← Chapters

ခန့်မှန်းမှု ..ခန့်မှန်းမှု...

Vol. 14 Ch. 199

ခန့်မှန်းမှု ..ခန့်မှန်းမှု...

Vol. 14 Ch. 199

လင်းဖန် လီရှောင်ရှမ်းကို တစ်ချက်ကြည့်လိူက်ပြီး ရယ်မောလိုက်တယ်။ပြီးမှ ချင်းဟောင်ကို ကြည့်လိုက်ပြီး ...

"ဒီလို မဟုတ်ဘူးဆိုရင် ဘယ်လို ဖြစ်နိုင်သေးလိူ့လဲ..ဝမ်ရှန်းက အားလုံးပြောပြပြီးသွားပြီ..ခင်ဗျား ပြောဖို့ ဆိုရင် နောက်ကျသွားပြီ"

ချင်းဟောင်ကတော့ သူ့သူဌေး ဒီလို လုပ်ခိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး။သူ ပထမဆုံးကလေး လူကုန်ကူးတဲ့ အကြောင်းအရာကို ဝမ်ရှန်း တစ်ယောက်ထဲ သိတာပါ။

အဲ့ဒီကနေပြီးတော့ ဝမ်ရှန်းဟာ သူ့ရဲ့ အလားအလာကို မြင်သွားပြီး သူ့ရဲ့ ညာလက်ရုံးအဖြစ် အလုပ်လုပ်ခိုင်းခဲ့တာပါ။

ကလေး ခုနှစ်ယောက် မတော်တဆ မူအတွက်တော့..သူ ဒီကိစ္စကို လုံးဝ စိတ်မပူပါဘူး..ဒါတွေ အကုန်လုံးကို ဝမ်ရှန်း ကခိုင်းစေခဲ့မှန်း သူတို့ နှစ်ယောက်လုံး သိထားကြပါတယ်။

ထပ်ပြောရရင် ဒီအကြောင်းအရာက ထိပ်တန်း လျို့ဝှက်ချက်တွေ ဖြစ်ပြီး..ဘယ်သူမှ မသိသင့်ပါဘူး။အခု ဒီလူ နှစ်ယောက်ဒီကိစ္စကို ပြောလာပြီဆိုမှတော့..ဝမ်ရှန်းက သူ့ကို သစ္စာဖောက်သွားပြီလို့..ဆိုလိုတာပါ။

ဘယ်သူ ဖြစ်နိုင်ဦးမှာလဲ....

ဒါကြောင့် ချင်းဟောင်ဟာ သူ့ကိုယ်သူ အလျင်အမြန် ကာကွယ်မူ မလုပ်ရင် ဝမ်ရှန်းလုပ်လို့...သူတကယ် သေသွားနိုင်ပါတယ်။

ချင်းဟောင် သူတို့နှစ်ယောက်ကို ကြည့်လိုက်ပြီး...

"သူက ငါ့ကို ခိုင်းခဲ့တာ ..အဲတာတွေက ငါနဲ့ဘာမှမဆိုင်ဘူး။ငါမင်းကို အရာအားလုံးပြောပြချင်တယ်..ငါသိတဲ့ အရာရာတိုင်းကိုပေါ့"

လင်းဖန်ပြုံးလိုက်ပြီး.

"ဒါအရမ်းနောက်ကျသွားပြီ..ဝမ်ရှန်းက ကျုပ်တို့ကို ပြောပြီးသွားပြီလေ..ခင်ဗျားက ဘာထပ်ပြောဦးမလို့လဲ..တူတူပဲ မဟုတ်ဘူးလား"

ချင်းဟောင်..စတင်ပြီး နက်နက်ရှိုင်းရှိုင်း တွေးတော့လိုက်တယ်။ယင်းနောက် သူဟာ ခေါင်းကို မော့လိုကိပြီး...

"သူ့မှာ သူလုပ်သမျှတိုင်းကို မှတ်တမ်းတင်ထားတာ ရှိတယ်..သူ ဒါကိုတော့ ပြောမှာမဟုတ်ဘူး ဟုတ်တယ်မလား..."

အဲ့အချိန်မှာတော့ လင်းဖန်နဲ့ လီရှောင်ရှမ်းတို့ဟာ..မျက်လုံးတွေဟာ တစ်ယောက်နဲ့ တစ်ယောက်ကြည့်လိုက်တယ်။သူတို့ အခုပြောနေတာတွေက သက်သေအထောက်အထား ရှိသေးတာ မဟုတ်ပါဘူး။

"ဘာ အထောက်အထားလဲ" လင်းဖန် ပြောလိုက်တယ်။

ချင်းဟောင် အလျင်အမြန်ပြန်ဖြေလိုက်ပါတယ်။

"အဲ့မှာ ကလေးလူကုန်မူးတဲ့ အထောက်အထားတွေ အကုန်လုံးပါတယ်..သူတို့ရဲ့ နေရာတွေရော.တာဝန်ရှိတဲ့ လူတွေရောပဲ။အရာရာတိုင်းကို ရှငိးရှင်းလင်းလင်း ရေးထားတယ်"

နောက်ဆုံးတော့ လီရှောင်ရှမ်းနဲ့ လင်းဖန်တို့ အလင်းရောင် တစ်ခုကို တွေ့လိုက်ကြရပါပြီ....ဒါက သူတို့ လိုချင်နေတဲ့ အထောက်အထားပါပဲ။

"အဲတာက အခုဘယ်မှာလဲ"

ချင်းဟောင်ဟာဘာမှ တွေဝေ မနေတော့ပေ..သူ့ကိုယ်သူ ကာကွယ်ချင်တဲ့ စိတ်ပဲ ရှိပါတယ်။

ငါဘာလို့ ဝမ်းရှန်းရဲ့ အပြစ်တွေကို ကိုယ်စားခံပေးရမှာလဲ....

ဝမ်ရှန်းက သူ့ကို သစ္စာဖောက်မှတော့..သူ့ ကာကွယ်ပေးနေလို့လည်း ဘာမှမထူးပါဘူး။

"အဲတာက ထျန်မင် နံပါတ် ၃ .. ၁၇ ထပ်မြောက်..တိုက်ခန်း ၁၇၀၅ ရဲ့ အိပ်ယာအောက် မှာ သစ်သား ဘောက်စ်လေးနဲ့ ထားထားတယ်"

ချင်းဟောင် အမြန်ပြန်ပြောလိုက်တယ်။

ဒါက အမှန်အကန် ဖုံးကွယ်ထားတဲ့အရာပါ။

လီရှောင်ရှမ်းဟာ မာစတာလင်းကို ကြည့်လိုက်ပြီး...

"ငါ လူတွေခေါ်ပြီး..အခုပဲ သွားယူလိုက်မယ်"

လင်းဖန် ခေါင်းညိမ့်လိုက်ပြီး..

"ကျွန်တော် ဒီမှာ စောင့်နေမယ်..ဒါသာ အမှန်ဆိုရင် ကျွန်တော်ကို ဖုန်းဆက်လိုက်ဦး"

လီရှောင်ရှမ်းဟာ စိတ်လှုပ်ရှားစွာ ခေါင်းညိမ့်လိုက်ပါတယ်။သူ အခြေအနေတွေ ဒီလောက် မြန်မြန် ဖြစ်သွားလိမ့်မယ်လို့ မထင်ထားခဲ့မိပါဘူး။

တစ်ခါတစ်ရံ မှာကြောက်စရာ ကောင်းတဲ့ ရန်သူက အကောင်းဆုံး မဟာမိတ်ဖြစ်လာနိုင်ပါတယ်။တကယ်လို့ ဝမ်ရှန်းဟာ ဒီအကြောင်းကို သိရင်..သူတကယ်ကို သွေးအန်နေတော့မှာပါ။

အခြေအနေက ဒီတိုင်းပဲဖြစ်ပြီး..လူတစ်ယောက်က ခေါင်းမာနေတိုင်း..တစ်ခြားတစ်ယောက်က လည်း အဆုံးထိ လိုက်ပြီး ခေါင်းမာမယ်လို့ မဆိုလိုပါဘူး။

ထပ်ပြောရရင် ဒီနေရာက ရဲဌာနက ဖြစ်ပြီး..အမှားလုပ်ထားတဲ့ လူတိုင်း စိုးရိမ်ပူပန်စိတ်ဖြစ်မိမှာပါ။

လီရှောင်ရှမ်း အပြင်ကို ထွက်တဲ့ အချိန်မှာ အခန်းပြင်က စောင့်နေတဲ့ ရဲအရာရှိတွေဟာ အလျင်အမြန်ပဲ မေးလိုက်တယ်။ဒါပေမဲ့ လီရှောင်ရှမ်းမှာ သူတို့ကို ပြန်ပြီး..ဖြေဖို့အတွက် အချိန်မရှိပါဘူး။

သူချက်ချင်းပဲ အဖွဲ့ တစိခုကို စုစည်းလိုက်ကာ ဦးဆောင်ပြီး ထွက်သွားလိုက်တယ်။

စစ်မေးခန်းထဲမှာတော့။

ချင်းဟောင်ဟာ လင်းဖန်ကို ကြည့်ပြီး ဆက်ပြောလိုက်ပါတယ်။

"မင်းငါတို့ ကုမ္ပဏီမှာ ထောက်လှမ်းနေတာ ဘယ်လောက်ကြာပြီလဲ.ငါဘာလို့ မင်းကို သတိမထားမိခဲ့တာလဲ"

လင်းဖန် ချင်းဟောင်ကို ​ကြည့်လိုက်ပြီး..ဘာမှမပြောပေ။ဘာပဲဖြစ်ဖြစ်..သူဒီလိူကိစ္စတွေကို ​ မပြောချင်သေးပါဘူး။တကယ်လို့ သူတို့သာ သက်သေကို မတွေ့ရင်..အခြေအနေတွေ..ထိန်းရခက်ခဲသွားနိုင်ပါတယိ။

လင်းဖန် ရယ်မောလိုက်တယ်။

"ခင်ဗျားရဲ့ ဇာတ်လမ်းလေး ကျုပ်ကို ပြောစမ်းပါဦး။ခင်ဗျားနဲ့ ဝမ်ရှန်းက ဘယ်လို..ဆက်ဆံရေး ရှိတာလဲ။ခင်ဗျား ပိုပြီး အဆင်ပြေသွားနိုင်တာလဲ ဖြစ်နိုင်တာပေါ့"

ချင်းဟောင် ခေါငိးကို ငုံ့လိုက်ပါတယ်..အရာရာတိုင်းက အကုန်ပေါ်သွားပြီးပါပြီ။ဒါပေမဲ့ ဒါကသူ့ကြောင့် မဟုတ်ပါဘူး..သူ့သူဌေးက အရင်ဆုံး ဖော်ထုတ်ခဲ့လို့ပါ။

သူဘာထပ်လုပ်ရဦးမှာလဲ...

ဒါကြောင့် သူ လင်းဖန်ကို အရာအားလုံး ပြောပြခဲ့လိုက်ပါတယ်။

အချိန်တွေဟာ တဖြည်းဖြည်းနဲ့ ကုန်သွားခဲ့တယိ။

ကလင်လင် ကလင်လင်

ဖုန်းလေးဟာ မြည်လာခဲ့တယ်။

လီရှောင်ရှမ်း :: ငါတို့တွေ့ပြီ..ဒါကအရေးကြီးတဲ့ အချက်အလက်တွေ အများကြီးပဲ ပါတယ်။သူပြောတာက အမှန်ပဲ။

လင်းဖန် :: ကောင်းတယ်။

လီရှောင်ရှမ်း :: ငါ မကြာခင် ပြနိရောက်မယ်။

ချင်းဟောင်ဟာ လင်းဖန်ကို ကြည့်လိုက်ပြီး..

"ငါမင်းကို မလိမ်ဘူး..အဲတာက အဲ့မှာတကယ်ရှိတယ်။ဒါကို ဝမ်ရှန်းနဲ့ ငါပဲသိတာ..တစ်ခြားလူတွေဆိုရင် လုံးဝသိမှာ မဟုတ်ဘူး။သူ့သားတောင် သိချင်မှသိမယ်"

"ငါ ဒီလိုတွေ ပြောပေးတဲ့အတွက် လျော့ပေါ့မူတွေ..ဖြေလျော့ပေးမူတွေ ရနိုင်လောက်လား"

ချင်းဟောင် မေးလိုက်တယ်။

လင်းဖန်ဟာ ရယ်မောလိုက်ပါတယ်။

ချင်းဟောင်ဟာ ကြောက်ရွံ့နေခဲ့ပေမယ့် တစ်ချိန်တည်းမှာပဲ သူ ပဟေဠိ ဖြစ်နေခဲ့လို့ပါ။သူ လင်းဖန် ရယ်မောတာ ဘာကို ဆိုလိူချင်မှန်း နားမလည်ခဲ့ပါဘူး။

သိပ်မကြာခင်မှာပဲ..လီရှောင်ရှမ်း ပြန်ရောက်လာခဲ့တယ်။

လီရှောင်ရှမ်း..စစ်မေးခန်း ထဲကို ဝင်လာပြီး..

"မာစတာ လင်း ကျေးဇူးတင်ပါတယ်။တကယ်လို့ မင်းကြောင့်သာ မဟုတ်ရင်..ဒီလို အချက်အလက်တွေကို ရမှာမဟုတ်ဘူး"

လင်းဖန်ရယ်မောလိုက်တယိ။

"ဒါကဘာမှမဟုတ်ပါဘူး..ဘယ်သူ့ကိုမဆို ကူညီပေးဖို့ အသင့်ပါပဲ"

လီရှောင်ရှမ်းကတော့ ဝမ်းသာနေလို့ပါ..မာစတာ လင်းက ကံကောင်းစေတဲ့ ကြယ်ပွင့်လေး တစ်ပွင့်လိုပါပဲ။

မာစတာလင်း ဝင်ပါလာသ၍ ..အရာရာတိုင်းက ဖြေရှငိးဖို့ လွယ်ကူပါတယ်။

အခု ပြသနာကို ဖြေရှင်းလို့ ပြီးသွားပြီ ဆိုတော့..လီရှောင်ရှမ်း ကျန်တာကို အေးဆေး ထိန်းသွားလို့ ရပါပြီ။

"ခေါင်းဆောင်လီ ကျွန်တော် သွားတော့မယ်"

လီရှောင်ရှမ်းဟာ လင်းဖန်ကို ထွက်မသွားခိုင်းချင်ပါဘူး။

"မင်း ဒီမှာ နည်းနည်းလောက်ထပ်ပြီး မနေတော့ဘူးလား"

လင်းဖန် လက်ဝေ့ယမ်းလိုက်ပြီး..

" အဆင်ပြေပါတယ်...ကျွန်တော်က ရဲမဟုတိဘူးလေ..ဒီတော့ အကြာကြီး နေလို့မကောင်းဘူး။ထပ်ပြောရရင် ဒီကိစ္စက လေးနက်တယ်..ကျွန်တော် အခုသွားတာကောင်းမယ်ထင်တယ်"

လီရှောင်ရှမ်းဟာ ခေါင်းညိမ့်လိုက်တယ်။သူတို့ အခုသက်သေ ရထားပြီ ဆိုပေမယ့်လည်း..အစပိုင်းပဲ ရှိပါသေးတယ်။အကုန်လုံးကို မဖြေရှင်းရသေးပါဘူး။

ဒီ သက်သေ သေးသေးလေးက သူ့ကို ကို ဖင်မထိုင်နိုင်အောင် အလူပ်တွေပေးတော့မှာပါ။ပါဝင်ပတ်သက်နေတဲ့ လူတွေကလည်း အတော်များကြပါတယ်။

တကယ်လို့ သူသာ တစ်ခုခုအမှားအယွင်းလုပ်မိရင် လူကုန်ကူးတဲ့ လူတွေဟာ အစဖျောက်ပြီး ထွက်ပြေးကြတော့မှာပါ။

ချင်းဟောင်ဟာ ကြောက်လန့်နေရာမှ လင်းဖန်ကို မယုံကြည်နိုင်စွာ ကြည့်လိူက်ပြီး...

"မင်းက ရဲအရာရှိ မဟူတ်ဘူးလား"

လင်းဖန် ပြုံးလိုက်ပြီး..

"ခင်ဗျားက ဥာဏ်ကောင်းတာပဲ"

"မင်း"

ချင်းဟောင်ဟာ အလျင်အမြန်ပဲ ပြန်လည် ဆွေးနွေး လိုက်ပါတယ်။

"တကယ်တော့ ခင်ဗျားသူဌေးက ဘာမှမပြောခဲ့ဘူး..ဒါပေမဲ့ ခင်ဗျားက ကျုပ်တို့ကို အကုန်ပြောပြီး ကူညီပေးခဲ့တယ်။ကျေးဇူးပြုပြီး နောက်ဆိုရင်လည်း ဥာဏ်ကောင်းစမ်းပါ...သန့်ရှင်းရေး လူပ်တဲ့ လူတွေက အမြဲတမ်း ညလယ်ရောက်မှ အကုနိလိုက်ပြီး သန့်ရှင်းတယ် ဆိုတာ မင်းမသိဘူးလား။စိတ်မရှိပါနဲ့ ခင်ဗျားလို မကောင်းမူတွေ လုပ်ခဲ့တဲ့ လူအတွက်ကတော့ ဒီလို အခြေအနေမှာ ကယောင်ကတမ်းဖြစ်နေတာ ပုံမှန်ပဲလေ"

လင်းဖန် ရယ်မောပြီး ပြောလိုက်တယ်။

"မဖြစ်နိုင်ဘူး.."

ချင်းဟောင် ဆွံ့အသွားခဲ့ပါတယ်။

"ဒါဆိုမင်း ကလေး ခုနှစ်ယောက်အကြောင်းဘယ်လို သိတာလဲ"

လင်းဖန် ထူးဆန်းစွာပြုံးလိုက်ပြီး..

"ခန့်မှန်းကြည့်တာလေ.."

ချင်းဟောင် စားပွဲကို စိတ်တိုစွာ ရိုက်လိုက်ပြီး ..

"ခန့်မှန်းတာ..မင်းအမေကို ခန့်မှန်းခိုင်းပါလား.."

အပြင်ဘက်တွင်။

လူငယ် ရဲအရာရှိတွေဟာ လင်းဖန်ကို အံ့သြစွာကြည့်နေခဲ့ကြပါတယ်။

*လက်ခုပ်တီးသံများ*

*အားပေးသည့် အသံများ *

သူတို့ ခေါင်းဆောင်လီနောက်လိုက် ကြည့်လိူက်တဲ့ အချိန်မှာ အမှန်တကယ် တစ်ခုခုကို တွေ့ပြီး..ဒါက မာစတာ လင်း စစ်မေးပြီး ရရှိလာတာပါ။

မိန်းကလေး အရာရှိဟာ..အံ့သြနေတဲ့ မျက်နှာနဲ့ ရှေ့ကို ထွက်လာပြီး..

"မာစတာ လင်း..အရာရာတိုင်းကို ဘယ်လိုလုပ် တိတိကျကျ သိနေတာလဲ"

သူမ မာစတာ လင်းဘယ်လို ရှင်းရှင်းလင်းလင်း သိနေလညိး နားမလည်နိုင်တော့ပါဘူး..ထပ်ပြောရရင်.သူက ချင်းဟောင်ကိုတောင်ဝန်ခံလာအောင် လုပ်နိုင်ခဲ့တာပါ။

လင်းဖန် ပြုံးလိုက်ပြီး..

"ခန့်မှန်းကြည့် တာပါ"

"....."

အမျိုးသမီး အရာရှိဟာ ဆွံ့အသွားခဲ့ပါတယ်။

ရဲဌာနရဲ့ အပြင်ဘက်မှာတော့။

လီရှောင်ရှမ်းဟာ အလျင်အမြန်ကမ်းလှမ်း လိူက်တယ်။

"မာစတာ လင်း အိမ်ပြန်ပို့ပေးမယ်လေ"

လင်းဖန် လက်ဝေ့ယမ်းလိုက်တယ်။

"အဆင်ပြေပါတယ်..ကျွန်တော် တက္ကစီ ငှားသွားလိုက်မယ်။ဒါက အစပိုင်းပဲ ရှိသေးတာလေ ခင်ဗျားရဲ့ အထက်ကို တင်ပြလိုက်ဦး"

လီရှောင်ရှမ်းဟာ ခေါင်းညိမ့်လိူက်ပြီး...

"အင်း..ငါသူ့ကို မကြာခင် တင်ပြမှာပါ..ဒါက တကယ့် အကြီးကြီး ဖော်ထုတ်မူပဲ။ငါ နိုင်ငံတစ်ကာ ရဲဌာနကိုပါအကြောင်းကြားပြီး အကုန်လုံးကို တစ်ခါတည်း ဖမ်းဆီးဖို့ လုပ်ရမယ်။ဒါမှ ကလေးတွေကို ပြန်ကယ်နိုင်မှာ"

ဒီအချက်အလက်တွေ နဲ့ဆိုရင် ကလေးတွေ အမြောက်အမြားကို ကယ်တင်နိုင်မှာပါ။အရာရာတိုင်း အဆင်ပြေပြေဖြစ်ဖိုပ မျှော်လင့်ရမှာပါပဲ။

ဟုတ်တာပေါ့..လင်းဖန် နောက်ဆက်တွဲတွေကိုလည်း စိတ်မဝင်စားတော့ပါဘူး။သူ ဒီအဆင့်အထိပဲ ကူညီပေးနိုင်ပါတယ်။ကျန်တာတွေတော့ ရဲတွေ ဖြေရှင်းရမှာပါ။

လင်းဖန် ပြန်သွားပြီးတဲ့ နောက်မှာ လီရှောင်ရှမ်းဟာ သူ့အထက်အရာရှိ ကို ချက်ချင်းတင်ပြလိူက်တယ်။

သူ့အရာရှိဟာ ချက်ချင်းပဲ အရေးပေါ် အစည်းအဝေးခေါ်လိုက်ပါတယ်။

သူတို့ ဒီကိစ္စကို အမြန်ဆုံး ဆောင်ရွက်ပြီး ပါဝင်နေသူတွေကို တစ်ခါတည်း ဖမ်းဆီးနိုင်ဖို့ ကြိုးစား ရမှာဖြစ်ပြီး လွှတ်မြောက်ဖို့ အခွင့်အရေးပေးလို့မရပါဘူး။

All Chapters