← Chapters

တကယ့် စောက်ကျိုးနဲပဲ

Vol. 15 Ch. 212

တကယ့် စောက်ကျိုးနဲပဲ

Vol. 15 Ch. 212

ဘာသာပြန် = စနိုးဝှိုက်

ဒီမှာ ကလေးတွေရော.ကူညီရေး အဖွဲ့တွေရော ရှိနေခဲ့ပါတယ်။လီရှောင်ရှမ်းနဲ့ ကျန်တဲ့ လူတွေဟာ.ဖိအားတွေ အများကြီး ရှိနေခဲ့တယ်။သူတို့ဘာမှ အမှားအယွင်းတွေ မဖြစ်စေဖို့ အတွက်လဲ..ကလေးတွေရဲ့ မိဘတွေကို လည်း စစ်ဆေးပြီးပါပြီ။

မွေးဖွားမူ အချက်အလက် , IDS , နဲ့ တစ်ခြား အချက်အလက်တွေကို လည်း တစ်ကြိမ်ထက်မက စစ်ဆေးထားကြပါတယ်။

သူတို့ မိဘတွေနဲ့ စကားပြောပြီးထားပြီ ဖြစ်ပေမယ့်လည်း အခုကလေးတွေကို ပြန်အပ်ရတော့မှာဆိုတော့..ရဲတွေအနေနဲ့ ဂရုမစိုက်လို့ မရပေ။

မိဘတွေ အကုန်စုံတဲ့ အချိန်မှာ ခေါင်းဆောင်ပိုင်းတွေဟာ တက်ပြီး စကားပြောလိုက်ရကြပါတယ်။သူတို့ ပြောနေတဲ့ အကြောင်းအရာက သူတို့ရဲ့..ကလေးတွေ ရဲ့ မိဘတွေကို မျက်စိရှေ့မှာဖြစ်ပျက်နေတဲ့ အကြောင်းအ ရာတွေကို လက်ခံဖို့ပဲ ပြောကြားခဲ့ကြတာပါ။

မိဘတွေဟာ အရမ်းစိတ်လှုပ်ရှားနေတဲ့ အတွက် ဒီအကြောင်းတွေကို မတွေးမိပေမယ့်..တစ်ခြားတစ်ဖက်မှာ ရဲတွေဟာ မိဘတွေ လက်မခံနိုင်မှာကို စိတ်ပူနေခဲ့ပါတယ်။

ဟောပြောမူတွေ အပြီးမှာတော့ ကလေးတွေကို ပြန်အပ်မယ့် အချိန်ရောက်လာခဲ့ပါပြီ။တစ်ချို့ မိဘတွေ ဆိုရင် မျက်ရည်တွေတောင် ကျလာပါတော့မယ်။

သူတို့ ကလေးတွေကို ဆုံးရှုံးခဲ့ရတုန်းက ခံစားချက်ကို ဘယ်သူမှ နားလည်နိုင်ကြမှာမဟုတ်ပါဘူး။သူတို့ ရဲ တွေဆီကနေ ဖုန်းခေါ်ဆိုမူ ရတဲ့ အချိန်တုန်းက အလိမ်ညာ ခံရတယ်ပဲ ထင်နေခဲ့တာပါ။

အထူးသဖြင့်..ရဲဌာနရဲ့ အတည်ပြုမူနဲ့ အာမခံမူတွေကြောင့် သူတို့ရဲ့ ကလေးတွေကို.ဒီနေ့ပြန်ခေါ်ဖို့ လာခဲ့ကြတာပါ။

သူတို့ အချိန်အကြာကြီး စောင့်နေရလို့..ခြေတွေ လက်တွေတောင်.အကြောသေသလို ဖြစ်နေခဲ့ပါပြီ။

လီရှောင်ရှမ်းဟာ .သူ့နှာဖူးက ချွေးတွေကို သုတ်လိုက်တယ်။

"ကံကောင်းစွာပဲ အစိုးရက ကလေးတွေအတွက်.မိဘမဲ့ ကလေးဂေဟာ တစ်ခုမှာ စီစဥ်ပေးထားလို့..။မဟုတ်လို့ရှိရင်..ငါတို့.ဒီကလေးတွေကို ဘယ်လို ထားရမှန်းတောင် သိမှာမဟုတ်ဘူး"

လင်းဖန် ခေါင်းညိမ့်လိုက်တယ်။

"ခင်ဗျား ကြိုးစားပြီး လုပ်ဆောင်ခဲ့တာပဲ"

လီရှောင်ရှမ်း..ပုခုံးတွန့်ကာ ပြောလိုက်ပါတယ်။

"ငါ ယူနီဖောင်း ဝတ်ထားတဲ့အချိန်ဆိုရင်..အလုပ်ကြိုးစားတယ် ဆိုတာ မရှိဘူး။အကုန်လုံးက အလုပ်ရဲ့ တစ်စိတ်တစ်ပိုင်းပဲ.."

လင်းဖန် လီရှောင်ရှမ်းရဲ့ ပုခုံးကို ပုတ်ကာ သတိထားမိသွားပြီး..အံ့သြစွာပြောလိုက်တယ်။

"ခင်ဗျား..ရာထူးတိုး သွားပြီလား.."

လီရှောင်ရှမ်းကတော့ အများကြီး မတွေးပါဘူး။

"ခေါင်းဆောင် တွေက ငါ့ကို ယုံကြည်လို့ ဒီလိုရာထူးမျိုးပေးတာ..ဒါပေမဲ့ တာဝန်တွေက ပိုမိုကြီးလာလေလေပဲ။အခုကစပြီး..ငါ ၁၂၀ ရာခိုင်နှုန်းလောက် ကြိုးစားရတော့မယ်"

လင်းဖန် ရယ်မောလိုက်တယ်။သူတစ်ခုခု ထပ်ပြောလိုက်တဲ့ အချိန်မှာ ပဲ ဆူညံ့သံတွေကို ကြားလိုက်ရပါတယ်။

"ဘာတွေ ဖြစ်နေတာလဲ.."

လီရှောင်းရှမ်းလဲ သိပ်မသေချာပါဘူး။

"မသိဘူးလေ..သွားကြည့်ကြရအောင်.."

ဝူယူလန်ဟာ ဘေးမှာ ရပ်နေပြီး ကလေးတွေ.သူတို့မိဘ တွေနဲ့ ပြန်တွေ့တာကို ကြည့်နေခဲ့တာပါ။သူတို့ဟာ ရှိုက်ငိုပြီး သူတို့ကလေးတွေကို ဖတ်ထားတာဟာ ဝူယူလန်ကို ..ဝမ်းနည်းစေပြီး..မျက်လုံးတွေ နီရဲလာစေခဲ့ပါတယ်။

အဲ့အချိန်မှာပဲ သူမရဲ့ရှေ့မှာ ဆူညံ့သံတွေ ထွက်ပေါ်လာခဲ့တယ်။ဘာတွေဖြစ်နေတာလဲ ဆိုတာတော့ သူမလည်း မသိပါဘူး။

သူတို့ အနားကို သွား ကြည့်လိုက်တဲ့ အချိန်မှာတော့ သက်လတ်ပိုင်း မိန်းမကြီးဟာ ဝန်းထမ်းတွေကို တွန်းလွှတ်နေပြီ..

"ဒါက ငါ့ရဲ့ ပျောက်သွားတဲ့ ကလေးမဟုတ်ဘူး။ဒီကလေးမ မဟုတ်ဘူး.."

ဝန်ထမ်း အဖွဲ့ဝင်ဟာ ရှေ့ကို တက်သွားပြီး ပြောလိုက်တယ်။

"အစ်မကြီး.ဒါကတကယ်ပဲ ခင်ဗျားရဲ့ သမီးပါ။ကျွန်တော်တို့ သေချာစစ်ဆေးပြီးသွားပြီ..အရင်တုန်းက ခင်ဗျားရဲစခန်းကိုလာပြီး..ကလေးပျောက်ဆုံးကြောင်းတောင် တိုင်ထားသေးတယ်လေ.."

လီရှောင်ရှမ်းဟာ သံသယဖြစ်စွာဖြင့်..

"ဘာဖြစ်နေတာလဲ.."

ဝန်ထမ်းဟာ သူတို့ ရဲ့ ခေါင်းဆောင်လီ လာတာမြင်တဲ့အချိန်မှာ အမြန်ရှင်းပြလိုက်တယ်။

"ကြီးကြပ်ရေးမှူး လီ..ဒီမိန်းမကြီးက ဒါ သူမကလေးမဟုတ်ဘူးလို့ ပြောနေတယ်..။ကျွန်တော် တို့ အကုန်စစ်ဆေးပြီး သွားပြီ ဒီကလေးမလေးက သူမလွန်ခဲ့တဲ့ လေးနှစ်က ပျောက်သွားတဲ့ ကလေးပဲ"

လီရှောင်ရှမ်းဟာ ဝီးချဲ ပေါ်မှာ မှိုင်တွေစွာ ထိုင်နေတဲ့ ကလေးမလေးကို ကြည့်လိုက်တယ်။ကလေးမလေးရဲ့ မျက်လုံးဟာ ခံစားချက်မဲ့နေပြီး..မျှော်လင့်ချက်တွေလဲ မဲ့နေခဲ့ပါတယ်။

လီရှောင်ရှမ်း ကြည့်လိုက်ပြီး...

"ကျွန်တော်ရဲ့ ..ချစ်လှစွာသော အစ်မကြီး. ကလေးကို ပြန်မခေါ်သွားချင်လို့လား.."

ကလေးမလေးဟာ ခြေထောက်နှစ်ဖက်လုံး မရှိတော့ပဲ သူမရဲ့ ဘဝတစ်သက်လုံး ဝီးချဲ ပေါ်မှာပဲ နေသွားရတော့မှာပါ။သူမဟာ တစ်နှစ်သမီး အရွယ်က ပြန်ပေးဆွဲခံခဲ့ရတာဖြစ်ပြီး အခုဆိုရင် ငါးနှစ်ရှိနေခဲ့ပါပြီ။

သူမဟာ တစ်ခြားကလေးတွေနဲ့ မတူတော့ပါဘူး..မိန်းမကြီးဟာ ဒီအခြေအနေကို မြင်တော့ဘပြန်ပြီး မခေါ်ချင်တော့တာ ဖြစ်နိုင်ပါတယ်။

သူမ ပြန်ခေါ်သွားခံရရင်တောင်မှ..ကလေးမလေးက ကောင်းကောင်း ဆက်ဆံခံရမှာမဟုတ်ပေ။

ဒါက လီရှောင်ရှမ်း တွေးနေမိတာပါ။

သက်လတ်ပိုင်း မိန်းမကြီးဟာ ကလေးကို တစ်ချက်ကြည့်ကာ လက်ဝေ့ယမ်းလိုက်ပြီး..

"ငါက ကလေးကို ပြန်မခေါ်ချင်တာမဟုတ်ဘူး..ဒါက ငါ့ရဲ့ကလေးတစ်ကယ် မဟုတ်လို့ ပြောချင်နေတာ.."

ရဲဌာနက ဖုန်းဆက်လာတဲ့ အချိန်မှာ သူမလည်း အရမ်းစိတ်လှုပ်ရှားသွားခဲ့ပါတယ်။သူမကလေးနဲ့ ပြန်မတွေ့ရတာ နှစ်တွေ အတော်ကြာနေပြီဖြစ်ပြီး အခုလို ပြန်တွေ့ရမယ်လို့ မထင်ထားခဲ့ပါဘူး။

သူမတို့ ကလေးပျောက်သွားတုန်းကဆိုရင် သူမယောက်ျားဟာ ဝမ်းနည်းလွန်းလို့ တစ်နှစ်လောက် ဘာမှမလုပ်နိုင် မကိုင်နိုင်ခဲ့ပါဘူး။သို့ပေမယ့်လည်း..သူမတို့ဟာ ငယ်ရွယ်သေးတာကြောင့် .ကလေးနောက်တစ်ယောက် ယူနိုင်ခဲ့ကြပြီး.သားလေးတစ်ယောက် ကို ရခဲ့ကြပါတယ်။

အဲ့ကတည်းက သူမရဲ့ သမီးလေးကို ပြန်ရှာဖို့ မတွေးခဲ့တော့တာပါ။

ဒီမတိုင် တုန်းကတော့ ဝန်းထမ်းတွေဟာ သူမရဲ့ သမီးလေးကို ပြန်တွေ့ခွင် ရတော့ မယ်ပြောလို့ ဝမ်းသာမိပါသေးတယ်။သို့ပေမယ့် သူမကလေးကို မြင်တဲ့အချိန်မှာ တော့ ခြေထောက်နှစ်ဖက်စလုံး မရှိတော့ပဲ..အရမ်းပိန်လွန်းလို့ အရိုးတွေတောင် ပေါ်နေခဲ့တာ တွေလိုက်ရပါတယ်။

သူမစိတ်ထဲ မှာ ထွေးပွေ့ချင်ပေမယ့်လည်း..နောက်ကို ဆုတ်ကာ. သူမယောက်ျားကို ဖုန်းခေါ်ပြီး.အခြေအနေတွေ ရှင်းပြလိုက်တယ်။

ဖုန်းထဲမှာတော့ တိတ်ဆိတ်သွားခဲ့ပြီး..ငါးမိနစ်ကြာလောက်မှ သူမယောက်ျားဟာ စကားစပြောလာခဲ့ပါတယ်။

"ငါတို့ကလေး မဟုတ်တာ ဖြစ်နိုင်တယ်"

ပြောပြီးတာနဲ့ ဖုန်းချသွားခဲ့တယ်။

သူမရဲ့ သမီးလေးပုံစံကို စိတ်ကူးထဲမှာ အကြိမ်များစွာ ဖော်ကြည့်ထားခဲ့ပေမယ့် လည်း ဒီလို ပုံစံမျိုးဖြစ်နေလိမ့်မယ် လို့တော့ မထင်ထားခဲ့ပါဘူး။

သူမအစတုန်းက တွေးထားတာက သူမသမီးလေး ဘယ်လို အနေအထားပဲ ဖြစ်နေပါစေ..လက်ခံပြီးတော့ အရင်ကထက် ပိုချစ်ပေးမယ် ဆိုပြီးတော့ပါ။

သို့ပေမယ့် အမှန်တကယ် တွေ့ရတဲ့အချိန်မှာတော့ သူမတွေဝေသွားခဲ့ပါပြီ။ဘဝသက်တမ်းက ရှည်လျားတဲ့ အတွက် သူမလည်း မဝံ့ရဲပါဘူး.။

ဝူယူလန်ဟာ သူမရှေ့က အခြေအနေကို မြင်ပြီး လင်းဖန်ကို ကြည့်လိုက်တယ်။

"ဒါ သူမကလေးလား"

လင်းဖန် ပြန်မဖြေခဲ့ပေ။ဒီအချိန်မှာတော့ သူလည်း ဘာမှဝင်မပြောချင်ပါဘူး..။သူ ဒီကလေးမလေးက အမျိုးသမီးရဲ့ ကလေးဆိုတာ သေချာပါတယ်။ဒါပေမဲ့ ကလေးမလေးရဲ့ အခြေအနေက ဘယ်မိဘမှ ထင်မှတ်ထားမှာမဟုတ်ပါဘူး။

လက်ရှိအခြေအနေက သူမ ကလေးမလေးကို ပြန်မယူချင်တာမဟုတ်ပဲ ပြန်မယူရဲတာပါ။

ဝီးချဲပေါ်မှာ ထိုင်နေတဲ့ ကလေးမလေးဟာ.. အမျိုးသမီးကို ကြည့်နေပြီး ညှင်သာစွာဖြင့် ခေါ်လိုက်တယ်။

"မားမား"

အမျိူးသမီးကြီးရဲ့ နှလုံးခုန်သံတွေဟာ ရပ်တန့်သွားခဲ့ပါပြီ။သူမ နောက်ကို တစ်လှမ်းဆုတ်လိုက်ပြီး..လက်ဝေ့ယမ်းလိုက်တယ်။

"ငါ နင့်ရဲ့ အမေမဟုတ်ဘူး.။ငါမဟုတ်ဘူး.."

အမျိုးသမီးကြီးဟာ ဘေးနားကလူတွေကိုတောင် ဂရုမစိုက်နိုင်တော့ပဲ ရှက်ရွံ့စွာ ထွက်ပြေးသွားခဲ့ပါတယ်။သူမလုံးဝ မရပ်တန့်ချင်တော့ပါဘူး ဒါပေမဲ့ သူမရဲ့ မျက်လုံးတွေဟာတော့

အစောကြီးကတည်းက နီရဲနေခဲ့ပါပြီ။

လီရှောင်ရှမ်း ဒါကို မြင်တဲ့အချိန်မှာ တစ်ခုခု ပြောဖို့ လုပ်လိုက် ပေမယ့်လည်း ဘာမှမပြောနိင်ခဲ့ပေ။

ဒါမျိုး ဖြစ်လာမှာကို သူအကြောက်ဆုံးပါ။

သူ ဘာပြောရမှန်းတောင် မသိတော့ပါဘူ။

သူသာ ဒီမိန်းမကြီးရဲ့ နေရာမှာဆိုရင်ရော...ဘာလုပ်မှာလဲ....

လီရှောင်ရှမ်းရဲ့ မျက်နှာမှာ ဒေါသ အရိပ်အရောင်တွေ ပေါ်လာခဲ့ပါတယ်။

"ဒီ လူကုန်ကူးတဲ့ ကောင်တွေ ဒီလောက်တောင် ရက်စက်တယ်"

လင်းဖန် လီရှောင်ရှမ်းကို ပြောလိုက်တယ်။

"အခု ဘာဆက်ဖြစ်မှာလဲ.."

လီရှောင်ရှမ်း သူ့မျက်လုံးကို သုတ်လိုက်ပြီး..

"ငါလည်း မသိဘူး..ငါတို့က သူမပြန်ခေါ်သွားခံရမယ်လို့ မျှော်လင့်ထားတာ..။ဒါပေမဲ့ လက်ရှိပုံစံကဘသူမ ပြန်ခေါ်ခံရရင်တောင်..ပျော်ရွင်တဲ့ ဘဝတစ်ခုရမှာမဟုတ်ဘူး။သူမကို မသန်စွမ်းကျောင်းကို ပို့ပေးရတော့မယ်ထင်တယ်""

လင်ဖန်း ဝီးချဲပေါ်က ကလေးမလေးကို ကြည့်လိုက်တဲ့ အချိန်မှာတော့ သူမဟာ ခေါင်းကိုငုံ့ထားပြီး သေးသွယ်တဲ့ လက် ကလေးနဲ့ အက်ျီလက်ကို လုံးခြေနေခဲ့ပါတယ်။

အဲ့အချိန်မှာတော့ တစ်ခြားမိဘတွေဟာ သူတို့ရဲ့ ကလေး ဘာမှ မဖြစ်တာတွေလို့ ဝမ်းသာနေကြပြီး..တစ်ချို့ ကိုယ်အဂ်ါ မစုံတဲ့ ကလေးမိဘတွေကလည်း ဝမ်းနည်းစွာပဲ ထွေးပွေ့လိုက်ကြပါတယ်။

ဒါက ထွက်ပြေးသွားတဲ့ မိန်းမကြီးတင် မဟုတ်ပဲ တစ်ခြား မိဘ တွေဟာလည်း သူမတို့ ကလေး ချွတ်ယွင်း နေတာကို မြင်ရတဲ့အချိန်မှာ ဘာလုပ်ရမလဲမသိကြတော့ပါဘူး။သူတို့ ကလေးတွေကို ပြန်ခေါ်သွားရင် ဘဝတစ်သက်လုံး စောင့်ရှောက် ရတော့မှာဖြစ်ပေမယ့်..ပြန်မခေါ်ရင်တော့ ခနတာလောက်ပဲ နာကျင်ရမှာပါ။

"တကယ့် စောက်ကျိုးနဲပဲ.."

လင်းဖန် ရေရွတ်လိုက်တယ်။

ဝူးယူလန်ဟာလည်း သူမ မျက်နှာက မျက်ရည်တွေကို သုတ်လိုက်ပြီး..

"ဘာလို့ ဒီလောက်တောင် ရက်စက်ကြရတာလဲ"

လင်းဖန် လီရှောင်ရှမ်းကို ကြည့်ကာ ပြောလိုက်ပါတယ်။

"ကျွန်တော် အရင်ပြန်တော့မယ်..ခံစားရတာ တကယ်မကောင်းတော့ဘူး"

လီရှောင်ရှမ်းလည်း ခေါင်းညိမ့်လိုက်တယ်။သူတို့ကတော့ ဒီကိစ္စတွေကို အဆုံးအထိ တာဝန်ယူပြီး ဆောင်ရွက်ရဦးမှာပါ။

All Chapters