အသုံးမဝင်တဲ့ အမှန်တရားများ စုစည်းမှု
Vol. 14 Ch. 198
မအိမ်လုံး လူလိမ် နှစ်ကောင်..
ဒါက လက်ရှိ ဝမ်ရှန်းရဲ့ စိတ်ထဲမှာ ဖြစ်ပေါ်နေတဲ့ အတွေးတွေပါ..သက်သေမရှိပဲနဲ့ သူ့ကို တရားရုံးကို တင်လိူ့ ရမှာမဟုတ်ပါဘူး။ဒါပေမဲ့..ဒီနှစ်ကောင် ချင်းဟောင် ဆီက..အချက်အလက်တွေကို ရရှိသွားမှာကိုတော့ စိုးရိမ်မိပါတယ်။
သူ ခေါင်းဆောင်းလီ တစ်ယောက်ထဲဆိုရင် လုံးဝ စိတ်ပူမှာ မဟုတ်ပေမယ့်လည်း..ဒီ လူငယ်လေးက အတော်တွက်ချက် တတ်လွန်းလှပါတယ်။
ဒီကောင်လေး တွက်ချက်တတ်သလောက် စွမ်းဆောင်နိုင်စွမ်း ရှိနေမှာကို ပဲ သူစိုးရိမ်မိတာပါ။
အပြင်ဘက်တွင်။
လီရှောင်ရှမ်းဟာ သူ့ ရဲ့ လက်မစ်ကို ရောက်နေတဲ့ ပုံစံနဲ့ ပြောလိုက်တယ်။
"မာစတာ လင်း အခုဘာဆက်လုပ်ကြမလဲ..ဝမ်ရှန်းကလည်း အတော်ကို ငြိမ်နေတယ်..ကျုပ်တို့သာ သက်သေမရှိရင်..သူ့ဆီကတော့ ဘာမှထပ်ပြီး ရမှာမဟုတ်ဘူး"
လင်းဖန်ကတော့ လုံးဝကို စိတ်မပူပေ။
"အေးဆေးပါ..ကျုပ်တို့ သူ့ဆီက ဘာမှမရနိုင်တော့ဘူး ဆိုတာ အမှန်ပဲ..ဒါပေမဲ့ ဟိုဘက်အခန်းထဲက လူကို ကြည့်..အဲ့လူ ကျုပ်တို့ကို ပြောလိမ့်မယ်"
လီရှောင်ရှမ်းဟာ အံ့သြသွားးပြီး..
"ဖြစ်နိုင်ပါ့မလား...ဒီကောင်လည်း ပါးစပ်မဟလောက်ဘူးနော်..ကျုပ်ရဲ့ လူပ်ဖော်ကိုင်ဘက်တွေ သူ့ဆီက ဘာမှ မရခဲ့ဘူး"
လင်းဖန်ဟာ အချက်အလက်တွေနဲ့ ဖောင်တိမ်တစ်ချောင်းကို ယူလိုက်ပြီး..
"ခနနေ အထဲကို ဝင်တဲ့ အချိန်ကျရင် စကားမပြောနဲ့ ကျွန်တော် ဖြေရှင်းလိုက်မယ်.."
လီရှောင်ရှမ်းဟာ လင်းဖန် ဘာလုပ်မယ်မှန်း နားမလည်တော့ပါဘူး...ဒါပေမယ့် သူ့ရဲ့ မျှောလင့်ချက်တွေ အကုန်လုံးကို လင်းဖန် အပေါ်မှာ သာ..ပုံအပ်ထားလိုက်ပါတော့တယ်။
တကယ်လို့ဒီ ၁၂ နာရီ အတွင်းမှာ ဘာမှ ရှာမတွေ့နိုင်ခဲ့ရင် ဒီအတွက် တာဝန်ခံရမယ့် သူ့က သူပါ။ဘာပဲဖြစ်ဖြစ် သူတို့ဘက်က လုပ်ရိုးလုပ်စဥ်တွေကို ကျော်လွန်ပြီး လုပ်ခဲ့မိတာပါပဲ။
ထပ်ပြောရရင် ဒီ ဝမ်ရှန်းဟာ ရိုးရှင်းတဲ့ လူတစ်ယောက် မဟုတ်ပေ..သူ့မှာ လည်း သူ့အဆက်အသွယ် နဲ့ သူရှိပါတယ်။
တကယ်လို့ သူသာ အပြင်ပြန်ရောက်သွားရင် ..သူ့စကားအနည်းငယ် နဲ့ အကုန်လုံး မြောင်းထဲ ရောက်သွားမှာပါ။
ဘေးနားက ရဲများဟာ မေးလိုက်တယ်။
"ခေါင်းဆောင်..တိုးတက်မူရှိလား.."
ရဲအရာရှိတွေဟာ အပြင်လူတွေကို စစ်မေးခွင့် မပေးသင့်ဘူးလို့ ပြောခဲ့ပေမယ့်လည်း သူတို့ မာစတာ လင်းရဲ့ စွမ်းဆောင်ရည် တွေကို သိချင်နေကြပါသေးတယ်။
ရဲတွေတောင် ဝမ်ရှန်း ဆီက ဘာအချက်အလက်မှ မရတာကို မာစတာ လင်းက ရအောင် လုပ်နိုင်ပါ့မလား...
ဒါပေါ့ သူတို့ မာစတာ လင်းနဲ့ ဆန့်ကျင်ပြီး တိုက်ခိုက်မှာတော့ မဟုတ်ပါဘူး။ဒါက လူငယ်တွေရဲ့ ပြိုင်ဆိုင် ချင်စိတ်လောက်ပါပဲ။
သူတို့လို ပရော်ဖက်ရှင်နယ် တွေတောင် မလူပ်နိုင်တာကို မာစတာ လင်းက ဘယ်လို လုပ်မှာလဲ .....
လီရှောင် ရှမ်း ဟာ ခေါင်းယမ်းလိုက်ပြီး..
"ငါတို့ ဝမ်ရှန်း ဆီက ဘာအချက်အလက်မှ မရခဲ့ဘူး..အခု ချင်းဟောင် ဆီကို သွားပြီး ထပ်စစ်မေးမလို့ ."
ရဲအရာရှိတစ်ယောက်ဟာ ပြောလိုက်တယ်။
"ခေါင်းဆောင် ကျွန်တော်တို့ သူ့ကို စစ်မေးပြီးသွားပြီ..ဒီ ချင်းဟောင်က အစကနေ အဆုံးအထိ စကားတစ်ခွန်းမှ မပြောဘူး..သူက ဝမ်ရှန်းထက်တောင်မှပဲ ပိုခက်နေသေးတယ်"
လီရှောင်ရှမ်းဟာ လက်ဝေ့ယမ်းလိုက်တယ်။
"စိတ်မပူနဲ့..မာစတာ လင်း ကြည့်လုပ်လိမ့်မယ်"
ရဲအရာရှိတွေဟာ မာစတာ လင်းကို ကြည့်လိုက်ကြတယ်..သူတို့ မယုံကြည်ဘူးဆိုတာကတော့ ပြောနေစရာ တောင်မလိုတော့ပါဘူး။
လင်းဖန် ရယ်နောလိုက်ပြီး..
"ကောင်းပြီ စစ်မေးလိုက်ရအောင်..ခင်ဗျားတို့က တော့ ဒီမှာ ခနနားနေလိုက်ဦး"
လီရှောင်ရှမ်းနဲ့ လင်းဖန် တို့ စစ်မေးခန်းထဲကို ဝင်သွားမှ ရဲအရာရှိတွေဟာ သူတိူ့အချင်းချင်းဆွေးနွေး လိုက်ကြပါတယ်။
"သူတို့ အောင်မြင်မယ်လို့ ထင်လား.."
"ငါတော့ သံသယရှိတယ် .ငါတို့တောင် ဘာအချက်အလက်မှ မရဘူးလေ..တိမ်ဖြူလမ်းက ဆိုင်ပိုင်ရှင်က စစ်မေးနိုင်မယ်လို့ ထင်လို့လား.."
"ခေါင်းဆောင် လီ က ဘာလို့ သူ့ကို အဲလောက်တောင် ယုံကြည်နေတာလဲ.."
"ငါလည်း တစ်ခြားလူဆီကပဲ ပြန်ကြားဖူးတာ..ဒီမာစတာ လင်းက ပန်ကိတ်ရောင်းတာလေ။တစ်ချိန်တည်းမှာပဲ ခေါင်းဆောင်လီက စည်ပင်အ ရာရှိ....အဲ့ကစပြီး သူတို့နှစ်ယောက် စတွေ့ကြတာပဲ..နောက်ပိုင်းမှာ..ခေါင်းဆောင်လီက လူသတ်မူကို လိုက်နေပေမယ့် အချိန်အတော်ကြာ သဲလွန်စမှ မရဘူး..အဲ့အချိန်မှာ.မာစတာ လင်းက သူ့ကို ဖြေရှင်းဖို့ လမ်းညွှန်ပေးလိုက်တယ်။ဒါကြောင့် ခေါင်းဆောင်လီက မာစတာ လင်းကို အရမ်းယုံကြည်နေတော့တာပဲ"
"တကယ် မယုံနိုင်စရာကောင်းတာပဲ"
"ဘယ်သူသိမှာလဲ..ငါတို့ ပြီးတဲ့ အထိစောင့်ကြည့်လိုက်ရအောင်..တကယ်လို့ သူတို့ အသုံးဝင်တဲ့ အချက်အလက် မရသေးဘူးဆိုရင် ခေါင်းဆောင်လီတော့ ပြသနာ အကြီးကြီး တက်တော့မယ်"
"ကြည့်ရတာ.."
စစ်မေးခန်းထဲတွင်။
လင်းဖန်နဲ့ လီရှောင်ရှမ်းဟာ ဝင်လာခဲ့တယ်။
ချင်းဟောင် ကတော့ သူ့ရဲ့ မျက်လုံးတွေကို မှတ်ထားပြီး စိတ်ကို အနားယူနေခဲ့ပါတယ်။
လင်းဖန် နဲ့ လီရှောင်ရှမ်းတို့ရဲ့ ဝင်လာမူက သူ့ကို အနောက် အယှက် မဖြစ်သလို..မျက်လုံးလည်း ဖွင့် မကြည့်ပါဘူး။
လင်းဖန် ချင်းဟောင် ရဲ့ ရှေ့မှာထိုင်လိုက်တယ်..လီရှောင်ရှမ်းက ချင်းဟောင်ကို နှိုးဖို့ လုပ်လိုက်တဲ့ အချိန်မှာတော့ လင်းဖန် တားဆီလိုက်ပါတယ်။
လီရှောင်ရှမ်း ဟာ လင်းဖန် လုပ်ချင်မှန်း မသိပေမယ့် သူလင်းဖန် အပေါ်လွှဲထားမှတော့ မှမပြောပဲ တိတ်တဆိတ်သာ ငြိမ်နေ လိုက်တယ်။
အဲ့အချိန်မှာတော့ စစ်မေးခန်းဟာ လုံးဝကို တိတ်ဆိတ်နေပြီး..အသံတစ်ခုမှ မကြားရပါဘူး။
ချင်းဟောင်ဟာ သံသယဖြစ်လာခဲ့တယ်။
ဒီနှစ်ကောင်က ဝင်လာပြီး ဘာလို့ စကားမပြောကြတာလဲ..
စက္ကန့် နဲ့ မိနစ်တွေဟာ ဖြတ်သန်းသွားခဲ့ပါပြီ။
လီရှောင်ရှမ်းရဲ့ ပုံစံက ပုံမှန်အတိုင်းသာ ရှိနေသေးပေမယ့် သူ့ရဲ့ စိတ်ထဲမှာတော့ အတော်ကို စိုးရိမ်လို့ပါ။
မာစတာ လင်းက လုပ်နေတာလဲ...ဘာလို့ ဘာစကားတစ်ခွန်းမှ မပြောတာလဲ..အချိန်တွေက နောက်ကျလို့ မရဘူးလေ.....
ချင်းဟောင်ကတော့ ထပ်မစောင့်နိုင်တော့ပေ..သူမျက်လုံးဖွင့်ပြီး ပြောလိုက်တယ်။
"ငါ့ဆီက ဘာမှရဖို့ မမျှော်လင့်နဲ့..ငါမင်းတို့ မေးခွန်းတွေကို မှဖြေမှာမဟုတ်ဘူး"
လင်းဖန်ဟာ ချင်းဟောင်ကို ကြည့်ကာ ပြုံးလိုက်ပြီး..အချက်အလက်စာရွက်နဲ့ ဖောင်တိန်ကို တွန်းပို့လိုက်တယ်။
"ခင်ဗျားပြောစရာ မလိုတော့ပါဘူး..ဝမ်ရှန်းက ကျုပ်တို့ကို ပြောပြီးသွားပြီ..ခင်ဗျားက ပါဝင်နေတဲ့ လူဆိုတော့ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ဒီတော့ ခင်ဗျားနာမည်ကို လက်မှတ်ထိုးလိုက် ..အကုန် ပြီးဆုံးသွားပြီ.."
ချင်းဟောင်ဟာ အချက်အလက်တွေကို ကြည့်ပြီး အေးစက်စွာ ရယ်မောလိုင်တယ်။
"မင်းက ငါကြောက်မယ် ထင်နေတာလား..ဒါမှမဟုတ် ငါမင်းကို ယုံမယ်လို့ ထင်နေတာလား။ငါမင်းကို ပြောလိုက်မယ်..ငါတို့ ဘာအမှားမှ မလုပ်ထားဘူး..ငါတို့က ပုံမှန် ဝန်ဆောင်မူ ကုမ္ပဏီလေးပဲ"
"ဟီးဟီး..ခင်ဗျားရဲ့ သူဌေးကတော့ ဝန်ခံပြီးသွားပြီ..သူ့ရဲ့ ဝန်ခံမူတွေကြောင့်လည်း ပြစ်မူလျော့ပေါ့မူတွေ ကြုံရလိမ့်မယ်..ဒါပေမဲ့ မင်းက ငြင်းချင်နေတုန်းပဲ။ဒါက ခင်ဗျားရဲ့ အပြစ်ကို ပိုမိုကြီးလေးစေပြီး..အသက်ရှင်ဖို့ထက် သေဆုံးဖို့ကို ပိုမိုဦးတည်နေတယ်။ခင်ဗျားရဲ့ သူဌေးကတော့ ထောင်ထဲမှာ ဆယ်စုနှစ် အနည်းငယ်လောက် နေပြီး..အပြင်ဘက်မှာ..နေရောင်ကို ပြန်ထိတွေ့ခွင့်ရနိုင်သေးတယ်"
လင်းဖန် ချငိးဟောင်ကို ကြည့်ပြီး ပြောလိုက်တယ်။
"ခင်ဗျားအတွက်ကတော့ ဝင်ခံတာ မဝင်ခံတာ..လက်မှတ်ထိုးတာ မထိုးထာက သိပ်ပြီး အရေးမကြီးတော့ဘူး"
လီရှောင်ရှမ်းဟာ ဘေးနားကနေ နားထောင်နေပေမယ့် သိပ်ပြီးတော့ ယုံကြည်မူမရှိပါဘူး။ဒီလိူ နည်းလမ်းတွေက..စိတ်ပျော့ညံ့တဲ့ လူတွေ နဲ့ပဲ အလုပ်ဖြစ်တာပါ။
အတွေအကြုံရင့်ကျတ်နေတဲ့ ဒီလို လူမျိုးတွေ အတွက်ကတော့ ဒီနည်းလမ်းက အသုံးမဝင်ပါဘူး။
ချင်းဟောင်ဟာ အနည်းငယ် စိတ်လှုက်ရှားသွားပေမယ့်လည်း ..တည်ငြိမ်စွာပဲ ရှိနေပါသေးတယ်။သူဟာ ခေါင်းကို မော့လိုက်ပြီး..
"ဟမ့်..ပုံပြင်တွေ ဆက်ပြောနေလိုက်..တကယ်လို့ အမှန်မဟုတ်ဘူး ဆိုရင်တော့ မင်းအတွက် ရှက်စရာပဲနော်။ဘာပဲဖြစ်ဖြစ် ငါဒီကနေ ထွက်ရင် မင်းအတွက် ဒါရိုက်တာ တစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်..ဇာတ်ညွှန်းဆရာလုပ်ရင် မင်းဒီထက်မက အောင်မြင်နိုင်မှာပါ"
လင်းဖန် လက်ပိုက်ကာ ထိုင်ခုံနောက်ကို မှီလိုက်တယ်..သူ့ရဲ့ မျက်လုံးတွေဟာ ချင်းဟောင်ကို စိုက်ကြည့်လိုက်ပြီး..
"ချင်းဟောင်"
"ဂျွန် ၁၅ ရက် ၊ ၁၉၈၂ "
"အထက်တန်းကျောင်း မှတ်တမ်း"
"အသက်နှစ်ဆယ်မှာ..တိုက်ခိုက်မူ တစ်ခုအတွက်..ထောင် ၉ လ ချမှတ်ခံခဲ့ရတယ်"
ချင်းဟောင်ဟာ လင်းဖန်ကို ကြည့်ပြီး ပြောလိုက်တယ်။
"မင်းဘယ်သူ့ကို ချိန်းခြောက်နေတယ်လို့ ထင်လို့လဲ..အဲတာသိတာ ဘာလုပ်ရမှာလဲ။ဒါက ရဲဌာန ဒီအချက်အလက်ကို အေးဆေး ရှာလိုက်လို့ရတယ်..ဒါကို ငါ့ သူဌေးပြောလိုက်တယ် လို့တော့ မပြောနဲ့နော်။မင်းသာ သူ့ပါးစပ်ကို ပွင့်အောင် လုပ်နိုင်ရင် ငါတကယ် လေးစားမိလိမ့်မယ်"
လီရှောင်ရှမ်းဟာ လင်းဖန်ကို ထပ်ကြည့်လိုက်ပါတယ်။မာစတာ လင်း ဘာလုပ်ချင်နေမှန်း သူနားမလည်တော့ပါဘူး။ဒီလို အချက်အလက်လောက်က အမှန်တကယ်ပဲ ကွန်ပြူတာမှာ ရှာိလိူက်တာနဲ့ တွေ့နိုင်တာပါ။
ဒီလို ပြစ်မူတွေကို ကျူးလွန်းနေတဲ့ လူအတွက်က ဒီလောက်နဲ့ မဖြုံပါဘူး။
လင်းဖန် တည်ငြိမ်စွာပဲ ထပ်ပြောလိုက်တယ်။
"2004 ခုနှစ်မှာ ခင်ဗျား ကလေးတစ်ယောက်ကို ပထမဆုံး လူကုန်ကူးခဲ့ပဲ.ဟုတ်တယ်မလား"
ချင်းဟောင်ဟာ ဒါကို ကြားတဲ့အချိန်မှာ သူ့အမူအရာဟာ အံ့သြပြီးပြောင်းလဲ သွားခဲ့ပေမယ့် အမြနိဖုံးကွယ်လိုက်တယ်။သူဟာ လင်းဖန်ကိုဘကြည့်လိုက်ပြီး..
"မင်းလျောက်ပြောပြီး ဇာတ်ညွှန်းရေးမနေနဲ့"
လင်းဖန် ခေါင်းယမ်းလိုက်ပြီး..
"ဒါက လျောက်ပြောတာ မဟုတ်ဘူး ..ခင်ဗျားရဲ့ သူဌေးကိုယ်တိုင် ပြောလိုက်တာ"
ချင်းဟောင်ဟာ အမူအရာတဖြည်းဖြည်းပြောင်းလဲ လာခဲ့ပါပြီ။သူ ဒီအကြောင်းကို ဝမ်ရှန်း တစ်ယောက်ထဲကိုပဲ ပြောခဲ့တာ သေချာပါတယ်။
လင်းဖန် ဆက်ပြောလိုက်တယ်။
"ဝမ်ရှန်း ပြောတာကတော့..အဲ့တုန်းက ခင်ဗျားနဲ့သူ ပထမဆုံး စတွေ့ခဲ့တာတဲ့။အဲ့နောက်မှာ သူ့နောက်လိုက်ပြီး .ဒီကြားထဲမှာ ရက်စက်တဲ့ လူသတ်မူတွေ လူကုန်ကူးမူတွေ ကျူးလွန်ခဲ့ကြတယ်။ဖမ်းဆီးထားတဲ့ ကလေး ခုနှစ်ယောက် ရန်ဖြစ်ကြတော့..ခင်ဗျားက အခြေအနေ တွေ ထိန်းမရဖြစ်မှာကို ကြောက်ပြီး သတ်ပစ်လိုက်တယ်တဲ..ဝမ်ရှန်းက တားတာတောင် ခင်ဗျား နားမထောင်ခဲ့ဘူးဆို"
ချင်းဟောင်ဟာ သူ့နဖူးကနေ ချွေးသီးတွေ ကျလာခဲ့ပါပြီ။
"စောက်ရေးမပါတာ..ပုံပြင်တွေ လာလုပ်မနေနဲ့"
လင်းဖန် လက်ဝေ့ယမ်းလိုက်ပြီး..
"ဒါက စောက်ရေးမပါတာလားတော့ ကျုပ်လည်း မသိဘူး..ဒါပေမဲ့ ဝမ်ရှန်း ပြောခဲ့တာတော့ သေချာတယ်။ခင်ဗျားက အဓိက တရားခံဖြစ်ပြီး သူကတော့ ဘေးနားက လူပဲ။ဥပဒေအရတော့ ခင်ဗျားအပြည့်အဝ တာဝန်ယူရမှာဖြစ်ပြီး..သေဒဏ် ကျခံရဖို့ အတော်လေးနီးစပ်တယ်။ကျုပ်နဲ့ ခေါင်းဆောင်လီက ဒါကို သိရအောင်လာ ပြောတာ..ကျုပ်တို့က ခင်ဗျားကို မေးခွန်းလာမေးတာ မဟုတ်ဘူး။ကျုပ်တို့ ဝမ်ရှန်းကို စစ်ဆေးပြီးသွားပြီ"
ချင်းဟောင်ဟာ စိုက်ကြည့်လိူက်ပြီး..
"မင်းက ရဲမဟုတ်ပဲနဲ့ ဒီမှာ ဘာလုပ်နေတာလဲ"
လင်းဖန် ရယ်မောလိုက်တယ်။
"ခင်ဗျားကို ပြောဖို့ မေ့နေတာ..ကျုပ်က စုံစမ်းစစ်ဆေးရေးပိုင်းက အရာရှိပဲ ခင်ဗျားတို့ အမူကိုလိူက်နေတာ ကြာပြီ..ခင်ဗျား ကုမ္ပဏီရှေ့မှာ..အမြဲတမ်း သန့်ရှင်းရေး လူပ်နေတဲ့ လူကို မှတ်မိလား..နေ့တိုင်း ခင်ဗျားတို့အနားမှာပဲ ရှိတာ။မဟုတ်ရင်.. ဝမ်ယောင် လို မောက်မာတဲ့ သူဌေးသားနဲ့ ကျုပ်က ပြသနာ ဖြစ်စရာလား..ဒါက ခင်ဗျားတို့ကို ထွက်လာအောင် လုပ်လိုက်တာပဲ"
ချင်းဟောင်ဟာ လင်းဖန်ကို ကြည့်နေရင်းကနေ လင်းဖန် အမှန်တွေ ပြောနေတာ လို့ခံစားလိုက်ရပါတယ်။
သူ့တို့ ကုမ္ပဏီမှာ မနက်တိုင်း သန့်ရှင်းရေး လုပ်တဲ့ လူတစ်ယောက်ရှိပြီး..သူကုမ္ပဏီမှာ ညဘက်အိပ်ရင်လည်း အဲ့လူ သန့် ရှင်းရေး လူပ်နေတုန်းပါ။အဲ့ သန့်ရှင်းရေးသမား ပြုံးရင်တောင် သူတစ်နေရာရာမှာ ရင်းနှီးနေမိသလို ခံစားရတာ မထူးဆန်းတော့ပါဘူး။
လင်းဖန် ချင်းဟောင်ကို ကြည့်လိုက်ပြီး..
"ခင်ဗျားမှာ ပြောစရာ ရှိသေးလား..မရှိရင် ခင်ဗျား..ဝမ်ရှန်း ပြောတာတွေကို လက်ခံတယ်လို့ပဲ သတ်မှတိလိုက်မယ်။ဝမ်ရှန်းကတော့ ပျော်နေမှာ ကျိန်းသေတယ်။သူ့အပြစ်တွေကိုပါ ခင်ဗျားကခံရမှာလေ..တကယ့် လက်အောက်ငယ်သားကောင်းလေးပဲ..."
ချင်းဟောင်ဟာ တိတ်ဆိတ်နေစမြဲပါ။
လင်းဖန်ဟာ လီရှောင်ရှမ်းဘက်လှည့် ပြီးပြောလိုက်ပါတယ်။
"ကောင်းပြီ..သွားရအောင်..ဒီအမူကပြီးသွားပြီ"
လီရှောင်းရှမ်းဟာလည်း မတ်တတ်ထရပ်လိုက်တယ်။
သူတို့ နှစ်ယောက် တံခါးနားကို ရောက်တဲ့ အချိန်မှာတော့.....
ချင်းဟောင်ဟာ လင်းဖန်ကို ကြည့်လိုက်ပြီး..
"အဲတာက အဲလိုမဟုတ်ဘူး .ငါတစ်ယောက်တည်းမဟုတ်ဘူး....."