← Chapters

ပြင်းထန်လွနိးတဲ့ နတ်နဂါးကွေ့ချက်..

Vol. 13 Ch. 193

ပြင်းထန်လွနိးတဲ့ နတ်နဂါးကွေ့ချက်..

Vol. 13 Ch. 193

ဘာသာပြန် = စနိုးဝှုက်

လင်းဖန် ဟာ ရှေ့ခန်းမှာ ကားမောင်းနေတဲ့ အချိန်မှာ ဝူယူလန် နဲ့ ဝူရွှန်းယွဲ့တို့ဟာ နောက်မှာ ထိုင်နေကြပါတယ်။

နောက်ထိုင်ခုံမှာ ထိုင်နေကြတာကတော့ သူတို့လည်း ထိုင်ချင်းလွန်းလို့တော့ မယုတ်ကြပါဘူး။ဝူယူလန်ဟာ ကားဆီလာတာမှ လျင်မြန်ပြီး ရှေ့ထိုင်ခုံမှ ထိုင်ဖို့ လုပ်ပေမယ့်လည်း ဝူရွှန်းယွဲ့ရဲ့ စကား တစ်ခွနိးကြောင့် နောက်မှာ ပြောင်းထိုင်ခဲ့ရပါတယ်။

"အစ်မ ယူလန် ..နောက်မှာ အတူတူထိုင်ပြီး စကားပြောကြရအောင်လေ.."

ဒါပေါ့ လင်းဖန် က နဂိုကတည်းက သူတို့နှစ်ယောက်ကို ရင်းနှီးစေချင်နေတာပါ..ဒါကြောင့် သူ ဝူရွှန်းယွဲ့ရဲ့ စကားကို လိုက်ပြီး ထောက်ခံပေးလိုက်တယ်။နောက်ဆုံးမှာ ဝူယူလန်ဟာ နှုတ်ခမ်းကို ကိုက်ပြီး နောက်ခန်းမှာ ထိုင်ဖို့ပဲ တတ်နိုင်ပါတော့တယ်။

အစကတော့ လင်းဖန် သူ့မတို့ မိန်းကလေးတွေသဘောကျတဲ့ အတိုင်း အိတ်တွေ..မိတ်ကပ် ပစ္စည်းတွေကို..ပြောကြမယ်လို့ ထင်ထားခဲ့တာပါ။ ဒါပေမယ့် သူ့ကို အံ့သြစေတာက သူမတို့ ပြောနေတဲ့ အကြောင်းအရာက တကယ် စိတ်ဝင်စားစရာ ပါပဲ။

သူတို့ဟာ သူမတို့ အရပ်ဘယ်လောက်ရှည်တယ်..သူမတို့ ဘယ်လောက် အရွယ်အစား ရှိတယ် ဆိုတာတွေကို ပြောနေကြတာပါ။

ပြီးတော့ သူမတို့ ဘယ်လို တွေ ဇာတ်လမ်းရှိခဒ့တယိ ဆိုတာ ပြောနေကြပါသေးတယ်။

သူမ တို့ ငါ့ကို များ တစ်ခုခု သဲလွန်စ ပေးဖို့ ကြိုးစားနေတာလား.....

......

လင်းဖန် မေးလိုက်တယ်။

"ငါတို့ လက်မှတ် သွားဝယ်ဖို့ လိုသေးလား.."

ဝူရွှန်းယွဲ့ဟာ ခေါင်းညိမ့်လိုက်ပြီး..

"အင်း..ညီမတို့ ဟိုမှာ လက်မှတ်သွားဝယ်ရမှာ အတူတူ သွားကြရအောင်"

ဝူရွှန်းယွဲ့ ပြောချင်တာက သူမတို့ သုံးယောက် အတူတူ ရှိနေသင့်ပြီး လူမကွဲသင့် ဘူးလို့ ပြောချင်တာပါ။

ဝူယန်လန် ဟာ ဝမ်းသာနေခဲ့ပါတယ်..ဒီနေ့မှာ သူမက တတိယမြောက် ဘီး ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ..တစ်ခြားတစ်ဖက်မှာ ဝူရွှန်းယွဲ့ဟာ ဆိုင်ကို လာလည်ဖို့ အချိန်သိပ်မရှိပဲ ..သူမက ဆိုင်မှာ တစ်ချိန်လုံးရှိနေတာပါ။

သူမက ကျိန်းသေ အထက်စီးကဖြစ်ပြီး ရှုံးနိမ့်စရာ အကြောင်းမရှိပေ။

ဒီနေရာမှာ နိုင်ငံခြားဧည်သည် များလည်း များစွာ ရှိနေပြီး...သိပ်မကြာလိုက်ခင်မှာပဲ သူတို့ သုံးယောက် လက်မှတ်ရလိုက်ကာ ..အိုးရှင်းပန်းခြံထဲ တူတူ ဝင်သွားလိုက်ပါတယိ။

သူတို့ အထဲကို ရောက်တဲ့အချိန်မှာ မြင်ကွင်းက အတော်ကို လှပပြီး နေရာတစ်ခုလုံးက သမုဒ္ဒရာ တွေ ရှိတဲ့ ကမ္ဘာကြီးထဲ ရောက်သွားသလိုပါပဲ။

ဝူရွှန်းယွဲ့ဟာ တစ်နေရာကို ညွှန်ပြလိုက်ပြီး..

"ကြည့်..အဲတာက အတော်လှတာပဲ"

လင်းဖန် လှည့်ကြည့်လိုက်ပြီး ခေါင်းညိမ့်လိူက်တယ်။

"အင်း အတော် လှတယ်"

သူ ဒီက သမုဒ္ဒ ရာက သတ္တဝါ တွေ စကားပြောတာကို နားလည်မယ်လို့ မထင်ထားခဲ့ပါဘူး။သို့ပေမယ့် သူတို့ ငါးမန်းတစ်ကောင်ဘေးက ဖြတ်သွားတဲ့ အချိန်မှာ...ဒီငါးမန်း စကားပြောတာကို သူကြားလိုက်ပါတယ်။

"မင်းဘာ ကြည့်နေတာလဲ..."

သူတို့သုံးယောက်လုံးဟာ ဆက်လျောက်နေခဲ့ပြီး ..လင်းဖန်ဟာ ဘယ်ဘက်က မိန်းကလေးတစ်ဖက် ညာဘက်က မိန်းကလေး တစ်ဘက်ကို ကိုင်ထားလို့ပါ။

"မဆိုးဘူး" "ကြည့်လို့ကောင်းတယ် " "အတော်လှတယ်"

ဆိုတဲ့ စကားတွေကို သူဘယ်နှကြိမ်လောက် သုံးခဲ့မှန်းတောင် မသိတော့ပေ။မိန်းကလေး နှစ်ယောက် ဘာပဲ ပြောပြောလင်းဖန် ခေါင်းညိမ့်ပြီးသာ သဘောတူလိုက်ပါတယိ။

"ဝိုး ဟိုမှာ လင်းပိုင် ပြပွဲပဲ..အမြန်ထိုင်ခုံမှာ သွားထိုင်ကြရအောင်..ပြပွဲက စတော့မှာ.."

ဝူရွှန်းယွဲ့ဟာ ရှေ့ကို လက်ညိုးထိုးကာ ပြလိူက်တယ်။သူမ လင်းပိုင် လေးတွေကို အရမ်းချစ်တာပါ..ဒါကြောင့် အခုလို မာစတာ လင်း နဲ့ အတူလာကြည့်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပြီး. တတိယ ဘီး မှာလာတာကိုတော့ မျှော်လင့်မထားခဲ့ပေ။

ဝူယူလန် ရဲ့မျက်လုံးထဲမှာတော့ လင်းပိုင် တွေဟာ..အချစ် ..လွမ်းဆွတ်မူ နဲ့..ငယ်ရွယ်မူကို ကိုယ်စားပြုတာပါ။

ဝူယူလန် လည်း..လင်းပိုင်ကို ချစ်တော့ သဘောတူလိုက်ပြီး..ထိုင်ခုံပေါ် အတူ သွားထိုင်လိုက်ကြတယ်။မိန်းကလေး နှစ်ယောက်ဟာ ဘေးတစ်ဖက်စီမှာ ထိုင်လိုက်ကြပြီး..လင်းဖန်ကတော့ အလယ်မှာပါ။

လင်းဖန် လင်းပိုင် ရေထဲမှာ မြုပ်လိုက်ပေါ်လိုက်ဖြစ်နေတာကို ကြည့်ပြီး ပြုံးလိုက်တယ်။ဒါက တကယ်မဆိုးပါဘူး။

လင်းပိုင် ရဲ့ သခင်ဟာတော့..ပရိတ်သတ်တွေ ထိုင်ခုံမှာ ပြည့်အောင် စောင့်နေခဲ့ပြီး..ပြည့်သွားတဲ့ နောက်မှ ရှိုးပွဲကို စတင်လိုက်ပါတယ်။

ဖျော်ဖြေမူတိုင်းက ကြည့်ရူနေတဲ့ လူတွေကို ကျေနပ်မူတွေ ပေးစွမ်းနေလို့ပါ...လင်းဖန် တောင်မှ ပဲ ပြပွဲကို အာရုံစိုက်ပြီး ကြည့်ရူနေခဲ့တယ်။

ဝူရွှန်းယွဲ့ဟာ ရှိုးပွဲကို သဘောကျစွာ ကြည့်နေရင်းကနေ..လင်းဖန်ဘက်ကိုပြန်ကြည့်လိုက်တယ်။သူမဟာ အသက်ပြင်းပြင်းရူလိုက်ပြီး သူမ ခေါင်းကို ယိမ်းဖို့ ကြိုးစားလိုက်တယ်။

သူမ လင်းဖန်ရဲ့ ပုခုံးပေါ်မှာ ခေါင်းကို မှီချင်နေခဲ့တာပါ..သို့ပေမယ့် သူမ ဒီလိုလုပ်ရင် လင်းဖန် ဘယ်လို တုန့်ပြန်မလဲ ဆိုတာ စိုးရိမ်နေမိပါတယိ။

တစ်ခြားတစ်ဖက်မှာတော့ ဝူယူလန်ဟာ လှည့်ကြည့်လိုက်တဲ့အချိန်မှာ ဝူရွှန်းယွဲ့ရဲ့ ခေါင်းစောင်းနေတာကို သတိထားမိလိုက်ပြီး..သူမဘာလုပိချင်လဲ နားလည်လိုက်ပါသည်။

ယင်းနောက်သူမလည်း ခေါင်းကို စောင်းလိုက်ပြီး လင်ဖန်ရဲ့ ပုခုံးမှာ မှီလိုက်ပါတော့တယိ။

ဘေးနားကနှစ်ယောက် အကွက်တွေ ရွေ့နေတဲ့ အချိန်မှာတော့...လင်းဖန်ဟာ ပြပွဲမှာ နစ်မြောနေခဲ့ပါပြီ။ဒီပြပွဲဟာ အတော် အံ့သြဖို့ကောင်းပြီး တစ်စုံ တစ်ယောက်ရဲ့ ခံစားချက်ကို ဒီလောက်အထိ ..ပျော်ဝင်စေလိမ့်မယ်လို့ မထင်ထားမိခဲ့ပေ။

ဝူယူလန် နဲ့ ဝူရွှန်းယွဲ့တို့ဟာ နောက်ဆုံးမှာ ခေါင်းတွေ မှီထားကြရင်း လင်းဖန်ကို ခိုးကြည်လိုက်ကြတယ်။

"အံ့သြစရာပဲ "

လင်းဖန် ကတော့ သူတို့ကို သတိမထားမိပဲ ပြပွဲအပြီး မှာ တစ်ခြားလူတွေလို မတ်တတ်ရပ်ပြီး..လက်ခုတ်တီးလိုက်ပါတယ်။

"အာ့ နာတယ်"

လင်းဖန် လှည့်ကြည့်လိုက်ပြီး

"ဘာဖြစ်လို့တုန်း မင်းတို့နှစ်ယောက် ပင်ပန်းနေကြပြီလား.."

လင်းဖန် ရုတ်တရက် ထလိုက်တဲ့ အချိန်မှာ ဝူရွှနိးယွဲ့နဲ့ ဝူယူလန် တို့ဟာ ခေါင်းချင်း တိုက်မိသွားခဲ့တာပါ။သူမတို့ ဒီလိုမျိုး အဆုံးသတ်သွားလိမ့်မယ် လို့ မထင်ထားခဲ့ကြပါဘူး။ဒါက အတော် နာကျင်တာပါ။

သူတို့ မာစတာ လင်းရဲ့ စကားကို ကြားလိုက်ကြတဲ့ အချိန်မှာ ရှက်ရွံ့စွာ ခေါင်းခါယမ်းလိုက်ကြပါတယ်။

လင်းဖန်ကတော့ သူတို့ အမှန်တကယ် ပင်ပန်းနေတယ် ထင်ပြီး..

"နောက်တောင်ကျနေပြီ..ပြန်ကြရအောင်"

ဝူရွှန်းယွဲ့လည်း ခေါင်းညိမ့်လိုက်ပါတယ်..သူမရှုံးနိမ့်သလိူ ခံစားလိုက်ရပြီး..နောက်တစ်ခါကျရင် တစ်ခြားနည်းလမ်းကို ရှာရပါလိမ့်မယ်။ဒီ တတိယ ဘီးက စိတ်ရှုပ်စရာ ပါပဲ။

ဝူယူလန် လည်း သူမအတွေးနဲ့ သူနစ်မြောနေခဲ့ပါတယ်။ဒီလို အဆိပ်ပြင်းတဲ့ ကလေးမလေးက အကွက်ရွေ့ဖြစ်မယ်လို့ မထင်ထားခဲ့ပါဘူး။

သူမ ဒီဝူယွန်းရွဲ့ကို ထပ်ပြီး အခွင့်အရေးပေးလို့ မဖြစ်တော့ပေ။ဘာပဲဖြစ်ဖြစ် ယောက်ျားလေးတွေရဲ့ အဓိက အားနည်းချက်က ..မိန်းကလေးတွေရဲ့ အလှအပ နဲ့. ဆွဲဆောင်မူပါပဲ။

........

အမိုးဖွင့်..ကားပါကင်တွင်။

"မင်းတို့ ခေါင်းတွေ နာနေတုန်းလား.."

လင်းဖန် မေးလိုက်တယ်။

ဝူရွှန်းယွဲ့ဟာ ခေါင်းခါယမ်းလိုက်ပြီး...

"မနာတော့ဘူး.."

"ငါရောပဲ"

လင်းဖန် ခေါင်းညိမ့်လိုက်တယ်။

"ကောင်းတယ် နောက်တစ်ခါ ဂရုစိုက်ကြဦး.နောက်တစ်ခါ ပင်ပန်းရင်..."

"..................."

ကျန်တဲ့ နှစ်ယောက်ဟာ တိတ်ဆိတ်ပြီးသာ နေလိုက်ကြပါတယ်။

........

ဖယ်ရာရီ ကားလေးထဲမှာတော့။

ကောင်လေးနှစ်ယောက်ဟာ..ထိုင်နေခဲ့ပါတယ်။

"ကြည့်လိုက်..အဲ့ ကြက်မလေး နှစ်ကောင်က တကယ်မဆိုးဘူးနော်.."

ဖက်ရှင်ကျကျ ဝတ်ဆငိထားတဲ့ ကောင်လေးတစ်ယောက်ဟာ ညွှန်ပြလိုက်တယ်။

ဒါရိုက်ဘာ ထိုင်ခုံမှာထိုင်နေတဲ့ ကောင်လေးဟာ တွေ့လိုက်ပြီး..

"ဝိုး မင်းပြောတာ မှန်တယ်..ပြီးမှ ငါတို့ နောက်ကလိုက်ပြီး ..နည်းနည်းခြောက်ပေးလိုက်ကြမယ်"

"အစ်ကို ယောင် .. ဒီငနဲက စောက်ရမ်း ကံကောင်းတယ်နော်။သူက စော်နှစ်ပွေကိုတောင် မာစီးဒီး ကားထဲခေါ်လိုက်သေးတယ်။အဲ့ကောင်ကိုပါ ဖြဲခြောက်လိုက်ရအောင်..မဟုတ်ရင် ..စိတ်ကျေနပ်နိုင်မှာ မဟုတ်ဘူး"

ယန်ဂျီဟာ ရယ်လိုက်တယ်။

"ဟီးဟီး "

အစ်ကိုယောင် ဆိုတဲ့ လူဟာ ရယ်မောလိုက်ပြီး..ကားရဲ့ ဂစ် ခြေနင်းကို နင်းလိုက်တယ်။

ကြီးမားတဲ့ အသံကြီးဟာ..ထွက်ပေါ်လာခဲ့ပါတယိ။

လင်းဖန် ကြည့်လိုက်ပေမယ့်လည်း ဂရုမစိုက်ပေ။ယင်းနောက် သူဟာ မောင်းလိုကိပြီး..သူ့နောက်မှာတော့ ဖယ်ရာရီ ကားလေး..လိူက်လာခဲ့လို့ပါ။

ကောင်လေးနှစ်ယောက်ဟာ ချမ်းသာတဲ့ မိသားစုက သူဌေး သားတွေပါ။သူတို့ တစ်ခြားသူတွေကို..နောက်ယှက်ရတာ သဘောကျပါတယ်။

အခုသူတို့ လူငယ်လေးတစိယောက် မာစီးတီး ကားလေး ပေါ်မှာ စော်နှစ်ပွေနဲ့ တင်သွားတာကို တွေ့တဲ့အချိန်မှာတော့..သူတို့ .မနှောက်ယှက်ပဲ မလိုနိုင်တော့ပါဘူး။

လမ်းပေါ်တွင်။

လင်းဖန်ဟာ ကားမောင်းနေရင်း လင်းဖန်နဲ့ဝူယွန်းယွဲ့တို့ရဲ့..ထိုင်မှိုင်းနေတဲ့ ပုံစံတွေကို မြင်ပြီး..

"မင်းတို့ အဆင်ပြေရဲ့လား ..တစ်ခုခုဖြစ်နေသလိုပဲနော်"

လင်းဖန် သူတို့နှစ်ယောက် ဘာဖြစ်နေလဲ မတွေးတတ်တော့ပါဘူး။

ဝူရွှန်းယွဲ့ဟာ သေချာဝတ်ဆင်ပြီး မာစတာလင်းနဲ့ လျောက် လည်ဖို့လာခဲ့တာပါ..အခုတော့ တတိယ ဘီး ကြောင့် သူမ စိတ်ညစ်နေခဲ့ပါပြီ။

ဝူယူလန် အစကတော့ သူမ လင်းဖန် အပေါ်ဘယ်လို ခံစားရလဲ သိပ်မသေချာပါဘူး..သို့ပေမယ့် ဝူရွှန်းယွဲ့ကို မြင်တဲ့အချိန်မှာ သူ မသက်မသာ ခံစားရပါတယ်။

လင်းဖန် ခေါင်းယမ်းလိုက်တယ်..ရုတ်တရက် သူ ဘရိတ်ကို အတင်းနင်းလိုက်ပါတယ်။သူတိူ့ ကားပါကင်မှာ မြင်ခဲ့တဲ့ အနက်ရောင် ဖယ်ရာရီကားလေးက သူတို့ရှေ့ကနေ ရုတ်တရက် ဒရက် ဆွဲသွားခဲ့တာပါ။

သူသာ ဘရိတ် အမြန် မနင်းမိရင် ရှေ့က ကားကို တိုက်မိသွားနိုင်ပါတယိ။

"အားး"

ဝူရွှန်းယွဲ့ဟာ မထိန်းနိုင်ဖြစ်သွားပြီး..ရှေ့ထိုင်ခုံနဲ့ တိုက်မိသွားခဲ့သည်။

"ယီး..ဒီကားကဘာဖြစ်နေတာလဲ?"

လင်းဖန် ဆဲလိုက်ပြီး အမြန်မေးလိုက်တယ်။

"မင်းတို့ အဆငိပြေရဲ့လား"

ဝူယူလန်ကတော့ အဆင်ပြေပါတယ်..သို့ပေမယ့် သူမ ဝူရွှန်းယွဲ့ရဲ့ ပုံစံကို မြင်လိုက်ပြီး..

"အား...ရွှန်းယွဲ့ နှာဖူး ကွဲသွားပြီ"

လင်းဖန် ဒေါသထွကိသွားပြီး ဖယ်ရာရီ ကားနောက်ကို အမြန်လိုက်လိုကိပါတယိ။

.........

ဖယ်ရာရီ ကားထဲတွင်။

ယန်ဂျီ နဲ့ အစ်ကိုယောင် ဟာ ရယ်မောလိုက်တယ်။

"ဟားဟားးးး ဒီကောင်တော့ သေးထွက်ကြနေလောက်ပြီ"

"ဘယ်လိုလဲ.. အစ်ကို့ ရဲ့ နတ်နဂါး ..ဒရက်ဆွဲကွေ့ချက်က မဆိုးဘူးမလား.."

အစ်ကို ယောင်ဟာ ပြောလိုက်တယ်။

ယန်ဂျီဟာ လက်မ ထောင်ပြလိုက်ပြီး..

"အစ်ကို ယောင်က စောက်ရမ်းမိုက်တယ်..တကယ့် ပါဝါ ပြည့် ကျွမ်းကျင်မူပဲ"

အစ်ကို ယောင်ဟာ မောက်မာစွာဖြင့်...

"ဒါက ရလာဒ်ပဲ။ငါ ဒီအကွက်ကို လေ့ကျင့်ရင်း မရေမတွက်နိုင်တဲ့ ကားတွေကို တိုက်မိခဲ့တယ်...ဒီ ငနဲတော့ ကြောက်လွန်းလို့ ချီးထွက်ကျနေလောက်ပြီ"

"ဟားးဟားးဟားး"

ကားထဲမှာ ရယ်မောသံတွေနဲ့ ပြည့်နှက်သွားခဲ့ပါတယ်။

All Chapters