# #ကို အဆင့်အတန်းလား
Vol. 13 Ch. 194
ဘာသာပြန် = စနိူးဝှိုက်
လင်းဖန် ဒီကောင်လေးတွေကို စိတ်တိုနေခဲ့ပါပြီ။တစ်ခြားဟာ ဆိုရင် သူလွတ်ပေးလို့ရပါသေးတယ်..ဒါပေမဲ့ ဒါကိုတော့ လွှတ်ပေးလို့ မရပါဘူး။
သူတိူ့ အမိုးဖွင့် ကားပါကင်မှာ မြင်ခဲ့တဲ့ ကားလေးဟာတော့ သူတို့ရှေ့မှာ ရှိနေလို့ပါ။
သူတို့ ကစားတဲ့ ကစားပွဲ က သေခြင်းတရားနဲ့တောင် အတော် နီးစပ်တဲ့အရာပါ။တကယ်လို့ လင်းဖန် သာ လျင်မြနိစွာ မတုန့်ပြန်နိုင်လိုက်ဘူးဆိုရင် ကားချင်းတိုက်မိပြီး ဒီထက်အဆုံးသတ် မလှ ဖြစ်သွားနိုင်ပါတယ်။
အခု ဘာမှ သိပ်မဖြစ်စေပေမဲ့ လည်း ရုတ်တရက် ဘရိတ်အုပ်မူကြောင့် ဝူရွှန်းယွဲ့ရဲ့ နှာဖူးကွဲသွားခဲ့ပါသေးတယ်။
သူတို့ဟာ လမ်းပေါ်မှာ ရှိနေပြီး လင်းဖန် ဒီကားကို မှီအောင်လိုကိပြီး မရပ်တန့် နိုင်သေးပေမယ့်လည်း နောက်ကနေ လိုက်နေခဲ့ပါသေးတယ်။
မင်းတို့ ဘယ်အထိသွားမလဲ ကြည့်ကြသေးတာပေါ့....
ပြိုင်ကားထဲတွင်။
ယန်ဂျီဟာ နောက်ကို လှည့်ကြည့်လိုက်တဲ့ အချိန်မှာ အနက်ရောင် မာစီးတီး ကားလေးဟာ သူတို့ နောက်က လိုက်လာနေတာ တွေ့လိုက်ရတယ်။
သူဟာ ရယ်မောလိုက်ပြီး..
"အစ်ကို ယောင်..ဒီ ငနဲက ကျွန်တော်တို့နောက်လိုက်နေတယ်ဟ"
ဝမ်ယောင်ဟာ နှာခေါင်းရှုတ်လိုက်တယ်။
"ကြည့်ရတာ သူ မပျော်ရွှင်တော့ဘူးထင်တယ်..ဒါပေမဲ့ စိတ်မပူနဲ့ လမ်းပေါ်မှာ အမြဲတမ်း မတော် တဆ မူတွေက ရှိစမြဲပဲ။သူ ငါတို့ကို ဘာလုပ်နိုင်မှာ မလို့လဲ"
ယန်ဂျီ ခေါင်းညိမ့်လိုက်တယ်။
"ဒါမှန်တယ်..အစ်ကိုယောင်.. ဒီနေ့ ကျောငိးကို သွားသင့်လား.ကျွန်တော် တို့အချိန်အကြားကြီး မသွားထားတော့..သူတို့ ကျွန်တော်တို့ကို စာမေးပွဲတော့ မချ ထားလောက်ပါဘူးနော်"
ဝမ်ယောင် ပြောလိုက်တယ်။
"သူတို့ငါတို့ကို ချထားချင်တယ် ဆိုလည်း ချထားခိုင်းလိုက်စမ်းပါ..ဒီကမ္ဘာမှာ ပိုက်ဆံနဲ့ ဖြေရှင်းလို့ မရတဲ့ ကိစ္စဆိုတာ ဘာမှမရှိဘူး။တစ်ကယ်လို့ ဖြေရှင်းလို့ မရဘူးဆိုရင်တောင် အဲတာ မင်းမှာ ပိုက်ဆံလုံလုံလောက်လောက် မရှိလို့ပဲ"
ယန်ဂျိီဟာ မနာလိုစွာ ကြည့်ပြီး ပြောလိုက်တယ်။
"အစ်ကို ယောင်က စောက်ရမ်းမိုက်တယ်။ကားမောင်း စကေးကျွမ်းကျင်ယုံတင်မကဘူး..ချမ်းသာတဲ့ မိသားစုလည်း ရှိတယ်..ကျွန်တော်ကတော့ ရိုးရိုး မိသားစုကပဲ။အစ်ကိုယောင် ကြောင့်သာ မဟူတ်ရင်..ကျွန်တော်နေ့တိုင်း ကျောင်း ကန်တင်းက ချီးလို အစားအသောက်တွေကို စားနေရမှာပဲ"
အစ်ကိုယောင်ဟာ ဂုဏ်ယူမူတွေနဲ့ ပြည့်နေခဲ့ပြီး။
"ငါ ပြောတာကိုပဲ နာခံစမ်းပါ..အနာဂတ်မှာ ငါ ဝမ်ယောင် ဘာပဲ ပိုင်ဆိုင်ရ ပိုင်ဆိုင်ရ .မင်းအတွက် ဝေစု ရှိလိမ့်မယ်"
ယန်ဂျီဟာ စိတ်လှုပ်ရှား စွာ ခေါင်းညိမ့်လိုက်ိပြီး..
"ကျွန်တော် ကျိန်းသေ အစ်ကိုယောင်ပြောတာကို နာခံမယ်။ကျွန်တော် အစ်ကိုယောင်နောက်ကို လိုက်နေသ၍ ဘာ နစ်နာမူမှ ရှိမှာ မဟုတ်ဘူး"
"ဟားဟားဟား"
ရှေ့မှာ မီးပွိုင့် တစ်ခု မိတဲ့ အချိန်မှာတော့ ကားကို အရှိန်လျော့ ပြီး ရပ်လိုက်ရပါတော့တယ်။
ယန်ဂျီဟာ အစ်ကိုယောင်ရဲ့ အက်ျီကို ဆွဲလိုက်ပြီး..
"အစ်ကိုယောင် ဟို ငနဲ က ကားပေါ်ကနေဆငိးလာပြီ..ကြည့်ရတာ သူတို့ဆီကို လာနေတာ ထင်တယ်နော်"
ဝမ်ယောင်ဟာ လှည့်ကြည့်လိုက်ကာ ရယ်မောလိုက်တယ်။
"ဘာကြောက်စရာ လိုလို့လဲ..ငါတို့က နှစ်ယောက်လေ..ဒီငနဲက တစ်ကောင်ထဲ.ငါတို့က ဘာလို့ကြောက်ရမှာလဲ"
လင်းဖန် ကားပေါ်က ဆင်းပြီး ဝူယူလန်ကို ပြောလိုက်တယ်။
"ကားပေါ်က မဆင်းနဲ့ ရွှန်းယွဲ့ကို ကြည့်ထား"
ဝူယူလန်ဟာ ခေါင်းညိမ့်လိုက်ပြီး တစ်ရူးကိုဘရေစွတ်နေခဲ့ပါတယ်။ယင်းနောက် သူမဟာ ဝူရွှန်းယွဲ့ရဲ့ နှာဖူးကို သုတိပေးလိုက်တယ်။ကံကောင်းချင်တော့ ဒဏ်ရာက အရမ်းမကြီးမားပါဘူး။သေးငယ်တဲ့ ကွဲရာလေးတစ်ခုပဲ ရှိတာပါ။
သူတို့ ဆေးရုံကို သွားပြီးရင်တော့ အမာရွက်တောင် ကျန်မှာမဟုတိတော့ပေ။
"ရွှန်းယွဲ့ အဆင်ပြေရဲ့လား.."
ဝူလန် မေးလိုက်တယ်။
ဝူ ရွှန်းယွဲ့ဟာ ခေါင်းညိမ့်လိုက်ပြီး..
"ပြေပါတယ်..ကျေးဇူးပါ"
"ကျေးဇူးတင်ဖို့ မလိုပါဘူး..ရှေ့က ကားက ငါတို့ကို လုပ်သွားတာလေ..ဘယ်လိုမောင်းနေလဲ မသိဘူး"
အဲ့အချိန်မှာပဲ ဝူရွှနိးယွဲ့ဟာ မာစတာ လင်း ကားထဲမှာ မရှိတော့ တာကိုသတိထားမိပြီး စိုးရိမ်စွာဖြင့်..
"မာစတာ လင်း..သူ.."
ဝူယူလန်ဟာ ယုံကြည်မူ အပြည့်နဲ့ သူမကို နှစ်သိမ့်လိုက်တယ်။
"စိတ်မပူနဲ့..မာစတာ လင်းက ခွန်အားကြီးတယ်..သူဘာမှဖြစ်မှာ မဟုတ်ဘူး"
.......
ဝမ်ယောင်ဟာ ယန်ဂျီကို ပြောလိုက်တယ်။
"လာ ကားပေါ်က ဆင်းရအောင်"
သူတို့ ကားတံခါးကို ဖွင့်လိုက်ပါတယ် ..သူတို့ လုံးဝ ကြောက်ရွံ့မနေခဲ့ပါဘူး။သူတို့ ဟာ ကားပေါ်ကနေ ဆင်းပြီးတော့ ...ကားကို မတ်တတ်ရပ်မှီကာ လင်းဖန် သူတို့ဆီ လမ်းလျောက်လာနေတာကို ထောင်လွှားစွာ စိိုက်ကြည့် နေလိုက်ကြတယ်။
.....
"မင်းဘာလို ချင်တာလဲ"
ဝမ်ယောင်ဟာ စိန်ခေါ်တဲ့ လေသံနဲ့ မေးလိုက်ပါတယ်။
ယင်းနောက် ယန်ဂျီကပါ လှမ်းအော်လိုက်တယ်။
"အစ်ကို ယောင်က မင်းကို မေးနေတယ်လေ..နားလေးနေတာလား.."
လင်းဖန် ဒီနှစ်ကောင်ကို ကြည့်လိုက်တယ်.. သူတို့ဟာ ငယ်ရွယ်သေးကြပြီး.. ၁၈ ၁၉ နှစ်လောက်ပဲ ရှိကြပါဦးမယ်။
"မင်းတို့က ငါဘာလို ချငိလဲ မေးနေတာလား..ဘာဖြစ်ခဲ့လဲ ဆိုတာ မှတ်မိသေးလား.."
ဝမ်ယောင်ဟာ ရယ်မောလိုက်တယ်။
"အိုး အဲတာလား..မတော်တဆမူ လေးပါ။ငါမင်းကို တိုက်မိခဲ့လို့လား..ငါတော့ မထင်ဘူးနော်။မင်းငါ့ဆီက ဘာလိုချင်လို့လဲ..ပြီးတော့ မင်းဘာလို့ ငါ့ကို အဲ့အကြည့်တွေနဲ့ မကြည့်တော့တာလဲ"
ဝမ်ယောင်ဟာ လက်ကို မြောက်လိုက်ပြီး..လင်းဖန်ကို ထိုးလိုက်တယ်။သူဟာ လင်းဖန်ကို ဘာလေးစားမူမှ မရှိပဲ ဆကိဆံနေခဲ့တာပါ။
* ခြေသံ ဆက်တိုက်ထွက်ပေါ်လာခဲ့သည် *
လင်းဖန် ဝမ်ယောင်ရဲ့ လက်ကို သူ့လက်နဲ့ ဖမ်းဆွဲပြီး လိမ်လိုက်တယ်။ဝမ်ယောင်ကတော့ အတော် နာကျင်နေခဲ့ပါပြီ..
"ငါ့ကိုလွှတ် ..ငါ့ကို လွှတ်.."
ဘန်းးး
ပြင်းထန်တဲ့ ရိုက်ချက် တစ်ခုဟာ သူ့မျက်နှာပေါ်ကို ကျရောက်သွားခဲ့ပါတယ်။
ဝမ်ယောင်ဟာ ဒီရိုက်ချက်ကို မခံနိုင်ပဲ သူ့ခန္တာကိုယ်ဟာ တော့အနောက်ဘက်ကို ယိုင်ထွက်သွားလို့ပါ။ယင်းနောက် သူဟာ လင်းဖန်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်တယ်..ဒီ ငနဲသူ့ကို ရိုက်ရဲ မယ်လို့ သူလုံးဝ ထင်မထားခဲ့ပါဘူး။
ယန်ဂျီဟာ လည်း ဒီငနဲ လက်ပါရဲ တာကို ကြည့်ပြီး မယုံကြည်နိုင်ခဲ့ပေ။
"မင်း...မင်း..."
လင်းဖန် လက်ထပ်မြောက်လိုက်တဲ့ အချိန်မှာတော့ယန်ဂျီဟာ ဝမ်ယောင်ရဲ့ နောက်ကို ရောက်သွားခဲ့ပါပြီ။
"အစ်ကိုယောင်..ဒီငနဲက ရူးနေပြီ"
"မင်းငါ့ကို ရိုက်ရဲတယ်လား.."
လက်တစ်ဖက်က သူ့ပါးကို ကိုင်ထားရင်း ဝမ်ယောင်ဟာ လင်းဖန်ကို ဒေါသကြီးစွာ ပြောလိုက်တယ်။
လင်းဖန် ရယ်မောလိုက်ပြီး..
"မင်းအရိုက်ခံပြီးသွားပြီလေ..ဘာလို့ ရိုက်ရဲလားလို့ ထပ်မေးနေတာလဲ"
ဝမ်ယောင်ဟာ ကြောင်အသွားခဲ့တယ်..သူဒီလို အရာမျိုးကို အရင်တုနိးက မကြုံဖူးပါဘူး။
အရင်တုန်းက သူ ဒီအကွက်ကို သုံးရင် ခံရသူတတွေဟာ နောက်ဆို သူ့ကားကို ဝေးဝေးရှောင်ကြပါတယ်။အခုတော့ ဒီ မာစီးဒီး ဒါရိုက်ဘာက သူ့ကို တကယ် စိန်ခေါ် နေခဲ့တာပါ။
အဲ့အချိန်မှာပဲ အနီရောင်မီးဟာ အစိမ်းရောင်ကို ပြောင်းသွားခဲ့တယိ..နောက်ကကားတွေကတော့ ဟွန်းတွေတီးနေခဲ့ပါပြီ။
ဝမ်ယောင်ဟာ လက်ရှိ အခြေအနေက သူ့ဘက်မှာမဟုတ်တာကို သတိထားမိလိုက်ပြီး..လင်းဖန်ကို လက်ညိုးထိုးကာပြောလိုက်တယ်..
"သိပ်လည်း မမောက်မာနဲ့ .. မင်းဒီနေ့ ကံကောင်းသွားတယိ။မီးပွိုင့်က ပြောင်းသွားပြီး..ငါက ကိစ္စတွေကို အကျယ်အချဲ့ချင်လို့ မဟုတ်ရင် မင်းသေပြီ"
လင်းဖန်ဟာ ရှေ့ကို တိုးလိုက်ပြီး ဝမ်ယောင်ရှေ့မှာ ရပ်လိုက်တယ်။
"မင်းက မီးပွိုင့် စည်းမျဥ်းကို တောင် သိလို့လား..ငါကတော့ ဒီနေ့ကံမကောင်းချင်ဘူး။မင်း ငါနဲ့ဖြစ်တဲ့ကိစ္စကို ရှင်းမှရမယ်..မဟုတ်ရင် ဘယ်မှ ထွက်သွားဖို့ မစဥ်းစားနဲ့.."
"မင်း"
ဝမ်ယောင်ဟာ လင်းဖန်ကို လက်ညိုးထိုးလိုက်တယ်။သူက ပုံမှန်ဆိုရင် လူမိုက်လို လုပ်တတ်ပေမယ့် ..ဒီလိူ အခြေအနေမျိုး ကြုံတွေ့လာတော့ အနည်းငယ် ကြောက်ရွံ့မိပါတယ်။
"ဘာဖြစ်နေတာလဲ"
အဲ့အချိန်မှာပဲ.မီးပွိုင့် ရဲအရာရှိဟာ ရောက်လာခဲ့တယ်။သူဟာ ဒီက အခြေအနေကို မြင်ပြီး မျက်မှောင်ကျုတ်လိုက်နေခဲ့ပါပြီ။
လင်းဖန် ပြောလိုက်တယိ။
"မီးပွိုင့်တစ်ခုမှာ မတော်တဆ ဖြစ်ခဲ့လို့..အခု ဖြေရှင်းနေတာ"
ဝမ်ယောင်ဟာ ရဲကို မြင်တဲ့အချိန်မှာတော့ သူ့ရဲ့ သတ္တိတွေ ပြန်ရောက်လာခဲ့ပါပြီ..သူဟာ ရှေ့ကိုတက်ကာ လင်းဖန်ကို ဖမ်းဆွဲလိုက်ပြီး .
"ဒီခွေးသားက ငါ့ကို ရိုက်တယ် ..ငါ ဒီကောင့်ကို တရားစွဲရမယ်...ငါ့မျက်နှာရောင်ကိုင်းနေလို့ အခုဆို ခံစားလို့တောင် မရတော့ဘူး"
မီးပွိုင့် ရဲအရာရှိဟာ ကားနှစ်စီးလုံးကို ကြည့်လိုက်တဲ့အချိန်မှာ ဇိမ်ခံကားတွေမှန်းတွေ့လိုက်ရပါတယ်။သူ ဝမ်ယောင်ရဲ့ ကားနံပါတ်ကို မြင်တဲ့အချိိန်မှာ ရင်းနှီးနေတာ ခံစားလိုက်ရတယ်။
သူ နောက်ဆုံးမှာတော့ မှတ်မိလိုက်ပါပြီ..ဒီကားနံပါတ်က များပြားလှတဲ့.မီးပွိုင့်စီးမျဥ်းတွေကို အကြိမ်များစွာချိုးဖောက်ပြီး မတော်တဆမူတွေလည်း ခနခန ဖြစ်နေကြ ကားပါ။
သူ့ရဲ့ လိုင်စင်ကို သိမ်းဖို့ အကြိမ်မျာစွာ အပြစ်ပေးခဲ့ပေမယ့် သူ့ရဲ့ လိုင်စင်က ချမ်းသာခွင့် နဲ့ အမြဲတမ်းပြန်ရစမြဲပါပဲ။
ရဲ ဟာ မေးလိုက်တယ်။
"မင်းသူ့ကို ရိုက်လိုက်သေးလား"
လင်းဖန် ဘာမှ မပြောပေ။တစ်ခြားတစ်ဖက်မှာတော့ ဝမ်ယောင်က စိတ်မရှည်တော့ပါဘူး။
"ဝန်မခံပဲ ရှောင်ပြေးဖို့ မစဥ်းစားနဲ့..ဒီမှာ ငါ့သူငယ်ချင်းလည်း ရှိတယ်"
လင်းဖန် မျက်မှောင်ကျုတ်လိုက်ပြီး နောက်တစ်ချက်ထပ်ရိုက်လိုက်ပါတယ် ...ပြီးမှ ရဲဘက်ကို လှည့်လိုက်ပြီး..
"ကျုပ်သူ့ကို ခုနက အဲ့လို ရိုက်လိုက်တာပဲ"
ရိုက်ချက်ရဲ့ နောက်မှာ ပါလာတဲ့ ခွန်အားက မသေးပါဘူး။ဝမ်ယောင်ဟာ အနည်းငယ် မူးဝေသွားပြီး..အမြင်တွေတောင် ဝေဝါးသွားခဲ့ပါတယ်။
"မတိုက်ခိုက်နဲ့"
မီးပွိုင့် အရာရှိဟာ လင်းဖန်ကို အလျင်အမြန် ဖမ်းဆီးလိုက်တယ်။
"မ အိမ်လုံး မင်းစောင့်နေ
ဝမ်ယောင်ဟာ အလျင်အမြန်ပဲ ဖုန်းတစ်ကောကို နိပ်ပြီး ဖုန်းခေါ်လိူက်ပါတယိ။
"အဖေ ..ဒီမှာ သားကို တစ်ယောက်ယောက် လာရိုက်နှက်ခဲ့တယ်..သားအခု ရွှေနီရောင် လမ်းရဲ့ မီးပွိုင့်မှာ..အမြန်လာခဲ့ပါ..မဟုတ်ရင် သားအရိုက်ခံရပြှီး သေတော့မယ်"
ဖုန်းချပြီးတာနဲ့ သူဟာ လင်းဖန်ကို လက်ညိုးထိုးလိုကိပြီး...
"မင်းအဲ့မှာပဲနေ ..ငါ့အဖေ ရောက်လာတော့မယ်"
ကုမ္ပဏီတစ်ခုတွင်။
ဝမ်ရှန်းဟာ သူ့သားဆီက ဖုန်းကောကို ရပြီးတဲ့နောက်မှာ ဒေါသထွက်သွားခဲ့ပါတယ်။သူ့သားက တစ်ချိန်လုံး ပြသနာ ရှာနေခဲ့တာပါ။
အဲ့အချိန်မှာတော့..ဝမ်ရှန်းရဲ့ ရှေ့မှာ..ဒေါသထွကိနေတဲ့ လူကြီးတစ်ယောက်ဟာ ရပ်နေခဲ့ပါတယိ။
"အစ်ကိုဝမ်..ဒါက ကျွန်တော်တို့ လွန်ခဲ့တဲ့ သုံးလက ဝင်ခဲ့တဲ့..ပိုက်ဆံ အစုအဝေးပဲ..ကုန်ကျစရိတ်ကို လျော့ချပြီးတဲ့ နောက်မှာ..အမြန်အစွန်းက ဒေါ်လာ သန်း နှစ်ရာ နဲ့ တစ်ဆယ်ရှိတယ်"
ဝမ်ရှန်းဟာ မျက်မှောင် ကျုတ်လိုက်ပြီး..
"ကြည့်ရတာ လွန်ခဲ့တဲ့ နှစ်ကထက် အတော် လျော့ကျလာတာပဲ"
လူကြီးဟာ ခေါင်းညိမ့်လိုက်တယ်။
"ဟုတ်တယ် သက်လတ်ပိူင်းလူတွေက များများလာတယ်..ရထား ဘူတာတွေမှာလည်း စနစ်အသစ်တွေ စနေပြီ.. ပြီးတော့ စစ်ဆေးမူတွေကလည်း စိတ်သထက် စိတ်လာတယ်။ဒါကြောင့် အမြတ်အစွန်းက ပြီးခဲ့တဲ့ နှစ်ထက် ကျဆငိးသွားရတာပဲ"
ဝမ်ရှန်း ခေါင်းညိမ့်လိုက်ပြီး..
"ကောင်းပြီ..ဒီကိစ္စမပြောနဲ့တော့..ငါ အကူညီ တစ်ခုတောင်းစရာ ရှိသေးတယ်။ငါ့သားက တစ်ချိန်လုံး ပြသနာပဲ ရှာနေတာ..တစ်နေ့ သူကံဆိူးပြီး တစ်ခုခုဖြစ်သွားရင်..ကုမ္ပဏီက မင်းတို့ အပေါ်မှာပဲ မှီခိုသွားရမှာကို ကြောက်မိတယ်။အဲ့ကောင်က လွှတ်ထားလို့ကို မရဘူး"
လူကြီးဟာတော့ ဘာမှမပြောပေ။သူဟာ ဝမ်ရှန်း နောက်ကသာ တိတ်ဆိတ်စွာ လိုက်သွားလိုက်ပါတယ်။