ဒါက ငါးကြီးပဲ
Vol. 14 Ch. 196
ခေါင်းဆောင်လီ နဲ့ သူ့လူတွေဟာ ဟာ ရောက်လာခဲ့ကြပြီး အခြေအနေကို မြင်တဲ့ အချိန်မှာ ရှေ့ကို ထွက်လာခဲ့ကြတယ်။
ဝမ်ရှန်းရဲ့ ဘေးနားမှာနေတဲ့ လူကြီးဟာ ရဲတွေ ရောက်လာတာကို မြင်တဲ့ အချိန်မှာ..ရှေ့ကို တက်လာပြီး လင်းဖန်ဆီကို လက်သီးတစ်လုံးပစ်သွင်းကာ အော်လိုက်ပါတယ်။
"အစ်ကို ဝမ် ..အရင်ပြေး .."
လင်းဖန် ဝမ်ရှန်း ရဲ့ လက်ကို လွှတ်လိုက်ပြီး..တစ်ချိန်တည်းမှာပဲ လူကြီး ရဲ့ ဗိုက်ကို စောက်ကန်လိုက်တယ်။
လူကြီးရဲ့ လက်သီးဟာ လင်းဖန်ဆီတောင် မရောက်ခင်မှာပဲ ကန်ချက်ဟာ ဗိုက်ကို ရောက်လာပြီး နောက်ကိုလွင့်ကာ မြေကြီးပေါ်လဲကျသွားခဲ့ပါတော့တယ်။
ဝမ်ရှန်းဟာတော့ ခံစားချက်မဲ့စွာ ရပ်နေခဲ့တယ်..သူ့ရဲ့စိတ်ထဲမှာတော့ ဒေါသထွက်နေလို့ပါ။
မင်းအစ်မကို ပြေးခိုင်းပါလား...ငါ့ဘေးနားမှာ ဘယ်လိုဖြစ်ပြီး ဒီလို ဝက်ဦးနှောက်နဲ့ ကောင် ရှိနေရတာလဲ.....
လင်းဖန် ဝမ်ရှနိးကို ကြည့်လိုက်ပြီ..
"ခင်းဗျားရဲ့ ညီအစ်ကို က ပြေးခိုင်းနေတယ်နော်..ခင်ဗျား မပြေးဘူးလား..."
ဝမ်ရှန်းဟာ ပြုံးလိုက်တယ်။
"ငါဘာလို့ ပြေးရမှာတုန်း..ငါဘာမှ ကျူးလွန်ထားတာ မဟူတ်ဘူးလေ။ဒီ ညီအစ်ကိုက စိတ်ပိုင်းဆိုင်ရာ သိပ်ကောင်းတာမဟူတ်ဘူး...သူ ရဲတွေကို မြင်တော့ စိုးရိမ်လွန်သွားတာ ဖြစ်မှာပါ"
လင်းဖန် ရယ်မောပြီး လိုက်တယ်။ဒီနေ့ခေတ်လူတွေက ဒီလို အကျင့်ကို ဘယ်ကနေ သင်လာကြတာလဲ နားမလည်တော့ ပါဘူး..ပြသနာ တစ်ခုခုဖြစ်ပြီ ဆိုတာနဲ့ သူတို့က စိတ်ပိူင်းဆိုင်ရာကို ပဲ ပုံချကြ စမြဲပါ။
တကယ် စိတ်ကျန်းမာရေး ခံစားရတဲ့ လူတွေဟာ ဒါကို ကြားရင် ဒေါသထွက်ကောင်းထွက်ကြပါလိမ့်မယ်။သူတို့ကတော့ ဆေးရုံတွေမှာ လော့ချ ခံထားရပြီး..ဒီလူတွေက ဒါက အကြောင်းပြချက်တစ်ခု အဖြစ် အကာအကွယ် ယူချင်နေကြလို့ပါ။
ဒီလူတွေက က အပြင်မှာ ကောင်းကောင်းစား ၊ ကောင်းကောင်းသောက်ပြီး အရေးကြုံလာရင် စိတ်ကျန်းမာရေး မကောင်းဘူး ဆိုပြီး အကာအကွယ်ယူကြပါတယ်။
သူတို့ တကယ် ခံစားနေရတဲ့ လူတွေကို အားနာစိတ်မဖြစ်မိကြဘူးလား...
မြေကြီးမှာ လဲနေတဲ့ လူကြီးဟာတော့ သူ့ဗိုက်ကို ကိုင်ထားခဲ့တယိ...ဒီလူငယ်လေး ဒီလောက် အထိသန်မာလိမ့်မယ် လို့ သူမထင်ထားခဲ့မိပါဘူး။
ကန်ချက် တစ်ချက်ကတင်ပဲ သူ့ကို အမှောက်သိပ်ဖို့လုံ လောက်နေခဲ့တာပါ။
"ရဲတွေမြင်တိုင်း ငါ့စိတ်ကို ဘာလို့ ထိန်းချုပ်ရခက်ခဲတာလဲ မသိဘူး...အနည်းဆုံးတော့ အရာရာအဆင်ပြေနေတာပဲလေ"
လီရှောင်ရှမ်းဟာ သူ့လူတွေ နဲ့ အတူရောက်လာခဲ့ပါပြီ။လင်းဖန် "ငါးအကြီးကြီး" လို့ပြောလိုက်တဲ့ အချိန်မှာ..သူ စိတ်လှုပ်ရှားသွားခဲ့ပါတယ်။
သူ့အမူ တော်တော်များများကို မာစတာ လင်းက ကူညီဖြေရှင်းခဲ့ပြီး..အထူးသဖြင့် အင်တာနက် အလိမ်အညာ သမားတွေကိုတောင် အကုန်ဖမ်းမိခဲ့တာပါ။
ဒါတွေ အကုန်လုံးက မာစတာ လင်းကျေးဇူးကြောင့်ပါပဲ..တစ်ခါတစ်လေဆိုရင် သူ အိပ်မက် မက်နေတယ် လို့တောင် ထင်မိပါတယ်။
သူ့မှာ ဘာပြသနာ ပဲရှိရှိမာစတာ လင်း ဆီကို သွားလိုက်ရင် အေးအေးဆေးဆေးဖြေရှင်းလို့ ရစမြဲပါ။
"မာစတာလင်း ..ငါးကြီး ဆိုတာက ဘယ်သူတုန်း"
လီရှောင်ရှမ်းမေးလိုက်တယ်။
လင်းဖန် ဝမ်ရှန်းကို လက်ညိုးထိုးပြလိုက်ပြီး..
"သူပဲ"
လီရှောင်ရှမ်းဟာ ဝမ်ရှန်း ကို သံသယ ဖြစ်စွာ ကြည့်လိုက်တယ်။ဒီလူကြီးက လူကြီးလူကောင်းပုံစံဖြစ်ပြီး..မျက်နှာကလည်း ငြိမ်းချမ်းနေပြီး..လူဆိုးတစ်ယောက်နဲ့ လုံးဝမတူပါဘူး။
ဝမ်ရှန်းဟာ လီရှောင်ရှမ်းကို ကြည့်ကာ ပြုံးလိုက်ပြီး.
"ဆရာသမား..ဒါက နားလည်မူလွဲနေတာပါ။ဒီ ဝမ်ရှန်းက သာမန်လူတစ်ယောက်ဖြစ်ပြီး..ဝန်ဆောင်မူ ပေးတဲ့ လုပ်ငန်းကို လူပ်ကိုင်ပါတယ်။ဘယ်လိုဖြစ်ပြီး ဒီလူငယ်လေးပြောတဲ့
ငါးကြီး ဖြစ်နိုင်မှာတုန်း"
လီရှောင်ရှမ်းဟာ လင်းဖန်ကို သံသယ ဖြစ်စွာ ကြည့်လိုက်တယ်။မာစတာ လင်း ဘာလှည့်စားမူတွေ လုပ်နေသလဲ မသိပေမယ့် သူ မာစတာ လင်းကို ယုံကြည်ပါသေးတယ်။ဒါကြောင့် ဝမ်ရှန်းကို နောက်တစ်ခါ ဂရုတစိုက်ပြန်ကြည့်လိုက်တယ်။
ဝမ်ရှန်းဟာ သူ့ရှေ့က အခြေအနေကို မြင်ပြီး မျက်မှောင်ကျုတိလိုက်တယ်..ကြည့်ရတာ သူဒီအခြေက ရုနိးထွက်ဖို့ အတော် အားစိုက်ရမယ့်ပုံပါပဲ။
"ဖုန်းလေး တစ်ကော လောက် ခေါ်ပါရစေ"
သူဟာ ဖုန်းကို ထုတ်ကာ ဖုန်းခေါ်လိုက်တယ်။
လီရှောင်ရှမ်းဟာ တစ်ခုခု ပြောဆိုချင်ပေမယ့် လည်း လင်းဖန် ရဲ့ တားဆီးမူကို ခံလိုက်ရပါတယ်။
သူတို့ ဝမ်ရှန်း ဘယ်သူ့ကို ဖုန်းခေါ်နေတာလဲ မသိပါဘူး..ဒါပေမဲ့ ဝမ်ရှန်ဟာ စကားအနည်းငယ် သာ ပြောပြီး လီရှောင်ရှမ်းကို ဖုန်းကမ်းပေးလိုက်တယ်။
လီရှောင်ရှမ်း ဖုန်းကို ယူပြီး နားထောင်လိုက်တဲ့ အချိန်မှာတော့ တစ်ဖက်က ရှန်ဟိုင်းမြို့ ခေါင်းဆောင်တွေ ထဲက တစိယောက်ဖြစ်နေတာ သိလိုက်ရပါတယ်။အဆင်အတန်းတွေ ချင်းပြိုင်ရင်တော့ လီရှောင်ရှမ်း လိုက်မှီနိုင်တဲ့ အဆင့်မဟုတ်ပါဘူး။
ဒါကြောင့် လီရှောင်ရှမ်းဟာ အခြေအနေကို ရှင်းရှင်းလင်းလင်း မသိရသေးခင် စကားအများကြီး မပြောရဲပေ။
"ခေါင်းဆောငိ အခုကိစ္စက စစ်ဆေးဖို့ လိုသေးတယ် အခုလွတ်ပေးလိုက်ရင်..."
ခေါင်းဆောင် " အကြီးအကဲ ဝမ်က လေးစားရတဲ့စီးပွားရေး သမားတစ်ယောက်ပဲ။မင်း ဖမ်းချင်တဲ့ လူကို ဖမ်းပြီး..မင်းစစ်ဆေးချင်တဲ့ လူကို စစ်ဆေးလို့ မရဘူး .ဒီကိစ္စက ဘယ်လောက် ဆိုးကျိုးတွေ ကြီးသွားနိုင်တယ် မသိဘူးလား"
လီရှောင်ရှမ်းဟာ မျက်မှောင်ကျုတ်လိုက်တယ်။အခြေအနေတွေက ရှုပ်ထွေးနေတဲ့ ပုံပါပဲ။
လီရှောင်ရှမ်းသာ မဖမ်းနိုင်ရင် ဒီငါးကြီးလွှတိသွားတော့ မှာကို တွေးပြီး လင်းဖန် ဖုန်းကို လှမ်းတောင်းလိုက်ပါတယ်။လီရှောင်ရှမ်းဟာ အနည်းငယ် တွေဝေသွားပြီးနောက်မှာ လင်းဖန်ကို ဖုန်ကမ်းပေးလိုက်တယ်။
"ခေါင်းဆောင်, ဟုတ်တယ်နော်...ဒီ အကြီးအကဲ ဝမ်က လူကုန်ကူးမူတွေရဲ့ နောက်ကွယ်မှာ ရှိတဲ့ ဝမ်အာမန်ဇီ ဖြစ်နိုင်တယ် လို့ သံသယရှိတယ် ..ကျွန်တော် အခုပြောနေတာကို အသံသွင်းထားတယိ .တကယ်လို့..ခင်ဗျားသာ အကြီးအကဲ ဝမ်က အပြစ်ကင်းပါတယ်လို့ ထင်ရင်..အာမခံပါတယ် ဆိုတဲ့ စကားပြောပေးပါ။တကယ်လို့ ဒါကသာ ဝမ်အာမန်ဇီကို လွှတိမြောက်ဖို့ အခွင့်အရေးပေး ခဲ့တယ် ဆိုရင်..ခင်ဗျား တာဝန်ယူပေးရလိမ့်မယ်..ဘယ်လိုလဲ.."
ဖုန်းဟာ အချိန်အတော်ညကာ တိတ်ဆိတ်သွားခဲ့တယ်..
"မင်း ဘယ်သူလဲ..လီရှောင်ရှမ်းကို ဖုန်းပြန်ပေးလိုက်"
လင်းဖန်ပြောလိုက်တယ်။
"ကျုပ်က တိမ်ဖြူလမ်းက လင်းဖန်ပဲ..ခင်ဗျားကျုပ်ကို သိမှာမဟုတ်ဘူး..ဒါပေမဲ့ အင်တာနက်မှာ မာစတာ လင်းလို့ ရိုက်ရှာလိုက်ရင်တော့ဘသိလိမ့်မယ်...အခုတော့ ခင်ဗျား ဒီလူကို လွှတ်စေချင်လား မလွှတ်စေချင်ဘူးလားကို ပြောပါ..နောက်ဆက်တွဲကိုတော့ ခင်ဗျား တာဝန်ယူပေးရလိမ့်မယ်"
တီ တီ တီ...
ဟိုဘက်က ဖုန်းချသွားခဲ့တာပါ။
လီရှောင်ရှမ်း မေးလိုက်တယ်။
"ဘယ်လိုလဲ.."
"သူ ဖုန်းချသွားတယိ"
လင်းဖန် ဖုန်းကို ဝမ်ရှန်း ဆီပေးပြီး ပြောလိုက်ပါတယ်။
"တကယ်လို့ ခင်ဗျားလူတွေကို မတွေ့စေချင်ဘူးဆိုရင်..အရင်နေရာမှာ မလုပ်သင့်ဘူး"
ဝမ်ရှန်းဟာ တည်ငြိမ်စွာဖြငိ့..
"မင်းဘာတွေ ပြောနေတာလဲ ငါနားမလည်ဘူး..ဒါပေမဲ့ ငါပြောနိုင်တာက ဒီ ဆရာကြီးနဲ့ မင်း နှစ်ယောက်ပေါင်းပြီး သက်သေမရှိပဲ ငါ့ကို မင်းဖို့လုပ်ရင်တော့ နှစ်ယောက်လုံးကို တရားစွဲမယ် ဆိုတာပဲ..ငါက ရှန်ဟိုင်းမှာ မလွှမ်းမိုးနိုင်ပေမယ့် သူ့ဟာနဲ့သူ နာမည်တော့ ရှိသေးတယ်..မင်းတို့ နောက်ဆက်တွဲ တာဝန်ယူရမယ်"
လီရှောင်ရှမ်းဟာ လင်းဖန်ကို ဘေးနားခေါ်သွားလိုက်ပြီး..
"သူက ဝမ်အာမန်ဇီ လို့ ပြောချင်တာလား"
လင်းဖန် လီရှောင်ရှမ်းကို ကြည့်လိုက်တယ်။
"ကျုပ်ပြောတာလေ..ခင်ဗျား ဆက်လုပ်မှာလဲ"
လီရှောင်ရှမ်းအစတုန်းက ဒီနာမည်ကို မသိခဲ့ပါဘူး..ဒါပေမယ့် လူကုန်ကူတဲ့ လူတွေအများအပြားကို ဖမ်းဆီးပြီးတဲ့ နောက်မှာ ဒီနာမည်ကို သူရင်းနှီးနေခဲ့ပါပြီ။
သို့ပေမယ့် ဒီ ဝမ်အာမန်ဇီက ဆန်းကျယ်တဲ့ လူတစ်ယောက်ပါ..သူတို့ဟာ ဒီ နာမည်ပြောင်တစ်ခုသာ သိပြီး..အစစ်အမှန်လူကိုတော့ ဘယ်သူမှ မသိကြပေ။
တကယ်လို့ ဒီလူသာ ဝမ်အာမန်ဇီ အစစ်ဆိုရင် ကိစ္စက ကြီးသွားပါပြီ။
လီရှောင်ရှမ်းဟာ လက်ဝေ့ယမ်းပြီး ပြောလိုက်တယ်..
"ဖမ်းလိုက်"
ဝမ်ရှန်းဟာ ဒါကို ကြားတဲ့အချိန်မှာ အသက်ပြင်းပြင်းရူပြီး လင်းဖန်ကို ကြည့်လိုက်တယ်..အခြေအနေဒီလို ပြောင်းလဲ သွားလိမ့်မယ်လို့ သူ မထင်ထားခဲ့ပါဘူး။
လင်းဖန် အတွေ့ကတော့ တိုက်ဆိုင်မူတစ်ခုပါ..သူ လတ်တစ်လော အင်တာနက်မှာ အစိုးရခေါင်းဆောင် မိသားစုနဲ့ ပတ်သက်တဲ့ သတင်းတစ်ခုကို ဖတ်ခဲ့ရပါတယ်။
သူတို့ဟာ သူတို့ရဲ့ မြေးလေးကို ပန်းခြံထဲခေါ်သွားရာကနေ ဂရုမစိုက်မူကြောင့် ပျောက်ခဲ့ရတာပါ။မိသားစု တစ်ခုလုံးဟာ စိုးရိမ်ပူပန်စွာ ရှာဖွေခဲ့ကြတယ်...ခေါင်းဆောင်ဟာ လျို့ဝှက် မြေအောက် အဖွဲ့အစည်းတစ်ခုကို ဆက်သွယ်ပြီး ဘယ်သူလူပ်တာလဲ ဖုန်းခေါ်ခဲ့တယ်။
ဖုန်းခေါ်ဆိုမူ ဟာ အလုပ်ဖြစ်ခဲ့တယ်လို့ပြောလို့ရပြီး လူကုန်ကူးတဲ့ လူတွေဟာ ကလေးကို မရောင်းစားခင်မှာပဲ ပြန်လွှတ်ပေးခဲ့ပါတယ်။
ဒါပေါ့ နောက်ကွယ်က ဇာတ်လမ်းအစစ်အမှန်ကိုတော့ ခေါင်းဆောင် ကိုယ်တိုင်ပဲ သိမှာပါ။
လင်းဖန်ဟာ ဒီဝမ်ရှန်းဟာ ဝမ်အာမန်ဇီဖြစ်နိုင်တယ် ဆိုတာ သိတယ် ဆိုပေမယ့် ဒါက သူသိတာပဲ ရှိတာပါ။တကယ်လို့ သူတို့မှာ လက်တွေ့ပြစရာ သက်သေအထောက်အထားမရှိရင်..အကုန်အချည်းနှီး ဖြစ်ရမှာပါပဲ။
ဝမ်ရှန်းဟာ ရဲကားနား အရောက်မှာ လင်းဖန် ဘက်ကို ပြန်လှည့်လိုက်ပြီး...
"လူငယ်လေး...တစ်ခါတစ်လေ ရန်မစသင့်တဲ့ လူကို ရန်စမိရင် ပေးဆပ်ရတာတွေက တန်ကြေး မနည်းဘူးနော်...."
"ဘာ တန်ကြေးလဲ..အထဲဝင်"
လီရှောင်ရှမ်းဟာ ဝမ်ရှန်းရဲ့ ခေါင်းကို ကိုင်ပြီး ကားထဲထည့်လိုက်တယ်..ပြီးမှ လင်းဖန် ဘက်ကိုလှည့်ကာ..
"မာစတာ လင်း..တစ်ခါတည်းလိုက်ခဲ့မှာလား"
လင်းဖန် ဒီအဖြစ်အပျက်မှာ သူ့ကို ကျိန်းသေ လိုအပ်မှာကို သိထားပါတယ်။သူ့မှာလည်း ဘာမှ ထွေထွေထူးထူး လုပ်စရာ မရှိပါဘူး။ဒီလို လူကုန်ကူး မူတွေက လူတိုင်း စိတ်ပူရတဲ့ အရာပါ။
လင်းဖန်ဟာ သူ့ကား ဆီပြန်သွားလိုက်ပြီး ဝူယူလန်ကို ကားသော့ ပေးကာ အရင်ပြန်နှင့်ဖို့ ပြောလိုက်တယ်။
ဝမ်ယောင်နဲ့ လင်းဖန် ကန်လိုက်တဲ့ လူကြီးကို လည်း ရဲတွေက တစ်ခါတည်း ခေါ်သွားခဲ့ကြပါတယ်။
လီရှောင်ရှမ်းဟာ သူ့နှာဖူးက ချွေးတွေကို သုတ်လိုက်ပြီး..
"မာစတာ လင်း..ဒီတစ်ခါ .မင်းအပေါ်မှာပဲ အကုန်မှီခိုရမှာ စိုးရိမ်မိတယ်.."
လင်းဖန် ရယ်မောလိုက်ပြီး... လီရှောင်ရှမ်း ရဲ့ အနာဂတ် နဲ့ ပတ်သက်ပြီး တွက်ချက်ကြည့်လိုက်တဲ့ အခါမှာတော့ တောက်ပတဲ့ နေလုံးကြီးကို
မြင်နေရလို့ပါ။
ဘာတွေ များ ကြောက်စရာ လိုဦးမှာလဲ....