မဖြစ်နိုင်တာတော့ မဟုတ်ဘူး
Vol. 14 Ch. 202
ရာသီဥတု ဟာ ကောင်းမွန်နေခဲ့ပါတယ်။
လင်းဖန်ဟာ အဝတ်အစားတွေကိုရွေးချယ်နေခဲ့တယ်..ဒီနေ့က အထူးနေ့ ဖြစ်တော့ သင့်တော်တဲ့ အဝတ်အစားကို ရွေးချယ်ပြီး ဝတ်စားမှ ဖြစ်မှာပါ။
အချိန်အတော် ကြာအောင် ရှာနေတာတောင် သူနဲ့ သင့်တော်တဲ့ အဝတ်အစားကို မတွေ့သေးပါဘူး။အဆုံးမှာတော့ သူ လတ်တလော ဝတ်လာတဲ့ အဝတ်အစားကိုသာ ရွေးချယ်လိုက်ရပါတော့တယ်။
ဘာပဲဖြစ်ဖြစ် သူ့ပုံစံက ကြည့်ကောင်းပြီးသားပါပဲ။သူအိမ်ကနေ ထွတ်တာနဲ့ ဆိုင်ကို ပထမဆုံးသွားဖို့ ဆုံးဖြတ်လိုက်တယ်။
လင်းဖန် မနေ့ညက လူလိမ်ထျန်နဲ့ ကျန်တဲ့ လူတွေ နဲ့အတူ အတော်ကြာအောင် သောက်စားခဲ့ကြတာပါ။အထူးသဖြင့် လူလိမ် ထျန်ရဲ့ နည်းလမ်းတွေက လေးစားဖို့ကောင်းလွန်းခဲ့ပါတယ်။
သူရည်ရွယ်ချက် ရှိရှိလုပ်တယ်လို့တော့ ဝန်မခံပါဘူး။
ဆိုင်ထဲတွင်။
လူအုပ်ကြီးဟာ လင်းဖန်ကို ဂုဏ်ယူစွာ ဝိုင်းကြည့်နေကြပြီး..
"ဝတ်စုံပြည့်နဲ့ ဒီနေ့တက်ကြွ နေပါလား.."
လင်းဖန် ပြုံးလိုက်တယ်။သူ နေ့လည် ပွဲအတွက်တစ်ခါတည်း..ဝတ်စားလာခဲ့တာပါ။ဒါက သူ့ကို အကောင်းဆုံးကြေညာ ပေးသလိုပါပဲ...ဒါက သမိုင်းကြောင်းမှာတောင်..အကြီးမားဆုံး လူကုန်ကူးတဲ့ အမူကြီးပါ။
ဒါက ငါးရက်ထဲနဲ့ဖြေရှင်းနိုင်ခဲ့ပေမယ့်လည်း ..ဒီလောက်အထိ ရိုးရှင်းတဲ့ အမူမဟုတ်ပဲ..ပါဝင်တဲ့ လူတွေက အတော်ကို ပြင်းထန်ပါတယ်။
ဒီလို ကြီးမားတဲ့ အဖွဲ့အစည်းမှာ သူတို့ထွက်ပေါက်အတွက် သူတို့ ပြင်ဆင်ထားကြပြီးသားဖြင်ပေမယ့်လည်း..ကံကောင်းစွာပဲ ရဲတွေက တကယ့် ခေါင်ချုပ်ကြီးကို မိသွားခဲ့မိတာပါ။
သူ့တို့မှာ အဆက်အသွယ်တွေ ရှိတယ် ဆိုရင် တောင် ဘာမှ လုပ်လို့မရပေ။ရဲတွေ လှုပ်ရှားလာတဲ့ အချိန်မှာ သူတို့အတွက် အတော် အသိနောက်ကျသွားကြပါပြီ...ဒါကြောင့် သူတို့.လွတ်မြောက်အောင်လုပ်ဖို့..ကြိုးစားချိန်မရတော့ပါဘူး။
သူတို့ ရဲအဖမ်းသာ ခံလိုက်ကြရပါတယ်။
ဒီကိစ္စကြီးဟာ အတော်ကို ပျံ့နှံ့သွားပြီး..ခေါင်းကြီးသတင်းပိုင်းတွေမှာချည်းပဲ ထွက်ပေါ်လာခဲ့တာပါ။ဘယ်ဆယ်လီ ပဲဖြစ်ဖြစ် သူတို့ အကြောင်းအရာကို ထိပ်ဆုံးမှာ ပါချင်ရင်..ဒီမတော်တဆ မူကိုဖော်ပြပေးရပါတယ်။
"666..ဘယ်လောက် အံ့သြဖိုကောင်းလဲ..ဒါအတော်ကောင်းတယ်"
"လူကုန်ကူးမူ အဖွဲ့အစည်းက ဒီလောက်ကြီးမားလိမ့်မယ် လို့ မထင်ထားမိခဲ့ဘူး။ဒီလူတွေ နိုင်ငံမှာ ရှိနေတာ ကျက်သရေတုန်းတယ်"
"ကလေးတစ်ထောင်ကျော်...သူတို့ မိသားစုတွေ အများကြီးကို ဖျက်စီးခဲ့တာ..ဒီကလေးတွေသသတို့ မိသားစုတွေနဲ့ ပြန်တွေ့နိုင်ကြပါစေ"
"+1 ရဲတပ်ဖွဲ့ နဲ့ ထူးဆန်းတဲ့ နိုင်ငံသားလေး..ဒီလူဘယ်သူလဲ ဆိုတာကို ဘယ်သူသိကြလဲ"
"ဘယ်သူ သိမှာလဲ.ငါကတော့ ဒီလူရဲ့ သရုပ်မှန်ဘယ်တော့မှ မပေါ်လာဖို့ မျှော်လင့်တယ်။သူက ကြီးမားတဲ့ လူကုန်ကူးမူ ကုမ္ပဏီ ကြီးတွေကို ဖျက်ဆီးဖိုပ ကူညီပေးခဲ့ပေမယ့်လည်း..အပြင်မှာ နောက်ထပ် လူကုန်ကူးတဲ့ အဖွဲ့အစည်းတွေ ရှိနေသေးတယ်လေ..သူ့ရဲ့ သရုပ်မှန်ပေါ်သွားရင်..ပြသနာ တက်သွားနိုင်တယ်"
"အပေါ်က လူပြောတာကို သဘောတူတယ်။သူလုံခြုံဖို့ ဆိုရင် .သူဘယ်တော့မှ ထွက်မလာဖို့ မျှော်လင့်မိတယ်"
"ခွေးမသားတွေ..ငါ့တို့နိုင်ငံရဲ့ လုံခြံရေးက ဘယ်လိုဖြစ်နေပြီလဲ။ဒီလိုမျိုးကောင်းတာ လုပ်ထားတဲ့ လူကြတော့ သူခိုးလို ပုန်းနေရပြီး..နတ်ဆိုးလို လူတွေကြတော့ ဘုရင်လို နေနေကြတယ်"
"ဒါက အကူညီ မဖြစ်နိုင်ဘူး..သူ့ကို ကူညီပေးဖို့အတွက်ပဲလေ.."
ယင်းနောက် ရှန်ဟိုင်း ရဲဌာန ရဲ့ ဝိုက်ဘိုတရားဝင် စာမျက်နှာကနေ ပို့စ်တင်ခဲ့ပါတယ်။
""စစ်ဆေးမူတွေ အပြီးမှာ...ကလေး ၁၃၈၅ ယောက်ထဲက ၃၈၅ ယောက်ကို မိဘတွေဆီကို ပြန်ပို့ပေးခဲ့ပါပြီ။ကျန်နေတဲ့ ကလေး ၉၀၀ ကတော့..မိဘတွေ နဲ့ မဆက်သွယ်ရသေးပါဘူး။လူတိုင်းပဲ ဒီပို့စ်ကို ပြန်တင်ပေးကြပါ။တကယ်လို့ ခင်ဗျားတို့ ကလေးတွေ ဒီမှာ ရှိနေတယ်လို့ ယူဆရင် ကျေးဇူးပြုပြီး အချက်အလက် နဲ့ သက်သေခံ ကတ်ပြားတွေ ယူလာခဲ့ကြပါ"
"အမြန် ပြန်တင်ကြဟေ့"
"ကလေးတွေ အိပ်ပြန်ရောက် ဖို့ ပြန်တင်ပေးကြမယ်"
"ပုံတွေကို ကြည့်ရတာတော့ ကလေးတွေက ငယ်ငယ်ရွယ်ရွယ်လေးတွေ..သူတို့ အိမ်ရဲ့ ဖုန်းနံပါတ်ကို မှတ်မိဖို့လည်း လွယ်ကူမှာ မဟုတ်ဘူး။သူတို့ မိသားစုကို ပြန်တွေ့နိုင်ဖို့ပဲ မျှော်လင့်ပါတယ်"
လင်းဖန် သတင်းတွေကို ကြည့်လိုက်တယ်။
သူတို့မိသားစုတွေ နဲ့ ဘယ်နှစ်ယောက် ပြန်တွေ့ခွင့် ရမလဲ ဘယ်သူသိမလဲ....
တစ်ချို့ကလေးတွေဟာ သူတို့ ပြန်ပေးဆွဲခံရတဲ့ အချိန်မှာ ၃ နှစ် ၄နှစ်လောက် ရှိပြီး..အငယ်ဆုံး အရွယ် ဆိုရင် ၁ နှစ်လောက်ပဲ ရှိပါဦးမယ်။
သူတို့ မိသားစုနဲ့ ခွဲလာတာ နှစ်တွေကြာနေပြီ ဖြစ်ပြီး..သူတို့ မိသားစုတွေရဲ့ ဖုန်းနံပါတ်ကို..မမှတ်မိတာက အံ့သြစရာ မရှိတော့ပါဘူး။
ဒီကလေးတွေကို လူကုန်ကူးတဲ့ လူတွေက နေရာအနှံ့အပြားကနေ ခိုးလာခဲ့တာပါ။တစ်ချို့တွေဟာ ရထားဘူတာကဖြစ်ပြီး..တစ်ချို့တွေက စျေးတွေကပါ။
ကလေးတွေဟာ ပြင်းထန်စွာ အရိုက်ခံရပြီးတဲ့ နောက်မှာ ဘာမှမပြန်မပြော ရဲတော့ပါဘူး။တစ်ချို့ ကံကောင်းပြီး ကလေးတွေ နဲ့ တွေ့တဲ့ လူတွေဟာ ဘာဖြစ်တာလဲ မေးကြပေမယ့် ကလေးတွေဟာ ဘာမှ မပြောပါဘူး။
ဒီကလေး သုံးရာ ကျော်ဟာ မိဘတွေနဲ့ ပြန်တွေ့ခွင့်ရတာ အတော်ကံကောင်းတယ် လို့ပြောလို့ရပါတယ်။
တစ်ချို့ ကလေးတွေဟာ သူ့တို့ အိမ်နံပါတ် တွေကို ပြန်မှတ်မိကြတာဖြစ်ပြီး.. တစ်ချို့တွေက မိသားစု DNA တွေနဲ့ တိုက်စစ်ဆေးကြတာပါ။
ဒါပေါ့ ဒီကိစ္စတွေက လွဟ်ကူတာ မဟုတ်ပါဘူး..အချိန်အတော်ကြာအောင် အချိန်ယူပြီး လုပ်ဆောင်ရမှာပါ။
လင်းဖန် :: "ဒါကို ပြန်တင်ပေးပါဦး..ငါတို့ စုပေါင်းရင်..ပိုပြီးသန်မာမှာပါ။သူတို့ မိသားစုတွေ ပြန်တွေ့ဖို့ မျှော်လင့်တယ်"
ဝူယူလန် :: ကလေးတွေ မိဘတွေနဲ့ ပြန်တွေ့ရမှာပါ။
ဝူတန်ဟီဟာ ဝင်ပြောလိုက်တယ်။
"အဖေကတော့ ဒါအတော်ခက်ခဲမယ်လို့ ထင်တယ်။တစ်ချို့ကလေးတွေက လက်တွေ ခြေထောက်တွေ မရှိကြတော့ဘူးလေ..ဒါကြောင့်.သူတို့မိဘတွေကပြန်လာရင်တောင် လိုချင်ပါ့မလား ပြောဖို့ခက်တယ်"
ဝူယူလန်ဟာ သူ့ကို ကြည့်လိုက်ပြီး..
"အဖေ..ဒါဘယ်လိုဖြစ်နိုင်မှာလဲ။သူတိူ့ကလေးတွေက သူတို့အတွက်..ရတနာလေးတွေလေ။သူတို့ ဘာပဲဖြစ်လာ ဖြစ်လာ မိဘတွေကတော့ ပြန်လက်ခံမှာပါ"
ဝူတန်ဟီဟာ ဘာမှသိပ်ပြှီးထပ်မပြောတော့ပေ..သူ့သမီးကို မခံစားစေချင်ပါဘူး။ဒါကြောင့် ပြုံးလိုက်ကာ..
"အဖေက တွေးကြည့်နေတာပါ"
အဲ့အချိန်မှာပဲ လင်းဖန်ဟာ ဝူတန်ဟီရဲ့ စကားကြောင့်အလင်းပွင့်သွားခဲ့ပါတယ်။ဒီလို မျိုး အခြေအနေက မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။
သူတို့မိဘတွေဟာ ကလေးတွေပျောက်တုန်းက ငယ်ရွယ်သေးတော့နောက်တစ်ယောက် ရဖို့ဖြစ်နိုင်ခြေအတော် များပါတယ်။တကယ်လို့ သူ့တို့ကလေးဟာ အသက်ရှင်နေသေးပြီး..မသန်စွမ်းဖြစ်နေတာကို သိရင် ပြန်ယူချင်ဖို့ သိပ်တော့မသေချာပါဘူး။
တစ်ချို့ လူမဆန်တဲ့ မိဘတွေ အတွက်ကတော့ မဖြစ်သင့်တာကလည်း ဖြစ်လာနိုင်ပါတယ်။
နေ့လည်ဘက်တွင်။
လင်းဖန်ဟာ ကားလေးကို အခမ်းအနားပွဲဆီ မောင်းထွက်လာခဲ့တယ်။လင်းဖန် ရောက်လာတာနဲ့ လီရှောင်ရှမ်းရဲ့ ဖုန်းခေါ်တာကို လက်ခံလိုက်ရပါတယ်။
လီရှောင်းရှမ်းဟာ ပြောလိုက်တယ်။
"မာစတာ လင်း..ဒီကိုမရောက်သေးဘူးလား"
လင်းဖန် လှမ်းပြောလိုက်တယ်။
"ကျွန်တော် ရောက်နေပါပြီ အခုဝင်ပေါက်မှာ။ခင်ဗျားကို မြင်နေရတယ်လေ..ဒီမှာ..ဒီမှာ.."
လီရှောင်ရှမ်းဟာ လင်းဖန် လက်ဝေ့ယမ်းနေတာကို မြင်တဲ့ အချိန်မှာ ပြုံးပြီး ရှေ့ကို တက်သွားလိုက်တယ်။
"မာစတာ လင်း..စင်နောက်ကို သွားမယ်။ဧည့်သည်တော် တွေကမင်းကို တွေ့ချင်နေကြတာ"
လင်းဖန် ရယ်မောလိုက်ပြီး..
"ဘာများ ကြည့်စရာ ရှိလို့လဲ.."
လီရှောင်ရှမ်းဟာ ပြုံးပြီး ပြန်ဖြေလိူက်တယ်။
"ဘာလို့ ကြည့်စရာ မရှိရမှာလဲ..မင်းက သူရဲကောင်းပဲလေ။ဒီအမူက ဘယ်လောက်ထိ နက်ရှိုင်းလဲ မင်းမသိလောက်ဘူး..ငါရှင်းပြရင်တောင် မင်းနားလည်မှာ မဟုတ်ပါဘူး။ဘာပဲဖြစ်ဖြစ် ဒီအမူက မင်းကြောင့် ဖြေရှင်းလို့ ရတာဆိုတာကို တော့သိထားသင့်တယ်"
လင်းဖန် ရယ်လိုက်တယ်။သူ့အတွေးမှာတော့ ဒါတွေအကုန်လုံးဖြစ်ပျက်သွားခဲ့တာက ကံတရားကြောင့်ပါ။
တကယ်လို့ ဝမ်ယောင်သာ မမောက်မာရင် သူဝမ်ယောင်ကို နှစ်ခါရိုက်နှက်မိမှာမဟုတ်ပါဘူး။ဒါဆိုရင် သူလည်း သူ့အဖေကို ခေါ်မှာမဟုတ်ပဲ ဒီအထိ ပြသနာတွေ ဖြစ်သွားမှာမဟုတ်ပေ။
လင်းဖန် ပြောလိုက်တယ်။
"ခေါင်းဆောင် လီ ,ခင်ဗျား ကျွန်တော်ကို ကျေးဇူးတင်စရာ မလိုပါဘူး။တကယ်လို့ ခင်ဗျားကျွန်တော် မယုံကြည်ရင် ဒီကိစ္စက ဒီလို အဖြေမျိုးထွက်လာမှာ မဟုတ်ဘူးလေ"
သူပြောတာက အမှန်တရားပါ။တကယ်လို့ တစ်ခြားတစ်ယောက်သာ ဆိုရင် ဝမ်ရှန်းက လူကုန်ကူးမူ ခေါင်းဆောင်ပါဆိုတာ ယုံကြည်ပေးမှာ မဟုတ်ပါဘူး။
ထပ်ပြောရရင် ဝမ်ရှန်းက အကောင်ကြီး တစ်ကောင်ကိုတောင် ဖုန်းဆက် ထားတာဖြစ်ပြီးသာမန်လူဆိုရင် ...ဖိအားဒဏ်ကြောင့် ရှေ့ဆက်နိုင်မှာ မဟုတ်ပေ။
ဒါက တစ်ယောက်ထဲကြောင့် အောင်မြင်တာ မဟုတ်ပါဘူး။
လီရှောင်ရှမ်းဟာ လက်ဝေ့ယမ်းလိုက်ပြီး..
"ဒီအကြောင်း မပြောနဲ့တော့..ဘာပဲဖြစ်ဖြစ် မင်းမရှိရင် ဖြေရှင်းနိုင်မယ့် ကိစ္စမဟုတ်ဘူးလေ။လာ စင်နောက်ကို သွားရအောင်..မင်းအတွက် လက်ဆောင် ကြီးကို ပြင်ဆင်ထားတယ်"
စင်နောက်တွင်။
မြောက်ပိုင်းဌာနကို ကိုယ်စားပြုတဲ့ အကြီးအကဲ တွေနဲ့ ခေါင်းဆောင်ပိုင်းတွေဟာ ဆွေးနွေးနေကြပါတယ်။ဒီကိစ္စဟာ လှလှပပ ဖြေရှငိးနိုင်ခဲ့တာပါ။သူတို့ ပင်စင်ယူသွားရင်တောင် ဒီလို အကြောင်းအရာကို မမေ့မလျော့ပဲ ဂုဏ်ယူစွာပြောနေမိဦးမှာပါပဲ။
လီရှောင်ရှမ်းဟာ လင်းဖန်ကို ခေါ်ဆောင်ကာ အထဲကို ဝင်သွားလိုက်ပြီး..
"အားလုံးပဲ ကျွန်တော် တို့ရဲ့ သူရဲကောင်းကတော့ ဒီမှာပါ"
လင်းဖန် ဒီစကားကို ကြားလိုက်တဲ့ အချိန်မှာ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားခဲ့ပါတယ်။
ဒါက သူ့အတွက်အသေးအဖွဲလေးဖြစ်ပြီး..အားလုံးက ဒီလို ဝိုင်းပြီး မြှောက်ပင့် နေဖို့ မလိုပါဘူး။