← Chapters

ငါ့ကို အခုထိ မယုံကြည်သေးဘူးလား...

Vol. 14 Ch. 200

ငါ့ကို အခုထိ မယုံကြည်သေးဘူးလား...

Vol. 14 Ch. 200

တိမ်ဖြူလမ်း။

လင်းဖန် ဆိုင်ကို ပြန်ရောက်လာခဲ့တယ်။ဝူယူလန်ဟာ ပြန်ရောက်နေပြီး ဝူရွှနိးယွဲ့ကတော့ ပြန်သွားခဲ့ပါပြီ။

သူ ဝူရွှန်းယွဲ့ကို ဖုန်းခေါ်လိုက်တယ်။ဖုန်းထဲမှာ တော့ သူမရဲ့ အသံဟာ ပျော်ရွှင်နေခဲ့လို့ပါ။ဒါက သူမနှာဖူးမှာ ဒဏ်ရာရသွားတာ ဖြစ်ပေမယ့်လည်း သူမလုံးဝ မညဥ်းညူပါဘူး။

ဒီနေ့ တတိယ ဘီး ပါနေတာတောင် သူမက ပျော်ရွှင်နေခဲ့ပါသေးတယ်။

လင်းဖန် ဖုန်းချပြီး ထိုင်ခုံမှာထိုင်လိူက်တဲ့ အချိန်မှာ ဝူယူလန်ဟာ လဘက်ရည် တစ်ခွက်ကိုလောင်းထည့်ပေးလိုက်တယ်။

"ဘာဆက်ဖြစ်ကြသေးလဲ..တစ်ခုခု တစ်ဖြစ်သေးတယ်မလား"

လင်းဖန် ခေါင်းယမ်းလိုက်ပြီး..

"ဘာမှမဟုတ်ပါဘူး..အသေးအဖွဲလေးပါ"

ဒီပြသနာ အဆုံးထိ မဖြေရှင်းရသေးခင်မှာ သူဘယ်သူကိုမှ မပြောချင်ပါဘူး။ဒါက မတော်တဆမူတွေကို ကြိုတင်တားဆီးထားသလိုလဲ သဘောသက်ရောက်ပါတယ်။

ကျောက်ကျန်းယန်ဟာ တိုက်ရိုက်ထုတ်လွင့်မူမှာ မာစတာ လင်း ကြုံတွေ့ရတာကို ပြန်ပြောပြနေပြီး..အကုန်လုံးက ဒေါသထွက်နေကြပါပြီ။

ဝုတ် ဝုတ်..

အကြီးအကဲ ခွေး နီကိုးလပ်ဟာ ရောက်လာခဲ့တယ်။သူက တစ်နေ့တစ်နေ့ အေးအေးဆေးဆေးနဲ့ သာသာယာယာ ပဲ နေနေရတာပါ။အစ်မဟောင်ရဲ့ ဆိုင် အပါအဝင် နေရာတိုင်းမှာ သူလုပ်ချင်တာ လျောက်လုပ်လို့ ရပါတယ်။သူ့မှာ ဘာအတားအဆီးမှ မရှိတော့ပေ။

ရက်အနည်းငယ် ကြာပြီးနောက်။

နေ့ရက်တွေဟာ ငြိမ်းချမ်းစွာ ကျော်ဖြတ်နေခဲ့ပေမယ့် ..လီရှောင်ရှမ်းတို့ အဖွဲ့တွေ..အလုပ်စလုပ်နေလောက်ပြီ ဆိုတာကိုတော့ သူသိထားပါတယ်။

လင်းဖန် လီရှောင်ရှမ်းကို ဖြစ်စဥ်တွေနဲ့ ပတ်သက်ပြီး မတင်ပြဖို့ ပြောထားပေမယ့်လည်း..လီရှောင်ရှမ်းဟာ မာစတာ လင်းက အကြီးမားဆုံး ကူညီထားတဲ့ လူဖြစ်တဲ့အတွက် ဖြစ်စဥ်တွေကို ပြောပြနေဆဲပါ။

ဆိုင်ပေါက်ဝတွင်။

မြို့သားတစ်ယောက်ဟာ ပြောလိုက်တယ်။

"မာစတာ လင်း , ကျွန်တော်တို့ နံပါတ်တွေ ရထားပြီးပြီလေ..အခုက နံပါတ် တွေကို ကြေညာ ပေးရမယ့်အချိန်ပဲ"

လင်းဖန် အသိစိတ်ပြန်ဝင်လာပြီး ပြုံးကာ ပြောလိုက်တယ်။

"ကောင်းပြီ"

အကြီးအကဲ ခွေးနီကိုးလပ်ဟာ သူ မစားရမှာကြောင့် သူ့လူတွေကို .ခေါ်မလာတော့ပါဘူး။ဒါပေမမဲ့ သူ့လူတွေကလည်း သာသာယာယာ ဘဝမှာရှိနေကြတာပါပဲ..ပရိတ်သတ်တွေ အကြီးအကဲ ခွေး နီကိုးလပ် အတွက် ပေးတဲ့လက်ဆောင်က ကြောက်စရာပါ။

သူ့တို့တွေဟာ အစားအသောက်ကောင်းတွေနဲ့ သာယာနေကြတော့ ပန်ကိတ်ကိုတောင် မေ့နေကြပါပြီ။

ပန်ကိတ်ကို သိပြီး လာတန်းစီနေကြတဲ့ လူတွေဟာလည်း တဖြည်းဖြည်း များများလို့ပါ။ဒီလိုများများလာပေမယ့် လည်း သူတို့ရဲ့ နေ့စဥ် အကန့်အသတ်က တော့ စောက်တစ်လွဲ ၁၀ လုံးကမတက်ပါဘူး။

ထပ်ပြောရရင် မြို့သားတစ်ယောက် မလာရင်တောင် ကျန်တဲ့ လူတွေခဗျာ အပြုံးလေးတွေ နဲ့ ရှိနေကြတာပါ။ပြိုင်ဘက် တစ်ယောက် လျော့သွားလေ ကောင်းလေပါပဲ။

တစ်ခုပြီး.တစ်ခု ပန်ကိတ်တွေဟာ..ပြင်ဆင်ပြီး မကြာခင် မှာပဲ အဆင်သင့်ဖြစ်သွားခဲ့တယ်။အရွေးခံရတဲ့လူတွေဟာ ပျော်ရွှင်နေကြပြီးတော့..ပထမဆုံးရောက်လာကြတဲ့ လူတွေကတော့ ပိုစတာကို သွားပြီး ဖတ်နေခဲ့ကြလို့ပါ။

သူ့တို့ ဒီပိုစတာ ကို နားလည် ရင် ပန်ကိတ်ရမယ်လို့ သိထားကြပါတယ်။အရင်နေ့တွေတုန်းက လာကြိုးစားတဲ့ လူတွေလည်း ရှိကြပြီး အောင်မြင်တဲ့ လူ အရေအတွက်ဟာ မနည်းပေ။

"စွယ်စုံ အမှတ် + 1"

လင်းဖန် ဒီအသံကို ကြားပြီးတဲ့နောက်မှာ..ဝမ်းသာသွားခဲ့ပါတယ်။အရင်တစ်ခါ စွယ်စုံအမှတ်တွေ ထုတ်သုံးပြီးတဲ့ နောက်မှာ..သူ့ဆီမှာ စွယ်စုံအမှတ် ၁၈ မှတ်ပဲ ကျန်ပါတော့တယ်။

ဒီရက်ပိူင်းအတွင်းမှာတင် ပိုစတာက စွယ်စုံအမှတ် ၃၀ လောက်ရှာပေးထားပြီး..ဒါက မများပေမယ့် လည်း ဆိုးတော့ မဆိုးပါဘူး။

ပန်ကိတ်စားနေကြတဲ့ လူတွေကို ကြည့်လိုက်တဲ့အချိန်တိုင်းမှာ သူကိုယ်တိုင်လည်း စိတ်ကြည်နူးရပါတယ်။

အကုန်ပြီးစီးသွားတဲ့ နောက်မှာ လင်းဖန် ကုလားထိုင်မှာ ထိုင်ပြီး အနားယူလိုက်တယ်။

ကျောက်ကျန်းယန်ဟာ ဖုန်းပြောနေရင်း ကနေ ရုတ်တရက် ထပြောလိုက်ပါတယ်။

"မာစတာ လင်း..ဒီသတင်းကို ကြည့်ပါဦး"

လင်းဖန် ဘာဖြစ်နေမှန်း မသိပေ..ဒါကြောင့် သူ့ရဲ့.ဖုန်းကိုထုတ်ကာ ဝီချပ်ကို ဖွင့်လိုက်ပြီး ကျောက်ကျန်းယန် ပို့ပေးတဲ့ လင့် ကို ကြည့်လိုက်တယ်။

ကျောက်ကျန်းယန် :: စောက်ဆန်းကြီး..ဒီ လူကုန်ကူးတဲ့ လူတွေမှာ အဖွဲ့အစည်းရှိပြီး..ဖြန့်ကျတ်ထားတာ ဒီလောက်များလိမ့်မယ်လို့ မထင်ထားမိဘူး။

လင်းဖန် စိတ်ရှုပ်သွားခဲ့တယ်။

ငါးရက်လောက်ပဲ ရှိသေးတာကို ..အမူက ဖြေရှင်းပြီးသွားပြီလား....

သူသတင်းကို ဖွင့်ကြည့်လိုက်တဲ့ နောက်မှာတော့...

"ကြားဖြတ်သတင်းအသစ် :: ရှန်ဟိုင်း ရဲအဖွဲ့အစည်းဟာ တရုတ်မြောက်ပိုင်း ရဲ အဖွဲ့အစည်းနဲ့ ပူးပေါင်းကာ လူကုန်ကူးမူ ကို ဖော်ထုတ်ဖမ်းဆီးခြင်း။သူတို့ဟာ လူ ၁၃၀၀ လောက်ဖမ်းဆီး နိင်ခဲ့ပြီး ၁၂၀၀ လောက်ကယ်တင်နိုင်ခဲ့သည်။ဒါက နိုင်ငံ သမိုင်းမှာ..အကြီးမားဆုံး လူကုန်ကူးမူ ဖော်ထုတ်မူ အဖြစ်မှတ်တမ်းဝင်ခဲ့သည်"

လင်းဖန် ဒီသတင်းကို ဖတ်ပြီးကာမှ စိတ်သက်သာရာ ရသွားခဲ့ပါတယ်။သူ့တို့ အလုပ်လုပ်တာ ဒီလောက်မြန်မယ်လို့ သူမထင်ထားမိခဲ့ပါဘူး။ဒါက ငါးရက်ပဲ ရှိသေးပေမယ့်..အမူက ပြီးဆုံးသွားခဲ့ပါပြီ။

လင်းဖန် သတင်းကို ကြည့်လိုက်ပြီး.ရယ်မောကာ သရုပ်ဆောင်လိုက်တယ်။

"ကောင်းတယ်..ဒီ လူကုန်ကူးသမားတွေက အတော်ဆိုးရွားတာ။ငါသာ သူတိုကို တွေ့ရင် သေတဲ့ အထိ ရိုက်နှက်ပစ်လိုက်မယ်"

ကျောက်ကျန်းယန်ဟာ ကြည့်လိုက်ပြီး..

"ဒီ လူကုန်ကူးသမားတွေက အတော်ကို မောက်မာတယ်.တစ်ခါတစ်လေဆိုသူ တို့က ကလေးတွေကိုတောင် ရိုက်နှက်ကြသေးတာ.။သူတို့က မိသားစုလို့သာ ပြောနေကြတယ်..တစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်ရင်း.သတ်တယ် ဆိုလားပဲ။နည်းလမ်းတွေ တော်တော်များတယ်။တစ်ခါတစ်လေ တစ်ချို့ကလေးတွေ ကံကောင်းရင်..ဖြတ်သွားဖြစ်လာလူတွေရဲ့ ကူညီမူတွေကို ခံရမယ်လို့ထင်နေကြတာ။ဒါပေမဲ့ လူတွေက အခြေအနေကိုပဲ ကြည့်သွားပြီး ဘာမှ မကူညီ ပေးနိုင်ကြဘူး။ဒါက.ဒီလူကုန်ကူးသမား တွေ ဘာကြောင့် မောက်မာနေတာလဲ ဆိုတာရဲ့ အကြောင်းအရင်းပဲ"

လူလိမ် ထျန်ဟာ လင်းဖန်ကို ကြည့်လိုက်တယ်။

"ဒီအမူကို မြို့သားတစ်ယောက်က ကူညီပေးခဲ့တာလို့ သူတို့ပြောထားတယ် ..အဲ့လူမရှိပဲ သူတို့ဖော်ထုတ်နိုင်မှာ မဟုတ်ဘူးတဲ့..မင်းဘယ်သူလို့ထင်လဲ..ဒီလူက တကယ်အံ့သြစရာလူပဲ ဖြစ်ရမယ်..ငါတောင် ဒီလူကို သဘောကျမိတယ်"

လင်းဖန်ဟာ လူလိမ် ထျန်ရဲ့ စကားကို ကြားပြီး

ကြောက်ရွံ့သွားခဲ့ပါတယ်..သူလက်ကို ဝေ့ယမ်းလိုက်ပြီး..

"မလုပ်နဲ့..ခင်ဗျားသဘောကျတယ်ဆိုရင် အဲ့လူကြောက်ရွံ့နေလိမ့်မယ်"

လူလိမ် ထျန်ဟာ ကြောင်အသွားခဲ့ပြီး..

"မင်းဘာပြောချင်တာလဲ..ငါသဘောကျတာနဲ့ သူက ကြောက်သွားမယ်ဆိုတာ ဘာပြောတာလဲ"

လင်းဖန် လဘက်ရည်တစ်ငုံသောက်ကာရယ်မောလိုက်ပြီး..

"တကယ်တော့.. ကျုပ်ဘာလို့ ရဲစခန်းလိုက်သွားလဲ ဆိုပြီး ခင်ဗျားမေးခဲ့တာကို မှတ်မိလား။ကျုပ်အခုပြောပြမယ်.အဲ့သတင်းထဲမှာပါတဲ့ ချစ်ဖို့ကောင်းတဲ့ မြို့သားက ကျုပ်ပဲ"

"အာ"

လူလိမ် ထျန်ခေါင်းယမ်းလိုက်ပြှီး..

"စောက်ရေးမပါတာ..နေတောင် မမြင့်သေးဘူး"

[နေမြင့်လေ ..အရူးရင့်လေကို ပြောချင်တာထင်တယ်]

ကျောက်ကျန်းယန်ဟာ ရယ်မောလိုက်တယ်။

"မာစတာ လင်း..ခင်ဗျားလိမ်ညာတာမှာတော့ အမှတ်ပြည့် မရသေးဘူးနော်"

ဝူယူလန် နဲ့ ဝူတန်ဟီဟာလည်း လင်းဖန်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်ကြပါတယ်။

လင်းဖန် သူတို့ရဲ့ အမူအရာကို ကြည့်ပြီး..အကူညီမဲ့စွာခေါင်းယမ်းလိုကိတယ်။တစ်ခါတစ်လေ အမှန်တရား ပြောတိုင်းလည်း ဘယ်သူမှ မယုံကြည်ပါဘူး။

ယင်းနောက် ရဲကားလေးတစ်စီးဟာ အပြင်ဘက်မှာရပ်သွားခဲ့ပါတယ်။

လူတိုင်းဟာ သံသယဖြစ်စွာကြည့်လိုက်ကြတယ်..ဒီရဲကား ဘာလို့ ဒီရှေ့မှာ လာရပ်လဲ ဆိုတာ သူတို နားမလည်ကြပါဘူး။

လီရှောင်ရှမ်းဟာ ကားပေါ်ကနေဆင်းလာပြီးဘအော်ဟစ်လိုက်တယ်။

"မာစတာ လင်း"

လင်းဖန် ပြုံးကာ မတ်တတ်ရပ်လိုက်ပြီး..

"ခေါင်းဆောင်လီ..အခု အမူကပြီးသွားပြီ ဆိုတော့ အောင်ပွဲခံသင့်ပြီ မဟုတ်ဘူးလား။ဘာလို့ ဒီကို ရောက်လာတာလဲ"

လီရှောင်ရှမ်းဟာ ပြုံးလိုက်ပြီး ...

"ဒါတွေအားလုံး မင်းရဲ့ ကျေးဇူးကြောင့်ပါ။မင်းမရှိပဲ ဒီအမူကို ဘယ်ရဲက ဖြေရှင်းနိုင်မှာလဲ..မနက်ဖြန် အောင်ပွဲခံ အခမ်းအနားရှိတယ် ဆိုတာ လာပြောပြတာ။ကလေးတွေ တစ်ချို့ကိုလည်း သူတို့ရဲ့ မိဘ အရင်းတွေဆီပြန်ပို့ ပြီးသွားပြီ.။မင်းအကောင်းဆုံး ကူညီပေးခဲ့တာပဲ...ဒီပွဲကို ပျက်ကွက်လို့ မရဘူးနော်"

လင်းဖန် ရယ်မောလိုက်ပြီး နောက်မှာ ရှိနေတဲ့ လူတွေကို အဓိပါယ် ပါပါ ပြန်လှည့်ကြည့်လိုက်ပါတယ်။

လူလိမ်ထျန်ဟာ အဖြစ်အပျက်ကို ကြောင်တောင်တောင် လေးကြည့်နေခဲ့လို့ပါ..ဒါအမှန်တကယ်ဖြစ်လိမ့် မယ်လို့ သူမထင်ထားခဲ့ပါဘူး။

ဝူယူလန်ဟာ အံ့သြစွာဖြင့်..

"မာစတာ လင်း..အဲ့နေ့က အမြန်မောင်းတဲ့ လူက လူကုန်ကူးတဲ့လူလား..."

လင်းဖန် ရယ်မောလိုက်တယ်။

"ဒါအမှန်ပဲပေါ့..ခန့်မှန်းတာ တော်တယ်"

လီရှောင်ရှမ်းဟာ ပြုံးလိုက်ပြီး...

"မာစတာ လင်းက စောက်ရမ်းမိုက်တယ်။သူက တစ်ချက်ကြည့်ရုံနဲ့ မြင်နိုင်တာနော်..တိကျသလားတော့ မမေးနဲ့။ရဲ ဌာန အထက်အရာရှိတွေက ငါ့ကို ဘယ်လို ဖော်ထုတ်ခဲ့တာလဲ မေးတာ ငါဘယ်လို ပြန်ဖြေရမှန်းတောင် မသိဘူး။ဘာပဲဖြစ်ဖြစ် မနက်ဖြန်မင်းအကြောင်းကို အကုန်လုံးကို ပြောပြရတော့မယ်။အခမ်းအနားပွဲမှာ မင်းအတွက် အမေး အဖြေ အစီစဥ် ရှိလိမ့်မယ်နော်"

လင်းဖန်ဟာ ပြုံးသာ ပြုံးလိုက်ပြီး ဘာပြန်ပြောရမလဲ မသိတော့ပေ။

တကယ်လို့ တရားခံတွေကို မိတာ ဗေဒင်ပညာကြောင့်လို့သာ ပြောလိုက်ရင် အရာရှိတွေ အကုန် သွေးအန်ကုန်ပါလိမ့်မယ်။

All Chapters