မာစတာလင်း ကအရမ်းပွင့်လင်းတာပဲ
Vol. 14 Ch. 204
"သူတို့က ဘာလို့ မစသေးတာလဲ..ငါစိတ်တွေ ရှည်မနေတော့ပါဘူးနော်"
"မကြာခင်..မကြာခင်..။ဒီမအိမ်လုံး မြို့သားက ဘယ်သူလဲ ဆိုတာ ငါတော့ သိချင်နေပြီဟေ့"
"စနေပြီ..ခေါင်းဆောင်တွေ စင်ပေါ်ကို လာကြတော့မယ်"
"မိုက်တယ်..ဒါက ပြသနာကို တစ်ချီ တည်း ဖြေရှငိးတယ် ဆိုတာပဲ"
.....
အဲ့အချိန်မှာ ပဲ ခေါင်းဆောင်တွေဟာ စင်ပေါ်ကို တက်လာကြပြီး..ဒီ ဖြစ်စဥ်အပေါ်အမြင်နဲ့ ...လူကုန်ကူးတဲ့ လူတွေ အကြောင်းကို ဆွေးနွေး ပြောကြားခဲ့ကြပါတယ်။
တစ်ချိန်တည်းမှာပဲ သူတို့လုပ်ခဲ့တဲ့ အကြောင်းအရာတွေကိုပါ..ဆွေးနွေး ခဲ့ကြတာပါ။
လင်းဖန်ကတော့ စင်နောက်တွင် ရှိနေပြီး..လီရှောင်ရှမ်ဟာ တော့အနည်းငယ် ကြောက်ရွံနေခဲ့ပါတယ်။
ဒီလို အခမ်းအနားကြီးမှာ ပုဂ္ဂိုလ်ရေးအရ တက်ပြီး ပြောရတာက သူ့အတွက် တော့ ပထမဆုံး အကြိမ်ပါပဲ။ဒါက သူ့စိတ်ကို တည်ငြိမ်ဖို့ အတော်ခက်ခဲ့ပါတယ်။
"မာစတာ လင်း ..မကြောက်ဘူးလား..သတင်းထောက်တွေကလည်း အများကြီး ရှိနေတာနော်.."
လီရှောင်ရှမ်းက မေးလိုက်တာပါ။
လင်းဖန် ရယ်မောလိုက်ပြီး..
"ဘာမှကြောက်စရာ မရှိပါဘူး...အဆင်ပြေသွားလိမ့်မယ်"
လီရှောင်ရှမ်းက ပထမဆုံး အကြိမ်ဆိုတော့ဘကြောက်ရွံ့နေမိတာ ပုံမှန်ပါပဲ။သို့ပေမဲ့ လင်းဖန်ကတော့ ဒါမျိုးကို ရိုးနေပါပြီ။
သူ သတင်းစာ ခေါင်းကြီး ပိုင်းတွေမှာ ဘယ်နှစ်ခါတောင် ပါနေလဲ ဆိုတာ မသိတော့ပါဘူး..။ဒီလို အရာက အသေးအဖွဲလေးတွေပါ။သတင်းထောက်တွေ ဝိုင်းပြုံပြီး ချောင်ပိတ် မေးရင်တောင် သူမကြောက်တော့ပါဘူး။အနည်းဆုံးတော့ မြန်မာနိုင်ငံက ဇော်မဲလုံး လို ပြန်ဖြေလိုက်ယုံပါပဲ။
[ မူရင်း စာရေးဆရာတောင် မြန်မာနိုင်ငံကအကြောင်း သိတယ် ]
"ဟေး..ခင်ဗျား စင်ပေါ်တက်ရမယ့် အလှည့်ပဲ"
လင်းဖန် လီရှောင်ရှမ်းကို သတိပေးလိုက်တာပါ။
လီရှောင်ရှမ်းဟာ အသက်ကို ပြင်းပြင်းရူလိုက်ပြီး သူ့ကိုယ်သူ တီးတိုးပြောလိုက်တယ်။
"ငါ လုပ်နိုင်တယ်"
ဒီအမူအပြီးမှာ လီရှောင်ရှမ်းရဲ့ အဆင့်အတန်းက ထိုးတက်သွားခဲ့ပါတယ်။ဒါက ကြီးမားတဲ့ အောင်မြင်မူကြီးပါပဲ။သူတို့ရဲ့ ခေါင်းဆောင်တွေဟာ ဒီသတင်းကို ရတဲ့ အချိန်မှာ အပြုံးလေးတွေ ရှိနေခဲ့ပြီး ကျေနပ်နေခဲ့ကြတာပါ..။
လီရှောင်ရှမ်းဟာ ဒီလို အခြေအနေမျိုးကို ပထမဆုံး ကြုံတွေ့ရတဲ့ အတွက်..စင်ပေါ်ကို တက်သွားကာ ဘောပင် တစ်ချောင်းလို တောင့်တောင့် ကြီးရပ်နေခဲ့ပါတယ်။သူဟာ..လှုပ်တောင် မလှုပ်တော့ပါဘူး။
ခေါင်းဆောင်တွေက တော့ သူ့ကို ဆုတံဆိပ်တွေ တပ်ပေးနေလို့ပါ။ဒါက တကယ့် ဂုဏ်ယူစရာ ကိစ္စကြပါပဲ။ဒါပေါ့...များပြားလှတဲ့ ရဲတွေလည်း ဒီအမူမှာ ပါဝင်ကြပေမယ့်..အားလုံးရဲ့ ကိုယ်စား အဓိက လူကိုပဲ ကိုယ်စားပြုစေခဲ့ပါတယ်။
စင်နောက်တွင်။
လင်းဖန်ဟာတော့ အေးဆေးဖြစ်နေခဲ့တယ်..။မကြာခင် သူစင်ပေါ်ကို တက်ရတော့မှာပါ။သူဒီလို မျိုးကို ကြုံးဖူးထားတော့ ကြောက်စိတ်မရှိတော့ပေ။
နောက်ဆုံးအကြိမ်တုန်းက ဆိုရင် သူစင်ပေါ်ကိုအတင်းပြေးတက်ပြီး..အကြီးအကဲ တွေကို ဒေါသထွက်စေကာ..မသန်စွမ်းကလေးငယ် လေးတွေကို ကူညီပေးခဲ့ရပါတယ်။
ဒီတစ်ခါက စင်ပေါ်ကို ကောင်းမွန်စွာ တက်ရမှာ ဖြစ်တဲ့ အတွက် ဘာမှ ကြောက်နေစရာ မရှိပါဘူး။
သူ စင်ပေါ်ကို ရောက်တဲ့ အချိန်မှာ ပျော်ပျော်ပါးပါးစကားပြောပြီး ပြန်ဆင်းလာယုံပါပဲ။ဒါက ဘာပြသနာ မှ ရှိမှာ မဟုတ်ပေ။
အဲ့အချိန်မှာပဲ အစီစဥ်ကြေညာသူ ရဲ့ ကျယ်လောင် တဲ့ အသံဟာ ထွက်ပေါ် လာပါတော့တယ်။
"ဒီလို လူကုန်ကူးတဲ့ အဖွဲ့အစည်းကို ဖမ်းဆီးနိုင်မူမှာ နိုင်ငံသား တစ်ယောက်ဟာ အရမ်းအရေးပါတဲ့ အခန်းကနေ ပါဝင်နေတယ် ဆိုတာ အားလုံးသိထားကြမှာပါ...။သူက လူကုန်ကူးမူ ခေါင်းဆောင်ကို ဖမ်းဆီးပေးခဲ့ရုံသာမက...ရဲတပ်ဖွဲ့ကိုလည်း အကူညီ တွေအများကြီး ပေးခဲ့ပါသေးတယ်..။သူက ဒီနေ့ အခမ်းအနားမှာ ရောက်နေပါပြီ..ဒါပေမဲ့လည်း သူ့ရဲ့ လုံခြုံရေးအတွက် မျောက်မျက်နှာဖုံးကို ဝတ်ဆင်ထားပါလိမ့်မယ်...။အားလုံးပဲ သူ့ကို ဖိတ်ခေါ်လိုက်ရအောင်."
တိုက်ရိုက် ထုတ်လွင့်မူထဲတွင်။
"သူထွက်လာပြီ...သူ နောက်ဆုံးတော့ ထွက်လာပြီ.."
"အဲတာ ဘယ်လိုကောင်လဲ ငါတကယ် ကြည့်ချင်မိတယ်"
"ချီးပဲ သူကငါတို့ သူဌေးကို ဖမ်းသွားတဲ့ကောင်ပေါ့..။မျက်နှာဖုံးတပ်ထားတာနဲ့ သူ့ကိုသူ လုံခြုံပြီ ထင်နေတာလား..."
"အပေါ်ကကောင်..မင်းရဲ့ အကောင့် IP ကို ငါမှတ်ထားလိုက်ပြီး..။ငါတို့ မင်းနေတဲ့ နေရာကို လာစစ်ဆေးမယ်..ပူပေါင်းပေးပါ"
"အာ..အင်တာနက် ရဲအရာရှိကြီးရယ်..။ကျေးဇူးပြုပြီး ခွင့်လွတ့်ပေးပါ..ကျွန်တော်က ဟန်ဆောင်နေတာပါ"
"ဟားးဟားး စောက်ပေါ"
"ခနလေး..ကောင်လေးက မျက်နှာဖုံးတပ်လာမယ်လို့ ပြောတယ်လေ..။သူမေ့ကျန်ခဲ့ တာလား."
......
အစီစဥ်ကြေညာ သူဟာ စင်ပေါ်ကို တစ်စုံတစ်ယောက်တက် လာတာကို တွေ့လိုက်တဲ့ အချိန်မှာ ပါးစပ်ဟဖို့ ပြင်လိုက်ပေမယ့်.လည်း..ရုတ်တရက် သူနားလည်လိုက်ပါတယ်။
စောက်ကျိုးနဲ...ဒီ လူက မျက်နှာဖုံးမတပ်ထားဘူးလား....နေဦး သူက ဝန်ထမ်းလား...လောစရာတော့ မရှိပါဘူး စောင့်ကြည့်လိုက်ရအောင်...
အောက်ဘက်မှာ ရှိတဲ့ သတင်းထောက်တွေ ကလည်း သံသယဖြစ်စွာ ကြည့်နေကြပါတယ်။
မျက်နှာဖုံး တပ်လာမယ်လို့ ပြောတာ ငါကြားလိုက်ပါတယ်...မျက်နှာဖုံးက ဘယ်မှာလဲ..
ဒါက သူတို့ပြောနေတဲ့ နိုင်ငံသားကောင်း မဟုတ်တာများလား..
လင်းဖန် အနည်းငယ် စိတ်ရှုပ်သွားခဲ့တယ်...။သူစင်ပေါ်ကို တက်လာပြီ ဆိုတော့ ..အကုန်လုံးလက်ခုတ်တီးပြီး ကြိုဆိုသင့်တာပါ။
ဘာလို့ လက်ခုပ်မတီး ကြတာလဲ....
သူ စင်ပေါ်မှာ မတ်တပ်ရပ်ပြီး လူအုပ်ကြီးကို ကြည့်လိုက်ပါတယ်..။ယင်းနောက် အစီစဥ် ကြေညာသူကို ကြည့်လိုက်ပြီး..
"ဟိတ်လူ ..ဘာလို့ ကျုပ်ကို ကြောင်ကြည့်နေတာလဲ.."
အစီစဥ် ကြေညာသူဟာ ပြန်ဖြေလိုက်တယ်။
"ငါက နိုင်ငံသားကောင်း စင်ပေါ်တက်လာတာကို စောင့် နေတာလေ.."
လင်းဖန် ပြန်ဖြေလိုက်တယ်..။
"အဲတာ ငါလေ.."
အခမ်းအနားတစ်ခုလုံး တိုးတိုးတိုးတိုး စတင် ပြောဆို နေခဲ့ကြပါတယ်။လူတိုင်းဟာ မယုံကြည်နိုင်ကြပါဘူး။
ဒီကောင်လေးက နိုင်ငံသားကောင်းလား....
သူ အသက်မရှင် ချင်တော့ဘူးလား..မျက်နှာဖုံးမတပ်ပဲ စင်ပေါ်ကို ဒီတိုင်းတက်လာတယ် ဆိုတော့...တကယ်လို့ လူကုန်ကူး သမားတွေသာ သူ့ရုပ်ကို မှတ်မိသွားရင် သူတော့ သေပြီပဲ..
အစီစဥ် ကြေညာသူဟာ လင်းဖန်နားကို လာပြီး တီးတိုး ပြောလိုက်တယ်။
"မျက်နှာဖုံးရော..ဒါက မင်းအတွက် အန္တရာယ်များတယ်နော် .."
လင်းဖန် ရယ်မောလိုက်ပြီး .
"ဒါက ပြသနာ မဟုတ်ပါဘူး..။ဘာအတွက် မျက်နှာဖုံးတပ်ရမှာလဲ..အမှန်တရားက ပွင့်လင်းတယ်။မျက်နှာဖုံးဆိုတာက လူဆိုးတွေ အတွက်ပဲ"
စင်အောက်ဘက်တွင်။
လိန်ယောင်..ရဲ့ နှလုံးဟာ ထိတ်လန့် သွားပြီး မေးလိုက်တယ်။
"ခေါင်းဆောင်လီ..ဘာတွေဖြစ်နေတာလဲ.။မာစတာ လင်းက ဘာလို့ မျက်နှာဖုံး ဝတ်မလာလဲ"
လီရှောင်ရှမ်းဟာ ရှက်ရွံ့စွာဖြင့်..
"မာစတာ လင်းက သူမျက်နှာဖုံး မလိုဘူးလို့ ပြောတယ်။သူ မကြောက်ဘူး"
လိန်ယောင်ဟာ ဆွံ့အသွားခဲ့ပါတယ်။
"ဒါက ကလေးကစားနေတာ မဟုတ်ဘူးနော်..တကယ်တစ်ခုခု ဖြစ်သွားနိုင်တယ်"
လိန်ယောင်ဟာ အတော် စိုးရိမ်နေခဲ့တယ်။ဒါက ကိစ္စအကြီးကြီးပါ..။မရေမတွက်နိုင်တဲ့လူကုန်ကူးသမားတွေကို ဖမ်းဆီးခဲ့တဲ့ အမူကြီးလို့ ပြောလို့ရပါတယ်။
သူ မာစတာ လင်းအတွက် ရင်လေးမိပါတယ်..။အနာဂတ်မှာ တိမ်ဖြူလမ်းက ငြိမ်းချမ်းမယ့် ပုံစံ မရှိလောက်တော့ပါဘူး။
တိုက်ရိုက် ထုတ်လွင့်မူထဲတွင်။
"666 ဒါဘယ်သူလဲဟ..။သူက နိုင်ငံသားကောင်းလေးလား.."
"မင်းမကြားလိုက်ဘူးလား..သူပဲ။ဒါပေမဲ့ သူက စောက်ရမ်းကြမ်းတယ်နော်..မျက်နှာဖုံး ဝတ်မလာဘူး။ဒီလောက် အကြီးကြီး လုပ်ပြီးတာတောင် မျက်နှာဖုံးမဝတ်ဘူး"
"လေးစားပါတယ်"
"အာ..ငါဘာလို့ ရင်းနှီးသလို ဖြစ်နေတာလဲ.."
"ချီးပဲ..ဟုတ်တယ် စောက်ရမ်းကို ရမ်းနှီးနေတာလေ..အချစ်တော်ကြီးဟ.."
.......
လင်းဖန် သူ့လက်ထဲက မိုက်ကရိုဖုန်းကိုမြောက်ပြီး ပြောလိုက်တယ်။
"ချစ်လှစွာသော...ခေါင်းဆောင်ကြီးများ,သတင်းထောက်များ, ဧည့်သည်တော်များကို နှုတ်ဆက်ပါတယ်.။ဟုတ်ပါတယ်..ကျွန်တော်က ဝမ်ရှန်းကို ဖမ်းခဲ့တဲ့လူပါ..။စင်နောက်မှာ တုန်းက ကျွန်တော်ကို မျက်နှာဖုံးတပ်ခိုင်း တယ်လေ..ဒါပေမဲ့ ဒါက မဟုတ်သေးဘူးလို့ ကျွန်တော် ထင်တယ်။ပထမ အချက်..ကျွန်တော် တရားမဝင် ထီမထိုးဘူး..ဒုတိယ အချက်..မကောင်းမူတွေကို မကျူးလွန်ထားဘူး။မျက်နှာဖုံးဆိုတာ မျိုးလည်းမလိုအပ်ဘူး..ဒါကြောင့် ကျွန်တော် ဒီတိုင်း တက်လာခဲ့တာ..အားလုံးတွေးနေသလို မေ့ကျန်ခဲ့တာမဟုတ်ဘူးနော်"
ဟားးးဟားးး
စင်အောက်ဘက်မှာတော့ လူတွေဟာ ထောက်ခံစွာ ရယ်မောလိုက်ကြပါတယ်။သူတင်းထောက်တွေဟာ လည်း ကင်မရာကို လင်းဖန်ရဲ့ မျက်နှာမှာ ချိန်ထားလို့ပါ။
အရင်တုန်းကလည်း...ရဲဌာန ကို ကူညီခဲ့တဲ့ နိုင်ငံသားကောင်းတွေ ရှိပေမယ့် သူတို့ရဲ့ လုံခြုံရေးအတွက် အမြဲတမ်း မျက်နှာဖုံးတပ်ထားခဲ့ကြပါတယ်။
သူတို့က ဒီ လူငယ်လေးလိုမျိုး မလုပ်ရဲ ခဲ့ကြပါဘူး။
အစီစဥ် ကြေညာ သူဟာ အသိစိတ်ပြန်ဝင်လာပြီး ရှေ့ကို တက်သွားလိုက်ကာ..
"ဟဲလို..သူရဲကောင်းလေး။ဒီကိစ္စမှာ မင်းက အများကြီး ကူညီခဲ့တာလေ..ဒါကြောင့် လုံခြုံရေးအတွက် မင်းရဲ့ နာမည်ကို ထုတ်မပြောတော့ပါဘူး..။လူကုန်ကူးသမားတွေက.."
အစီစဥ် ကြေညာသူ ဆုံးအောင် မပြောရသေစခင်မှာပဲ လင်းဖန် ဖြတ်ပြောလိုက်ပါတယ်။
"ကျွန်တော် နာမည်မပြောရဲစရာ ဘာအကြောင်းမှမရှိဘူး..။မဟုတ်ရင်တောင် ကျုပ်ကို အင်တာနက်မှာ မှတ်မိတဲ့ လူတွေ ရှိကြလိမ့်မယ်.။ကျွန်တော်က တိမ်ဖြူလမ်းက မာစတာ လင်းပဲ..နိုင်ငံသားကောင်းတစ်ယောက်။ကျွန်တော် ဝူရှ ဝတ္တုတွေ ဖတ်ထားတာများတော့ မတရားမူကို ကြုံလာရင် လက်ပိူက်ကြည့်မနေတတ်ဘူး။လူကုန်ကူးတဲ့ လူတွေ အတွက်ကတော့ သူတို့ကို ကြောက်နေမှာ မဟုတ်ဘူးလို့ ပြောလိုက်ပါစေ.။တစ်ကယ်လို့ သူတို့ ကျွန်တော်ကို လာရှာခဲ့ရင်..လာတဲ့ လူတိုင်းကို ဖမ်းဆီးပေးလိုက်မယ်"
အစီစဥ်ကြေညာသူဟာ ဆွံ့အသွားခဲ့တယ်။
အစ်ကိုကြီး..ဒီလောက် ထိပေါက်ကွဲဖို့ မလိုသေးဘူးလေ..မင်းက တကယ် ခံစားချက်ပြင်းတာပဲ..အတိုင်အဖောက် ညီညီလေးသွားလို့ မရဘူးလား.. ငါကမေးမယ် မင်းကဖြေရမှာလေ..ဒါမှ အဆင်ပြေမှာပေါ့...
တိုက်ရိုက်ထုတ်လွင့်မူမှာတော့။
တစ်ချို့လူတွေဟာ ဒီလူ ဘယ်သူလဲ ဆိုတာကို မှတ်မိနေခဲ့ကြပါပြီ။