Chapters

မျောက်မျက်နှာဖုံး

Vol. 14 Ch. 203

မျောက်မျက်နှာဖုံး

Vol. 14 Ch. 203

အခန်းထဲမှာ ဆွေးနွေးနေကြတဲ့..ခေါင်းဆောင်တွေဟာ..ဝင်ပေါက်ကို ကြည့်လာခဲ့ပါတယ်။သူတို့ရဲ့ အမူအရာတွေဟာ ချက်ချင်းပြောင်းလဲသွားကြတယ်။

သူတို့လေးစားရတဲ့ သူရဲကောင်းက ဒီလောက်ထိ ငယ်ရွယ်နေလိမ့်မယ်လို့ မထင်ထားမိခဲ့ပါဘူး။

ဒီအခန်းမှာ လေးစားဖွယ်ခေါင်းဆောင်တွေ ရှိမှန်းသိတော့ လင်းဖန် ခေါင်းညိမ့်ပြလိူက်ပါတယ်။

"သူကတကယ် ငယ်ရွယ်ပြီး.စွမ်းဆောင်နိုင် စွမ်းရှိတာပဲ"

"နောက်မျိုးဆက်တွေ ငါတို့ကို အမှန်တကယ်ကျော်တက်နိုင်လိမ့်မယ်လို့ထင်တယ်။ဒီနေ့ခေတ်လူငယ်လေးတွေက..တရားမျှတမူကို အတော်မြတ်နိုးတယ်"

"ဒီကောင်လေး..လူကုန်ကူးမူ အဖွဲ့အစည်းရဲ့ ခေါင်းဆောင်ကို တွေ့နိုင်လိမ့်မယ်လို့ မထင်ထားဘူး...ဒါက လွယ်တဲ့ ကိစ္စမဟုတ်ဘူးနော်"

"ဟုတ်တယ်"

လူအူပ်ကြီးဟာ သူ့ကို ဝိုင်းပြီး ချီးမြှောက်နေကြတော့ ...လင်းဖန်ဟာ အနည်းငယ် ရှက်လာခဲ့ပါတယ်။

ယင်းနောက် သေသပ်စွာ ဝတ်ဆင်ထားတဲ့ လူကြီးတစ်ယောက်ဟာ ရောက်လာပြီး ပြောလိုက်ပါတယ်။

"ညီအစ်ကို..ငါထင်တာကတော့..ဒီကလေးတွေရဲ့ တစ်ဝက်လောက်က အရှေ့မြောက်ဘက်ကနေ..ပြန်ပေးဆွဲ ခံရတာ ဖြစ်မယ်"

လီရှောင်ရှမ်းက အလျင်အမြန်ပဲ မိတ်ဆက်ပေးလိုက်တယ်။

"ဒါက မစ္စတာ ချန်းဂျီဂျွန်..အရှေ့မြောက်ပိုင်း ရဲဌာနရဲ့ ခေါင်းဆောင် ချန်း"

လင်းဖန် ခေါင်းညိမ့်လိုက်တယ်..။ဒီလို အဆင်မြင့်အရာရှိ ကြီးက သူ့ကိုလာပြီး..နှုတ်ဆက်လိမ့်မယ် လို့ မထင်ထားခဲ့ပါဘူး။

"အရမ်းယဥ်ကျေးတာပဲ...မစ္စတာ ချန်းဂျီဂျွန်.."

ချန်းဂျီဂျွန်ဟာ လက်ကို..မြောက်လိုက်ပြီး...

"ဒါက ယဥ်ကျေးတာ မဟုတ်ဘူး..စစ်မှန်တဲ့ လေးစားမူပဲ"

"အစ်ကို ချန်..ပြီးပြီလား..။ပြီးရင်လည်း ဘေးလေးဖယ်ပေးပါဦး..ကျွနိတော်တို့ မှာ အခုထိ မနှုတ်ဆက်ရသေးဘူး"

နောက်မှာရပ်နေတဲ့ လူကြီးတစ်ယောက်က ပြောလိုက်တာပါ။

ချန်းဂျီဂျွန်ဟာ ပြုံးလိုက်ပြီး..

"ညီအစ်ကို ဟီ..ဘာတွေ အလျင်လိုနေတာတုန်း"

လီရှောင်ရှမ်းဟာ သူတို့ကို ဆက်တိုက် မိတ်ဆက်ပေးနေခဲ့ပါတယ်...

"ဒါက အန်းဟူ စီရင်စုရဲ့..ခေါင်းဆောင်, မစ္စတာ ဟီချွန်းဖေး..ခေါင်းဆောင် ဟီ"

လင်းဖန် ခေါင်းညိမ့်လိုက်တယ်။

"နှုတ်ဆက်ပါတယ်..ခေါင်းဆောင် ဟီ"

ဟီချွန်းဖေးဟာ လင်းဖန် ကို အတော်စိတ်ဝင်စားနေခဲ့တာပါ..။

"ညီအစ်ကို..မင်း ဝမ်ရှန်းကို လူကုန်ကူးမူ အဖွဲ့အစည်း ရဲ့ ခေါင်းဆောင်မှန်း ဘယ်လို သိသွားတာလဲ.."

လင်းဖန် ပြုံးလိုက်တယ်..ဒီမေးခွန်းက ဖြေဖို့အတော် ခက်ခဲ့တာပါ။

"တကယ်လို့ ..ဒါက ..သူ့ရဲ့ ရုပ်ရည်ကို မူတည်နေတာ ဆိုရင်ရော..ယုံကြည်နိုင်ပါ့မလား.."

ဟီချွန်းဖေး ဟာ ပြုံးလိုက်ပြီး..ခေါင်းကို ခါယမ်းလိုက်တယ်။

"မင်းက တကယ်ရယ်စရာ ပြောတတ်တာပဲ။ဘယ်လို ယုံကြည်နိုင်မှာလဲ.."

တစ်ခါတစ်လေ လူတွေက အမှန်တရားကို ပြောနေပေမယ့်လည်း..မယုံကြည်ကြပါဘူး။

သူ ဘာထပ်ပြောနိုင်ဦးမှာလဲ....

ယင်းနောက် လင်းဖန်ဟာ ပြုံးလိုက်ပြီး..

"ဒါက ပင်ကိုယ်စရိုက်နဲ့ သက်ဆိုင်တယ်..ကျွန်တော်က ဒီလို လူမျိုးကို တစ်ချက်မြင်တာနဲ့ ခံစားနိုင်တယ်"

လင်းဖန် အဖြစ်အပျက် ကိုပြောပြရင်တောင် လီချွန်းဖေး ယုံကြည်မယ်လို့ မထင်ထားပါဘူး။

"ညီအစ်ကို..ငါ ယုံကြည်ပါတယ်..။တစ်ခါတစ်လေကျရင် လူတစ်ယောက်ရဲ့ ဆဌမ အာရုံက အရမ်းကို တိကျတယ်..။နှစ်များစွာ အတွေ့အကြုံတွေအရ..တစ်ခါတစ်လေ..ငါ.အဓိက အလုပ်တွေကို ဦးတည်ရာမရှိပဲ လိုက်လုပ်နေရင်..ငါ့ရဲ့ မသိစိတ်က အဖြေကို လမ်းညွှန်ပေးတတ်တယ်"

လင်းဖန် ဒီစကားကို ကြားတဲ့ အချိန်မှာ ရယ်မောလိုက်ပါတယ်။နောက်ထပ်..ခေါင်းဆောင်တစ်ယောက်က ..ဇီကျောင်းကပါ။

တစ်ချိန်တည်းမှာပဲ တစ်ခြားခေါင်းဆောင် များဟာလည်း..လင်းဖန်ကို လာနှုတ်ဆက်လိုက်ကြပါတယ်။

ဇီကျောင်းက ခေါင်းဆောင်ဟာ ပြောလိုက်တယ်။

"လူငယ်လေး..မင်းအခု ဘာအလုပ်လုပ်နေတာလဲ"

လင်းဖန်ပြုံးလိုက်ပြီး ...

"ကျွန်တော်က ပန်ကိတ်ရောင်းရင်း ..ဗေဒင်ဟောနေတဲ့ လူတစ်ယောက်ပါ။တစ်ခြား တရားဝင် အလုပ်တွေတော့ မလုပ်ကိုင်ပါဘူး"

ခေါင်းဆောင်ဟာ နောက်ကို အနည်းငယ် ဆုတ်လိုက်ပြီး..

"မင်း ငါ့အဖွဲ့အစည်းထဲကို ဝင်မလား...အထူးအခွင့်အရေးနဲ့ အဖွဲ့ဝင်သစ် အဖြစ်ထည့်ပေးမယ်လေ"

လင်းဖန် လက်ဝေ့ယမ်းပြီး ယဥိကျေးစွာပဲ ပြန်လည် ငြင်းပယ်လိုက်ပါတယ်။ရဲအရာရှိ ဆိုတဲ့ ရာထူးက ကောင်းမွန်ပေမယ့် လည်း တာဝန်ယူရတဲ့ အရာတွေက မတော်ကို များပြားလှပြီး သူဒါတွေနဲ့ အလုပ်မရှုပ်ချင်ပါဘူး..