ခြောက်ခုမြောက် အသိပညာ အခန်း..ပွင့်ပြီ
Vol. 14 Ch. 206
လင်းဖန် ဒီစကားတွေကို ပြောနေတဲ့ အချိန်မှာတော့ ...ရှန်ိဟိုင်းမြို့ရဲ့ အိမ်တစ်အိမ်ထဲမှာ..သက်လတ်ပိုင်းလူကြီး တစ်ယောက်ဟာ ဇောချွေးတွေ ထွက်နေခဲ့ပါတယ်။
ဒါ ငါနဲ့ မဆိုင်ဘူး...ဒီကိစ္စက ငါနဲ့ ဘာမှမဆိုင်ဘူးလေ....
* ကလင် ကလင် *
ဂုဏ်သရေ ရှိ ခေါင်းဆောင်ဟာ မေးလိုက်တယ်။
"ရှောင်လီ..မင်းဒီကိစ္စက ငါ့ကိုပြောသေးတယ်မလား..။မင်း ဒီ ဝမ်ရှန်းနဲ့ ပတ်သက်လား..မပတ်သက်ဘူးလား ဆိုတာကို ပြောစမ်းပါ"
ရှောင်လီ ပြန်ပြောလိုက်တယ်။
"ခေါင်းဆောင် ကျွန်တော် လူမှားပြီး ထောက်ခံမိပြီ။ဒီဝမ်ရှန်းက ..လူကုန်ကူးတဲ့ လူဆိုတာ ကျွန်တော် တကယ် မသိခဲ့ဘူး။ကျွန်တော် ဒီကိစ္စကို တာဝန် မခံရဲတော့..ဘာမှမများကြီး မပြောခဲ့ဘူး။ဝမ်ရှန်း ဒီလောက ထဲမှာ ဘယ်လောက် ကျယ်ပြန့်တယ် ဆိုတာ ခေါင်းဆောင်လည်း သိပါတယ်။သူက နှစ်တိုင်း လူဒါန်းမူတွေလည်း လုပ်နေတာ ဆိုတော့..ကျွန်တော် လက်ကမ်းပြီး ကူညီပေးချင်မိယုံတင်ပါ။တကယ်လို့ ဝမ်ရှန်းသာ ဒီလို လူမျိုးမှန်းသိရင် ကျိန်းသေ ဒါမျိုးမလုပ်ပါဘူး"
ခေါင်းဆောင် ပြောလိုက်တယ်။
"အခြေအနေ စောင့်ကြည့်ရအောင်..သူတို့ တကယ်သာ.စစ်ဆေးရင် မင်းတော့ ပြသနာ အကြီးကြီး တက်နိုင်တယ်။ဒါပေမဲ့ မင်းဘာမှ မပတ်သက်သ၍ အဆင်ပြေပါတယ်"
သူဟာ ပြောပြီး ဖုန်းချလိုက်ပါတယ်။ရှောင်လီကတော့ ဆွံ့အနေခဲ့ပါပြီ။
ဘာတွေ ဒီလောက်ဖြစ်နေတာတုန်း..
သူကတကယ်ကံဆိုးတဲ့ လူတစ်ယောက်ပါ။တကယ်လို့ သူသာ ဒါမျိုးကြိုသိထားရင်..သူ့မှာ သတ္တိတွေ ဆယ်ဆလောက်ပြင်းထန် နေရင်တောင်.ဒါမျိုးလုပ်ရဲမှာ မဟုတ်ပါဘူး။
အခမ်းအနားပွဲတွင်။
စင်အောက်ဘက်မှာ ဆွေးနွေးမူတွေ ရှိနေခဲ့ပါတယ်။မာစတာ လင်း ပြောနေတာ ဘယ်သူလဲ ဆိုတာ သူတို့ စဉ်းစားလို့တောင် မရပါဘူး။
လင်းဖန် စင်ပေါ်မှာ ရပ်နေရင်းကနေ ရယ်မောလိုက်ပြီး..
"အားလုံးပဲ..ဘာမှ ခန့်မှန်းနေကြဖို့မလိုပါဘူး။ကျွန်တော် ထင်တာကတော့ ဒီခေါင်ဆောင်ကတောင်..ဝမ်ရှန်းကို လူကုန်ကူးမူ အဖွဲ့အစည်းရဲ့ အဓိက လူမှန်း မသိလောက်ဘူး။ဒီနေ့ခေတ်လူတွေက..အသွင်အပြင်နဲ့တင် ခန့်မှန်းဖို့ အတော်ခက်ခဲတယ်လေ..။ပြီးတော့ဝမ်ရှန်းက အမြဲတမ်း အလှူအတမ်းလုပ်တယ် လို့လည်း ကြားမိတယ်.။တစ်ချို့ ခေါင်းဆောင်တွေ အတွက်လည်း သူက အထောက်အပံ့ကောင်းတွေ ပေးထားမှာပဲလေ။ဒါပေါ့ သူတို့ ပြန်ပြီး ကူညီတာက ဖြစ်သင့်ပါတယ်..ဒါကြောင့် ကျွန်တော် ဒီကိစ္စကို အများကြီး မပြောချင်တော့ပါဘူး။ကျွန်တော့် ရဲ့ အတွေးတွေကလည်း အဲလောက်ထိ မနက်ရှိုင်းနေပါဘူးလို့ ပြောပါရစေ။ကောင်းပါပြီ..ကျွန်တော် ဒီလောက်ပါပဲ..အားလုံးကို ကျေးဇူးတင်ပါတယ်"
*ဖြောင်း ဖြောင်း ဖြောင်းး*
လက်ခုပ်တီးသည့် အသံများထွက်ပေါ်လာခဲ့ပါတယ်။
လီရှောင်ရှမ်းဟာ ပြုံးလိုက်ပြီး..
"မာစတာ လင်းက..တကယ်အံ့သြဖို့ကောင်းတာပဲ."
လိန်ယောင်ဟာ လည်း ခေါင်းညိမ့်လိုက်တယ်။မာစတာ လင်းက စကားပြောစွမ်းရည် တကယ်ကောင်းတာပါ..စင်ပေါ်မှာ တိုက်ခိုကိမူတွေလည်း ဘာမှ မရှိပါဘူး။ဒါက ဂုဏ်ပြုအခမ်းအနားဖြစ်ပြီး..ကြည်နူးစရာ..အတွေ့အကြုံတွေနဲ့အပြည့်နှက်နေလို့ပါ..။
အစီစဉ်ကြေညာသူဟာ ဘေးနားမှာ ရှက်ကိုးရှက်ကန်းဖြစ်နေခဲ့တယ်။သူ့ကိုယ်သူ အသုံးမဝင်ဘူးလို့တောင် ခံစားနေရပါပြီ။အစကနေ အဆုံးအထိ သူတောင်ဘာမှ မပြောလိုက်ရပဲ ..မာစတာလင်းကြီးပဲ.ပြောသွားတာပါ။မသိရင် မာစတာ လင်းက အစီစဉ်ကြေညာတဲ့ လူလိုပါပဲ။
တိုက်ရိုက် ထုတ်လွင့်မူကို ကြည့်နေတဲ့ ရှောင်လီဟာ အနည်းငယ် စိတိသက်သာရာ ရသွားခဲ့ပါတယ်။ကံကောင်းစွာပဲ မာစတာ လင်းက သူ့ကို မဖော်ထုတ်ခဲ့ပါဘူး။မဟုတ်ရင် သူ ဒီပရက်ရှင် ဝင်သွားနိုင်ပါတယ်။
သူက အပြစ်ကင်းတဲ့ လူတစ်ယောက်ဖြစ်ပေမယ့်လည်း..ဒဏ်ခတ်ခံရဉီးမှာပါပဲ။
သူနောက်တစ်ခါ တစ်ခြားလူတွေအတွက် ဘယ်တော့မှ စကားပြောပေးတော့မှာ မဟုတ်ပါဘူး။
စောက်ရေးမပါတာ..ဒီလောက်ဖုံးကွယ်ထားတာ ဝမ်ရှန်းက.လူကုန်ကူးမူ ခေါင်းဆောင် မှန်း ငါကဘယ်လို သိမှာလဲ...
တကယ်လို့ အဲ့အချိန်ကသာ ဒီလူကို ဆက်ပြီး ကူညီပေးခဲ့ရင်..သူအပြစ်ကင်းတယ် ဆိုရင်တောင် ရှင်းပြလို့ရတော့မှာမဟုတ်ပေ။
လောလောဆယ် ခေါင်းဆောင်ပိုင်းတွေ အကုန်လုံးက လင်းဖန်ကို အကောင်းမြင်စိတ်တွေ ရှိနေကြတာပါ။လင်းဖန် အမူကို ဒီလို လှလှပပဖြေရှင်ပေး သွားတာကတော့ တကယ့်ကို အံ့သြစရာပါပဲ။
တစ်ချိန်တည်းမှာပဲ လိန်ယောင်ဟာ လီရှောင်ရှမ်းကို အထင်ကြီး လေးစားနေမိပါပြီ။သူ့ရဲ့ ပြတ်သားတဲ့ စိတ်ဓာတ်တွေ မရှိရင်လည်း ဒီလို အဖြေထွက်လာမှာမဟုတ်ပါဘူး။
သက်သေအထောက်အထား မရှိပဲ ရှန်ဟိုင်း ရဲ့ ရာဇဝတ်သားကို ဖမ်းတာ.။အဆုံးအထိသာ သက်သေ မတွေ့ဘူးဆိုရင်..ကျိန်းသေ ပြန်ခံရမှာပါ။
ဘယ်သူ တာဝန်ခံရမယ် ထင်လို့လဲ....
လင်းဖန် မိုက်ကရို ဖုန်းကို ချဖို့လုပ်လိုက်တဲ့အချိန်မှာပဲ ဆွံ့အသွားခဲ့ပါတယ်။
တစ်ခုခုတော့ မူမမှန်တော့ပါဘူး။
တကယ် တစ်ခုခု မူမမှန်တော့ပေ...
"ကျေးဇူးပြုပြီး..မလုပ်ပါနဲ့..."
ဒီစကားဟာ မိုက်ကရိုဖုန်းကနေ ထွက်ပေါ်လာပြီး အကုန်းလုံးကြားသွားခဲ့တယ်။ လူတိုင်းဟာ လင်းဖန်ကို အံ့သြစွာ ကြည့်လိုက်ကြပါတယ်။
မာစတာ လင်း ပြောတဲ့ "ကျေးဇူးပြုပြီး ..မလုပ်ပါနဲ့.." ဆိုတာ ဘာကို ဆိုလို မှန်းသူတို့ နားမလည်နိုင်ကြပေ။
အဲ့အချိန်မှာတော့ လင်းဖန် တစ်ယောက်ပဲ ဘာဖြစ်နေမှန်း နားလည်လိုက်ပါတယ်။
"ငါးခုမြောက် စမ်းသပ်ချက် ပြည့်မြောက်သွားပါပြီ။ခြောက်ခုမြောက် အတွက်..ပိုင်ရှင်နှင့် နီးစပ်သည့် လူတစ်ယောက် ၏ စွမ်းရည်ကို ရွေးချယ်ပေးပါ့မယ်"
"ထျန်ဟန်မင် ဟာ ပိုင်ရှင်နဲ့ ရင်းနှီးပေမယ့်လည်း..လောလောဆယ် အနားမှာ မရှိတဲ့ အတွက်..သူ့ရဲ့ ကျွမ်းကျင်မူတွေကို မရွေးချယ်ပါဘူး"
"ချူးယွန် ဟာ ပိုင်ရှင် အပေါ်မှာ ကြီးမားတဲ့ လေးစားမူတွေ ရှိနေခဲ့ပါတယ်..ဒါကြောင့်သူကျွမ်းကျင်တဲ့.. ချက်ပြုတ်ခြင်းစွမ်းရည် အဓိက ဘာသာရပ်ရဲ့ အကိုင်းအခွဲ ကို ဖွင့်လှစ်ပေးလိုက်ပါသည်။တရုတ်ရိုးရာ ချက်ပြုနည်း ရှစ်မျိုးထဲမှ..ကျောင်းဆု ချက်ပြုတ်နည်း.."
"စမ်းသပ်ချက် :: အောင်မြင်တဲ့ မာစတာလင်း ဖြစ်လာစေရန်။
"ဆုလာဒ် :: စွယ်စုံအမှတ် ၂၀ ရပြီး..နောက်ထပ်စာမျက်နှာတစ်ခု ဖွင့်လှစ်နိုင်လိမ့်မည်"
"မှတ်ချက် :: သေးငယ်သည့် အခန်းခွဲ ဖြစ်သည့်အတွက်..ပရော်ဖက်ရှင်နယ် အဆင့်ဝင်ရန်မလိုအပ်ပေ"
စွယ်စုံကျမ်းရဲ့ မြည်သံဟာ အဆုံးသတ်သွားခဲ့ပါပြီ။လင်းဖန်ကတော့ စင်ပေါ်မှာ နာကျင်စွာနဲ့ ရပ်နေခဲ့လို့ပါ။သူဘာပြောရမှန်း တောင် မသိတော့ပါဘူး။
ဘယ်သူ့ကို အပြစ်တင်ရမှာလဲ...စမ်းသပ်ချက်က ဘာလို့ အခုမှ ရုတ်တရက်ကြီး ပြည့်သွားတာလဲ...
ငါဘာလို့ နားမလည်နိုင်ရတာလဲ..
ဒါက လင်းဖန်ရဲ့ လက်ရှိအတွေးတွေပါ။သူစင်ပေါ်မှာစကားပြောနေစဉ် အတွင်းမှာပဲ သူခွေးနဲ့ ပြောနေတဲ့ ဗီဒီယိုဖိုင်ကို လူအများကြီး ကြည့်ကာ စမ်းသပ်ချက်ပြည့်သွားတာ ဖြစ်နိုင်ပါတယ်။
အထူးသဖြင့် ဗီဒီယို ထဲမှာ ခွေးတွေအများကြီးပါပြီး..ကြောက်လန့်ဖို့ အတော်ကောင်းတာပါ။သူ ခွေးနဲ့ စကားပြောနေတာကလည်း လူတိုင်းကို ထိပ်လန့်စေခဲ့ပါသေးတယ်။
သူတို့ ဘာမှမတတ်နိုင်ပေမယ့်..မာစတာလင်းကတကယ်လေးစားဖို့ကောင်းတာပါ။
ကျော်ကြားလှတဲ့ မာစတာ လင်းကြီးက ခွေးကိုတောင် ဘယ်လိုစကား ပြောရမလဲဆိုတာနားလည်နေပြန်ပါတယ်။
တကယ် လူသားတစ်ယောက်မှ ဟုတ်ရဲ့လား..
လင်းဖန် ကြည့်လိုက်တယ်..တရုတ်ရိုးရာအချက်အပြုတ်နည်းဖြစ်တဲ့ ကျောင်းဆု ချက်ပြုတ်နည်းကို..စွယ်စုံကျမ်းက ပေးပြီဆိုမှတော့ သူလက်ခံမှရတော့မှာပါ။
သို့ပေမယ့် လင်းဖန် ဒီ ချူးယွန်က ဘယ်ကကောင်မှန် စဉ်းစားလို့ မရသေးပါဘူး။
ငါတောင် မသိပဲနဲ့..မင်းက ငါ့ကိုဘာလို့ စောက်ရမ်း လေးစားချစ်ခင် နေရတာလဲကွာ...
ထပ်ပြောရရင် ဒီနာမည်ကြီးက ယောက်ျားနာမည်ကြီး အတိုင်းပါပဲ။
ချီးပဲ ယောက်ျားကြီးက လာချစ်နေတာလား..
အစီစဉ်တင်ဆက်သူဟာ လင်းဖန် ကြောင်တောင် တောင် ရပ်နေတာကို ကြည့်ပြီးသတိပေးလိုက်တယ်။
"မာစတာ လင်း အဆင်ပြေရဲ့လား."
လင်းဖန် အသိစိတ်ပြန်ဝင်လာကာ ရယ်မောလိုက်ပြီး..
"ပြေပါတယ်.."
သူ အရာရာတိုင်းကို လက်ခံရမှာဖြစ်ပေမယ့်လည်း ရှင်းလင်းအောင်တော့ လုပ်ရပါဉီးမယ်။
"ဒီမှာ ချူးယွန် ဆိုတဲ့ လူရှိလား မသိဘူး"
စင်အောက်က လူတွေဟာ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်တယ်။သူတို့ လင်းဖန်ပြောတဲ့ လူကို မသိကြပါဘူး။
ချူးယွန်ကဘယ်သူတုန်း..နောက်ထပ် လူကုန်ကူး သမားလားဟ...
လူတိုင်းဟာ ဘာတွေဖြစ်နေတာလဲ..ပတ်ဝန်းကျင်ကို ကြည့်လိုက်ကြပါတယ်။
"မာစတာ လင်း ..ကျွန်တော်က ချူးယွန်ပါ"
အဲ့အချိန်မှာပဲ အသံတစ်ခုက ထွက်ပေါ်လာခဲ့တာပါ။
လင်းဖန် ကြည့်လိုက်တဲ့ အချိန်မှာတော့..ငယ်ငယ်ရွယ်ရွယ်.တောက်ပတဲ့ အသားအရောင်နဲ့ သတင်းထောက်တစ်ယောက်ကို တွေ့လိုက်ရတယ်..။ဒါပေမဲ့ သူ့ကြည့်ရတာ အဲတာမျိူး စိတ်ဝင်စားမယ့် လူမျိုးတော့ မဟုတ်လောက်ပါဘူး။
ဘယ်လောက် ဒေါသထွက်ဖို့ကောင်းလဲ..
ဒီကောင်က ဘာကိစ္စ ဟင်းချက်တတ်နေရတာလဲ..။ဒါက ပြသနာမရှိသေးဘူး..ဒါပေမဲ့ ဒီကောင်က ဘာလို့ ငါ့ကိုလာပြီး လေးစားချစ်ခင် နေရတာလဲ...
လင်းဖန် စိတ်ပျက်နေခဲ့ပါပြီ..သူစားသောက်ဆိုင်ထဲမှာ ထိုင်ပြီး ချက်ပြုတ်မနေချင်ပါဘူး။အခုတော့ သူဒီလို လုပ်ရတော့မယ့် ကိန်းစိုက်နေပါပြီ.။
မေ့လိုက်တော့..အခြေအနေက ဒီလိုဖြစ်သွားမှတော့ ဘာတတ်နိုင်ဦးမှာလဲ....
မတ်တတ်ရပ်နေတဲ့ ချူးယွန်ကတော့..စိတ်လှုပ်ရှားနေလို့ပါ။မာစတာ လင်း သူ့နာမည််ကို သိနေလိမ့်မယ် လို့ မထင်ထားခဲ့ပါဘူး။သူဟာ ခံစားချက်ပြင်းထန်စွာ အော်ဟစ်လိုက်ပါတယ်။
"မာစတာ လင်း..ကျွန်တော် ခင်ဗျားကို တကယ်လေးစားတယ်။ကျွန်တော် ငယ်ငယ်တုန်းက ပြန်ပေးဆွဲ ခံခဲ့ရပြီး..မိသားစုနဲ့ ဆယ်စုနှစ်တွေကြာအောင်.ဝေးကွာခဲ့ရတာ။နောက်ပိုင်းမှာ ကူညီပေးခဲ့တဲ့ လူတွေရဲ့ ကျေးဇူးကြောင့် အိမ်ပြန်ရောက်ခဲ့ရတယ်လေ..။လူကုန်ကူးတဲ့ လူတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ မာစတာ လင်းလို လူမျိူးကိုတော့ ကျွန်တော်,ချူးယွန် .. အလေးစားဆုံးပဲ.."
လင်းဖန် ဆွံ့အသွားခဲ့တယ်။ဒီ ချူးယွန်က အကုန်ပြောသွားမှတော့ သူဘာမှ ထပ်ပြီး မပြောနိုင်တော့ပါဘူး။
မေ့လိုက်တော့..ဘာမှပြောမနေတော့ဘူး ...
"ကျေးဇူးပါ"
လင်းဖန် ချူးယွန်ကို ကျေးဇူးတင်လိုက်တယ်။တစ်ခါတစ်လေ..လူ လေးစားမူခံရတာကလည်း..ပြသနာပါပဲ။