← Chapters

နာရေးကြေးတွေ ထိမ်းသိမ်းနိုင်လိုက်ပြီ

Vol. 14 Ch. 201

နာရေးကြေးတွေ ထိမ်းသိမ်းနိုင်လိုက်ပြီ

Vol. 14 Ch. 201

လီရှောင်ရှမ်း ထွက်ခွာသွားပြီးနောက်..လင်းဖန် သူ့ရဲ့ နောက်ကျောကို ကြည့်ပြီး ဒီလူ ရာထူးတိုးတော့မှာကို မြင်ယောင်နေခဲ့ပါတယ်။

လီရှောင်ရှမ်းက တကယ်စွမ်းဆောင်နိုင်စွမ်းတွေရှိပါတယ်..အရင်တုန်းကဆိုရင်..သူ စစ်တပ်အတွက်တောင် လေ့ကျင့်ရေးဝင်ခဲ့ပြီး လုပ်စရာအလုပ် သိပ်မရှိလို့..စည်ပင်အရာရှိ အဖြစ် ဝင်လုပ်ခဲ့တာပါ။

သူ လင်းဖန် နဲ့ စတွေ့ချိန်တုန်းက တစ်ခြားလူတွေလိုပဲ ပြေးတမ်းလိုက်တမ်း ဆော့နေရတာဖြစ်ပြီး...လင်းဖန် စွယ်စုံကျမ်းရပြီး မှသာ သူလည်း တဖြည်းဖြည်းချင်း အောင်မြင်လာခဲ့တာပါ။

အထက်အရာ ရှိတွေဟာ သူ့ရဲ့ အလုပ်ကြိုးစားမူကိုအသိအမှတ်ပြုပြီး ရဲဌာနကို ပို့ကာ..ရာထူးတစ်ခု ပေးခဲ့ကြပါတယ်။ဒါကလည်း ကံတရားပါပဲ။

လူလိမ် ထျန်နဲ့ ကျန်တဲ့ လူတွေကတော့ အံ့သြနေကြပါပြီ။

"ငါက မင်းကို သတင်းထဲက သူရဲ့ကောင်းလို့ မထင်ထားခဲ့ဘူး"

ကျောက်ကျန်းယန်ဟာ ဖုန်းကို ကိုင်ထားရင်း..

"မင်းတို့ ကြားကြလား..ရဲဌာနကို ညွှန်ကြားပြီး လူကုန်ကူးမူ အဖွဲ့ကို ဖမ်းဆီးသွားတာက မာစတာ လင်းပဲ။ဒါက အံ့သြဖို့ကောင်းတယ် လို့ မထင်လူးလား.."

"666 ..လက်ဆောင်တွေ့ပို့ကြဟေ့"

"ပြောတာလုံလောက်ပြီ..မာစတာ လင်း စောက်ရမ်းတော်လွန်းလို့..ဒုံးကျည်ဆယ်ခုပို့ပေးလိုက်မယ်"

"အစ်ကိုယန် မာစတာ လင်းရုပ်လေးကို ပြပေးပါ..မာစတာ လင်းကို မြင်ချင်တယ်..အစ်ကိုယန်ကို မဟုတ်ဘူး"

"ဟားဟား အစ်ကိုယန် ဝမ်းနည်းအောင် သွားလုပ်နေပြန်ပြီ..ဒါပေမဲ့ မာစတာ လင်းက တကယ် သူရဲကောင်းပဲ။ငါလည်း ဒီတစ်ခေါက်တော့ တကယ်သဘောကျတယ်"

ကျောက်ကျန်းယန်ဟာ ဖုန်းကို ကိုင်ပြီး ပြောလိုက်တယ်။

"မာစတာ လင်း..အခုတွေးနေတာတွေကို နည်းနည်းပြောပေးလို့ရမလား.."

ကင်မရာမှာ လင်းဖန် ရဲ့မျက်နှာပေါ်လာတဲ့ အချိန်မှာ မြို့သားတွေဟာ လက်ဆောင်တွေကို ပိုပိုပြီး ပို့ပေးနေကြပါတယ်။

ပျင်းလွန်းတဲ့ ညကြောင်လေး :: မာစတာ လင်း..ဘာတွေးနေလဲ ပြောပေးပါ။

ဒုံးကျည် × 50

လင်းဖန် ရယ်မောလိုက်ပြီး..

"ဒုံးကျည် 50 အတွက်ကျေးဇူးပါ ညကြောင်လေးရေ။ငါ့ရဲ့ အတွေးတွေကတော့ ထွေထွေထူးထူး မရှိပါဘူး..ဒါက အသေးအဖွဲလေးပါ"

"666 မာစတာ လင်းက ဘဝင်မြင့်နေတယ်နော်..သူ့ကို ဘယ်သူက ရိုက်နှက်နိုင်မှာလဲ"

"သူ့အဆင့်က အရာရာကို ကျော်လွန်နေပြီဟ..မသက်ဆိုင်တဲ့ လူတွေ ဝင်နာမနေနဲ့"

"စောက်ကျိုးနဲ့..ဒီလောက်ကိစ္စအကြီးကြီးကို မာစတာ လင်းက အသေးအဖွဲလေး ဆိုပါလား..တစ်ခြားလူတွေက သဘောမကျပဲ ဘယ်နေမှာလဲ"

........

လင်းဖန် တိုက်ရိုက်ထုတ်လွင့်မူက အခြေအနေတွေကို ကြည့်နေရင်း ရယ်မောလိုက်ပါတယ်။ဒီကိစ္စက သူ့အတွက်တကယ် အသေးအဖွဲလေး ဖြစ်ပြီး..ဘာမှ အများကြီး ထပ်တွေးမနေတော့ပေ။

လူလိမ် ထျန် , " ဒါပဲ...ငါတို့ရဲ့ သူရဲ့ကောင်းကြီးကို ဒီည ဂုဏ်ပြုရမယ်"

လင်းဖန် ရယ်မောလိုက်ပြီး..

"ခင်ဗျား ဒကာခံမှာလား"

လူလိမ် ထျန်ဟာ အနည်းငယ် တွန့်ဆုတ်သွားပြီးမှ ရယ်မောကာ ပြန်ဖြေလိုက်တယ်။

"ငါ ဒကာခံလို့ရပါတယ်..ဒီကိစ္စက ငါ့ရဲ့ နာရေးကြေးတွေကို ထုတ်သုံးဖို့ ထိုက်တန်တယ်လေ.."

ကျန်တဲ့လူတွေဟာ ဒါကို ကြားပြီး ရယ်မောလိုက်ကြပါတယ်။

ညဘက်တွင်။

အစကတော့ လင်းဖန် ဒီလိုမျိုးအောင်ပွဲ မခံချင်းပါဘူး..ဘာလို့လဲဆိုတော့ ဒီကိစ္စက အောင်ပွဲခံလောက်အောင် သူဘာမှ မလုပ်ခဲ့လို့ပါ။

ဒါပေမယ့် လူလိမ် ထျန်က ကမ်းလှမ်းမှတော့..လာခဲ့ကြရပါတော့တယ်။သူတို့ စျေးအရမ်းကြီးတဲ့ နေရာကို မသွားခဲ့ကြပေမယ့် ဘီယာရတဲ့ နေရာကို တော့ ရွေးချယ်ကြပါသေးတယ်။

လူတစ်စုဟာ ထိုင်ခုံ တစ်ခုမှာထိုင်နေခဲ့ကြတယ်။

လူလိမ် ထျန်ဟာ ခွက်ကိုကိုင်ကာ လက်မြောက်လိုက်ပြီး..

"ငါတို့ရဲ့ သူရဲကောင်းကြီးအတွက် ခွက်ချင်းတိုက်လိုက်ရအောင်..."

သူ့ရဲ့ အသံဟာ ကျယ်သွားတော့ တစ်ခြားဝိုင်းမှာ ထိုင်နေကြတဲ့ လူတွေတောင်လှည့် ကြည့်လာကြပါတယ်။

ကျောက်ကျန်းယန်ဟာ ရှက်ရွံ့သွားပြီး..

"လူလိမ် ..အသံကို နိမ့်ပြောပါဗျာ..ခင်ဗျားက အတန်ရှည်ရှာနေသလို ဖြစ်နေတယ်"

လူလိမ် ထျန်ကတော့ ဒါကို ဂရုမစိုက်ပေ။

"ဘာမှားနေလို့လဲ..သူကတကယ်သူရဲကောင်းပဲ။သူက ရဲဌာနကို လူကုန်ကူးတဲ့အမူ ဖော်ထုတ်ဖို့ကူညီပေးခဲ့ပြီး..ကလေးပေါင်း ထောင်ချီကိုလည်း ကယ်တင်ပေးခဲ့သေးတယ်..သူက သူရဲကောင်း မဟုတ်ဘူးလား"

ကျောက်ကျန်းယန်ဟာ လက်ဝေ့ယမ်းလိုက်ပြီး..

"တိုးတိုး..တိုးတိုး..."

လင်းဖန် နဲ့ ကျန်တဲ့ လူတွေကတော့ ရယ်မောနေလိုက်ကြပါတယ်။လူလိမ် ထျန်က တကယ်ကို ရှက်စရာကောင်းစွာ ပြုမူနေ တာပါ။

တစ်ခြားဝိုင်းက လူတွေဟာ သံသယဖြစ်စွာဖြင့်..

"ခင်ဗျားပြောတာသူက ဒီနေ့သတင်းထဲမှာ ပါလာတဲ့ နိုင်ငံသားကောင်း ဆိုတာလား.."

လူလိမ် ထျန်ဟာ လှည့်ကြည့်လိုက်ပြီး ဂုဏ်ယူစွာဖြင့်..

"ဒါအမှန်ပဲ..အဲတာသူပဲ"

ဒီအကြောင်းအရာက ဆိုင်ပိုင်ရှင်ကိုတောင် ဆွဲဆောင်နိုင်ခဲ့ပါတယ်။သူဟာ လျောက်လာခဲ့ပြီး..

"ညီအစ်ကို..ခင်ဗျားက တကယ် သတင်းထဲမှာ ပါလာတဲ့ သူရဲကောင်းလား ."

လင်းဖန် လူလိမ်ထျန်ကို ကြည့်လိုက်ကာ ပြုံးလိုက်ပြီး .

"ဒါက အသေးအဖွဲလေးပါ..လူတိုင်းမှာ လူကုန်ကူးမူကို တားဆီးရမယ့်တာဝန်ရှိတယ်လေ။ကျွန်တော်က သူရဲကောင်း မဟုတ်ပါဘူး"

သူဌေးဟာ ဝမ်းသာသွားပြီး အော်ပြောလိုက်တယ်။

"အားလုံးပဲ စားနိုင်သလောက်သာ စားကြပါ။ဒီနေရာမှာ သူရဲကောင်းလေးက လာပြီးစားသောက်လိမ့်မယ် လို့မထင်ထားဘူး..ဒါက ဒီဆိုင်ရဲ့ ဂုဏ်ယူစရာပဲ..ဒီနေ့က အခမဲ့ပဲ။ဘယ်သူမှ ပိုက်ဆံရှင်းစရာမလိုဘူး..ကြိုက်သလောက် စားကြ သောက်ကြ"

တစ်ချို့ ဝိုင်းက လူတွေဟာ အခုထိ နားမလည်သေးပါဘူး..ဒါကြောင့်သူတို့ဟာ မေးဖို့ ဆုံးဖြတ်လိုက်ကြတယ်။

"အစ်ကို ဖတ်တီး...ဘယ်သူတုန်း"

အစ်ကို ဖက်တီးဟာ လက်နဲ့ ပုတ်ပြလိူက်ပြီး..

"ဒါက ဒီလူ ဒီကိုရောက်နေလို့ပဲ။ .မင်းတို့တော့ သိချင်မှသိလိမ့်မယ်။ဒါပေမဲ့ ငါအမုန်းဆုံးလူက လူကုန်ကူးတဲ့ လူတွေပဲ။ငါ့သမီးက ကံဆိုးပြီး အဲလို အဖြစ်အပျက်ကို ကြုံခဲ့ရဖူးတယ်...အဲ့အကြောင်းကို ထပ်မပြောချင်တော့ဘူး..ဒီနေ့ ငါပါ အောင်ပွဲခံရမယ်"

လင်းဖန် သူ့နှာဖူးက ချွေးတွေကို သုတ်လိုက်ပြီး..

"သူဌေး ခင်ဗျားက တကယ်သဘောကောင်းတာပဲ"

အစ်ကို ဖက်တီးဟာ လက်ဝေ့ယမ်းလိုက်ပြီး..

"သူရဲကောင်းလေး..မင်းကထိုက်တန်ပါတယိ။မင်းစားနိုင်သလောက်သာစား..ဒီနေ့က အကုန်အလကားပဲ"

[ စားချင်နေကြပြီး မလား.]

လင်းဖန် အကူညီမဲ့စွာ ခေါင်းခါယမ်းလိုက်ပြီး..

"အစ်ကို ဖက်တီး ကျွန်တော်လိမ်ညာမှာကို မကြောက်ဘူးလား.."

အစ်ကို ဖက်တီးဟာ အတော်ပျော်ရွှင်နေပြီး ရယ်မောလိုက်ကာ..

"ဒီလိုအရာမျိုးကို ဘယ်သူက လိမ်ညာမှာလဲ..ငါအလိမ်ခံရတယ် ဆိုရင်တောင် ထိုက်တန်တယ်။ဒါကို ဒီသတင်းအတွက် အောင်ပွဲခံတယ်လို့ပဲ မှတ်ယူလိုက်မယ်"

လင်းဖန် ဘာထပ်ပြောနိုင်ဦးမှာလဲ...

တစ်ချိန်တည်းမှာပဲ သူလူလိမ် ထျန်ကို ကြည့်လိုက်ကာ..

"ခင်ဗျား တမင်တကာ လုပ်လိုက်တာလား.."

လူလိမ် ထျန်ဟာ အပြစ်ကင်းစွာပြန်ဖြေလိုက်ပါတယ်။

"မဖြစ်နိုင်တာ..ဒီလို ဖြစ်လာမယ်ဆိုတာ ငါကဘယ်လို သိမှာလဲ.."

လူလိမ် ထျန်ဟာ စိတ်ထဲမှာ ကျိတ်​ပျော်ရွှင်နေခဲ့ပါတယ်..သူ့အကြံစည်အောင်မြင်သွားလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး။နောက်ဆုံးတော့ သူ့ရဲ့.နာရေး ကြေးလေးတွေကို ထိန်းသိမ်းထားနိုင်လိုက်ပါပြီ။

ပတ်ဝန်းကျင်ဟာ သက်သောင့်သက်သာဖြစ်လာခဲ့ပါတယ်။လူတိုင်းဟာ သောက်လိုက် စကားပြောလိုက်နဲ့ ​ပျော်ရွှင်နေကြလို့ပါ။

သက်လတ်ပိုင်းလူကြီးတစ်ယောက်ဟာ ဘီယာခွက်နဲ့ လာကာ လင်းဖန်ရဲ့ ပုခုံးကို ပုတ်လိုက်ပြီး..

"ညီအစ်ကို ငါတကယ်ကိုလေးစားတယ်ကွာ..ခွက်ချင်းတိုက်ကြရအောင်"

လင်းဖန် ​ခွက်ချင်းတိုက်လိုက်ပြီး..ဖြည်းဖြည်းချင်းသောက်ကြရအောင်လို့ ပြောခါနီးမှာပဲ ဒီလူက တစ်ခွက်လုံးကို မော့ပြီးသွားပါပြီ။

ကြမ်းလှချည်လား....

လင်းဖန်လည်း မျက်နှာသာ ပေးခံထားရတော့ ရွေးချယ်စရာမရှိပဲ တစ်ခွက်လုံးကို မော့သောက်လိုက်ရပါတော့မယ်။

"ကောင်းပြီ"

ကျောက်ကျန်းယန်ဟာ ကင်မရာကို လင်းဖန်ဆီ ချိန်လိုက်ပြီး..

" လူတိုင်းပဲ ကြည့်ထားကြ မာစတာ လင်းက ဘီယာတစ်ခွက်ကို တစ်မော့တည်း သောက်ပြလိမ့်မယ် ."

လင်းဖန် တရစပ် မော့ကာ သောက်လိုက်ပြီး..အသက်ကို ​ဖြည်းညှင်းစွာ ရူထုတ်လိုက်တယ်။ပြီးမှ သက်လတ်ပိုင်းလူကြီးကို ခေါင်းညိမ့်ပြလိုက်ပါတယ်။

ဝူတန်ဟီဟာ လင်းဖန်ရဲ့ ပုခုံးကိုပုတ်လိုက်ပြီး..

"ဖြည်းဖြည်းသောက်.အလျင်မလိုနဲ့.ဒါကကျန်းမာရေးအတွက် မကောင်းဘူးနော်"

လင်းဖန် ခေါင်းညိမ့် လိုက်တယ်။

"အင်း..နားလည်ပါပြီ"

လေထုဟာ ပိုပိုပြီး အသက်ဝင်လာခဲ့ပါတယ်။

ဘေးနားဝန်းကျင်က လူတွေဟာ သူတို့ရဲ့ စားပွဲတွေကို ဆွဲလာကြလို့ပါ..သူတို့ဟာ ဒီအကြောင်းအရာကို ဆွေးနွေး နေကြပြီး..ဆိုင်ရှင်ဖက်တီးတောင်မှ ပြန်ရောက်လာခဲ့ပါတယ်။

လင်းဖန်ပြောလိုက်တယ်။

"လူကုန်ကူးမူ အဖွဲ့အစည်းရဲ့ ခေါင်းဆောင်က လုံဝကို ကျတ်သရေ ရှိတယ်။ခင်ဗျားတို့ တစ်ချက်ကြည့်ယုံနဲ့ ဒီလူက လူဆိုးတစ်ယောက်ပါ ဆိုတာ ဘယ်လို မှ ပြောနိုင်မှာမဟုတ်ဘူး..ဒါပေမဲ့..ဒါပေမဲ့ အဲဒါက အဓိက အချက်ပဲ။ခင်းဗျားတို့ သူ့ကို လူကုန်ကူးမူ အဖွဲ့အစည်းရဲ့ ခေါင်းဆောင် မပြောနဲ့ လူကုန်ကူး တဲ့ လူလို့တောင် တွေးမိမှာမဟုတ်ဘူးလေ။ကလေး ဘယ်နှစ်ယောက် တောင် ဖမ်းခံခဲ့ရပြီးပြီလဲ ဘယ်သူသိမှာလဲ..."

ဘေးနားက လူတွေဟာ ရေရွတ်လိုက်ကြတယ်။

"အာ..ငါ ဒီလိုမျိုးဖြစ်မယ်လို့ မထင်ထားခဲ့ဘူး"

"ငါ့ခန့်မှန်းကြည့်မယ်..မင်းက လူတွေကို တစ်ချက်ကြည့်ရုံနဲ့ ခန့်မှန်းတတ်မှာမဟုတ်ဘူး။သူက လူကြီး လူကောင်းဆန်ပေမယ့်လည်း..နတ်ဆိုးပဲ"

လင်းဖန်ပြုံးလိုက်ပြီး ...

"ဒါကြောင့်ပဲ စာအုပ်တစ်အုပ်ကို.အဖုံးကိုပဲ ကြည့်ပြီး..ခန့်မှန်းလို့ မရတာလေ။ဒီနေ့ခေတ် နတ်ဆိုးလို လူတွေက ပုန်းကွယ်တာမှာ အတော်ကျွမ်းကျင်ကြတယ်..မဟုတ်ဘူးလား"

လူအုပ်ကြီးဟာ ခေါင်းညိမ့်လိုက်ကြပါတယ်။

"ဟုတ်တယ်..ဒါအမှန်ပဲ"

All Chapters