← Chapters

စစ်မေးခြင်း

Vol. 14 Ch. 197

စစ်မေးခြင်း

Vol. 14 Ch. 197

အစကတော့ လင်းဖန် ဒီလို ငါးကြီး ကို ဖမ်းမိလိမ့်မယ် လို့ ထင်မထားခဲ့ပါဘူး။သူ ဝမ်းရှန်ကို ပထမ ဆုံးစမြင်တဲ့ အချိန်မှာ လူကြီးလူကောင်း ဆန်ဆန် ရှိနေပေမယ့် ကံဆိုးမူတွေ. စုပုံနေတာ တွေ့နေရတာပါ။

ဒါပေမဲ့ ဒါက အနည်းငယ်တော့ ထူးဆန်းပါတယ်..ဒါကြောင့် သူ ရဲ့ ကံကြမ္မာကို တွက်ကြည့်ခိုက်တဲ့ အချိန်မှာ အံ့သြသွားခဲ့တယ်။

ဒီ ဝမ်ရှန်းက လူကုန်ကူးမူတွေ ရဲ့ နောက်ကွယ်မှာ ချုပ်ကိုင်ထားတဲ့ လူတစ်ယောက်ပါ။သူရဲ့ ဝန်ဆောင်မူ ကုမ္ပဏီ ဆိုတာကလည်း ဒီလို မကောင်းမူ တွေကို ဖုံးကွယ်ဖို့ သက်သက်ပါပဲ။

ကလေးတွေ ဘယ်လောက်တောင် ဖမ်းဆီးပြီး မိသားစုတွေ ဒုက္ခရောက်နေကြမလဲ ဘယ်သူသိမှာလဲ....

အဆုံးမှာတော့ ဒီမကောင်းမူတွေဟာ သူ့ဘေးမှာ ဝန်းရံနေခဲ့တာပါ။

ဒီလူက တကယ်ကြောက်စရာပါပဲ။

ပြန်​ပေးဆွဲ ခံရတဲ့ ကလေးတိုင်းဟာ ဝမ်ရှန်း ဆီကို ရောင်းစားခံကြရပါတယ်။ဝမ်ရှန်းဟာ ရှန်ဟိုင်းမှာ အခြေချပြီး..အပေါ်ယံမှာတော့ သူက တရားဝင် စီးပွားရေး လုပ်နေသလို ထင်ရပေမယ့် ..တကယ့် တကယ်တော့..နောက်ကွယ်မှာ တရားမဝင်လုပ်ကိုင်နေခဲ့တာပါ။

ရဲဌာန တွင်။

လီရှောင်ရှမ်းဟာ လင်းဖန်ကို ဘေးဘက်ကို ဆွဲခေါ်လိုက်ပြီး..

"မာစတာ လင်း..ငါအထက်ကို သွားပြီး တင်ပြလိုက်ဦးမယ်..မင်းကတော့ ဒီမှာ ထိုင်နေနှင့်..အခြေအနေက ငါတို့ဘက်မှာ ရှိနေတာ မဟုတ်ဘူး..အမှန်အတိုင်းပြောရရင် ဒီအမူက ငါကိုင်ရတဲ့ အမူလည်း မဟုတ်ဘူးလေ..တကယ်လို့ တိကျတဲ့ အထောက်အထားသာ မပြနိုင်ဘူးဆိုရင်..ငါ ပြသနာ ရှိနိုင်တယ်"

လင်းဖန် လီရှောင်ရှမ်းရဲ့ ပုခုံးကို ပုတ်ပြီး ပြောလိုက်တယ်။

"စိတ်မပူနဲ့ ကျုပ်ရှိပါတယ်..တကယ်လို့ တစ်ခုခု ဖြစ်ရင် ခင်ဗျား ကျုပ်နဲ့ အတူပန်ကိတ်ရောင်းပေါ့"

လင်းဖန် ရဲ့ ပထမဆုံး စကားက လီရှောင်ရှမ်းကို ယုံကြည်မူ ရှိစေပေမယ့်...ဒုတိယ စကားက..သူ့ကို အံ့သြသင့်စေတယ်။

ဒါပေါ့ မာစတာ လင်း နောက်နေတာမှန်း သူသိပါတယ်။သူ့ အလုပ်ကို တကယ် ဆုံးရှုံးရမယ် ဆိုရင်တောင် သူနောင်တ ရမှာ မဟုတ်ပါဘူး။

တကယ်လို့ မင်းသာ တစ်စုံတစ်ယောက်..ကိုအစွမ်းကုန် ယုံကြည်ထားမယ် ဆိုရင်..သူ ပြသနာကို အပြီးထိ ဖြေရှင်းနိုင်မလား စောင့်ကြည့်သင့်ပါတယ်။

တကယ်လို့ သူ မဖြေရှင်းနိုင်ဘူးဆိုရင်..ဒါက လုံလောက်အောင် စွမ်းဆောင်မူ မရှိဘူးဆိုတာ ဖော်ပြနေတာပါ။

လီရှောင်ရှမ်း အထပ်ကို တင်ပြဖို့ သွားတဲ့ အချိန်မှာ လင်းဖန် ထိုင်နေလိုက်တယ်။လီရှောင်ရှမ်း သူ့အထက်အရာရှိ ကို တွေ ပြောနေတာလဲ မသိပေမယ့် အတော် အချိန်ကြပါတယ်။

သူဟာ မိနစ် လေးဆယ် ကျော်လောက်မှပြန်ရောက်လာခဲ့ပြီး နှာဖူးမှာတော့ချွေးသီးတွေနဲ့ပါ။

လင်းဖန် မေးလိုက်တယ်။

"အခြေအနေ ဘယ်လိုလဲ"

လီရှောင်ရှမ်းဟာ ပြုံးလိုက်ပြီး .

"အကြီးအကဲ ကလည်း မင်းကို ယုံကြည်ပါတယ်..သူက ဒီကိစ္စကို မသိသလို..သရုပ်ဆောင်လိုက်မယ်။ဒါပေမဲ့ ဒီတစိခေါက်တော့ ၁၂ နာရီပဲ ရလိမ့်မယ်..ဒါက လုံ​ခြုံရေးဆိုင်ရာကြောင့်။ငါတို့မှာ သက်သေ မရှိတော့..ငါတို့ သူ့ကို ဒီမှာထားထားလို့မရဘူးလေ"

လင်းဖန် ခေါင်းညိမ့်လိုက်ပြီး..

"စစ်မေးတာကို စတော့မလား.."

လီရှောင်ရှမ်း ပြန်ဖြေလိုက်တယ်။

"စတော့မယ်..ဒါပေမဲ့ အရမ်းကြီးတော့ မျှော်လင့်ထားလို့ မရဘူး။သူက တကယ်ပဲ ဝမ်အာမန်ဇီဆိုရင် သူ့ကို ဖမ်းဖို့ ဆိုတာက မလွယ်ကူနိုင်ဘူးလေ..ထပ်ပြောရရင် ငါတို့မှာက အထောက်အထားလည်း မရှိဘူး..သူက တကယ် အေးဆေး ဖြစ်နေလိမ့်မယ်။တကယ်လို့ ငါတို့ တစ်ခုခု မူမမှန်တာ ရှာမတွေ့ဘူး ဆိုရင် နောက်ဆုံး ရယ်မောနိုင်မဲ့ လူက သူပဲ"

လင်းဖန် သေချာစွာ ပြောလိုက်တယ်။

"မှားစရာ မရှိဘူး..တကယ် သူပဲ"

"ဘာလို့ အဲလောက်သေချာနေတာလဲ"

လင်းဖန်ဟာ ရယ်မောလိုက်ပြီး.

"ကျုပ်က ဗေဒင်ဆရာလေ..အခုက သက်သေမရှိသေးလို့သာ ခင်ဗျား သံသယဖြစ်နေတာပေါ့"

လီရှောင်ရှမ်း ခေါင်းညိမ့်လိုက်တယ်။ဒီအကိစ္စက ထိလွယ်ရှလွယ်အခြေအနေမှာ ရှိတာပါ။သူ မာစတာ လင်းကို တကယ် ယုံကြည်ချင်ပါတယ်။

ဒါပေမဲ့ သက်သေမရှိသေးသ၍ ဒီလူက ဝမ်အာမန်ဇီပါ..ဒီလူက လူကုန်ကူးမူတွေရဲ့ နောက်ကွယ်က လူပါ..ဒီလူက ကျိန်းသေ လူမဆန်တဲ့ လူပါ လို့ မပြောချင်ပါဘူး။

တစ်နာရီကြာပြီးနောက်။

စစ်မေးတဲ့ အရှိဟာ အတော်ကြာအောင် စစ်နေးပေမယ့်လည်း ဘာမှ ထူးခြားတဲ့ အချက်အလက်မရရှိခဲ့ပါဘူး။

အကြီးအကဲတောင် မှ ဒီလူဟာ ဝမ်အာမန်ဇီဆိုတာ ကို ယုံကြည့်ထားပုံရပြီး..သူဝင်မပါတာက သက်သေ မခိုင်လုံလို့ပါ။သက်သေသာ ခိုင်လုံရင် သူလည်း တစ်ခုခု ဝင်လုပ်ပေးမှာပါ။

လင်းဖန် အခြေအနေကို ကြည့်ပြီး ခေါင်းယမ်းလိုက်တယ်..ဒီတိုင်းသာ ဆက်ဖြစ်နေရင်..အချိန်သာ ကုန်သွားမယ် ဘာမှ ဆက်ပြီး တွေ့ရမှာ မဟုတ်ပါဘူး။

"ခေါင်းဆောင်လီ..ကျုပ်သွားပြီး စစ်မေးလို့ရမလား.."

လင်းဖန်မေးလိုက်တယ်။

လီရှောင်ရှမ်းဟာ လင်းဖန်ကို ကြည့်ကာ အမူအရာ ပြောင်းလဲ သွားခဲ့ပါတယ်။

ဘေးနားက အရာရှိဟာ ဝင်ပြောလိုက်တယ်။

"ခေါင်းဆောင် ဒါမဟုတ်သေးဘူးနော်..ထပ်ပြောရရင် မာစတာ လင်းက စစ်မေးခန်းက စည်းမျဥ်းတွေကိုလည်း မသိသေးဘူးလေ.."

"မာစတာ လင်း..အချိန်က ကျုပ်တို့ဘက်မှာ မဟုတ်ဘူးနော်..ဒါကြောင့် ကျွမ်းကျင်တဲ့ အရာရှိတွေကိုပဲ လုပ်ခိုင်းသင့်တယ်..ဒီဝမ်ရှန်းက အခုဘာမှ မပြောသေးပေမယ့်လည်း ကျွန်တော်တို့သာ ငါးစာ ချပေးရင် ကျိန်းသေ တစ်ခုခုတွေ့လိမ့်မယ်"

လင်းဖန် ခေါင်းခါယမ်းလိုက်တယ်..

"ခင်ဗျားတို့ အချိန်မှီ မလုပ်နိုင်မှာကိုပဲ ကျုပ်ကတော့ ကြောက်ရွံ့မိတယ်.."

အရာရှိတွေဟာ ထုတ်မပြောကြပေမယ့်လည်း သိပ်ပြီးတော့ မ​ကျေနပ်ကြပါဘူး..သူတို့က ပရော်ဖက်ရှင်နယ် သမားတွေဖြစ်ပြီး..သူတို့တောင် ဘာမှ မရှာနိုင်သေးတာကို..မာစတာ လင်းက သူ ရှာနိုင်မယ်လို့ ထင်နေခဲ့တာပါ။

ဒါပေါ့ သူတို့ရဲ့ ခေါင်းဆောင် မာစတာ လင်းကို အရမ်းယုံကြည်တယ် ဆိုတာ သိပါတယ်..ဒါကြောင့် သူတို့ မှ မပြောတော့ပေ။

လီရှောင်ရှမ်းဟာ အချိန်အတော် ကြာအောင် တိတ် ဆိတ်နေပြီးမှ ပြောလိုက်တယ်။

"ထူးခြားတဲ့ ဖြစ်စဥ်တွေကို ဖော်ထုတ်ဖို့ အတွက် ထူးခြားတဲ့ နည်းလမ်းတွေကတော့ လိုအပ်မှာပဲ..ဒီကိစ္စမှာ တစ်ခုခုဖြစ်သွားရင် ငါအကုန်တာဝန်ယူမယ်"

စစ်မေးခန်းထဲတွင်။

ဝမ်ရှန်းဟာ တည်ငြိမ်စွာနဲ့ ထိုင်နေခဲ့ပြီး..သူ့မှာ ကြောက်ရွံ့နေတဲ့ ပုံစံ လုံးဝ မရှိပါဘူး။

လင်းဖန် အခန်းထဲ ဝင်လာတဲ့ အချိန်မှာ ဝမ်ရှန်းဟာ ပြောလိုက်တယ်။

"လူငယ်လေး..မင်းမှာ တကယ် အဆက်အသွယ်တွေရှိတာပဲ။မင်းက ရဲဌာနမှာတောင် မင်းအိမ်လို လုပ်နေတယ်။ငါသာ အပြင်ကို ရောက်သွားရင်..ဒီအကြောင်းကို ကျိန်းသေ ဖော်ထုတ်ရမယ်"

လီရှောင်ရှမ်းဟာ ဝမ်ရှန်းကို ကြည်ပြီး​ပြောလိုက်တယ်။

"သရုပ်ဆောင်နေတာ တော်တော့..အမှန်တရားကို ပဲပြော..ဒါက နှစ်ဖက်လုံးအတွက် ရွေးချယ်မူကောင်းပဲ"

ပဟေဠိဖြစ်စွာနဲ့..ဝမ်ရှန်းဟာ လီရှောင်ရှမ်းကို ကြည့်လိုက်တယ်...

"ခေါင်းဆောင်လီ ခင်ဗျားမှားနေပြီ..ငါ ဝမ်ရှန်းက ရိုးသားတဲ့ လူတစ်ယောက်ပဲ။ငါ မသန်စွမ်းကလေးတွေကို မကြာခန အလှူလုပ်တယ်။ငါ့ကို အခုဘာလို့ ထိန်းသိမ်းထားတာလဲ။မင်းကိုမင်း ပြန်မေးလိုက်ပါဦ..ငါ့ကို ရိုးသားပြီး ကြင်နာတတ်တဲ့ နိုင်ငံသား တစ်ယောက်ကို ထိန်းသိမ်းထားတာ နောင်တ မရမိဘူးလား.."

လင်းဖန်ဟာ ထိုင်လိုက်ပြီး ဝမ်ရှန်းကို ကြည့်လိုက်တယိ။

"လိမ်နေတာ ရပ်လိုက်တော့..ခင်ဗျားဘယ်လို လူလဲ ကျုပ်သိပြီးသွားပြီ..ခင်ဗျားရဲ့ ဝန်ဆောင်မူကုမ္ပဏိီက တကယ်ဆိုးရွားတာပဲ။ခင်ဗျားနဲ့ ခင်ဗျားမိန်းမတို့ ဒီအလုပ်ကို စပြီးလူပ်ကိုင်ခဲ့ကြတယ်လေ..ဟုတ်တယ်မလား..ဒါပေမဲ့ ခင်ဗျားမိန်းမက အရမ်းပြင်းထန်တဲ့ ဖျားနာမူကို ခံစားရပြီး သေဆုံးသွားခဲ့တယ်။ခင်ဗျား ဒီအခြေအနေကို အားလုံးထက်သိလိမ့်မယ်လို့ ကျွန်တော် ထင်တယိ"

မျက်လုံးတွေဟာ စိတ်ဝိဥာဥ်ရဲ့ ပြင်းပေါက်တွေပါပဲ။တစ်စုံတစ်ယောက်ရဲ့ တွေးတောမူတွေ..ခံစားချက်တွေကို မျက်လုံးကနေ တဆင့်တွေ့မြင်နိုင်ပါတယ်။

ဝမ်ရှန်းဟာ လင်းဖန် ကို ခံစားချက်မဲ့စွာ ကြည့်နေပြီး ပြောလိုက်တယ်။

"မင်းပြောနေတာ ငါဘာမှ နားမလည်ဘူး..ငါ့ကို ထိန်းသိမ်းထားရတဲ့ သက်သေကို ပြစမ်းပါ။မရှိဘူးဆိုရင်တော့..ငါဒီကနေ ထွက်တာနဲ့သင်ခန်းစာ ကျိန်းသေပြန်ပေးမယ်..ဒါက နိုင်ငံသားကောင်းကို စော်ကားတာပဲ"

ဝမ်ရှန်းဟာ အနည်းငယ် ကြောက်ရွံ့နေခဲ့ပါတယ်။ဒီကောင်လေး ဒီအကြောင်းအရာတွေကို ဘယ်လို သိသွားလဲ သူမတွေးတတ်တော့ပါဘူး။

ဒါပေမယ့် အခြေအနေကို ကြည့်ရတာတော့ ဘာအထောက်အထားမှ မရှိလောက်ပေ။

ငါဘာလို့ ကြောက်နေရမှာလဲ...

လင်းဖန် ရယ်မောလိုက်တယ်။

"အကြီးအကဲ ဝမ်..မကြောက်ပါနဲ့။ကျုပ်က ဗေဒင်ဆရာတစ်ယောက်ပါ..ကျုပ်က ခင်ဗျားရဲ့ အတိတ်ကို ပြန်ကြည့်လို့ရပြီး..ခင်ဗျားရဲ့ အနာဂတ်ကို ပါ မြင်နေရတယ်လို့ ပြောရင် ယုံနိုင်မလား.."

ဝမ်ရှန်းဟာ လက်ဝေ့ယမ်းလိုက်တယ်။

"ဒါတွေက အလိမ်အညာတွေပဲ ငါမယုံကြည်ဘူး

။ငါက တော့ ဒီအတိုင်းပဲ ဆက်လုပ်နိုင်မယ်..မင်းမှာ သက်သေရှိရင်.ငါ့ရှေ့ကို ယူလာခဲ့လိုက်..မဟုတ်ဘူးဆိုရင်တော့ ငါဒီကနေ ထွက်တာနဲ့ မင်းတို့ သေပြီပဲ"

လင်းဖန် မတ်တပ်ရပ်လိုက်ပြီး..

"ခေါငိးဆောင်လီ သွားကြမယ်.."

လီရှောင်ရှမ်းဟာ ဆွံ့အသွားခဲ့တယ်။

"မေးခွန်း ထပ်မမေးတော့ဘူးလား.."

လင်းဖန် ဝမ်ရှန်းကို ပြုံးကာ ကြည့်လိုက်ပြီး.

"သူ့ကိုကြည့်..သူ့ကဥာဏ်ကြီးရှင်လေ..အရမ်းလည်း တည်ငြိမ်နေတယ်..ဒါပေမဲ့ တစ်ခြားအခန်းမှာ ရှိနေတဲ့ လူတွေကတော့ သူ့လိုတည်ငြိမ်နိုင်မှာ မဟုတ်ဘူး..မဟုတ်ရင် သူ ကျုပ်ဆီကို ပြေးလာပြီး သူ့ သူဌေးလွတ်ဖို့ လုပ်မှာမဟုတ်ဘူးလေ"

ဝမ်ရှန်းဟာ မျက်မှောင်ကျုတ်ပြီး ပြောလိုက်တယ်။

"အိမ်မက်မက်နေလိုက်..သူက စိတ်ကျန်းမာရေး ခံစားနေရတာ.သူ့စကားတွေကို အတည်ယူလို့မရဘူး"

လင်းဖန် ပြုံးလိုက်ပြီး..

"အကြီးအကဲ ဝမ်..ဘာတွေ အဲလောက်ကြောက်နေတာလဲ.သူက တကယ်ဖော်ထုတ်ချင်တယ် ဆိုရင်.."

လီရှောင်ရှမ်းဟာ ကြောင်အသွားပြီး..လင်းဖန်ကို လေးစားစွာကြည့်လိုက်တယ်။

"ဟုတ်တယ်..ဒါအမှန်ပဲ"

ဝမ်ရှန်းဟာ အသက်ကိုသာ ပြင်းပြင်းရူပြီး..မျက်လုံးတွေကို မှိတ်ထားလိုက်ပါတယ်..သူဘာမှထပ်ပြီး စကားမပြောတော့ပါဘူး။

All Chapters