← Chapters

ကြောက်လန့်စရာ သုံးစက္ကန့်

Vol. 14 Ch. 208

ကြောက်လန့်စရာ သုံးစက္ကန့်

Vol. 14 Ch. 208

ညဘက်မှာတော့..လင်းဖန် ဘယ်မှ မသွားဖြစ်ပါဘူး။သူ TV ရှေ့မှာပဲ ထိုင်ပြီး ကြည့်နေခဲ့ပါတယ်။သူက သတင်းထဲမှာ ပါတော့မှာဆိုတော့...ဒါကတကယ်စိတ်လှုပ်ရှား စရာပါ။

ဒါက သူ တရုတ် ဗဟို ရုပ်မြင်သံကြား(CCTV)မှာ ပထမဆုံး ပါဝင်တာဖြစ်ပြီး ..တကယ်လို့သာ သူ စိတ်မလှုပ်ရှားဘူးလို့ ပြောရင် လိမ်ညာရာ ကျပါလိမ့်မယ်။

ဒီ လူကုန်ကူးမူ ဖြစ်စဥ်ဟာ အားလုံးကို တုန်လှုပ်စေခဲ့ပါတယ်။နိုင်ငံခြားသတင်းစာတွေကတောင် ဖော်ပြနေတဲ့ အချိန်မှာ နိုင်ငံသတင်းဌာန ပါလာတာက ပုံမှန်ပါပဲ။

အချိန်ကျပြီ။

TV ကနေ ရင်းနှီးတဲ့..အသံတစ်ခုကို ကြားလိုက်ရတယ်။တစ်ချိန်တည်းမှာပဲ စခရင် ပေါ်မှာ စကားလုံးတွေ ပေါ်လာလို့ပါ။

"&tv "

"သတင်း အသစ်"

အစီစဥ် တက်ဆက်မည့်..ယောက်ျားလေးနဲ့ မိန်းကလေးဟာ သူတို့ရှေ့မှာ သတင်းအချက်အလက်တွေကို ကိုင်ထားလို့ပါ။

ယောက်ျားလေး အစီစဥ် တင်ဆက်သူဟာ နှုတ်ဆက်လိုက်တယ်။

"မဂ်လာ ညချမ်းပါ"

"ဒီနေ့ရဲ့ အစီစဥ်မှာပါဝင်တဲ့ ခေါင်းကြီးသတင်းတွေကတော့ : BRICS ထိပ်တန်း ခေါင်းဆောင်ပိုင်း အစည်းအဝေးမှာ..နိုင်ငံခြား စစ်တပ်အကြီးအကဲဟာ နိုင်ငံကိုယ်စားပြုမယ့် သတင်း။ဂျီရှန်း မှာ သိပ္ပံဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မူတွေ ရှိနေတဲ့ သတင်း .။ရှန်ဟိုင်း ရဲဌာနဟာ အရှေ့မြောက်ပိုင်း ရဲဌာန နဲ့ ပူးပေါင်းပြီး လူကုန်ကူးမူ အဖွဲ့အစည်းကြီးကို ဖမ်းဆီးတဲ့ သတင်း။ရှန်းဟိုင်း အခမ်းအနားကျင်းပတဲ့ ခန်းမကြီးမှာ ဂုဏ်ပြုချီးမြင့်ပွဲ ကျင်းပတဲ့ သတင်း. တွေပဲ ဖြစ်ပါတယ်"

လင်းဖန်ဟာ TV ကိုပဲ အာရုံစိုက်ကြည့်နေခဲ့တာပါ..အစီစဥ်ကြေညာသူ သတင်းကြေ ညာတဲ့ အချိန်မှာ သူပိုပြီး တောင် စိတ်လှုပ်ရှားလာခဲ့ပါတယ်။

လာနေပြီ..နောက်ဆုံးတော့ လာနေပြီ...

သူ့ကိုယ်သူ TV ထဲမှာ မြင်ရတော့မှာ ဖြစ်ပြီး..ဘယ်လို ရုပ်ရည် ရှိမလဲ ဆိုတာ စိတ်ဝင်စားနေခဲ့ပါပြီ။

လင်းဖန် သူ့ပုံ tv မှာ လာတဲ့ အချိန်ကျရင် သူ့မိဘ တွေကို ပြောဖို့တောင် ပြင်ဆင်ထားပြီး..သူတို့ရဲ့ သားလေး ဘယ်လောက်တောင် လေးစားဖို့ကောင်းလဲ ဆိုတာ ပြောချင်နေခဲ့ပါတယ်။

ဒါပေမဲ့ သေချာတွေးကြည့်ပြီးတဲ့ နောက်မှာ သူမပြောပြတာ ပိုကောင်းမယ်ဆိုတာ သဘောပေါက်လိုက်တယ် .သူသာ ပြောလိုက်ရင် သူ့မိဘတွေ သူ့အတွက် စိုးရိမ်နေတော့မှာပါ။

သူ ဆိုဖာ ပေါ်မှာ ဂုဏ်ယူစွာ ထိုင်ရင်း ကြည့်နေခဲ့တယ်။

သိပ်မကြာခင်မှာပဲ အစီစဥ်ဟာ ရောက်လာပြီးသူ့မျက်နှာ ဟာ ပေါ်လာပါတော့တယ်။

ဒါပေမယ့်..

"#လား ...သူတို့ ငါ့မျက်နှာကို ဘာလို့ ခနလေးပဲ ပြသွားတာလဲ..။ဒါက သုံးစက္ကန့်တောင် ပြည့်ရဲ့လားကွာ..ချီးပဲ"

သူက မျှော်လင့်ချက်တွေ အပြည့်နဲ့ စောင့်ဆိုင်းနေခဲ့တာပါ။ရလာဒ်ကတော့ တကယ်ဝမ်းနည်းစရာပါပဲ။

"သူတို့ တမင်လုပ်တာလား..ချီးပဲ.။ငါ စင်ပေါ်မှာ အများကြီး ပြောပြီး..အံ့သြစရာတွေ လုပ်ပြထားခဲ့တာလေကွာ.။ဘာလို့ သုံးစက္ကန့် ထဲလဲ.."

လင်းဖန် TV ကို သွားပိတ်လိုက်တယ်။နောက်ဆက်တွဲ အကြောင်းအရာတွေမှာ သူ့မျက်နှာ ပါမှာ မဟုတ်တော့ပါဘူး။

မေ့လိုက်တော့...

ဒါက သုံးစက္ကန်ထဲ ဆိုရင်တောင် သူသတင်းမှာ ပါဖူးသွားပြီဖြစ်ပြီး..ဂုဏ်ယူစွာ ပြန်ပြောလို့ရပါတယ်။

သူ မျက်နှာသစ် ..သွားတိုက်ကာ စိတ်ပျက်စွာ နဲ့ အိပ်ယာ ဝင်လိုက်ပါတယ်။

နောက်တစ်ရက်။

အင်တာနက်ပေါ်တွင်တော့။

လူကုန်ကူးမူ ဖြစ်စဥ်က လူပြောများတဲ့ အကြောင်းအရာ တစ်ခုအဖြစ်ရှိနေဆဲပါ။ဒီကိစ္စဟာ ရှာဖွေမူများနေပြီး..အထူးသဖြင့် ဝိုက်ဘိုပေါ်မှာပါ။

လင်းဖန် ခွေးတွေ နဲ့ စကားပြောနေတဲ့ ဗီဒီယိုဖိုင်ဟာလည်း ပြန်ပြင်ဆင်ထားပြီးနောက်မှာ လူကြည့်များ နေခဲ့ပါတယ်။

"ချီးပဲ ဒီကောင်လေးက စောက်ရမ်းကြမ်းလွန်းတယ် ..။ဖော်မာဆန် ခွေးမျိူးတွေ က ဥာဏ်ရည်နိမ့်တယ် လို့ မပြောထားကြဘူးလား။ကြည့်ရတာ ဖော်မာဆန်ခွေးက ဘာလို့ ငါ့ထက် ဥာဏ်ကောင်းတဲ့ ပုံစံ ပေါက်နေရတာလဲ"

"အနာဂတ်ကျရင် ငါ့ရှေ့မှာ တစ်ယောက်ယောက်က ဖော်မာဆန်ခွေးတွေက ဥာဏ်ရည် နိမ့်တယ်လို့ပြောရင် သူ့မျက်နှာကိုဖြတ်ရိုက် ပစ်လိုက်မယ်။ဒီ ဗီိိဒီယို ထဲက ဖော်မာဆန်ခွေးကို လည်း ကြည့်ဦး ...ဘယ်ခွေးမှတောင် သူ့ကို ယှဥ်နိုင်မှာမဟုတ်ဘူး"

"ဟားဟား..မာစတာ လင်းကတော့ မာစတာ လင်းပဲ။ဒီကိစ္စမှာလည်း ပါနေလိမ့်မယ်လို့ မထင်ထားဘူး"

.....

ရထားဘူတာတွင်။

"ဒီကောင်လေးက သောက်ရမ်းမိုက်တယ်"

"ဟုတ်တယ် .လူကုန်ကူးသမားတွေ ဒီလောက်ဆိူးရွားမယ်လို့ မထင်ထားဘူး။သူ့တို့သာ မဖော်ထုတ်ရင် ယုံကြည်နိုင်မှာတောင် မဟုတ်ဘူး"

"အားလုံးပဲ မြင်တယ်နော်..နောက်တစ်ခါလမ်းတွေမှာ ကလေးကို ပြပြီး ပိုက်ဆံတောင်းနေတာ မြင်ရင် ရဲကို အကြောင်းကြားတာ အကောင်းဆုံးပဲ"

"ဒီ မာစတာ လင်းက ရှန်ဟိုင်း တိမ်ဖြူလမ်းက မလား။အချိန်ရရင် သွားလည် ကြည့်ရဦးမယ်"

....

ဝိုက်ဘိုတွင်။

တစ်ချို့ ခွေးမျိုးတွေအကြောင်း..လေ့လာတဲ့ ပညာရှင်များဟာ။

"ဖော်မာဆန် ခွေးမျိုးတွေက ခွေးတွေကြားထဲမှာ ဥာဏ်ရည် အတော်နိမ့်တယ် ဆိုတာ အားလုံး အသိဆုံးပဲ။ဒီ ဗီဒီယို ထဲကလို ဥာဏ်ကောင်းဖို့ ဆိုတာက မဖြစ်နိုင်ဘူး။အခုလို ခွေးနဲ့ စကားပြောဖို့ ဆိုတာက ပိုတောင် မဖြစ်နိုင်သေးတယ်။အားလုံးသိထားတဲ့ အတိုင်းပဲ..လူတွေဟာ ခွေးတွေနဲ့ ဆက်သွယ် ချင်တဲ့အချိန်မှာ အထပ်ထပ် အခါခါ လေ့ကျင့်ပေးရတယ်..ဒါမှ ခွေးတွေက လိုက်လုပ်ပြီး ပြန်တုန့်ပြန်တာ။ဒါကြောင့် ဒီဗီဒီယိုက ဘာမှမဟုတ်ဘူး..အတုအယောင်ကြီးပဲ.."

"ယီးပဲ..ဒီပရော်ဖက်ဆာက ပါးစပ်မှာ တစ်ခုခုဖြစ်နေတာလား။မင်းပြောချင်တိုင်း လျောက်ပြောလို့ မရဘူး။ဒီ ဖော်မာဆန်ခွေးက..ဥာဏ်အရမ်းကောင်းပေမယ့်..မင်းလက်မခံနိုင်ဘူး ဖြစ်နေတာမလား.."

"ဒီ ဗီဒီယိုက အစ်ကိုယန် ရဲ့ တိုက်ရိုက်ထုတ်လွင့်မူကနေလာတာ..အဲ့တုန်းက ကြည့်နေတဲ့ လူတွေကလည်း အတော်များတယိ။အခု ခင်ဗျားက အတုကြီးလို့ ပြောနေတယ် ဆိုတော့ သွားသေလိုက်တော့.."

"လူတိုင်းပဲ..သူ့ကို အပြစ်မတင်နဲ့တော့..ဒီလို စောက်ရူးနဲ့ ပြိုင်ပြောနေလို့လဲ.အလကားပဲ"

"ဖော်မာဆန်ခွေးမျိုးတွေက..လူတွေအပေါ်မှာ အရမ်းသစ္စာရှိတယ်။မင်းသူ့ကို နေ့တိုင်းရိုက်နှက်နေရင်တောင် သူက ထွက်ပြေးမှာမဟုတ်ဘူး ..အဲတာ ငါ့ရဲ့ကိုယ်တွေပဲ။သူက မင်းအနားမှာ အမြီးလေး နှံ့ပြီး ရှိနေဦးမှာ။ငါ့မှာ အမွှေးပွခွေးလေးတစ်ကောင်ရှိတယ်..အရမ်းနာကျင်စရာကောင်းတာပဲ။သူ့ကို အစာကျွေးတဲ့ လူတိုင်းကို သခင်အဖြစ်သတ်မှတ်တာ။ငါ အလုပ်ကိစ္စရှိလို့ သူငယ်ချင်းနဲ့ သုံးလလောက် ထားခဲ့ပါတယ်..။အခုငါ့ကိုတွေ့တော့ ဂရုမစိုက်တော့ဘူး"

တိမ်ဖြူလမ်း။

လင်းဖန် ဆိုင်ကို အစော ထွက်လာခဲ့တာပါ။ဒီနေ့မှာတော့ ထူးထူးခြားခြား လူတွေပိုများနေခဲ့ပါတယ်။လင်းဖန် ရောက်တာနဲ့ လူတွေအားလုံးဟာ နှုတ်ဆက်လိုက်ကြပါတယ်။

"သူဌေးလေး...ငါညတုန်းက သတင်းကြည့်နေတာ မင်းမျက်နှာကို သုံးစက္ကန့်လောက် မြင်လိုက်ရတယ်။ဒါက စောက်ဆန်းကြီးနော်"

"ဟုတ်တယ် ငါအစတုန်းက သတိမထားမိဘူး..သတင်းနောက်တစ်ကြိမ်ပြန်လာမှ..သူဌေးလေးရဲ့ မျက်နှာကို တွေ့လိုက်ရတာ..။တကယ်မဆိုးဘူး"

လင်းဖန်ဟာ ရှက်ကိုးရှက်ကန်းရယ်မောနေခဲ့ပါတယ်။ဒီလူတွေက သူ့ကို ချီးကျူးနေတယ် ဆိုပေမယ့် လည်း သုံးစက္ကန့်ကနေ မလွတ်ပါဘူ။

လူလိမ် ထျန်ဟာ လည်း ပျော်ရွှင်စွာ ရယ်မောနေခဲ့တယ်။ဒီကလေးက တကယ်မဆိုးဘူးလို့ သူလည်း ခံစားရပါတယ်။

သူချီးကျုးမခံရပေမယ့်..လင်းဖန် ချီးကျူးခံရတာကလည်း..သူချီးကျူးခံရသလိုပါပဲ။

လူလိမ် ထျန်ဟာ နှလုံးသားကြီးတော့ ..ကြံဖန်ပြီး အကောင်းမြင်တွေးတတ်တာပါ။

*ဆူညံ့သံများ*

အဲ့အချိန်မှာပဲ သိပ်မဝေးတဲ့ နေရာကနေ အသံတွေ ကြားလိုက်ရပါတယ်။ကြည့်ရတာ အဲ့မှာ ခြ​ေသ့် အကကနေသလိုပါပဲ။

လူအုပ်ကြီးဟာ ဘာတွေဖြစ်နေလဲ သံသယဖြစ်စွာ လှမ်းကြည့်လိုက်တယ်။

လူလိမ် ထျန် လည်း စိတ်ဝင်စားသွားပြီး..

"ဘာတွေဖြစ်နေတာလဲ..ဆိုင်အသစ်ဖွင့်လို့လား.."

လင်းဖန် ခြေဖျားထောက်ပြီး ကြည့်လိုက်တယ်။ဝမ်မင်ယန် နဲ့ ယန်ရူရန် တို့ဟာ လာနေကြပြီး..သူတို့နဲ့ အတူ .ခြ​ေသ့်က ကနေတဲ့ အဖွဲ့ကြီးပါ ခေါ်လာခဲ့တာပါ။

စောက်ကျိုးနဲ သူတို့ ဘာလုပ်နေကြတာလဲ....

ဝမ်မင်ယန်ဟာ အနားရောက်တဲ့ အချိန်မှာ ပြုံးလိုက်ပြီး..

"ငါမနေ့က သတင်းထဲမှာ ကြည့်ပြီးသွားပြီ။သတင်းထဲမှာ မင်းက အံ့သြစရာပဲ"

လင်းဖန် ရှက်ကိုးရှက်ကန်းဖြင့်..ပြောလိုက်တယ်။

"ခင်ဗျား ဘာလုပ်နေတာလဲ"

ယန်ရှုရန်ဟာ ရှေ့ကို တက်လာပြီး..

"ကောင်လေးဖန် ..ဒါက အသက်ရှင်မူရဲ့ စိတ်လှုပ်ရှားစရာပဲ..။မင်းက အကောင်းဆုံး လုပ်ခဲ့တာ ဆိုတော့ ငါတို့ ဂုဏ်ပြုပေးရမယ်လေ.."

လင်းဖန် အလျင်အမြန်ပြောလိုက်တယ်။

"ဒါက ဒီလောက်အထိလဲ မလိုဘူးလေ..။မြန်မြန် သူတို့ကို ရပ်ခိုင်းလိုက်..တကယ်လို့ သတင်းတွေသာ ပျံ့နှံ့သွားပြီး အတိုင်ခံရရင်.ဒါကတကယ်မကောင်းဘူး"

ဘေးနားဝန်းကျင်က ဆိုင်ပိုင်ရှင်တွေဟာလည်း စတင်ပြောလိုက်ကြပါတယ်။

"ဘယ်သူက တိုင်မှာလဲ..ငါတို့က တိမ်ဖြူလမ်းရဲ့ ဆိုင်ပိုင်ရှင်တွေပဲ။ဘယ်သူမှ မတိုင်ဘူး"

"ဟုတ်တယ်..ဒါက.ပျော်ရွှင်စရာ ကိစ္စပဲ။တစ်ကယ်လို့ တစ်ယောက်ယောက်တိုင်ရဲရင် ငါတို့နဲ့ တွေ့မယ် .။မဟုတ်ဘူးလား..အားလုံးပဲ"

"ဟုတ်တယ်"

လူအုပ်ကြီးဟာ ဝိုင်းအော်လိုက်ကြပါတယ်။

တိမ်ဖြူလမ်းက အရင်တုန်းက မဆိူးပေမဲ့လည်း..ဒီလို တော့ ဘယ်တုန်းကမှ မစည်ကားခဲ့ပါဘူး။

စီးပွားရေးတွေ ပိုကောင်းလာရုံသာမက ပိုပြီးလည်း အသက်ဝင်လာခဲ့ပါတယ်။အရင်တုန်းက ဆိုရင် ဆိုင်ရှင်တွေကလည်း တစ်ယောက်နဲ့ တစ်ယောက် မရင်းနှီးကြပဲ..စကားတောင် အချင်းချင်း မပြောကြပေ။

ဒါပေမဲ့ အခုတော့ ကွာခြားသွားပါပြီ။သူတို့က ရုတ်တရက်ကြီး ရင်းနှီးသွားကြသလိုပါပဲ။

တစ်ခါတစ်လေဆိုရင်..တစ်ယောက်ဆိုင်မှာ တစ်ယောက်စားကြပြီး..တကယ်ကို ကြည်နူးစရာပါ။

လင်းဖန်ကတော့ ဘာမှမပြောနိုင်တော့ပေ။

မင်းတို့ ​ပျော်နေသ၍ လုပ်ချင်တာသာ လုပ်ကြပါကွာ....

All Chapters