ရူးသွပ်တဲ့ ပြောဆိုမှု
Vol. 14 Ch. 205
"သူက တိမ်ဖြူလမ်းလို့ ပြောလိုက်တာနဲ့...ငါမာစတာ လင်းမှန်း ချက်ချင်းသိလိူက်တယ်"
"အိုး စောက်ကျိုးနဲ..ငါမသိဘူး.ငါ့ကို ရှင်းပြပေးပါလား.."
"ကောင်းပြီ..ငါပြောပြမယ်..။ဒီကောင်လေးက တိမ်ဖြူလမ်းက မင်းသား..မာစတာ လင်းပဲ။သူ့ရဲ့ ပန်ကိတ်တွေက ဒုတိယ မရှိဘူး။ဒါပေမဲ့ ဒီတွက်ချက် တတ်တဲ့ မာစတာ လင်းက ပန်ကိတ်ကို တစ်နေ့ ဆယ်လုံးပဲ ရောင်းပေးတယ်။လမ်းထဲမှာ သူ့ပန်ကိတ်အတွက် စောင့်နေတဲ့ လူတွေကတော့ တန်းစီလို့..ပြီးတော့ ဒါက အဓိကအကြောင်းအရာ မဟုတ်သေးဘူး..။အဓိက အကြောင်းအရာက ဗေဒင်ပဲ။ဗေဒင်ပညာကို လူအများစုက လိမ်စားတယ်လို့ထင်ချင်ထင်ခိန့်မယ် ဒါပေမဲ့ မာစတာ လင်းက စောက်ရမ်းတိကျတာနော်..။ပြီးတော့ ဗီဒီယို တစ်ခုရှိသေးတယ်..အဲ့ကိစ္စက အရမ်းကြီးဟော့ မဖြစ်တော့.မင်းတို့ သိမှာမဟုတ်ဘူး..။အဲ့မှာ မာစတာ လင်းက ဘာလုပ်နေတယ်ထင်လဲ..ခွေးနဲ့ စကားပြောနေတာကွာ..ခွေးနဲ့။သူက ခွေးကိုလူကုန်ကူးသမားတွေ အကြောင်းမေးနေတာ..တကယ်တွေ့တာပဲ။လူကုန်ကူးသမားတွေတောင် ခွေးကိုက်ခံလိုက်ရသေးတယ်..မာစတာ လင်းက အဲလို ထူးခြားတဲ့ လူပဲ...သူ့အကြောင်းက ပြောရင် ပြောလို့ ပြီးမှာတောင် မဟုတ်ဘူး"
"မင်းပြောနေတာ တကယ်ရော ဟုတ်ရဲ့လားကွာ..။ဒီလို လူမျိုးက တကယ် ရှိနိုင်ပါ့မလား"
"တော်လိုက်တော့..ဘာလို့ မင်းဘာသာမင်း.မရှာကြည့်တာလဲ။ငါလည်း ငါ့မျက်စိနဲ့ မမြင်ရရင်..ယုံကြည်နိုင်မှာမဟုတ်ဘူး..ခွေးတွေ စကားပြောနေတာကို မြင်ယောင်ကြည့်စမ်းပါ..တကယ်ကြောက်စရာပဲ"
ဒီ ဗီဒီယို..လူအများကြီးရဲ့..အာရုံစူးစိုက်မူကို မခံရတာက လူတွေက ဗီဒီယိုကိုစကြည့်တဲ့ အချိန်တုန်းက ဘာတွေဖြစ်ဆိုတာ မသိကြလို့ပါ။
နောက်ပိုင်း ကျွမ်းကျင်သူတွေက ဗီဒီယို ကို ပြန်ပြင်လိုက်တဲ့ အချိန်မှာ နားလည်လွယ်သွားခဲ့ပါတယ်။အခု ဒီအကြောင်း ပြန်ပါလာတော့..လူတွေဟာဒီအကြောင်းကို ပြန်စိတ်ဝင်စားလာကြပါပြီ။
စင်ပေါ်တွင်။
လင်းဖန် စင်ပေါ်မှာပဲ ရပ်နေခဲ့ပါတယ်။
အစီစဥ်ကြေညာ သူကတော့..အခြေအနေကို ဆက်မကြည့်နိုင်တော့ပဲ..
"သူရဲကောင်းလေး .ဒီက ဧည့်ပရိတ်သတ်တွေ နဲ့ ခေါင်းဆောင်း ကြီးတွေကို ဒီကိစ္စလေးအပေါ် ဘယ်လို မြင်လဲ ပြောပြပေးနိုင်မလား..."
အစီစဥ်ကြေညာသူဟာ အလျင်အမြန်ပဲ အကြောင်းအရာကို ပြောင်းလဲပြီး ပြောလိုက်တာပါ။သူလင်းဖန် ရဲ့ စီးချက်အတိုင်း မလိုက်နိုင်ပါဘူး ဒီစတိတ်စင်ကို သူ့ရဲ့ ထိန်းချုပ်မူအောက်မှာပဲ ထားရမှာပါ။
လင်းဖန် အစီစဥ် ကြေညာသူရဲ့ မျက်နှာကိုကြည့်ပြီး..ရယ်မောလိုက်တယ်။
"တကယ်တော့..ကျွန်တော်က ဒီ သူရဲကောင်း ဆိုတဲ့.နာမည်နဲ့ မထိုက်တန်ပါဘူး။ကျွန်တော် လုပ်သင့်တာကိုပဲ လုပ်ဆောင်ခဲ့တာပါ။ရဲဌာနက.ရဲတွေ အများကြီး တက်တက်ကြွကြွ မလုပ်ဆောင်နိုင်ခဲ့ရင်..ဒီလိုမျိုး.လူကုန်ကူးတဲ့လူတွေ .အများကြီး ကို ဖမ်းနိုင်ခဲ့မှာ မဟုတ်ပါဘူး။ဒါကြောင့် သူရဲကောင်း ဆိုတဲ့ နာမည်က..ဒီ လို အရေးယူ ဖမ်းးဆီး ခဲ့တဲ့ရဲတွေ နဲ့ပဲ ထိုက်တန်ပါတယ်။ကျွန်တော် တို့ရဲ့ ပတ်ဝန်းကျင် သာယာဖို့က သူတို့ကိုပဲ အားကိုးရမှာပါ။ဒါကြောင့် သူရဲကောင်း အစား..မာစတာ လင်းလို့ပဲ ခေါ်ဖို့ ပြောပါရစေ"
အစီစဥ် ကြေညာသူတောင် လင်းဖန်ကို အသိမှတ်ပြုစွာ ကြည့်လိုက်ပါတယ်။ဒီေကာင်လေးက တကယ် စကားပြောကောင်းတာပါ။
ဒီစကားကိုကြားတဲ့..ရဲအရာ ရှိတွေကလည်းဘသူတို့ ကြိုးစားခဲ့တာ ထိုက်တန်တယ်လို့ တွေးမိလိုက်ပါတယ်။
* လက်ခုပ်တီးသံများ *
လက်ခုပ်တီးသံများ..စင်အောက်မှ ထွက်ပေါ်လာခဲ့တယ်။လူတိုင်းဟာ မာစတာ လင်းပြောတာကိုသဘောကျနေပြီး...ခေါင်းဆောင်တွေတောင်. သဘောတူစွာ ခေါင်းညိမ့်နေခဲ့ကြပါတယ်။
လိန်ယောင်ဟာ ကြည့်လိုက်ပြီး..
"မာစတာ လင်းက တကယ်စကားပြောတတ်တာပဲ"
လီရှောင်ရှမ်းဟာ ရယ်မောလိုက်ကာ ပြောလိုက်တယ်။
"သူက စကားပြောတတ်တာ..မဟုတ်ဘူး.။နှလုံးသား ထဲကနေ ပြောနေတာ.."
ခေါင်းဆောင်ချန်း ::"ငါ ဒီကလေးကို သဘောကျနေပြီ..။တကယ်လို ဖြစ်နိုင်ရင် သူ့ကို..ငါ့ဆီမှာခေါ်ထားချင်တာ။သူသာ ရဲအရာရှိ ဖြစ်မလာရင် ဒါက ဖြုန်းတီးတာပဲ"
အန်းဟူ က ခေါင်းဆောင် ဟီဟာ ပြောလိုက်တယ်။
"ညီအစ်ကို,ခင်ဗျားတစ်ယောက်ထဲ သဘောကျတာတော့ မဟုတ်ဘူးလေ..ဒါပေမဲ့ ဒီကလေးက ရဲအရာရှိ ဖြစ်ချင်တာ မဟုတ်ဘူး။သူက ငယ်ရွယ်ပေမယ့်လည်း စွမ်းဆောင်နိုင်စွမ်း ရှိတယ်...ဒီတော့ သူ့ကို အဖွဲ့အစည်းထဲခေါ်ဖို့က အတော်ခက်ခဲမှာပဲ"
ဒီကျောင်းက ခေါင်းဆောင် ရှန်းဟာ ရယ်မောလိုက်ပြီး..
"သူသာ ကျုပ်နဲ့ နေမယ်ဆိုရင် နောက်သုံးနှစ်အတွင်းမှာ လက်ထောက် အကြီးအကဲ တစ်ယောက် ဖြစ်လာလိမ့်မယ်လို့ သေချာပြောနိုင်တယ်။ငါ သူ့ရဲ့ "မာစတာ လင်း" နာမည်အကြောင်းကို အင်တာနက်ပေါ်မှာ ရှာကြည့်ပြီးသွားပြီ သူလုပ်ခဲ့တာတွေက တကယ်ကို အံ့သြစရာတွေပဲ"
ခေါင်းဆောင် ချန်းဟာ သံသယဖြစ်စွာမေးလိုက်တယ်။
"အစ်ကို ရှန်း..ဘာကိုမြင်လို့လဲ.."
ခေါင်းဆောင် ရှန်းဟာ ရယ်မောလိုက်ပြီး..
"ကိုယ့်ဟာကိုသာ ကြည့်ကြည့်လိုက်တော့"
.......
အစီစဥ်တင်ဆက်သူတောင် မာစတာ လင်းကို လေးစားနေမိပါပြီ..
"ကောင်းပါပြီ..မာစတာ လင်း..။နောက်ထပ်မေးခွန်းကတော့ ကျွန်တော်တင်မဟုတ်ပဲ ဒီကလူတွေ အကုန်လုံးသိချင်နေကြတဲ့ မေးခွန်းပေါ့နော်..။ခေါင်းဆောင်လီ ပြောတာကတော့ မာစတာ လင်းက ရွှေနီရောင် လမ်းမှာ..လူကုန်ကူးမူခေါင်းဆောင်ကို ဖမ်းမိခဲ့တာဆို။ဒီလူက လူကုန်ကူးမူ ခေါင်းဆောင် ဆိုတာ ဘယ်လို သေချာတာလဲဗျ"
အမှန်တကယ်ပဲ ..ဒီမေးခွန်းကို မေးလိုက်တဲ့အချိန်မှာ အကုန်လုံး..ငြိမ်သက်သွားခဲ့ကြပါတယ်။
သတင်းထောက်များဟာ တော့ မျက်တောင်တောင် မခတ်ကြတော့ပေ။
တိုက်ရိုက် ကြည့်ရူနေတဲ့ လူတွေကတော့..ဘာပြောမလဲ ဆိုတာကို နားစွင့်နေကြပါတယ်။
လင်းဖန် စိတ်ထဲမှာ ရယ်မောလိုက်တယ်..ကြည့်ရတာ သူ ပုံပြင်ပြောရတော့မယ့် အချိန်ရောက်လာပါပြီ။သူ ပုံပြင်ပြောရမှာကိုဘတကယ်မကြိုက်ပါဘူး။
အစီစဥ် ကြေညာသူဟာ ပြောလိုက်တယ်။
"မာစတာ လင်း..ပြောလို့ မရတာ တစ်ခုခုများရှိနေ လို့လား.."
လင်းဖန် လက်ဝေ့ယမ်းလိုက်ပြီး..
"ဒီလို မဟုတ်ဘူးပေါ့..ကျွန်တော်က အတွေးတွေကို နည်းနည်းပြန်စီနေတာပါ။ဘယ်လို ပြန်ပြောပြရမလဲ ဆိုတာကိုပေါ့"
အစီစဥ် ကြေညာ သူဟာ ခေါင်းညိမ့်လိုက်တယ်။လူအုပ်ကြီးဟာလည်း စိတ်မရှည်တော့ပါဘူး။
တိုက်ရိုက် ထုတ်လွင့်မူထဲမှာတော့။
"စောက်ကျိုးနဲ စောက်ကျိုးနဲ..ငါ ဗီဒီယို ကြည့်ပြီးသွားပြီ..။မာစတာ လင်းက တကယ် ခွေးစကားပြောနိုင်တာပဲ။ဗီဒီယိုမှာ ဘာအလိမ်အညာမှ မပါဘူး"
"မဖြစ်နိင်တာ..ဒါဆို..မာစတာ လင်းက အရင်ကတည်းက.လူကုန်ကူးသမားတွေကို ဖမ်းပေးဖူးတာပေါ့"
"လူကုန်ကူးသမားတွေကို မာစတာ လင်းက ဘာနည်းစနစ်တွေ သုံးလိုက်တာလဲ"
"သိချင်မိတယ်"
"ငါလည်း သိချင်မိတယ်"
မာစတာ လင်း ခွေးနဲ့ စကားပြောတဲ့ ဗီိဒီယို ဖိုင်ဟာ ပိုပိုပြီး ပျံ့နှံ့နေခဲ့ပါပြီ။ဒါက ဝိုက်ဘို ရဲ့ ရှဲတဲ့ အရေအတွက် အကန့်အသတ်တောင် ရောက်ခါနီးနေပါပြီ။
စင်ပေါ်မှာတော့ လင်းဖန်ဟာ လည်ချောင်းရှင်းလိုက်ပြီး..
"ဒီကိစ္စက ရှင်းပြဖို့ နည်းနည်း ရှုပ်ထွေးတယ်။တကယ်တော့ ထူးဆန်းတယ် လို့ ပြောရမှာပေါ့ဗျာ..လူတိုင်း သိတဲ့ အတိုင်းကျွန်တော်ရဲ့ အလုပ်အကိုင်က ဗေဒင်ပညာရပ်ပါ။ကျွန်တော်တို့ရဲ့ "လူသားတွေရဲ့ပြိုင်ဘက်ကင်းမူ နဲ့ ယဥ်ကျေးမူ" မှာ.. ဝမ် ဆိုတဲ့ စကားလုံးက ..( ဝမ်ရဲ့အဓိပါယ်က တရုတ်တွင် ရှာဖွေမူ ) တရုတ်ဆေးပညာ..တို့ ရုပ်လွန် ဒသနိက.တို့မှာ.အဓိပါယ်တွေ အများကြီးရှိတယ်လေ။ကျွန်တော် ဝမ်ရှန်းကို မြင်တဲ့ အချိန်မှာ မူမမှနိတာကို သတိထားမိခဲ့တယ်။ဒါပေါ့ ဒါက တစ်ခြားလူတွေမြင်နိုင်တဲ့ အရာမဟုတ်ပါဘူး။ဒါက ကမ္ဘာပေါ်မှာ ကျွန်တော်တစ်ယောက်ထဲ မြင်နိုင်မှာကိုတောင် ကြောက်ရွံ့မိပါတယ်"
"တကယ်တော့ ဒီတစ်ခါ အောင်မြင်မူက ခေါင်းဆောင်လီရဲ့.ကြိုးစားမူတွေ အများကြီး ပါပါတယ်။တကယ်လို့ သူသာ ကျွန်တော်ကို မယုံကြည်ရင် အပြင်လူရဲ့ ကြိုးစားမူကြောင့် ဝမ်ရှန်းလွှတ်သွားမယ့် အခြေအနေတောင် ကြုံခဲ့ရသေးတယ်လေ"
တရုတ် ဗဟို ရုပ်မြင်သံကြား ရဲ့ သတင်းထောက်တွေဟာ အံ့သြသွားပြီး..
"ဒါက ရူးသွပ်တဲ့ ပြောဆိုမူပဲ..ဒါကို သတင်းဘယ်လို ဖော်ပြရမလဲ"
သို့ပေမယ့် တစ်ခြားသတင်းထောက်တွေ အတွက်ကတော့ ဒါက အံ့သြစရာပါပဲ။
တိုက်ရိုက် ထုတ်လွင့်မူမှာလဲ အကုန်ကြောင်းတောင်တောင် တွေနဲ့ပါ။မာစတာ လင်းပြောသွားတာတွေထဲမှာ ဗေဒင်ပညာတွေရော..ဘာတွေရော အစုံပါပဲ။
အစီစဥ်တင်ဆက်သူဟာ မာစတာ လင်းပြောတာကို လက်မခံချင်ပါဘူး။ဒါကြောင့် သူအလျင်အမြန်ပဲ အကြောင်းအရာပြောင်းပြီး.. ထပ်ပြောလိုက်တယ်။
"မာစတာ လင်း..ဝမ်ရှန်းကို ဖမ်းတုန်းက အပြင်လူ ပါဝင်ပတ်သက်လာတာ ရှိတယ်လို့ ပြောချင်တာလား"
လင်းဖန် မျက်လုံးပြူးကာ..
"ခင်ဗျားမသိဘူးလား..အဲ့တုန်းက ဝမ်ရှန်းက ဖုန်းကို ထုတ်ပြီး.ကျွန်တော်တို့ ရှန်ဟိုင်း.ခေါင်းဆောင် တွေထဲက တစ်ယောက်ကို ဖုန်းခေါ်လိုက်တယ်လေ..။ခေါင်းဆောင်က သူ့ကို ချက်ချင်းလွှတ်ခိုင်းတာ..။အဆုံးမှာတော့ ကျွန်တော်နဲ့ ခေါင်းဆောင်လီ က ဒီလူ ရဲဌာနပိုင်းကမဟုတ်တော့.. ဒီလူစကားကို နားမထောင်ဖို့ ဆုံးဖြတ်လိုက်ကြတာပေါ့..ကံကောင်းသွားတယ်ပြောရမယ်"
စင်အောက်မှာ ရှိနေတဲ့..လီရှောင်ရှမ်းကတော့ မျက်ရည်တွေတောင် ကျပါတော့မယ်။
မာစတာ လင်း..မင်းက တကယ့်ညီအစ်ကိုကောင်းပဲ..။ဒီလို အချိန်မှာ ငါ့ကို မမေ့ပဲ ကောင်းကြောင်းတွေ ပြောပေးနေသေးတယ်..။
အဲ့အချိန်မှာတော့ ရှန်ဟိုင်း ခေါင်းဆောင်တွေဟာ တီးတိုး ပြောနေကြပါပြီ။အဲ့ ခေါင်းဆောင်က ဘယ်သူလဲ ဆိုတာ သူတို့ သိချင်နေကြတာပါ။
ဒါမျိုးလုပ်ရဲတယ်လား....