မာစတာ လင်း ချက်ပြုတ်ပြီ
Vol. 14 Ch. 209
အပြင်ဘက်မှာ ယောက်ယက်ခတ်နေခဲ့ပါတယ်။
လင်းဖန် ဝမ်မင်ယန်ရဲ့ အမူအရာကို ကြည့်ပြီးတစ်ခုခု မမှန်တာကို ခံစားမိလိုက်တယ်။သူ့ကြည့်ရတာ တစ်ခုခု ကြံစည်နေတဲ့ ပုံပါပဲ။
"ခင်ဗျား ကျုပ်ကို ဘာလို့ အဲလို ကြည့်နေတာလဲ..။ကျုပ်ဆီက တစ်ခုခု လိုချင်နေသလို ခံစားနေရတယ်"
လင်းဖန် ဝမ်မင်ယန် အကြောင်း ကောင်းကောင်းသိပါတယ်။ဒီလူက အတော် လိမ်မာပါးနပ်တဲ့ လူပါ။အခုလည်း သူ့ရဲ့ အကြည့်တွေက တစ်ခုခုလိုချင်နေတဲ ပုံပါပဲ။
ဝမ်မင်ယန်ဟာ ရယ်မောလိုက်ပြီး..
"ညီအစ်ကို ငါမင်းကို ပြောစရာရှိတယ်။လက်ရှိအခြေအနေ အရ မင်းက ဆယ်လီ တစ်ယောက် မဟုတ် ပေမဲ့ လည်း ပရိတ်သတ်တွေ များနေပြီလေ။နောက်ဆိုရင်လည်း ပရိတ်သတ်တွေက ပိုပို တိုးလာဦးမှာ..။ငါတို့က ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတော့..မင်းကို ငါ့ကုမ္ပဏီမှာ ထွက်မယ့် ကုန်ပစ္စည်း အသစ်တွေရဲ့ သံတမန် ခန့်ရင် ကောင်းမလားလို့"
လင်းဖန် ဒီကိစ္စက မကောင်းနိုင်ဘူး ဆိုတာ နားလည်လိုက်ပါတယ်။
"ခင်ဗျား ကျုပ်ကို ပိုက်ဆံပေးမှရမှာပေါ့။ပြီးတော့ A အဆင့် ဆယ်လီတွေထက်တောင် ပိုပေးရမှာနော်..။ဒါက ဒေါ်လာ ဆယ်သန်း ..သန်းနှစ်ဆယ်ထက် နည်းနေရင် စဥ်းတောင် မစဥ်းစားနဲ့"
ဝမ်မင်ယန် ဟာ မျက်လုံးပြူးသွားပြီး..လင်းဖန်ရဲ့ စကားကြောင့် နာကျင်သွားခဲ့ပါတယ်။
"ချီးပဲ..ငါတို့ ဆက်ဆံရေးက ဒီလောက်ပဲ ရှိတာလားဟ.."
လင်းဖန် ရယ်မောလိုက်ပြီး..
"ဒါက ရင်းနှီးလို့ လျော့ယူထားတာလေ..တစ်ခြားလူသာ ဆို ဒီလောက်နဲ့မရဘူး"
ဝမ်မင်ယန် မျက်လုံးမြင့်တက်သွားပြီး ပြောလိုက်တယ်။
"ဘယ်သူက မင်းကို ဒီစျေးနဲ့ ခေါ်ရဲမလဲ.."
လင်းဖန် ပုခုံးတွန့်လိုက်တယ်..ဒါက ပြောဖို့ ခက်ခဲတဲ့ အရာပါ။
* ကလင် ကလင် *
ဖုန်းမြည်လာခဲ့ပါတယ်။ဒါက အဆင့်မြင့်ကျားသစ် လက်ဗွေစနစ် တံခါး ကုမ္ပဏီက အကြီးအကဲ ကျုံးမင် ခေါ်တာပါ။
လင်းဖန် ဒီလူ ဘာပြောချင်လဲ မသိပေမယ့် ဖုန်းကိုင်လိုက်ဖို့သာ တတ်နိုင်ပါတော့တယ်။
လင်းဖန် : "အကြီးအကဲ ကျုံး..ရုတ်တရက်ကြီး ဘာလို့ ဖုန်းခေါ်တာတုန်း"
အကြီးအကဲ ကျုံးရဲ့ ရယ်မောတဲ့ အသံဟာ ဖုန်းထဲကနေ ထွက်ပေါ်လာခဲ့ပါတယ်။
"ဂုဏ်ယူပါတယ် မာစတာ လင်း။လူကုန်ကူးမူ အဖွဲ့အစည်းကို ဖော်ထုတ်ပေးနိုင်တဲ့ အတွက်"
"ဒါက ဘာမှ မဟုတ်ပါဘူးဗျာ.."
လင်းဖန် ပြန်ပြောလိုက်တာပါ။
အကြီးအကဲ ကျုံးဟာ ပြောလိုက်တယ်။
"မာစတာ လင်း..အဲ့နေ့က ကျွန်တော်ပြန်ရောက်ပြီး..ဒီပညာ အဖွဲ့တွေနဲ့ ထုတ်ကုန်အသစ်အတွက်တိုင်ပင်ခဲ့တယ်။တကယ်လို့ မာစတာ လင်းသာ အားရင် ကျွန်တော် တို့ ကုန်ပစ္စည်းတွေရဲ့ သံသမန်အဖြစ် လာဆွေးနွေး ပေးနိုင်မလား..လစာကို စိတ်ကျေနပ်အောင် လုပ်ပေးပါ့မယ်"
"ကြည့်ရတာ တစ်ယောက်ယောက်က ကျွန်တော်ကို အလုပ်ခေါ်နေပြီ ထင်တယ်"
လင်းဖန် ဝမ်မင်ယန်ကို ကြည့်ကာ ပြောလိုက်တယ်။ပြီးမှ အကြီးအကဲ ကျုံးကို ဖုန်းထဲကတဆင့်..
"အကြီးအကဲ ကျုံး, ကျွန်တော် စဥ်းစား ပါရစေဦး.။ဘာပဲဖြစ်ဖြစ် ကျွန်တော်က ဆယ်လီ တစ်ယောက်မဟုတ်တော့..ဒါမျိုးတွေမှာ အတွေ့အကြုံ မရှိသေးဘူးလေ.."
အကြီးအကဲ ကျုံး, "ကောင်းပါပြီ ကောင်းပါပြီ။အလျင်မလိုပါဘူး..စဥ်းစားလိုက်ပါဦး မာစတာ လင်း"
လင်းဖန် ခေါင်းညိမ့်လိုက်ပြီး..
"ကောင်းပါပြီ..ဘာမှ မရှိတော့ရင် ဖုန်းချလိုက်ပြီနော်.."
ဖုန်းချပြီးနောက်။
လင်းဖန် ဝမ်မင်ယန်ကို ဂုဏ်ယူစွာ ကြည့်လိုက်ပြီး..
"တွေ့တယ်မလား..အလုပ်ကမ်းလှမ်းတာ.."
ဝမ်မင်ယန် လက်မထာင်ပြကာ ပြောလိုက်တယ်။
"မင်းက တကယ့်ဆရာကြီးပဲ။ကောင်းပြီလေ..မင်းနောက်တစ်ခါ ငါ့ရဲ့ သံတမန်လုပ်ရမယ်။အခုကတော့ ငါအကုန်စီစဥ်ပြီးသွားပြီ..နေ့လည်စာ အတူတူစားကြမယ်"
လင်းဖန် ခေါင်းညိမ့်လိုက်ပြီး..
"ကောင်းပြီ..ဒီဆိုင်ပိုင်ရှင်တွေ လိုက်ချင်လား မေးလိုက်ဦးမယ်..လိုက်ချင်ရင် သူတို့ပါခေါ်ကြတာပေါ့"
ဝမ်မင်ယန်ဟာ ပြုံးလိုက်ပြီး..ပြောလိုက်တယ်။
"ငါ စီစဥ်ပါ့မယ်..မင်းစိတ်ပူစရာမလိုဘူး။ဒါက နေ့လည်စာလေးပဲလေ ဘယ်လောက်ကုန်ကျနိုင်မှာမလို့လဲ.."
ပြီးတဲ့နောက်မှာ လင်းဖန်ဟာ လူလိမ် ထျန်ကို အချက်ပြကာ ပန်ကိတ်တွေ လုပ်ဖို့ စတင်လိုက်ပါတော့တယ်။
.....
နေ့လည်ဘက်။
ဝမ်မင်ယန်ဟာ အကုန်လုံးကို စီစဥိထားပြီး..ဆိုင်ပိုင်ရှင် အများစုဟာလည်း ပါဝင်ဖို့ သဘောတူခဲ့ကြပါတယ်။
ဒီမှာစားပွဲခုံတွေ တန်းစီ ချထားပြီး အတော် ရင်းနှီး အသက်ဝင်နေလို့ပါ။
လင်းဖန်ကတော့ သူ့ရဲ့ ခြောက်ခုမြောက် စာမျက်နှာက စွမ်းရည်ကို ဘယ်လို အသုံချရမလဲ..စဥ်းစားနေခဲ့ပါတယ်။တရုတ် ဟင်းချက်နည်း ရှစ်မျိုးထဲက..ကျောင်းဆု ဟင်းချက်နည်း။
သူတကယ်ပဲ စမ်းသပ်ချင်နေပြီး..အခုရောက်နေတာကလည်း စားသောက်ဆိုင်မှာ ဆိုတော့ ပိုတောင် စမ်းသပ်ချင်မိပါသေးတယ်။
သူ ဝမ်မင်ယန် ရဲ့ ပုခုံးကို ပုတ်လိုက်ပြီး..
"ခင်ဗျား ဒီဆိုင် ပိုင်ရှင်နဲ့ သိလား.."
ဝမ်မင်ယန်ဟာ ခေါင်းညိမ့်လိုက်တယ်။
"သိတယ်လေ..ဘာဖြစ်လို့လဲ.."
လင်းဖန် ပြုံးလိုက်ပြီး..
"ကျွန်တော် အကုန်လုံးအတွက်..ကိုယ်တိုင်.ဟင်းတွေချက်ပေးမယ်."
ဝင်မင်ယန် အံ့သြသွားခဲ့တယ်။
"မင်းက ဟင်းချက်တတ်လို့လား.."
"ဘာဖြစ်လို့လဲ..ခင်ဗျားကျုပ်ကို အထင်သေးတာလား.."
လင်းဖန် စနောက်လိုက်တာပါ။
ဝမ်မင်ယန်ဟာ ရယ်မောကာ ပြောလိုက်တယ်။
"ကောင်းပြီ ..ငါမင်းကို မီးဖိုခန်းထဲ ခေါ်သွားမယ်..။မင်းချက်တော့ ချက်ရမယ်..ဒါပေမဲ့ ဆိုးရွားတာတွေတော့ မလုပ်နဲ့နော်"
ဆိုင်ပိုင်ရှင်များဟာ သံသယဖြစ်စွာဖြင့်..
"မာစတာ လင်း ဘယ်သွားမလို့လဲ.."
ဝမ်မင်ယန်ဟာ ရယ်မောကာ ပြန်ဖြေလိုက်တယ်။
"မာစတာ လင်းက မင်းတို့အတွက် ကိုယ်တိုင် ဟင်းချက်ပေး ချင်လို့တဲ့.."
"မာစတာ လင်းက ချက်ပြုတ်တတ်လို့လား.."
"အဆန်းကြီးပဲ.."
"သူဌေးလေးရဲ့ ပန်ကိတ်က အရသာအရမ်းရှိတယ်နော်..။သူဟင်းချက်တာ ဘယ်လို နေမလဲ မသိဘူး"
လင်းဖန် ရယ်မောလိုက်ကာ..
"ကျွန်တော် နည်းနည်းပါးပါးပဲ ချက်တတ်တာပါဗျာ..။ဒီနေ့ အားလုံးက ပျော်ရွှင်နေတော့ ကျွန်တော်ကိုယ်တိုင် ချက်ပေးချင်လို့ပါ"
ဆိုင်ပိုင်ရှင်တစ်ယောက်ဟာ ရယ်မောကာ ပြန်ပြောလိုက်တယ်
"တကယ်တော့ မာစတာ လင်း ကျွန်တော်တို့ကို ပန်ကိတ် တစ်ယောက်တစ်လုံး လုပ်ပေးရင် အကောင်းဆုံးပဲ"
.....
မီးဖိုခန်း ထဲတွင်။
ဝမ်မင်ယန် : "အစ်ကို ကျန်း ..ကျွန်တော့် ညီအစ်ကို က ဟင်းအနည်းငယ် ချက်ချင်လို့..။အဲတာ အဆင်ပြေလောက်လား.."
ဆိုင်ပိုင်ရှင်ဟာ ဒါကိုကြားပြီး ပြုံးလိုက်တယ်။
"အကြီးအကဲ ဝမ် ဖြစ်စေချင်တယ်ဆိုရင်..အဆင်မပြေရင်တောင် ပြေအောင် လုပ်ပေးမှာပေါ့ဗျာ"
ဝမ်မင်ယန် ရယ်မောလိုက်ပြီး..
"ကျေးဇူးပါ.."
မီးဖိုခန်းတွင်တော့ လင်းဖန်ဟာ အနည်းငယ် ကြောက်ရွံ့နေခဲ့လို့ပါ။သူဟင်းချက်တာ ဒီတစ်ကြိမ်က ပထမဆုံး အကြိမ်ပါပဲ။သူစွယ်စုံ ကျမ်းအကြောင်း ကောင်းကောင်းသိပေမယ့်လည်း.သူ့မျက်စိရှေ့မှာ မြင်နေရတဲ့ ချက်ပြုတ်မူ နည်းပညာ အရတော့ ရိုးရှင်းမယ့်ပုံမရှိပါဘူး။
သူဌေး ကျန်းဟာ ပြောလိုက်တယ်။
"စာဖိုမှူးခေါင်းဆောင် လီ..ဒါက အကြီးအကဲဝမ်ရဲ့ ညီအစ်ကိုပဲ။သူက ဟင်းနည်းနည်းလောက် ချက်ပြုတ် ချင်လို့တဲ့ ကူညီပေးလိုက်ကြပါဦး"
စာဖိုမှူးခေါင်းဆောင်ဟာ ခေါင်းညိမ့်လိုက်တယ်။
"ဟုတ်ကဲ့ပါ သူဌေး"
ယင်းနောက် စားဖိုမှူးခေါင်းဆောင် လီ ဟာ လင်းဖန်ကို သံသယဖြစ်စွာကြည့်လိုက်ပါတယ်..ဒီလူငယ်လေး တွေလုပ်ဦးမလဲ မသိသေးပါဘူး။
သူ့အမူအရာကို ကြည့်ရတာတော့..မီးဖိုခန်းနဲ့ ရင်းနှီးတဲ့ ပုံစံလည်းရှိပုံမရပေ။ဒီကောင်လေး အပျော်လာရှာ တာပဲ ဖြစ်နိုင်ပါတယ်။
လင်းဖန် ဝမ်မင်ယန်ကို လက်ဝေ့ယမ်းပြလိူက်ပြီး..
"အရင်သွားပြီး စောင့်နေလိုက်။ကျွန်တော် ရိုးရှင်းတဲ့ ဟင်းပွဲတွေ ပြင်ဆင်ပေးမယ်.."
ဝမ်မင်ယန် ထွက်သွားပြီး နောက်မှာ လင်းဖန် စားဖိုမှူး အက်ျီကို ဝတ်ကာ လက်အရင်ဆေးလိုက်တယ်။သူ ပထမဆုံး ချက်ပြုတ်တာဆိုတော့ အနည်းငယ် စိတ်ပူနေခဲ့ပါတယ်။
သူ့ဟင်းတွေ ရဲ့ အရသာ ဘယ်လို ထွက်လာမလဲ ဆိုတာ မသိသေးပါဘူး။
စာဖိုမှူးခေါင်းဆောင် လီဟာ ဒီလူငယ်လေးက သာမန်လူ မဟုတ်မှန်း သိထားတော့ ယဥ်ကျေးစွာပဲ မေးလိုက်ပါတယ်။
"ပထမ ဆုံး ဘာဟင်းပွဲကို ပြင်ဆင်မှာလဲ ခင်ဗျ"
လင်းဖန်ပြုံးလိုက်ပြီး..
"ကျွန်တော် ရှဥ့်လိမ္မော် ငါးဟင်း ချက်မလို့..(လိမ္မော်ရောင် ငါးကို ကြော်ပြီး..အချိုအစပ် ဆော့နဲ့ ရောပြီး ချက်ပြုတ်မည့် ပုံစံ)"
စာဖိုးမှူး ခေါင်းဆောင် လီဟာ အံ့သြသွားခဲ့တယ်။
"ဒါက ကျောင်းဆု ချက်ပြုတ်နည်းထဲက စားကောင်းသောက်ဖွယ် တစ်ခုပဲ"
လင်းဖန် ခေါင်းညိမ့်ပြီး ရယ်မောလိုက်ပါတယ်။
"ဟုတ်တယ်..စားပွဲက ဆယ်ပွဲ ရှိတာဆိုတော့ ဆယ်ပွဲ ပြင်ရမှာ.."
စာဖိုးမှူး ခေါင်းဆောင်ဟာ ဆက်လက်ပြုံးရင်း ပြောလိုက်တယ်။
"ရှဥ့်လိမ္မော် ငါးဟင်းက..ဟင်းပွဲလုပ်ဖို့ အတော်ခက်ခဲတယ်။ဒီ ဟင်းပွဲကို ပြင်ဆင်ဖို့ ဆိုရင် အတော်ကျွမ်းကျင်မှ ရမှာ.."
စာဖိုးမှုးခေါင်းဆောင်လီ လင်းဖန်ကို ကူညီနေတဲ့အချိန်မှာ တစ်ခြား စားဖိုမှုး တွေဟာ.သူတို့ အလုပ်ကို သူတို့ ဆက်လုပ်နေခဲ့ပါတယ်။
အထူးသဖြင့် လင်းဖန် ဓားကို ကိုင်လိုက်တဲ့ အချိန်မှာ စာဖိုမှူးခေါင်းဆောင် လီ ဟာ ..လင်းဖန်က အတွေ့အကြုံ မရှိတဲ့ အသစ်ကလေးမှန်းသဘောပေါက်လိုက်တယ် ..။သူက အသိပညာကြွယ်ဝနိုင်ပေမယ့်လည်း. ဓားကိုင်တဲ့ စကေးကတော့ လုံဝ မရှိပါဘူး။
လင်းဖန် စွယ်စုံကျမ်းရဲ့ အခန်းခွဲကိုကြည့်လိုက်တဲ့ဘအချိန်မှာ ဓားကိုင်တဲ့ စကေး အခန်းခွဲကို ဖွင့်ဖို့က စွယ်စုံအမှတ် ဆယ်မှတ်ပဲ လိုတာပါ။
လင်းဖန် ဒီအခန်းကို ဖွင့်လိုက်ပြီးတဲ့ နောက်မှာ သူ့လက်ထဲက ဓားက သူ့ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုလို ခံစားလိုက်ရပါတယ်။
စာဖိုမှူး ခေါင်းဆောင်လီဟာ လင်းဖန် ဓားကိုင်ပြီး ကြောင်တောင်တောင်ဖြစ်နေတာကို မြင်တဲ့ အချိန်မှာ..လင်းဖန် ဘယ်လို စတင်ရမှန်း မသိမှန်းသိလိုက်တယ်။သူရှေ့တက်ကာ ကူညီဖို့ လုပ်လိုက်တဲ့ အချိန်မှာပဲ..လင်းဖန်ရဲ့ လက်ဟာ စတင်လှုပ်ရှားလာခဲ့ပါတယ်။
အစကတော့ စာဖိုမှူးခေါင်းဆောင်လီဟာ သိပ်စိတ်ထဲမထားပေမယ့်လည်း..သေချာကြည့်လိုက်မှ ရုတ်တရက် မူမမှန်တာကို သတိထားမိလိုက်တယ်။
သူ လင်းဖန် ရဲ့ ဓားကိုင်တဲ့ နည်းပညာကို စိတ်ဝင်စားသွားခဲ့တာပါ။
ဓားက ဆက်တိုက် ရွှေ့လျားနေပြီး..လှီးတာတွေ.ဖြတ်တာတွေ.. ခုတ်တာတွေ မှာ တစ်ချက်မှတောင် မရပ်နားပေ။ခနလေးအတွင်းမှာပဲ ငါးထဲက မလိုအပ်တာတွေ အကုန်လုံးကို ..ဖယ်ရှားပြီးပါပြီ။
"မယုံနိင်စရာ ဓားကိုင်တဲ့စကေးပဲ"
သူ့မျက်လုံးထဲမှာ မယုံကြည်နိင်မူတွေ ဖြစ်သွားခဲ့တယ်။ဒီလို ကျွမ်းကျင်မူမျိုးက ဆယ်နှစ်လောက်လေ့ကျင့်နေရင်တောင် မဖြစ်နိုင်ပါဘူး။
လင်းဖန် သူ့လက်တွေကို မရပ်တန်းပဲ ပြုံးပြလိုက်တယ်။
ဒီဟင်းပွဲမှာ..ဓားကိုင်ကျွမ်းကျင်မူက အရမ်းကို အရေးပါတယ် ဆိုတာ စာဖိုမှူးခေါင်းဆောင်လီဟာ သိထားပါတယ်။ဒီ ဒီရှန့်လိမ္မော် ငါးဟင်းက ငါးကို ပန်းပွင့် ပုံစံ ပုံဖော်ရတာပါ။ငါးကို ပုံဖော်ရတာလည်း ညီညာဖို့လိုပြီး..ငါးအရည်ပြားတွေလည်း ပါလို့မရပေ။တစ်ချို့ စာဖိုမှူးတွေအတွက် ဒီဟင်းပွဲကို ပြုလုပ်ဖို့က သိပ်မခက်ခဲပေမယ့်လည်း...အရည်အသွေးကတော့ အတော်ကွာခြားပါတယ်။
စာဖိုမှူး ခေါင်းဆောင်လီ အတွက်ကတော့
လင်းဖန်ရဲ့ ဓားကိုင်စကေးက နတ်ဘုရားလိုဖြစ်ပြီး ပိုလည်း မပိုသလို.လိုလည်း မလိုပါဘူး။
ကျန်တဲ့ စာဖိုမှူးတွေဟာ သူတို့ရဲ့ ခေါင်းဆောင်လီ မကူပဲ ဘာလို့ ရပ်နေတာလဲ ဆိုတာ သံသယဖြစ်နေပြီး..သူတို့ လူငယ်လေး ဓားနဲ့ ငါးကို ပြင်ဆင်နေတာ မြင်တဲ့ အချိန်မှာ ဆွံ့အသွားကြပါတယ်။
တစ်ချို့လူတွေဟာ ဓားကိုင်ထားရင်း အားကျနေကြပြီး..တစ်ချို့ လူတွေကတော့ အံ့သြနေလို့ပါ။
လင်းဖန် အတွက်တော့ သူ့ရဲ့ လှုပ်ရှားမူတွေဟာ ရယ်လို သာသာယာယာ စီးဆင်းနေခဲ့ပါတယ်။ဟင်းမချက်တတ်ပါဘူး ဆိုတဲ့ လူတွေတောင် သူ့ရဲ့ ဓားကိုင် စကေးကိုမြင်ရင် ဘယ်လောက် ကျွမ်းကျင်ကြောင်း ပြောနိုင်မှာပါ။
လင်းဖန် ဒီလို ခံစားရတာ အရမ်းကောင်းမှန်း နားလည်လိုက်တယ်။ဒါက သူ့လက်မှာ အနုပညာရပ် တစ်ခု ရောက်နေသလိုပါပဲ။
ယင်းနောက် သူ ဒယ်အိုး အဝိုင်းကို မီးပေါ်မှာ အပူပေးလိုက်ပါတယ်။မီးတောက်ကို ထိန်းချုပ်ရတဲ့ အပိုင်းက ဓားကိုင်သလောက် မခက်ခဲတော့ပေ။
စွယ်စုံကျမ်း ရဲ့အသိပညာတွေက သူ့ဦးနှောက်ထဲမှာ ပေါ်နေပြီး ..သူက အဲ့အတိုင်း လိုက်လုပ်ဆောင် ယုံပါပဲ။
ဒါက သူ့ရဲ့ ပထမဆုံးအကြိမ်း ဖြစ်ပေမယ့်လည်း အရမ်းကြီး စိမ်းမနေပဲ..အနည်းငယ်လောက်သာ အသစ်ဖြစ်သလို့ ခံစားရပါတယ်။
....
အပြင်ဘက်တွင်တော့။
လူတိုင်းဟာဆွေးနွေးနေကြပါတယ်။
"မာစတာ လင်း..ဘာဟင်း တွေ လုပ်နေလဲမသိ"
"ငါတော့ သံသယဖြစ်မိတယ်"
"မာစတာ လင်းက ငါတို့ကို ပန်ကိတ်လုပ်ပေးမယ်လို့ ထင်လား.."
"အိပ်မက်မက်မနေနဲ့...ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ဘာပဲဖြစ်ဖြစ်နော်..သူ့ဟင်းပွဲ ကောင်းကောင်းမကောင်းကောင်း..ကောင်းတယ်လို့ပဲ ပြောကြ"
အဲ့အချိန်မှာပဲ..စာပွဲထိုး မိန်းကလေး တွေဟာ ဟင်းပွဲတွေကို ကိုင်ပြီးလျောက်လာခဲ့ကြပါပြီ။
"အာ..ဒီ ရနံ့"
ဆိုင်ပိုင်ရှင်ဟာ ဟင်းပွဲ ရနံ့ကို ရလိုက်ပြီး တံတွေးကို မျိုချလိုက်တယ်။
စားပွဲထိုး မိန်းကလေး တွေလည်း သူတို့ လက်ထဲက ဟင်းပွဲကို စိုက်ကြည့်နေလို့ပါ။သူတို့ စားချင်စိတ်ကို မနည်းတောင့်ခံနေရပြီး..အထူးသဖြင့် ဟင်းနံ့က သူတို့ နှာခေါင်းနဲ့ အရမ်းနီးကပ်လွန်းနေကာ စားချင်စိတ်ကို ဖြစ်ပေါ်စေပါတယ်။
ဒီရနံ့က သူတို့ အရင်တုန်းက ရဖူးတဲ့ ဟင်းပွဲတွေ ရနံ့နဲ့ လုံးဝ မတူပါဘူး။