ပြန်အပ်နှင်းခြင်း အခမ်းအနား
Vol. 15 Ch. 211
ဘာသာပြန် = စနိုးဝှိုက်
အပြင်ဘက်။
လင်းဖန် သူ့ရှေ့က မြင်ကွင်းကို မြင်လိုက်တဲ့ အချိန်မှာ ကြောင်အသွားခဲ့တယ်။
"ခင်ဗျားတို့ ဘာလုပ်နေကြတာလဲ.."
လူတိုင်းက ဝိုင် တောင်မသောက်ကြတော့ပါဘူး.။သူတို့ရဲ့ စားပွဲပေါ်မှာ ရှိတဲ့ ဟင်းကိုသာ အငမ်းမရ စားသောက်နေခဲ့ကြပါတယ်။
တစ်စုံတစ်ယောက်က ဟင်းပွဲကို သူ့အနားကို ဆွဲလိုက်ရင် ဘေးနားမှာ ရှိနေတဲ့ လူကလည်း အတင်းပြန်လိုက်ဆွဲနေကြလို့ပါ။သူတို့က ငါးအရိုးတွေကို တောင် မချန်ကြတော့ပါဘူး။
သူတို့ဟာ အရိုးတွေကိုပါ ပါးစပ်ထဲထည့်ပြီး ဝါးစားနေကြတာပါ။
စားပွဲထိုးမိန်းကလေး တွေကတော့ ဘေးနားကနေ မျက်တောင် မခတ်ပဲ ကြည့်နေခဲ့ကြတယ်။
သူတို့ အစာမစားရတာ ဘယ်လောက်တောင် ကြာနေပြီလဲ....
ပြင်ဆင်ထားတဲ့ ရှဥ့်လိမ္မော် ငါးဟင်း တွေဟာ မျက်စိတစ်မှိတ်အတွင်းမှာပဲ ကုန်သွားခဲ့ပါပြီ။ပန်းကန် တွေဟာ ပြောင်နေပြီး...မသိရင် ဆေးကျောထားတဲ့ အတိုင်းပါပဲ။
စားပွဲထိုး မိန်းကလေးတွေဟာ.ဟင်းရနံ့ကို ရပြီး အကောင်းဆုံး ဟင်းလျာ မှန်းသိပေမယ့်..အရသာ ဘယ်လိုရှိလဲ ဆိုတာတော့ သိတို့လည်း မခန့်မှန်းတတ်ကြပေ။
လူလိမ် ထျန်ဟာ အားရပါးရ စားသောက်နေရင်းကနေ..
"မင်းနောက်ကျသွားပြီ..မင်းတော့ အရသာရှိတဲ့ အစားအသောက်နဲ့ လွဲချော်သွားပြီ"
ဝမ်မင်ယန်ဟာ လည်း ပါးစပ်နဲ့ အပြည့်ထည့်ကာ စားသောက်နေခဲ့ပါတယ်။သူလောလောဆယ် နားနေတယ် ဆိုတာကလည်း သူပါးစပ်ထဲ ထပ်မထည့်ချင်လို့ မဟုတ်ပဲ ထပ်ထည့်လို့ မရတော့လို့ပါ။
သူ လင်းဖန်ကိုကြည့်လိုက်ပြီး...
"ရှဥ့်လိမ္မော် ငါးဟင်းက အရမ်းကောင်းလွန်းတယ်။ငါတောင် တစ်ခါမှ မစားဖူးဘူး။စိတ်မပူနဲ့ .ငါတို့ နည်းနည်း ထပ်မှာကြမယ်..။ဗိုက်ပြည့်တဲ့ အထိစားသောက်ကြတာပေါ့"
ဆိုင်ပိုင်ရှင် များဟာ လည်း ကျေနပ်နေကြပါတယ်။ဒီ ရှဥ့်လိမ္မော် ငါးဟင်းက အတော်ကို အရသာရှိလှတာပါ။ဒါက မှတ်ဥာဏ် ထဲမှာ စွဲသွားစေမယ့် အရသာပါပဲ။
လင်းဖန် ရယ်လိုက်တယ်.။သူ့ဟင်းကို ဒီလူတွေ သဘောကျကြတယ် ဆိုတော့ သူလည်း ဝမ်းသာရပါတယ်။
ဝမ်မင်ယန် ဟာ မေးလိုက်တယ်။
"မင်းဟင်းသွားချက်တာ မဟုတ်ဘူးလား..မင်းဟင်းပွဲကရော ဘယ်မှာလဲ.."
လင်းဖန် ရယ်လိုက်ပြီး..
"ခင်ဗျားတို့ စားပြီးသွားကြပြီလေ..."
ရုတ်တရက်..အကုန်လုံး ညိမ်သက်သွားကြတယ်။
လူတိုင်းဟာ လင်းဖန်ကို ကြည့်လိုက်ကြပြီး..
"မင်းပြောချင်တာက ..ဒီရှဥ့်လိမ္မော် ငါးဟင်း တွေက မင်းချက်ထားတာလား.."
"ဘာလဲ ..မမျှော်လင့်ထားဘူးမလား.."
လင်းဖန် ပြန်ဖြေလိုက်တာပါ။
သူစိတ်ထဲမှာတော့ အကုန်လုံး အံ့သြသွားကြပြီး သူ့ကို ချီးကျုးမယ် လို့ ထင်ထားခဲ့တာပါ။ဒါပေမဲ့ လက်တွေ့ က သူထင်ထားတာ နဲ့တစ်ခြားစီ ပါပဲ။
ဆိုင်ပိုင်ရှင် တစ်ယောက်ဟာ..အော်ဟစ်လိုက်ပြီး..
"ဘုရားရေ..မင်းက အရမ်းရက်စက် တာပဲ။ဘာလို့ အစားအသောက် ကောင်းတွေအကုန်လုံးကို မာစတာ လင်းရဲ့ လက်နဲ့ လုပ်ပြီးရလာတာလဲ။နောက်တစ်ခါကြရင် ငါတို့ပါ တန်းစီရတော့မှာလား.."
"ပန်ကိတ်တွေကတင် ငါတို့ကို တော်တော် ဒုက္ခ ပေးနေပြီလေ..အခု ရှဥ့်လိမ္မော် ငါးဟင်းနဲ့ပါ ဒုက္ခ ပေးတော့ ငါတို့ ဘယ်လို လုပ်ကြတော့မလဲ"
လူအုပ်ကြီးဟာ ဝမ်းနည်းနေခဲ့ပါတယ်။ပြီးမှ သူတို့ လင်းဖန်ကို ကြည့်လိုက်ပြီး...
"မာစတာ လင်း..နောက်ထပ် နည်းနည်းလောက် စားလို့ရမလား.."
လင်းဖန် ပြုံးလိုက်တယ်။တစ်ခြားလူတွေဟာ သူ့ကို ကြည်နူးတဲ့ မျက်လုံးတွေ .မျှော်လင့်ချက်တွေ အပြည့်နဲ့ နောက်ထပ်.ဟင်းပွဲ လုပ်ပေးဖို့ ကြည့် နေခဲ့တာပါ။
တကယ်တော့..သူကိုယ်တိုင်တောင် ဟင်းပွဲဘအရသာကို မမြည်းရသေးပါဘူး။
အဲ့အချိန်မှာပဲ စားပွဲထိုး မိန်းကလေးတွေဟာ ကျန်နေတဲ့ ဟင်းပွဲတွေကို သယ်လာခဲ့ပါတယ်။
တစ်စုံတစ်ယောက်ဟာ မေးလိုက်တယ်။
"မာစတာ လင်း..ဒီဟင်းတွေကို ရော ကိုယ်တိုင်ချက်ထားတာလား.."
"ဟင့်အင်..ကျွန်တော့်မှာ အဲလောက်ထိ အင်အားတွေ မရှိပါဘူး။ဒါတွေက စာဖိုမှူးတွေ ချက်ထားတာ.."
လင်းဖန် ပြန်ဖြေလိုက်တာပါ။ဒီလူတွေက တက
ယ် မလွယ်တဲ့ လူတွေပါပဲ။
လူတိုင်းဟာ စိတ်ပျက်သွားကြတယ်။ဒီဟင်းပွဲတွေက မာစတာ လင်းချက်တဲ့ ဟင်းကို ယှဥ်နိုင်မှာ မဟုတ်ပါဘူး။
သူတို့ ရှဥ့်လိမ္မော် ငါးဟင်းကို စားပြီးတဲ့ နောက်မှာ တစ်ခြားဟင်းတွေကို စားကောင်းတယ် လို့ မထင်တော့ပေ။ဒါက ကောင်းကင် နဲ့ မြေကြီး လောက်ကွာခြား ပါတယ်။ယှဥ်ပြိုင်လို့ မရနိုင်ပါဘူး။
ဒါပေမဲ့ လည်း..လူတိုင်း ပျော်ရွှင်နေကြပါသေးတယ်။
"လာလေ..သောက်ကြရအောင် မာစတာ လင်း"
"ချီးယား.."
.......
သူတို့ စားသောက်ကြတာဟာ..၁ နာရီခွဲလောက်မှ ပြီးသွားခဲ့ပါတယ်။အားလုံးဟာ အတူတူ ပြန်လိုက်ကြတယ်။
ဝမ်မင်ယန်ကတော့ လင်းဖန်ကို သူ့အိမ်ကို ဖိတ်ပြီး..သူ့မိန်းကလေး နဲ့ တွေ့ဖို့ စီစဥ် ချင်နေခဲ့တယ်။သူ့ရဲ့ အကြံအစည်ကတော့ ရှင်းရှင်းလေးပါပဲ..လင်းဖန်ကို သူတို့အတွက် ဟင်းချက်ခိုင်း ဖို့ပါ။
သို့ပေမယ့် လင်းဖန်ကတော့ သူ့အစီအစဥ် အတိုင်းလိုက်လုပ်မှာ မဟုတ်ပါဘူး။
မျက်စိတစ်မှိတ် အတွင်းမှာပဲ ရက်အနည်းငယ်ဟာ ကျော်လွန်သွားခဲ့တယ်။
ဒီကြားထဲမှာ ဘာမှ ထူးထူးခြားခြား မဖြစ်ပျက်ခဲ့ပေ။ဝိုက်ဘိုပေါ်မှာ ပျံ့နှံ့နေတဲ့..လူကုန်ကူးမူ အကြောင်းလည်း ပျောက်ကွယ် သွားခဲ့ပါပြီ။
များပြားလှတဲ့ အကူအညီတွေနဲ့ ကလေးတွေဟာလည်း သူတို့ရဲ့ မိဘတွေကို ရှာတွေ့ခဲ့ပါတယ်။သိူ့ပေမယ့် ကလေး အများစုဟာတော့ သူတို့ မိသားစုတွေ နဲ့ ပြန်မတွေ့သေးပါဘူး။
ဘာပဲဖြစ်ဖြစ်..ဒါက ကြီးမားတဲ့ဖြစ်စဥ်တစ်ခုပါပဲ။အနည်းဆုံးတော့..ဒါက အရင်ကထက်သာပါသေးတယ်။သူတို့ မိသားစုနဲ့ ပြန်တွေ့တဲ့ ကလေးတွေကတော့ သူတို့ ကောင်းမွနိစွာနဲ့ ကြီးပြင်းရတော့မှာပါ။
သို့ပေမယ့် ..အမြဲတမ်း လင်းဖန်ရဲ့ ဘဝကြီးကို တစ်မျိုးတစ်ဖုံ စိတ်လှုပ်ရှားအောင် ဖန်တီးပေးနေတဲ့ ဆောင်းဦးဓားကိုတော့ ဘယ်မှာမှ မမြင်တွေ့ရပါဘူး။သူဟာ ရုတ်တရက်ကြီး ပျောက်ကွယ်သွားပြီး ဝိုက်ဘိုပေါ်မှာလည်း မတွေ့ရပေ။
အဲ့အချိန်မှာပဲ အားကစား ခန်းမ တစ်ခုတွင်။
ဆောင်းဦးဓားတစ်ယောက်ကတော့ အပြေးလေ့ကျင့်တဲ့ စက်ပေါ်မှာပါ။သူ့ရဲ့ ချွေးတွေကတော့ မိုးစက်တွေလိုပါပဲ။သူ့ရဲ့ အချစ်ဦး ရဲ့ ရက်စက်မူ တွေက သူ့အပေါ်မှာ အတော် ပြင်းထန်ခဲ့ပါတယ်။
သူ တစ်ချိန်တုန်းက ရှိခဲ့တဲ့ ခန္တာကိုယ် အချိုးအစားကို ပြန်ရအောင် ကြိုးစား ရပါတော့မယ်။
ဒီလို ပေါင် ၁၅၀ လောက်ရှိတဲ့ ဖက်တီးကြီး..အားကစား ခန်းမ ထဲမှာ အပြင်းအထန်း ကြိုးစားနေတဲ့ ပုံရိပ်က လူများစွာရဲ့ အာရုံစိုက်မူကို ရနေခဲ့ပါတယ်။
ဒါပေမဲ့ လူအများစုဟာ သံသယ ဖြစ်ပြီး လှောင်ပြောင် ရယ်မောနေရင်တောင်..ဆောင်းဦးဓားကတော့ လုံးဝ ဂရုမစိုက်ပေ။
သိပ်မကြာခင်က..သူလက်လျော့ဖို့ ကြိုးစားပေမယ့်လည်း.လွန်ခဲ့တဲ့ တစ်လက ဘာဖြစ်ခဲ့လဲ ဆိုတာ ပြန်တွေးမိတဲ့ အချိန်မှာ..အံ့သွားကို ကြိတ်လိုက်တယ်။
'ငါ လက်လျော့လို့မရဘူး ..ငါ အောင်မြင်မှရမယ်..ငါ့ခန္တာကိုယ် ဝိတ်ကျသွားပြီး အားလုံးကို အံ့သြသွားအောင် လုပ်ရမယ်..။ငါ့ရဲ့ အချစ်ဦးကို ငါ အရမ်းတွေ ပြောင်းလဲ သွားပြီဆိုတာကိုမြင်အောင် ပြရမယ်..ငါ..."
သူ့ကို လှောင်ပြောင်ပြီး သံသယ ဖြစ်နေတဲ့ အကြည့်တွေ အားလုံးကို လျစ်လျူရူထားခဲ့တယ်။သူ ခေါင်းကို ငုံးထားပြီး တော့ ဆက်ကြိုးနေခဲ့ပါတယ်။
သူ အပြေးလေ့ကျင့်လေ့ကျင့်တဲ့ စက်ပေါ်ကနေ ဆင်းပြီး..ထိုင်ထ လေ့ကျင်းခန်းကို စတင်လိုက်တယ်။သူဟာ အသက်ကို ပြင်းပြင်း ရူပြီး ထိုင်ထလေ့ကျင့်မူကို တော့ ဖြည်းဖြည်းချင်း လုပ်နေခဲ့လို့ပါ။
*zzzt*
သူရဲ့ တင်းကျပ်တဲ့ အားကစား ဝတ်စုံရဲ့ ဖင်ဟာ ရုတ်တရက် ပြဲ ထွက်သွားခဲ့ပါတယ်။
ဘေးနား လူများဟာ အော်ဟစ်က ဝိုင်းရယ်လိုက်ကြပေမယ့်လည်း ဆောင်းဦး ဓားကတော့ ခေါင်းကို ငုံ့ထားပြီး ထိုင်ထ ဆက်လုပ်နေဆဲပါပဲ။
"ဆက်ရယ်ထားကြ..ငါ. ဆောင်းဦးဓားက ဘယ်တော့မှ အရှုံးကို ဝန်ခံမှာ မဟုတ်ဘူး"
........
အရင်နေ့တွေ တုန်းက လင်းဖန်..လီရှောင်ရှမ်းဆီက ဖုန်းခေါ်ဆိုမူ တစ်ခုကို လက်ခံရရှိခဲ့ပါတယ်။လီရှောင်ရှမ်းက သူ့ကို ကလေးတွေ ပြန်အပ်တဲ့ အခမ်းအနား လာဖို့ ဖိတ်တာပါ။
လင်းဖန်လည်း မငြင်းပယ်ခဲ့ပါဘူး။ဘာပဲဖြစ်ဖြစ် သွားကြည်ါလို့လည်း ဆိုးတဲ့အရာမဟုတ်ပေ။
အနည်းဆုံးတော့ သူကလေးတွေ အိမ်ပြန်တာကို ကြည့်ခွင့်ရမှာပါ။သူတို့ရဲ့ မိဘတွေဟာ ကလေးတွေရဲ့ အမှောင်ကို အလင်ပြပေးဖို့ အခွင့်အရေးရကြပါတော့မယ်။
လင်းဖန် အချိန်ကို ကြည့်လိုက်တယ်, သွားဖို့ အချိန်ကြပါပြီ။သူ လူလိမ် ထျန်နဲ့ ကျန်တဲ့လူေတွကို အကျိုးအကြောင်းပြောပြီး ကျင်းပရာနေရာကို ထွက်ခွာဖို့ လုပ်လိုက်တယ်။
ဝူယူလန်ကလည်း ဒီ အကြောင်းကို သိသွားပြီး လိုက်ချင် တယ် ပြောလို့..လင်းဖန် သူမကိုပါ ခေါ်လာခဲ့လိုက်ပါတယ်။
ကျင်းပရာနေရာတွင်။
လင်းဖန် အထဲကို ဝင်သွားလိုက်ကာ မေးလိုက်တယ်။
"အခြေအနေ ဘယ်လို ရှိလဲ..မိဘတွေ ဘယ်လောက်များများ လာတာလဲ.."
လီရှောင်ရှမ်းဟာ အလုပ်တွေ ရှုပ်လွန်းလို့ ခေါင်းတစ်ခုလုံးမှာတောင် ချွေးတွေ ထွက်နေခဲ့ပါတယ်။သို့ပေမယ့် သူဟာ ပြုံးလိုက်ပြီး..
"သိပ်မဆိုးဘူး ..စေတနာ ဝန်ထမ်းတွေရဲ့ အကူအညီနဲ့ ငါတို့ မိဘ ၆၀၀ လောက်ကို ဆက်သွယ်မိခဲ့တယ်။သူတို့ အများစုက ဒီမှာ ရောက်နေကြပြီး..ကျန်တဲ့ လူတွေကလည်း မကြာခင်လာကြလိမ့်မယ်"
ဒါက ကြီးမားတဲ့ တိုးတက် မူကြီးပါ။ဒါက တစ်ည ထဲနဲ့ ပြီးသွားမယ့် ကိစ္စမဟုတ်ပါဘူး။
အစတုန်းက ကလေးတွေရဲ့ မိသားစုတွေကို ရှာဖို့ ခက်နေတာက DNA မစစ်ဆေးရသေးလို့ ဖြစ်ပြီး အခု ဆေးရုံတွေက ပါ ကူညီပြီး DNA စစ်ဆေး ပေးနေခဲ့ပါတယိ။
ဝူယူလန် ဟာ လင်းဖန် ဘေးနားမှာ ရှိနေခဲ့ပြီး..
"ကလေးတွေကို သွားကြည့်ရအောင်"
လင်းဖန်ရယ်မောကာ ပြောလိုက်တယ်။
"မင်းက ကလေးတွေကို တကယ်ချစ်တတ်တာပဲ"
ဝူယူလန်ဟာ ခေါင်းညိမ့်လိုက်တယ်။
"ဟုတ်တယ်..ကလေးတွေကို တကယ်ချစ်တယ်.။ယောက်ျားရပြီးရင် ကလေးနှစ်ယောက်ယူရမယ်..ယောက်ျားလေးတစ်ယောက် မိန်းကလေး တစ်ယောက်"
လင်းဖန် ဒါကိုကြားပြီး ရယ်မောလိုက်ပါတယ်။
'သူမက ငါ့ကို ဘာလို့ဒီအကြောင်းလာပြောနေတာလဲ...မသိရင် ငါကပဲ ကလေးလုပ်ပေးနိုင်တာ ကြနေတာပဲ..။ဘာပဲဖြစ်ဖြစ် ကလေးချစ်တဲ့ မိန်းကလေးတွေက ကောင်းပါတယ်..ကြင်နာတဲ့ နှလုံးသားရှိကြတယ်..'
လင်းဖန် ကလေးတွေကို မြင်တဲ့ အချိန်မှာ မြင်မှောင် ကျုတ်လိုက်တယ်။ကလေးတွေ တစ်ချို့ဟာ လူကုန်ကူးတဲ့ လူတွေကြောင့် မသန်စွမ်းတွေ ဖြစ်နေကြပါပြီ။
တစ်ချို့ကလေးတွေ ဆိုရင် လက်ကျိုးနေကြပြီး..အချိန်အတော် ကြာနေပြီဖြစ်တဲ့ အတွက်.ဒီနေ့ခေတ် ဆေးပညာနဲ့တောင် ကုသလို့ မရတော့ပေ။
တကယ်တော့ ဒီကလေးတွေ အများစုမှာ အပြုံးတောင် မရှိကြပါဘူး။သူတို့ဟာ ထိုင်းမှိုင်းနေတဲ့ မျက်နှာသာ ရှိကြပြီး..ဒါက အတော် ဝမ်းနည်းဖို့ကောင်းပါတယ်။
လူကုန်ကူး သမားတွေရဲ့ ရက်စက်မူတွေကြောင့် သူတို့ရဲ့ စိတ်ထဲမှာ ဒဏ်ရာတွေနဲ့ပြည့်နှက်နေခဲ့ပါပြီ။
သူတို့ ပုံမှန်ပြန်ဖြစ်ဖို့ ဆိုရင်..အတော် အချိန်ယူရဦးမှာပါ။
ဝူယူလန် ရဲ့ မျက်လုံးတွေဟာ နီရဲ သွားခဲ့ပြီး..
"လူကုန်ကူး သမားတွေက အတော်ရက်စက်တယ်..သူတို့ ဘယ်လို့ များ ဒါမျိူး လုပ်နိုင်ရတာလဲ.."
လင်းဖန်ကြည့်လိုက်တယ်..အမှန်တရားက ဒီကလေးတွေထက် ရက်စက်ခံရတဲ့ ကလေးတွေရှိနေပြီး..သူတို့က အသတ်ခံခဲ့ကြရတာပါ။
ကယ်တင်ခံရတဲ့ ကလေးတွေဟာ ဒီလို ကပ်ဆိုးနဲ့ မကြုံတွေ့ခဲ့ရတာတင် ကံကောင်းတယ် လို့ ပြောလို့ရနေပါပြီ။