နှိမ့်ချ...နှိမ့်ချပြီးနေ
Vol. 14 Ch. 207
ဂုဏ်ပြုအခမ်းအနားပွဲဟာ ပြီးဆုံးတော့မှာပါ။လင်းဖန်ဟာ စကားကို အဆုံးသတ်လိုက်ပြီး..ဆုကို လက်ခံရယူလိုက်တယ်..ဒီမှာ လက်မှတ် တစ်ခုတောင် ပါပါသေးတယ်။
ဒီ လက်မှတ်က ပြီးခဲ့တဲ့ တစ်ခေါက်က ရတဲ့ လက်မှတ်ထက် ပိုပြီး ကောင်းပါတယ်။ဒါက သူ့ရဲ့ နိုင်ငံသားကောင်း ပီသမူ အတွက် ဒုတိယ ဆုတံဆိပ် ပါ။
စင်အောက်တွင်။
လီရှောင်ရှမ်းဟာ လင်းဖန်ရဲ့ ပုခုံးကို ပုတ်လိုက်ပြီး..
"မင်းက တကယ်မယုံနိုင်စရာပဲ။ဘယ်လို ခံစားရလဲ.."
လင်းဖန် ပြုံးလိုက်တယ်။အစကတော့ သူ့ရဲ့ ခံစားချက်တွေ အတော်ကောင်းနေတာပါ..ဒါပေမဲ့ အခုတော့ ဘယ်လို ပြန်ဖြေရမလဲ မသိတော့ပါဘူး။
အရာရာတိုင်းက ရုတ်တရက် ကြီးဖြစ်ပျက်လာတာ ဖြစ်ပြီး..သူ မှတောင် မပြင်ဆင်နိုင်ခဲ့ပေ။
"ကောင်းတယ်..တကယ်မဆိုးဘူး"
လင်းဖန် ပြုံးပြီး ပြန်ဖြေလိုက်တာပါ။တစ်ချိန်တည်းမှာပဲ သူ ခြောက်ခုမြောက်စာမျက်နှာကို စစ်ဆေးကြည့်လိုက်တော့..သူ့စိတ်ထဲမှာ တကယ် ဆိုးတော့ မဆိုးဘူးလို့ ခံစားနေရပါတယ်။
လီရှောင်ရှမ်းဟာ ရယ်မောလိုက်တယ်။
"မင်းအကောင်းဆုံး လုပ်ခဲ့တယ်လို့ ငါခံစားရတယ်..။မင်းတော့ သိမှာမဟုတ်ဘူး..ငါ စင်ပေါ်တက်တုန်းကဆိုရင်.အောက်မှာက ခေါင်းဆောင်တွေ အများကြီး ရှိနေတော့..နည်းနည်း ကြောက်ရွံ့နေခဲ့တာ။မင်းအလှည့်ကျ တော့ အစီစဥ်တင်ဆက်သူ တောင် စကားသိပ်မပြောလိုက်ရဘူး။ထပ်ပြောရရင် တရုတ် ဗဟို ရုပ်မြင်သံကြား ရဲ့ သတင်းထောက်တွေကလည်း ဒီမှာရောက်နေတာလေ..ဒါကကျိန်းသေ.သတင်းထဲမှာ ပါလာမှာပဲ။ငါ ဒီနေ့ည သတင်းစောင့်ကြည့်ရမယ်..သူတို့ ဘယ်လို ရေးမလဲတော့ မသိသေးဘူး"
လင်းဖန်လည်း လိူက်ပြီး ရယ်မောလိုက်ပါတယ်။
"ခင်ဗျားက တကယ်ကျေနပ်နေတာပဲ..။ဟုတ်သားပဲ ကလေးတွေ ရဲပ မိသားစုတွေနဲ့ရော ဆက်သွယ် ရမိပြီလား..."
သူမေးလိုက်တဲ့ အချိန်မှာပဲ လီရှောင်ရှမ်းရဲ့ မျက်နှာဟာ မှိုင်သွားခဲ့တာ တွေ့လိုက်ရတယ်။လင်းဖန် အံ့သြသွားပြီး..
"ပြသနာ တစ်ခုခု ရှိနေလို့လား.."
လီရှောင်ရှမ်း ခေါင်းညိမ့်လိုက်တယ်။.
"ကိစ္စ အကြီးကြီးပဲ..။အခြေအနေတွေက တွေးထားသလောက်..ကောင်းကောင်းဖြစ်လာမှာမဟုတ်ဘူး။သူတို့က အစတုန်းကတော့ စိတ်လှုပ်ရှားပြီး ပျော်ရွှင်သွားကြသေးတယ်..ဒါပေမဲ့ သူတို့ကလေးတွေမှာ လက်တွေ ခြေထောက်တွေ..ချွတ်ယွင်းနေတာ တွေ့တော့..ငါ့ကို အတင်းတွန်းလွှတ်ပြီး..ကလေးတွေကို ပြန်ခေါ်သွားခိုင်းတယ်လေ.."
လင်းဖန် ဆွံ့အသွားခဲ့တယ်..ဝူတန်ဟီ ပြောတဲ့ စကားက ဒီလောက်အထိ တိကျနေလိမ့်မယ် ခိူ့ သူမထင်ထားခဲ့ပါဘူး။
"ဒါဆို အခုပြသနာက မိဘတွေက ပြန်မလို ချင်တော့တာပေါ့"
လီရှောင်ရှမ်းဟာ ကြည့်လိုက်ပြီး..
"တကယ်လို့ သူတို့မလိုချင်ဘူးဆိုရင် ..ငါတို့ ကလေးတွေကို မိဘမဲ့ ဂေဟာ မှာအရင်ပို့ ထားမှပြီး..သူတိူ့ မိဘတွေ စိတ်ပြောင်းလာအောင် စောင့်ရမှာပေါ့..။ဘာပဲဖြစ်ဖြစ် ကလေးတွေက မိဘတွေနဲ့ ရှိနေရင် အကောင်းဆုံးပဲလေ.."
"လောလောဆယ် ငါတို့ ကလေး ၃၈၅ ယောက်ရဲ့ မိသားစုတွေနဲ့ ဆက်သွယ် ပြီးသွားပြီ။သူတို့ထဲမှာ မိဘ ၆၀ လောက်ကပဲ..ပြန်လက်ခံဖို့ လိုလိုလားလား ရှိကြတယ်။တစ်ခြားကလေး အယောက် ၉၀၀ ရဲ့ မိသညးစုတွေကတော့ မတွေ့ရသေးဘူး..ဒါပေမဲ့ ငါတို့ အကောင်းဆုံးကြိုးစားနေပါတယ်။ဒီ ပမာဏက အချက်အလက်တွေ ပြန်လိုက်ရမှာ အတော်များတယ်လေ..။ငါတို့ အတော်အလုပ်ရှုပ်ကြရဦးမယ်..ဒီလူကုန်ကူးတဲ့ လူတွေက အတော်ရက်စက်ကြတာပဲ။တစ်ချို့ကလေးတွေ ဆိုရင် သုံးနှစ်..လေးနှစ် ပဲ ရှိကြသေးတယ်. ခြေတွေလက်တွေ ကျိုးနေကြပြီ။ပိုပြီး ဆိုးရွားတာက တစ်ချို့ကလေးတွေကို လျာဖြတ်ထားတာပဲ"
လီရှောင်ရှမ်းဟာ ပြောရင်းနဲ့ ဒေါသထွက်လာခဲ့ပါတယ်။သူ့စိတ်ထဲမှာတော့ ဒီလူကုန်ကူးတဲ့ လူတွေအကုန်လုံး ကို သေစေချင်နေတာပါ။ဒါပေမဲ့ ဒါက မဖြစ်နိုင်ဘူးဆိုတာ သူသိထားပါတယ်။
လင်းဖန် ဆက်ပြောလိုက်တယ်။
"လူကုန်ကူးသမား တွေရဲ့ အခြေအနေရော ဘယ်လို ရှိလဲ.."
"လူတွေအများကြီးကို တော့ ဖမ်းမိထားပြီ.ဒါပေမဲ့ သူတို့အများစုက..ထောင် နှစ်နဲ့ချီ ကျယုံလောက်ပဲ ဖြစ်မှာ ငါစိုးရိမ်မိတယ်။ဝမ်ရှန်းလို ခေါင်းဆောင် အဆင့်ကတော့..တစ်သက်တစ်ကျွန်း..ဒါမှမဟုတ်ရင် သေဒဏ်ပဲ ဖြစ်မှာပါ။ကျန်တဲ့ လူတွေအတွက်ကတော့..ပြောဖို့ ခက်တယ်..တရားသူကြီးတွေ ဘယ်လို အမိန့်ချမလဲ မသိဘူး"
လီရှောင်ရှမ်းက မသေချာစွာပြောလိုက်တာပါ။ဒီလို အဖြစ်အပျက်မျိုးကို ကြုံဖူးတာ ဒါက ပထမဆုံးပါပဲ။
လင်းဖန်ခေါင်းညိမ့်လိုက်တယ်။တစ်ချို့ လူတွေက သက်သာခွင့်ရကြမှာ ဖြစ်ပေမယ့်လည်း..တရားသူကြီးရဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်ပါတယ်။ဒီလို ကိစ္စတွေ အတွက်ကတော့..တရားသူကြီးတွေဟာ. မျှတစွာ လုပ်ဆောင် ပေးကြမှာပါ။
"ကြည့်ရတာ ဒီကလေးတွေက သနားဖို့ အတော်ကောင်းတာပဲ။သူတို့ မိဘတွေက ပြန်မလိုချင်ဘူးဆိုရင်..တစ်ခြားရွေးချယ်စရာ ရှိတော့မှာ မဟုတ်ဘူး.."
လီရှောင်ရှမ်းဟာ..လင်းဖန်ရဲ့. ပုခုံးကို ပုတ်လိုက်ပြီး..
"အရမ်းကြီး မတွေးနဲ့..ဒီကိစ္စကို ငါ့ဆီမှာ အပ်ထားလိုက်။အစိုးရက ဖြေရှင်းရမယ့် အရာပဲ"
လင်းဖန် ခေါင်းညိမ့်လိုက်တယ်..ဘာပဲဖြစ်ဖြစ် ဒါက.သူတို့အတွက် အောင်မြင်မူကြီးပါ။လူကုန်ကူသမား တွေလည်း ဒီကိစ္စကြောင့် လက်တွန့် သွားလောက်ကြပါပြီ။
အဲ့အချိန်မှာပဲ..သတင်းထောက်တွေ အုပ်စုဟာ ရှေ့ကို တက်လာခဲ့ပါတယ်။ချူးယွန် လဲ သူတို့ ကြားထဲမှာ ရှိနေခဲ့လို့ပါ။
သတင်းထောက် တစ်ယောက်ဟာ ပြောလိုက်တယ်။
"မဂ်လာပါ.မာစတာ လင်း။ကျွန်တော်က ဂေါင်မင် နေ့စဥ်သတင်းစာရဲ့..သတင်းထောက်ပါ။မေးခွန်းလေး နည်းနည်းလောက်မေးလို့ရမလား"
လင်းဖန် ခေါင်းညိမ့်လိုက်ပြီး..
"မေးလို့ရပါတယ်"
သတင်းထောက် : " မျက်နှာကို ပြပြီး ထွက်လာခဲ့တယ်နော်..။ဒီလူကုန်ကူးသမားတွေ..ပြသနာ လာရှာမှာ မကြောက်မိဘူးလား ခင်ဗျ"
လင်းဖန် ရယ်မောလိုက်ပြီး .
"သူတို့ ကျွန်တော် ဆီလာရင် တော့ အကောင်းဆုံးပေါ့ဗျာ.။အဖမ်းခံရသင့်တဲ့ လူတွေကို ကျွန်တော် ဖမ်းပေးပါ့မယ်"
သတင်းထောက်တွေဟာ မှတ်သားနေကြပြီး..တစ်ချိန်တည်းမှာပဲ မာစတာ လင်းကိုလေးစားနေကြပါတယ်။တကယ်လို့..တစ်ခြားတစ်ယောက်ယောက်ဆိုရင် ကြောက်ရွံ့နေကြမှာပါ။ဒါပေမဲ့ မာစတာ လင်းက လုံးဝ မကြောက်ရွံ့ပဲ..ဒါက အတော်ကို လေးစာစရာပါ။
လီရှောင်ရှမ်းဟာ ပြောလိုက်တယ်။
"အားလုံးပဲ..ကျွန်တော်တို့ မာစတာ လင်းကို ဒီလို အဖြစ်ခံမှာ မဟုတ်ပါဘူး။သူ့ရဲ့ လုံခြုံရေးကို အာမခံပါတယ်"
ချူးယွန်ဟာ ရှေ့ကို တက်လာပြီး..
"ခေါင်းဆောင်လီ..ကလေးတွေ ရဲ့ မိသားစု ဘယ်လောက်များများကို ဆက်သွယ် မိပြီလဲဗျ။ပြီးတော့ ကလေးဘယ်လောက်များများက..ရပ်ရက်စက်စက် မ ဆက်ဆံ ခံထားရပါသလဲ။ပြီးတော့ ကလေးတွေရဲ့ မိဘတွေကို ရှာမတွေ့ရင်ရော ဘယ်လို စီစဥ် ရမှာလဲ သိပါရစေ"
လီရှောင်ရှမ်း လက်ကို ဝေ့ယမ်းလိုက်ပြီး..
"ဒီကိစ္စကို နောက်ပိုင်း ကြေညာပေးပါ့မယ်။အခုကတော့ နံပါတ် တွေကို အတည်မပြုရသေးပဲ..အဖြေတာက ပိုကောင်းမှာပါ"
ပြီးတဲ့ နောက်မှာတော့ လင်းဖန်နဲ့ လီရှောင်ရှမ်းဟာ လူချင်းခွဲလိုက်ပါတယ်။ဒီ မှာရှိတဲ့ ခေါင်းဆောင်ကြီး တွေဟာ သူတို့ ရုံးကို ပြန်ရောက်လို့ ရှိရင်.အလုပ်ရှုပ်ကြရတော့မှာပါ။
ဒီ လူကုန်ကူးသမားတွေရဲ့ ဖြစ်စဥ်ဟာ အကုန်လုံး ခြုံကြည့်ရင် ကျေနပ်ဖို့ကောင်းပါတယ်။အပြင်ဘက်မှာ ကျန်နေသေးတဲ့..လူကုန်ကူးသမားတွေကလည်း..ဆုံးဖြတ်ချက်ချကြရတော့မှာပါ။
ကလေးတွေ အတွက်ကတော့ နောက်ထပ်ပြသနာ တစ်ခုပါ။သူတို့ မိဘတွေက လက်မခံတော့ ရင် သူတို့အတွက် တစ်ခုခုစီစဥ်ပေးရမှာပါပဲ။သူတို့ ကျွမ်းကျင်မူတစ်ခုခုကိုတော့ သင်ယူကြရမှာဖြစ်ပြီး..မဟုတ်ရင် သူတိူ့ အသက်ရှင်နေထိုင်ဖို့ လွယ်ကူမှာ မဟုတ်ကြပါဘူး။
တိမ်ဖြူလမ်း။
လင်းဖန် ပြန်ရောက် လာတာနဲ့ ဘေးနားက ဆိုင်းပိုင်ရှင်းများဟာ ဝိုင်းလာကြပါတယ်။
"ကြိုဆိုပါတယ် မာစတာ လင်း"
"ဒီနေ့ငါတို့ သူဌေးလေး စင်ပေါ်တက်ပြောတာကို နားထောင်ခဲ့ရတယ်။မယုံနိုင်စရာပဲ"
"ဟုတ်တယ်..ဘာလို့ မျက်နှာဖုံးတပ်ထားရမှာလဲ။ဒီ လူကုန်ကူးသမားတွေ ငါတို့ တိမ်ဖြူလမ်းကို လာရဲရင် လာကြစမ်းပါ။အကုန်ဝိုင်း ခုခံပြီး..ပြန်မထွက်နိုင်အောင် လုပ်ပေးလိုက်မယ်"
ဆိုင်ပိုင်ရှင်များဟာ လင်းဖန်နား ကပ်ပြီး မရပ်မနား ပြောဆိုနေခဲ့ကြပါတယ်။လင်းဖန်ကတော့ ရယ်မောနေလို့ပါ..တိမ်ဖြုလမ်းရဲ့ လေထုကတော့ လတ်တလောမှာ အကောင်းဆုံး အနေအထားပါပဲ။
အစ်မဟောင်ဟာ ပြောလိုက်တယ်။
"အကောင်းဆုံး လုပ်ခဲ့တယ် သူဌေးလေး"
လင်းဖန် သူမကလေးကို ကယ်ပေးပြီး ကတည်းက အစ်မဟောင်ဟာ လင်းဖန်ကို ကယ်တင်ရှင်တစ်ယောက်လို ဆက်ဆံနေခဲ့တာပါ။
မာစတာ လင်းက ဘာမှ မတောင်းဆိုပေမယ့်လည်း သူတို့ရဲ့ လေးစားမူကို အကြီးအကဲ ခွေးနီကိုးလပ် အပေါ်မှာ ပြသထားကြပါတယ်။လက်ရှိအချိန်မှာ အကြီးအကဲ ခွေး နီကိုးလပ်က.. တိမ်ဖြူလမ်းရဲ့ မင်းသားလေး ပါပဲ။
ဒါပေမဲ့ အကြီးအကဲခွေး နီကိုးလပ်က သူ့ရဲ့ အကြံအစည်ကြီးကို ဘယ်တော့မှ မအောင်မြင်သေးပါဘူး။သူ အကောင်သေးနေတာကို လုံးဝစိတ်ပျက်နေခဲ့ပါပြီ။
ဝူယူလန်ဟာ ပြုံးပြီးပြောလိုက်တယ်။
"မာစတာ လင်း အရမ်းမိုက်တာပဲ"
လူလိမ် ထျန်ဟာ ခေါင်းယမ်းလိုက်ပြီး..
"ငါဘယ်တော့မှ တစ်စုံတစ်ယောက်ကို..မလေးစား ဖူးဘူး.။ဒါပေမဲ့ မာစတာ လင်းကိုတော့ လေးစားတယ်"
ကျောက်ကျန်းယန်ဟာ..သူ့ရဲ့ သူ့ဖုန်းကို မာစတာလင်းရဲ့ ဘက်ကို လှည့်လိုက်ပြီး ပြောလိုက်တယ်။
"အားလုံးပဲ ကြည့်လိုက်ကြဦး.. ငါတို့ရဲ့ မာစတာ လင်း ပြန်လာပြီ"
အားလုံးရဲ့ အလယ်မှာတော့..လင်းဖန်ဟာ ပြုံးပြီး လက်ဝေ့ယမ်းပြနေခဲ့ပါတယ်။
နိမ့်ချနေရမယ်....နိမ့်ချနေမှရမယ်။