးခဲ့တာလေ..အခုဆိုရင် အတော် တိုးတက်လာပြီ..အချိန်အားရင် မာစတာ လင်းကို တစ်ခေါက်လောက် ဆိုပြချင်သေးတယ်"
"ဒါပေါ့ ပြသနာ မရှိပါဘူး"
လင်းဖန် ရယ်မောလိုက်တယ်။ဝမ်မင်ယန်က စတား တွေ ရှားပါနေတာဖြစ်ပြီး ဝူရွှန်းယွဲ့ လိုလူမျိုးက သူ့အတွက် အံ့ကိူက်ပါပဲ။
ဝူရွှန်းယွဲ့ဟာ ကြိုးစားချင်စိတ်လည်း ရှိပြီး..သူမ မအောင်မြင်ဖို့ ဆိုတာက မဖြစ်နိုင်ပါဘူး။
ဝူယူလန်ဟာ မာစတာ လင်းနဲ့ ဝူရွှန်းယွဲ့ ပျော်ရွင်စွာ စကားပြောနေတာကို ကြည့်ပြီး အနည်းငယ်စိတ်ပျက်လာခဲ့ပါတယ်။
"အမှန်တော့ ငါလည်း သီချင်းဆိုတာ တော်တယ်"
လင်းဖန် ဝူယူလန် ကို အံ့သြစွာ ကြည့်လိုက်ပြီး.
"တကယ်လား..နင်သီချင်း ဆိုတတ်မှန်း ငါတကယ် မထင်ထားဘူး"
ဝူယူလန်ဟာ ခေါင်းညိမ့်လိုက်တယ်။
"ဟုတ်တယ် ... ကျောင်းမှာတုန်းက ဆိုရင် သီချင်းဆိုပြိုင်ပွဲမှာ ငါက အမြဲတမ်း ပထမပဲ"
"ဟမ်..ငါတစ်ခြားမှ မကြားမိပါလား...နောက်တစ်ခါကျ အခွင့်အရေးရရင် ငါတို့ကို သီချင်းဆိုပြရမယ်..ဒါမှ နားထောင်ဖူးမှာ.."
လင်းဖန် ဝမ်းသာစွာပြောလိုက်တယ်..သူ့ဘေးနားက လူတိုင်း အရည်အချင်းရှိနေကြတာပါ။
အဲ့အချိန်မှာပဲ ဝူရွန်းယွဲ့ဟာ လင်ဖန်ရဲ့ ဘေးနားကို လျောက်သွားပြီး လက်မောင်းကို ကိုင်လိုက်ကာ..
"ဟေး..ဒီနေ့က ညီမရဲ့နားရက်လေ..အိုးရှင်း ပန်းခြံမှာ လက်မှတ် နှစ်စောင်ကြိုမှာထားတယိ..မာစတာ လင်းလိုက်ခဲ့မယ် မလား.."
"တိရစ္ဆာန် သွားကြည့်မလို့လား.."
လင်းဖန် ဒီလို မျိုး သွားကြည့်ဖို့ကို သိပ်တော့ စိတ်မဝင်စားပါဘူး။
ဝူယူလန်ဟာ ဝူရွှန်းယွဲ့ လင်းဖန်ရဲ့ လက်မောင်းကို ကိုင်ထားတာ ကိုကြည့်ပြီး..မသက်မသာ ဖြစ်သွားခဲ့တယ်။
ဘယ်လိုတောင် အဆိပ်ပြင်းလိုက်လဲ...
လင်းဖန် ဆိုင်ပြင်ကို ကြည့်လိုက်တဲ့အချိန်မှာ ကာစတန်မာ အနည်းငယ် သာရှိပြီး ဝူတန်ဟီ ရဲ့ အစွမ်းအစနဲ့ ဆိုရှင်း ဖြေရှင်းထားလို့ ရပါတယိ။
"ကောင်းပြီလေ..ငါလည်း စိတ်အပန်း ဖြေဖို့လိုနေတာ သွားကြမယ်"
ဝုရွှန်းယွဲ့ဟာ ခေါင်းညိမ့်လိုက်တယ်။
"ဟုတ်တယ် ဟုတ်တယ်..ဆိုင်မှာချည်းပဲ နေ့တိုင်း နေနေရတာ ပျင်းနေမှာပေါ့..အိုးရှင် ပန်းခြံမှာ ပျော်စရာ လေးတွေ ရှိတယ်"
"ငါ အရင်က အိုးရှင်း ပန်းခြံကို တစ်ခါမှ မရောက်ဖူးဘူး"
လင်းဖန် သူ ရှန်ဟိုင်းကို ရောက်ကတည်းက အပြင်ကို အလည်အပတ် ထွက်တာ တစ်ခါမှ မရှိခဲ့ဖူးတာ သတိရလိုက်ပါတယ်။သူလူပ်တာဆို့လို့
မနက် ၉ ညနေ ၅ အလုပ်လုပ်ပြီး ညဘက် အိပ်တာပါပဲ။
သူ စွယ်စုံကျမ်းရပြီး တော့လည်း နေ့တိုင်း အလုပ်ပုံမှန်လုပ်ရပြီး.. အပြင်မထွက်ဖြစ်ပြန်ပါဘူး။
"ဒါဆို ပိုပြီးတော့ တောင် လိုက်သင့်သွားပြီ"
ဝူရွှန်းယွဲ့ဟာ စိတ်လှုပ်ရှာစွာပြောလိုက်တယ်။
ဝူယူလန် ဟာ ဒီအစိတ်ပြင်းတဲ့ မြေခွေးမ လင်းဖန် နဲ့ အရမ်းရင်းနှီးချင်ယောင် ဆောင်နေတာကို မကြည့်နိုင်တော့ပါဘူး။
"ငါလည်း လိုက်မယ်..ငါ ရှန်ဟိုင်းရောက်ကတည်းက ဒီမှာပဲ နေနေရတာလေ..ဘယ်မှလဲ မသွားရဘူး..ငါ့ကိုပါ ခေါ်သွားပေးလို့ရမလား"
လင်းဖန် နှစ်ခါတောင် အတွေးပေ။
"ကောင်းပြီ လိုက်ခဲ့..တူတူသွားကြမယ်..ရွှန်းယွဲ့ လက်မှတ် နောက်တစ်စောင် ထပ်ဖြတ်လို့ရတယိမလား.."
"တကယ်တော့..ငါ..ငါလည်း လိုက်ချင်တယ်.."
လူလိမ် ထျန်ဟာ စိတ်အားထက်သန် စွာ ဝင်ပြောဖို့ လူပ်လိုက်ပေမယ့်လည်း သတ်ဖြတ်တော့မယ့် အကြည့် နှစ်ခုကြောင့် တစ်ဝက်တပျက်မှာ တင် ရပ်တန့်သွားခဲ့ပါတယ်။
လူလိမ် ထျန်ဟာ ရှက်ကိုးရှက်ကန်းနဲ့ ပြန်ပြောင်းပြောလိုက်တယ်။
"စိတ်မရှိပါနဲ့...ဆိုင်မှာ လူမရှိမှတော့ ငါစောင့်ပေးတာက ပိုကောင်းမှာပါ"
ဒီစကား ကို ပြောလိုက်ရပေမယ့် လူလိမ် ထျန်ရဲ့ရင်ထဲမှာတော့ နာကျင်နေလို့ပါ။သူက အသက်ကြီးလာတော့ ဘယ်သူကမှ အဖတ်မလုပ်ချင်ကြတော့ပါဘူး။
ဝူရွှန်းယွဲ့ဟာ အစက လင်းဖန်ကို ပဲ ခေါ်ချင်ခဲ့တာပါ..သို့ပေမယ့် မာစတာ လင်းဆိုင်မှာ သူနဲ့ မတိမ်းမယိမ်း မိန်းမလှလေး တစိယောက် ရှိနေလိမ့်မယ်လို့ မထင်ထားမိခဲ့ပါဘူး။သူမှာ ပြိုင်ဘက်တစ်ယောက် ရှိလာပြီ ဆိုတာကို သူမ ခံစားမိလိုက်ပါတယ်။
အခု သူမနဲ့ မာစတာ လင်း ပန်းခြံ အတူတူ သွားမယ့် အစီစဥ်မှာ တတိယမြောက် ကျူးကျော် သူရှိလာပြီ ဆိုတော့ ..မသက်မသာ ပဲ ဖုန်းကို ကြည့်ကာ နောက်ထပ်လက်မှတ် တစ်ခု မမှာချင်မချင်လုပ်နေခဲ့ပါတယ်။
"ကောင်းပြီ သွားကြမယ်..ကျန်တဲ့ လူတွေကတော့ ဆိုင်လေးကို စောင့်ရှောက်ပေးပါဦး"
လူလိမ်ထျန် လက်ဝေ့ယမ်းလိုက်ပြီး...
"မင်းတို့ပဲ အပျော်ကြီးပျော်ခဲ့ကြပါ..ငါတို့ ဆိုင်ကို သေချာ ကြည့်ထားလိုက်ပါ့မယ်"
လင်းဖန် လူလိမ် ထျနိကို ပြုံးကာ ကြည့်လိုကိပြီးမိန်းမလှလေး နှစ်ယောက်နဲ့ အတူဆိုင်ပြင်ကို ထွက်သွားလိုက်ပါတယိ။
လင်းဖန် တို့ ထွက်သွားပြီး နောက်မှာ လူလိမ် ထျန်ဟာ ဝူတန်ဟီ ဘေးနားကို ကပ်လိုက်ပြီး..
"ခင်ဗျား သမီးက တစ်ခြား မိန်းကလေးတစ်ယောက်နဲ့ ပြိုင်နေရတာ နော်..စိတ်မပူမိဘူးလား."
ဝူတန်ဟီဟာ ရယ်မောလိုက်တယ်။
"သူမက အရွယ်ရောက်ပြီး သွားပြီလေ..သူမလုပ်ချင်တာ လုပ်ပါစေ"
ကျောက်ကျန်းယန်ကတော့ လင်းဖန်ကို မနာလို သွာ ကြည်နေခဲ့ပါတယ်။
"မာစတာ လင်းက အတော်ကံကောင်း တာပဲ"