အရှေ့သစ်
Vol. 14 Ch. 210
စားပွဲထိုး မိန်းကလေးများဟာ..ရှဥ့်လိမ္မော် ငါးဟင်း ကို စားပွဲပေါ်တွေမှာ တင်ထားလိုက်ကြပါတယ်။ဒီဟင်းပွဲတွေက..သူတို့ အရင်က သူတို့မြင်ဖူးတဲ့ ဟင်းပွဲတွေနဲ့ အတော်ကို ကွာခြားတာပါ။
ဆိုင်ပိုင် ရှင်တစ်ယောက်ဟာ နှာခေါင်းရှုတ်လိုက်တယ်။
"အာ..ဒါဘာဟင်းပွဲတုန်း.။စားတောင် မစားရသေးဘူး.ရနံ့ကတင် လွမ်းမိုးနိုင်စွမ်းရှိတယ်။ကြည့်ရတာလည်း လှလိုက်တာ.."
"ဒီအပြင်အဆင်က အရမ်းမိုက်တာပဲ..အကြီးအကဲ ဝမ်က ဆိုင်ကောင်းကာင်း ကို ရွေးပေးထားတာပဲ ဖြစ်မယ်"
"ဒါက ရှဥ့် လိမ္မော် ငါးဟင်း ဟုတ်တယ် မလား။ငါအရင်က မြင်ဖူးတာနဲ့ တော့အတော်ကွာခြားတယ်"
စားပွဲထိုးမိန်းကလေး တစ်ယောက်ဟာ..အငွေ့ထောင်းထောင်းထနေတဲ့.ဟင်းရည်တွေကို.လောင်းထည့်လိုက်တဲ့အချိန်မှာတော့..ရှဥ့်မြည်သလို အသံတွေ ထွက်ပေါ်လာခဲ့ပါတယ်။
ဝူယူလန်ဟာ အံ့သြပြီး ပြောလိုက်တယ်။
"ဒါက အရင်တုန်းက စားဖူးတဲ့ ရှဥ့်လိမ္မော်ငါးဟင်း နဲ့ကွဲပြားတယ်နော်..ဒီလို အသံမျိူးထွက်တာ တစ်ခါမှ မကြားဖူးဘူး"
ဝူတန်ဟီကလည်း အတွေ့အကြုံရှိပြီး..များပြားလှတဲ့ စားကောင်းသောက်ဖွယ်တွေကိုလည်း စားသောက်ဖူးပါတယ်။
"ဒါက အံ့သြစရာ ကောင်းတဲ့ ရှဥ့်လိမ္မော်ငါးဟင်း ပဲ။တစ်ခြားဟာ တွေနဲ့ ကွာခြားတယ်"
ဝမ်မင်ယန်လည်း အံ့သြနေလို့ပါ..သူဒီမှာစားတယ ပထမ ဆုံးအကြိမ်မဟုတ်တော့ပါဘူး။
ဒီဟင်းပွဲက ဘယ်တုန်းက မီနူးထဲမှာ ထည့်ထားတာလဲဟ....
ဆိုင်ပိုင်ရှင် တစ်ယောက်ဟာ ပြောလိုက်တယ်။
"အာ..မာစတာ လင်းရော။သူ့ဟင်းပွဲလည်း ဘယ်လို လာဦးမလဲ မသိဘူး"
လူလိမ် ထျန်ဟာ စိတ်မရှည်စွာနဲ့ တူကို ကိုင်လိုက်ပြီး..ငါးအနည်းငယ်ကို ယူလိုက်ကာ..
"ငါနည်းနည်း မြည်းကြည့််လိုက်မယ်..ဒီ ရနံ့က တကယ် မဆိုးဘူး။အရသာလည်း အတော် ကောင်းမယ့်ပုံပဲ"
ဒီ ရှဥ့်လိမ္မော် ငါးဟင်းက အမှန်တကယ်ကို ရှဥ့်ပုံစံနဲ့ တူတာပါ။အပြင်ဘက်က ကြွတ်ရွပြီး အတွင်းဘက်သားက လိမ္မော်ရောင်နဲ့ နူးညံ့လှပါတယ်။
ဒီအမြင် ဒီဇိုင်းက အားလုံးကို ဖမ်းစားဖို့ တကယ် လုံလောက်တာပါ။
လူလိမ် ထျန်ဟာ ငါး အသားကို တူနဲ့ယူလိုက်ကာ..ပါးစပ်ထဲထည့်လိုက်တယ်။သူဖြည်းဖြည်း လေး ဝါးလိုက်တဲ့ အချိန်မှာတော့..ရုတ်တရက် သူ့မျက်လုံးဟာ ပြူးကျယ်သွားခဲ့ပါတယ်။
အရသာ နှစ်မျိုးကတော့ သူ့ပါးစပ်ထဲမှာ ပေါက်ကွဲ ထွက်နေခဲ့ပါပြီ။
အစပ်အရသာ..
အချို အရသာ..
တစ်ခြားလူတွေဟာ လူလိမ် ထျန်ရဲ့ မျက်နှာကိုကြည့်ပြီး ဝေခွဲမရ ဖြစ်နေကြပါတယ်။
ဒါ ဘာအမူအရာတုန်း ...
ပိုးကောင်း တစ်ကောင်းကို စားမိတဲ့ ရုပ်နဲ့...
ဆိုင်ပိုင်ရှင်တစ်ယောက်ဟာ မေးလိုက်တယ်။
"ကောင်းလား.."
လူလိမ် ထျန်ဟာ အနည်းငယ် တွေဝေသွားပြီး..
"သိပ်မကောင်းဘူး..။လာ လာ သောက်ကြရအောင်.."
လူတိုင်းဟာ ခွက်တွေ မြှောက်ပြီး သောက်လိုက်ကြပေမယ့်လည်း ..လူလိမ် ထျန်ဟာခွက်ကို ချကာ အစားကို သာ ဆက်ပြီး စားနေခဲ့ပါတယ်။
.........
မီးဖိုခန်းတွင်။
လင်းဖန် သူ့ရဲ့ အေပရွန် ကို ချွတ်ကာ မေးလိုက်တယ်။
"စာဖိုမှူးခေါင်းဆောင် လီ..ဒါ ဘယ်မှာထားရမလဲ"
စာဖိုမှူး ခေါင်းဆောင်လီဟာ ..အံ့သြသင့်နေရာကနေ အသိစိတ်ဝင်လာပြီး အလျင်အမြန်ပြောလိုက်တယ်။
"ကျွန်တော် ယူလိုက်မယ်"
လင်းဖန် ရယ်မောလိုက်ပြီး အေပရွန်ကို စာဖိုမှူးခေါင်းဆောင် လီ ထံပေးလိုက်ပါတယ်။ရှဥ့်လိမ္မော် ငါးဟင်း ဆယ်ပွဲ ပြင်ဆင် ရတဲ့ ခံစားချက်က တစ်ကယ် မဆိုးပါဘူး။
သူအစပိုင်းမှာတော့..ရှဥ့်လိမ္မော် ငါးဟင်း လုပ်ရတာ မရင်းနှီး ပေမယ့်လည်း..နောက်ပွဲတွေမှာတော့ တစ်ဖြည်းဖြည်း ကျွမ်းကျင်ပြီး မြန်ဆန်လာခဲ့ပါတယ်။
သူ့ရဲ့ လှုပ်ရှားမူတွေက ရေလိုမျိုး အဆက်မပြတ် စီးဆင်းနေပြီး..ရပ်တန့်သွားခြင်း လည်း မရှိပေ။စားဖိုမှူး ခေါင်းဆောင်လီ နဲ့ ကျန်တဲ့ စားဖိုမှူး တွေကတော့ မျက်လုံးတွေသာ ပြူးပြီး ကြည့်နေခဲ့ကြပြီး..ပါးစပ်တွေလည်း ဟောင်းလောင်းတွေ ဖြစ်နေခဲ့ကြပါတယ်။အဲ့အချိန်မှာ သူ့တို့ လူပ်ရမယ့် အလုပ်ကိုတောင် မလုပ်နိုင်ခဲ့ကြပါဘူး။
စာဖိုမှူး ခေါင်းဆောင်လီ ကတော့ ဒီထဲမှာ အအံ့သြဆုံး လူပါ။သူ ဒီကောင်လေးရဲ့ ကျွမ်းကျင်မူတွေကို လေးစားနေခဲ့ပါပြီ။
သူဟာ များပြားလှတဲ့ နိုင်ငံ အဆင့် ချက်ပြုတ်မူ ပြိုင်ပွဲတွေမှာ .ဝင်ပြိုင်ခဲ့ပြီး..တစ်ခါကဆို ဒုတိယ အဆင့်တောင် ရခဲ့ပါတယ်။
တစ်ခြား ကျွမ်းကျင်တဲ့ သစ်ကြားအို တစ်ယောက်ယောက် လာရင်တောင် သူ လေးစားရုံပဲ ဆက်ဆံမှာဖြစ်ပြီး..သူ့ထက် အရည်အချင်းသာတယ် လို့တော့ လုံးဝ တွေးမှာမဟုတ်ပေ။
သို့ပေမယ့် သူ့ရှေ့က ကောင်လေးကတော့ သူ့တို့နှစ်ယောက်ကြားမှာ ကွာခြားချက်..ကြီးမားတယ်ဆိုတာ ရှင်းရှင်းလင်းလင်း ပြသသွားခဲ့ပါတယ်။
သူ ဒီကောင်လေး ရဲ့ ဓားကိုင်တဲ့ စကေးကို မြင်တဲ့ မချိန်မှာ အံ့သြသွားခဲ့ရပြီး..ဒုတိယ အကြိမ်မြင်တဲ့ အချိန်မှာတော့ အံ့သြတယ် ဆိုတဲ့ စကားလုံးနဲ့တောင် ပြောလို့မရတော့ပေ။ဒါက လုံးဝ ဆွံ့အဖို့ ကောင်းသွားခဲ့ပါပြီ။
သူ့ရဲ့ အလျင်နှုန်းက ပထမ အကြိမ်ကထက်မြန်ဆန်လာပြီး ဓားကို မျက်လုံးနဲ့ လိုက်ကြည့်ဖို့တောင် ခက်ခဲလှပါတယ်။
သူလည်းပဲ ရှဥ့်လိမ္မော် ငါးဟင်းကို ချက်တတ်ပေမယ့်လည်း..ဒီလောက်အထိ ကျွမ်းကျွမ်းကျင်ကျင်တော့ မချက်တတ်ဘူဆိုတာ ဝန်ခံရမှာပါ။အခုတော့ တစ်ယောက်အထက်မှာ တစ်ယောက် ရှိတယ် ဆိုတဲ့ စကားကို သူနားလည်လိုက်ပါပြီ။
သူ့ရှေ့မှာ ရှိနေတဲ့ ကောင်လေးက..ထိပ်ဆုံးအဆင့်မှာ ရပ်တည်နေတဲ့ လူတစ်ယောက်ပါ။
လင်းဖန် လက်ဆေးနေတဲ့ အချိန်မှာတော့..စာဖိုမှူးခေါင်းဆောင် လီဟာ လက်ကိုင်ပုဝါ လေးယူကာ ဘေးနားကို ရောက်လာခဲ့တယိ။တကယ်လို့ သူဌေး ကျန်းသာ သူ့စာဖိုမှူး ဒီလို ဖြစ်နေတာကို မြင်ရင် ကျိန်းသေ အံ့သြမိမှာပါ။
စာဖိုမှူး ခေါင်းဆောင်လီ ဟာ အမြဲတမ်း ကိုယ့်ကိုကို ယုံကြည်မူရှိပြီး အရည်အချင်းနဲ့ ပတ်သက်လာရင် တစ်ခြားလူရှေ့မှာ နိမ့်ချလေ့ မရှိပါဘူး။
ဒါပေမဲ့ အခုတော့ သူက လူငယ်လေးကို အရမ်းတွေ ယဥ်ကျေးပြနေခဲ့ပါတယ်။
"ကျေးဇူးပါ"
လင်းဖန်..ဟာ ပြောလိုက်ပြီး.မီးဖိုခန်းကနေ ထွက်သွားဖို ပြင်ဆင်လိုက်တယ်။
စာဖိုမှူူခေါင်းဆောင်လီဟာ တွေဝေနေရင်းကနေ ..ပြောဖို့ ဆုံးဖြတ်လိုက်ပြီး..
"ချစ်လှစွာသော မာစတာ..နောက်တစ်ခါ.လောက် ဟင်းပွဲ လေးပြင်ပေးလို့ရမလား.."
လင်းဖန် အံ့သြစွာနဲ့ ကြည့်လိုက်တယ်။
"ဘာလို့တုန်း"
စာဖိုးမှူး ခေါင်းဆောင် လီ
," ဒီက မာစတာ ရဲ့ ဟင်းချက်စွမ်း ရည်တွေက အရမ်းကောင်းမွန်လွန်းလှတယ်လေ..ဒါကြောင့် ကျွန်တော်က နောက်တစ်ခေါက် ထပ်ကြည့်ချင်လို့ပါ။ပြီးတော့ အရသာကိုလည်း မြည်းကြည့်ချင်တယ်လေ.."
ဒီလူ ဒီလောက်အထိ ရိုသေပြီး ပြောနေမှတော့ လင်းဖန် ဒီလူကို စိတ်မပျက်စေတော့ပါဘူး။ဒါကြောင့် လင်းဖန် ဟာ ပြုံးလိုက်ကာ..
"ကောင်းပြီ လေ..နောက်တစ်ပွဲလောက် ထပ်လုပ်ကြတာပေါ့"
သူ ဒီဟင်းပွဲတစ်ခုထဲ လုပ်တတ်တာ မဟုတ်ပါဘူး။ကျောင်းဆု ဟင်းချက်နည်းနဲ့ ပတ်သက်တဲ့ ဟင်းပွဲတွေ အကုန်လုံးကို ချက်တတ်ပါတယ်။ဒါပေမဲ့ စာဖိုမှူး ခေါင်းဆောင်လီက ဒီဟင်းပွဲကိုပဲ တောင်းဆို မှတော့ သူ ဒီဟင်းပွဲကိုပဲ..ချက်ပြုတ်ဖို့ တတ်နိုင်ပါတော့တယ်။
စာဖိုမှူးခေါင်းဆောင်လီကတော့ လင်းဖန် ချက်ပြုတ်တာကို တစ်စက္ကန့်တောင် မလွှတ်ပဲ စောင့်ကြည့်နေလို့ပါ။
သူ ဓားကိုင်တဲ့ စကေးကို နောက်တစ်ကြိမ်ကြည့်လိုက်တဲ့ အချိန်မှာတော့..သူ့ဘဝ တစ်လျောက်လုံး ဒီအဆင့်ကို ရောက်လာနိုင်မှာ မဟုတ်မှန်း သိလိုက်တယ်။ဒါက လေ့ကျင့်တိုင်းလည်း ရတာမဟုတ်ပဲ ..ပါရမီ နဲ့လည်း သက်ဆိုင်တဲ့ အရာပါ။
သူ အနှစ်သုံးဆယ် လောက် ဖင်ကုန်းပြီး
ကြိုးစားလည်း ပါရမီ ရှိတဲ့ လူတစ်ယောက်ရဲ့ တစ်နှစ် ကြိုးစားမူကို မှီမှာ မဟုတ်ပါဘူး။
ဒီ ၁ % လောက်ပါရမီ က ၉၉ % နှုန်းလောက် ဖင်ကုန်းပြီး ကြိုးစားတာထက် ပိုပြီး အဖိုးတန်ပါတယ်။
ကျောင်းသားတွေကို စာကို အားစိုက်ထုတ်ပြီးကြိုးစားရင် ထိပ်ဆုံးကို ရောက်မယ်လို့ မကြာခနပြောလေ့ရှိကြပါတယ်။
ဒါပေမဲ့..မင်းဘယ်လောက်ပဲ ကြိုးစား ကြိုးစား..ပါရမီ ၁ % ရှိတဲ့ တစ်စုံတစ်ယောက်ကို လိုက်မှီနိုင်မှာ မဟုတ်ပေ။
ဒယ်အိုးပူလာတဲ့ အချိန်မှာ ..ဆီကို ထပ်တည့်လိုက်တယ်။စာဖိုမှူး ခေါင်းဆောင်လီ စိတ်ထဲမှာ ရေတွက် ထားတာတော့..၃၀ စက္ကန့်ပါ။
ဒါက အရင်တစ်ခေါက်ကထက် ငါးစက္ကန့် ပိုစောပါတယ်။
ဒါက စာဖိုမှူး ခေါင်းဆောင်လီ ကို ပိုပြီးစိတ်ရှုပ်စေတဲ့အရာပါပဲ..သူလင်းဖန် ရှဥ့်လိမ္မော် ငါးဟင်း ဆယ်ပွဲ လုပ်တာကို စောင့်ကြည့်နေပြီး..ဆယ်ပွဲလုံးမှာ ထည့်တဲ့ အချိန်တွေက လုံးဝ မတူပါဘူး။
သူ ဒါကို မေးချင်နေပေမယ့်လည်း.. လင်းဖန် အနှောက်ယှက်ဖြစ်မှာစိုးလို့ မမေးရဲပေ။
လင်းဖန် ငါးကို ဒယ်အိုးထဲ ထည့်လိုက်ပြီး..စာဖိုမှူး ခေါင်းဆောင်လီ ကို ပြုံးပြကာ..
"ဒီ အပူချိန် ထိန်းချုပ်မူက ခံစားချက်အပေါ်မှာ မူတည်တယ်..။ဒီ အပူချိန် မြင့်တက်မူက..ငါးဆ လောက်မြင့်တက်ရမှာ..။အနီးကပ် ကြည့်ကြည့်..မီးရဲ့ အပူချိန်က တစ်ဖြည်းဖြည်း မြင့်မြင့်လာတော့..တစ်ခေါက်နဲ့ တစ်ခေါက် ထည့်ရတဲ့ အချိန်လည်း မတူတော့ဘူးလေ..။ရှဥ့်လိမ္မော် ငါးဟင်းက ပုံမှန် ဆိုရင်.. မီးအပူ ချိန် ၅နဲ့ ၈ မှာ ချက်ကြပြီး .အကောင်း အပူချိန်ကတော့ ၅ မှာထားတာ ပဲ။စက္ကန့်တိုင်းမှာ ငါးရဲ့..သိမ်မွှေ့မူကိုပြောင်းလဲ သွားနိုင်တယ်"
စာဖိုမှူး ခေါင်းဆောင်လီဟာ ဂရုတစိုက် နားထောင်နေခဲ့ပါတယ်။ဒါက သူ သင်တန်းသား ဘဝကို ပြန်ရောက်သွားသလို ခံစားချက်ပါပဲ။အရင်တုန်းကဆိုရင် သူ့ဆရာ ပရော်ဖက်ဆာက သူ့ကို..လင်းဖန် ရှင်းပြသလိုမျိုး..သေချာရှင်းပြ ပေးခဲ့တာပါ။
စားဖိုမှူး ခေါင်းဆောင်လီဟာ သံသယ ဖြစ်စွာမေးလိုက်တယ်။
"မီးအပူချိန်က ငါးဆလောက်မြင့်လာပြီ ဆိုတာကို ဘယ်လို ခန့်မှန်းမလဲ.."
လင်းဖန် ပြုံးလိုက်ပြီး..
"ဒါကလေ့ကျင့်မူပဲ..ဆီရဲ့ ပြောင်းလဲမူကိုကြည့်ပြီး လေ့လာရတာ.."
စာဖိုမှူး ခေါင်းဆောင်လီဟာ ခေါင်းညိမ့်လိုက်တယ်။ဒါက ပြောတာလွယ်ပေမယ့်လည်း လိုက်လုပ်ဖို့ ခက်ခဲလှတဲ့ အရာပါ။
လင်းဖန် ပါဝင်ပစ္စည်းတွေကို လက်နဲ့ ယူလိုက်ကာ သင့်တော် တဲ့အချိန်မှာ ပစ်ထည့်လိုက်တယ်။
"တူညီတဲ့ ပါဝင်ပစ္စည်းတွေနဲ့ ပဲ စားဖိုမှူး နှစ်ယောက်ကို ဟင်းပွဲတစ်ပွဲ..လုပ်ခိုင်းရင် အရသာ ကွဲပြားနိုင်တယ်။လူအယောက် တစ်ထောင်မှာ မတူညီတဲ့ မျက်လုံးတစ်ထောင်ရှိတယ်။အရသာက ဘယ်တော့မှ မတူနိုင်ဘူး။စာဖိုးမှူး တစ်ယောက်ထဲကိုပဲ တူညီတဲ့ ဟင်းကို နှစ်ခါချက်ခိုင်းရင်တောင် အရသာ ကွဲပြားသွားနိုင်သေးတယ်လေ..။ဒီ လိုကွာခြားမူကို ထိန်းသိမ်းနိုင် ဖို့ဆိုရင် ခံစားချက် ကို အသုံးပြုမှ ရမှာ.."
စာဖိုမှူးခေါင်းဆောင်လီဟာ လင်းဖန် ဘေးနားမှာ ရပ်နေပြီး..အသက်တောင် မရူရဲပဲ.ဂရုတစိုက် နားထောင် နေခဲ့ပါတယ်။
အချိန်မှာတော့ လင်းဖန်ဟာ စွယ်စုံအမှတ် လိုချင်တဲ့ အတွက်..စိတ်မရှည်တာမျိုး မဖြစ်ခဲ့ပေ။
သူ ဒယ်ကိုထဲက ငါး ကို ပန်းကန်ထဲ ထည့်လိုက်တဲ့ အချိန်မှာတော့..ရှဥ့်လိမ္မော် ငါးဟင်း ဟာ အဆင်သင့်ဖြစ်နေခဲ့ပါပြီ။
"စွယ်စုံ အမှတ် + 1"
လင်းဖန် ရဲ့ မျက်နှာမှာ အပြုံးတစ်ခုပေါ်လာခဲ့တယ်။စွယ်စုံအမှတ် ရှာရတာပ ဒီိလိုကြတော့တကယ်လွယ်ကူလှတာပါ။
မွှေးကြိုင်တဲ့ ရနံ့ဟာ ငါးဟင်းကနေ ထွက်ပေါ်လာပြီး စာဖိုမှူးခေါင်းဆောင်လီဟာ နှာခေါင်းရှုတ်လိုက်တယ်။
သူ တူကို အမြန်ယူလိုက်ပြီး နည်းနည်းဖဲ့ကာ ပါးစပ်ထဲကို ထည့်လိုက်ပါတယ်။
* ဂလု *
စာဖိုမှူး ခေါင်းဆောင် လီရဲ့ ခန္တာကိုယ်ဟာ လှုပ်ခါသွားခဲ့တယ် .သူ့ပါးစပ်ထဲမှာတော့ အရသာက ပေါက်ကွဲ ထွက်နေခဲ့ပါပြီ။
ချိုတဲ့အရသာ ရော ..စပ်တဲ့အရသာရောဟာ ထွက်ပေါ်နေလို့ပါ။
ရူးသွပ်ဖွယ်ကောင်းလောက်တဲ့ အရသာကို ခံစားရင်း သူမျက်လုံးကို မှိတ်လိုက်တယ်။အရသာကောင်းလား ဆိုတဲ့ မေးခွန်းကတော့ မေးစရာတောင် မလို တော့ပါဘူး။
လင်းဖန် ဒီလူ မျက်လုံးမှိတ်ပြီး အရသာခံနေတာကို ကြည့်ကာ ရယ်မောလိုက်တယ်။ယင်းနောက် သူ့ ပစ္စည်းတွေကို သိမ်းဆည်းလိုက်ကာ .အပြင်ကို သွားဖို့ ပြင်လိုက်ပါတယ်။
လင်းဖန် တံခါးဝနား ရောက်တဲ့ အချိန်မှာတော့ စာဖိုမှူးခေါင်းဆောင်လီဟာ မျက်လုံးပြန်ပွင့်လာခဲ့ပါပြီ။သူ့ရဲ့ အမူအရာ ဟာ..ပြောင်းလဲနေပြီး..
"မာစတာ ..ဒီလို ကျွမ်းကျင်မူတွေ ဘယ်ကနေ သင်ခဲ့တာလဲ သိလို့ရမလား.."
ဘယ်လို မေးခွန်းမျိုးလဲ....
"အရှေ့သစ်.အချက်အပြုတ် ကျောင်းကပါ.."
လင်းဖန် ရယ်မောပြီး ပြန်ဖြေလိုက်တယ်။
ချီးပဲ ကျုပ်လည်း ဒီလောက်ပဲ ပြောလိုက်မယ်...ဒါပေမဲ့ အဲ့ကျောင်းက ရှိမှာတော့ မဟုတ်ဘူး...
စာဖိုမှူးခေါင်းဆောင်လီ ဟာ..ဒါကို ကြားပြီး..ပဟေဠိ ဖြစ်သွားခဲ့ပါတယ်။
အရှေ့သစ် အချက်အပြုတ် ကျောင်းက ဘယ်မှာရှိတာလဲ..ငါလည်းတစ်ခါမှ မကြားဖူးပါလား..