အထူး ယဥ်ကျေးမူနေ့ကိုသတ်မှတ်လိုက်ပြီ..
Vol. 15 Ch. 213
ဘာသာပြန် = စနိုးဝှိုက်
တိမ်ဖြူလမ်း။
ဝူတန်ဟီဟာ သူ့သမီး အစောကြီးပြန်လာတာကို ကြည့်ပြီး ..မေးလိုက်တယ်။
"ဘယ်လိုဖြစ်ပြီး..အစောကြီး ပြန်လာတာလဲ"
ဝူယူလန်ဟာ ခေါင်းယမ်းလိုက်ကာ..
"နေလို့မရတော့ဘူး..တကယ်စိတ်ပျက်ဖို့ကောင်းတယ်"
သူတို့ လင်ဖန်ကို ဝိုင်းကြည့်လိုက်တဲ့အချိန်မှာ လင်းဖန်ဟာ ခေါင်းညိမ့်ပြလိုက်ပါတယ်။
"ကြည့်ရတာ..ဒီလိုမျိုး ဖြစ်လာလိမ့်မယ်လို့ ဘယ်သူမှ မထင်ထားဘူး"
အကုန်လုံးက ဝူတန်ဟီ ခန့်မှန်းထားသလို အတိအကျဖြစ်လာခဲ့တာပါ။သူက ဒီလို အခြေအနေမျိုးတွေကို..ဖြတ်သန်းပြီး ကြုံဖူးခဲ့ပါပြီ။
"ကလေးတွေအတွက် ကတော့ အတော်ခံစားကြရမှာပါပဲ"
အဲ့အချိန်မှာတော့ ကျောက်ကျန်းယန်ဟာ..တိုက်ရိုက် ထုတ်လွင့်နေပြီး. အခြေအနေ အပြည့်အဝကို နားမလည်ခဲ့ပေ။
လင်းဖန် နောက်တစ်ကြိမ် ပြန်ရှင်းပြလိုက်တဲ့ အချိန်ကြမှ..အကုန်လုံး သဘောပေါက်သွားခဲ့ပါတယ်။သူတို့လည်း ဒီလို အဖြစ်အပျက်မျိူး ဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး။
တိုက်ရိုက်ထုတ်လွင့်မူထဲက လူတွေတောင် နားစွင်နားဖျားကြားပြီး ကြောင်အသွားခဲ့ပါတယ်။
"ချီးပဲ..ဒီလို မိဘတွေလည်း ရှိသေးတယ်လား..တကယ် နှလုံးးသားမဲ့တာပဲ"
"သူတို့က မိဘ မဖြစ်သင့်ဘူး"
"ကောင်လေးတို့..အပြစ်မတင်ကြနဲ့။သူတို့အတွက်လည်း ထည့်စဥ်းစားကြည့်ဦး..အခုလိုရွေးချယ်မူက လွယ်တာမဟုတ်ဘူး"
"ကြည့်ရတာ..ဒါအသဲကွဲဖို့ကောင်းတယ်။ဘာပြောရမယ် မှန်းတောင်မသိတော့ဘူး"
လင်းဖန်ကတော့ ထိုင်ပြီး ဒီအကြောင်းကို ပြန်စဥ်းစားနေခဲ့ပါတယ်။သူတစ်ခုခု လုပ်သင့်တယ်လို့ ထင်ပေမယ့်လည်း..ဘာလုပ်ရမလဲ မသိပါဘူး။
ဝူယူလန်ဟာ ပြောလိုက်တယ်။
"ငါတို့..တစ်ခုခု အဓိပါယ်ရှိတာ လုပ်သင့်တယ်ထင်တယ်။မိဘမဲ့ ဂေဟာ ကိုသွားပြီ လှူဒါန်းတာတို့ ဘာတို့လေ။သူတို့ကို စိတ်ပြောင်းအောင်လုပ်ပေးပြီး ..ဒီအဖြစ်အပျက်ကြီးကို မေ့သွားအောင် လုပ်ပေးသင့်တယ်"
လင်းဖန် ကြည့်လိုက်ပြီး..
"ဒါက တကယ်မဆိုးဘူးနော်..ငါတို့ ဆိုင်က မနက်ပိုင်းလောက်ပဲ အလုပ်ရှုပ်တာလေ..နေ့လည်ဘက်ဆိုရင် အားနေတာပဲ"
ဝူယူလန်ဟာ ပြုံးပြီး မတ်တတ်ရပ်လိုက်တယ်။
"ငါတို့ရဲ့ ပရဟိတ အဖွဲ့နာမည်ကို စဥ်းစားပြီးသွားပြီ။မာစတာ လင်းရဲ့ ပျော်ရွှင်မူ အဖွဲ့အစည်း"
"ဒီ နာမည်ကြီးက ထူးဆန်းနေတယ်နော်.."
လင်းဖန်..ပြောလိုက်တာပါ။
ဝူယူလန် ရယ်မောလိုက်ပြီး..
"ငါကတော့ ဒီနာမည် မဆိုးဘူးလို့ထင်တယ်။ဘယ်လို ထင်ကြလဲ"
လူလိမ် ထျန်က အမြဲတမ်း ဖော်လို လိုက်တတ်ပြီး ဘယ်တော့မှ ဝူယူလန် နဲ့ ဆန့်ကျင်ဘက် မလုပ်ပါဘူး။
"ကောင်းတယ်.တကယ်ကောင်းတဲ့ နာမည်ပဲ..။အဓိပါယ်ရှိတယ်နော်.."
ကျောက်ကျန်းယန်ဟာ ရယ်မောလိုက်ပြီး..
"ဒီနာမည်က မဆိုးပါဘူး"
ဝူတန်ဟီကတော့ ပြောစရာ မလိုတော့ပေ။သူ့သမီးကို သူမှ မထောက်ခံ ရင် ဘယ်သူထောက်ခံပေးတော့မှာလဲ..
ရက်အနည်းငယ်ကြာပြီးနောက်။
လင်းဖန် လီရှောင်ရှမ်းနဲ့ အမြဲတမ်း အဆက်အသွယ် ရှိပါတယ်။ဒီရက်ပိုင်းမှာ လီရှောင်ရှမ်းဟာ ဖင်ကုန်းပြီး အလုပ်တွေ ကြိုးစားနေခဲ့တာပါ။
ဒီကိစ္စကို..မဖြေရှင်းရသေးပဲနဲ့.သူ ကောင်းကောင်းအိပ်ပျော်နိုင်မှာမဟုတ်ပေ။နောက်ဆုံးမှာတော့ ကျန်နေတဲ့ .ကလေးတွေကို မိဘမဲ့ ဂေဟာ ကိုပို့ပြီး..စီစဥ်ပေးနိုင်ခဲ့ပါတယ်။
ကလေးတွေ ရဲ့ မိဘအများစုဟာ ကလေးတွေကို ပြန်ခေါ်ကြပြီး..တစ်ချို့ မိဘတွေကသာ.ကလေးတွေ ချွတ်ယွင်းနေလို့ ပြန်မခေါ်ကြတော့တာပါ။
သို့ပေမယ့် မိဘတွေနဲ့ မတွေ့သေးတဲ့ မိဘတွေဟာ ကလေး ၆၅၀ လောက်ရှိသေးပြီး..သူတို့ကို လည်း လောလော ဆယ် မိဘမဲ့ ဂေဟာ မှာပဲ ပို့ထားခဲ့ပါတယ်။
နောက်တစ်ရက် မှာတော့။
တိမ်ဖြူလမ်း..မာစတာ လင်းရဲ့ ဆိုင်မှာ..လူတိုင်းအလုပ်ရှုပ်နေခဲ့လို့ပါ။ဝမ်မင်ယန်ဟာ လည်း ထရတ်ကားတွေ နဲ့လိုက်လာပြီး ..ကားပေါ်မှာလည်း ကလေး ဆော့စရာ အရုပ်တွေ အများကြီး ရှိနေခဲ့ပါတယ်။
ဘေးနား ဝန်းကျင်က ဆိုင်ပိုင်ရှင်များဟာ ဒါကို မြင်ပြီး သံသယ ဖြစ်စွာ ကြည့်လိုက်ကြတယ်။
ဆိုင်ပိုင်ရှင် တစ်ဟောက်ဟာ မေးလိုက်ပါတယ်။
"မာစတာ လင်း..ဘာတွေလုပ်နေတာတုန်း"
လူလိမ် ထျနိဟာ ပြုံးပြီး ပြန်ဖြေလိုက်တယ်။
"လူကုန်ကူးမူကြောင့် ပြန်ပေးဆွဲ ခံရတဲ့ ကလေးတွေကို..မိဘမဲ့ ဂေဟာ မှာထားထားကြပြီးပြီလေ..အခု သူတို့ကို လက်ဆောင် တွေ၊ အရုပ်တွေနဲ့ စိတ်ချမ်းသာ ပျော်ရွှင်အောင် သွားလုပ်ပေးမလို့..ပြီးတော့ အစားအသောက်တွေလဲ ချက်ကျွေးဦးမှာ.."
ဘေးနားက ဆိုင်ပိုင်ရှင်တွေဟာ အံ့သြသွားခဲ့တယ်။သူတို့ မာစတာ လင်းရဲ့ အရသာရှိတဲ့ ဟင်းပွဲ အကြောင်းကို ပြန်တွေးမိလိုက်တဲ့ အချိန်မှာတော့ နှလုံးခုန်သံတွေ မြန်လာခဲ့ပါပြီ။
သို့ပေမယ့် မာစတာ လင်းက ကလေးတွေ အတွက် ချက်ပေးတယ် ဆိုတာ ကို တွေးမိလိုက်တဲ့ အချိန်မှာ အသိစိတ်ပြန်ဝင် လာခဲ့ကြပါတယ်။
ဒီ ပြန်ပေးဆွဲခံရတဲ့ ကလေးတွေဟာ သနားဖို့ကောင်းပြီး သူတို့ရဲ့ အစားအသောက်ကို လိုက်လုပြီး စားတာက တကယ် မသင့်တော်တဲ့အရာပါ။
သူတို့ ဒီလို အဓိပါယ်ရှိတဲ့ အစီစဥ်ကို ပြန်တွေးမိလိုက်ကြတဲ့ အချိန်မှာ..လင်းဖန်ကို အမြန်မေးလိုက်တယ်။
"မာစတာ လင်း.ကျွန်တော်တို့ပါ လိုက်ခဲ့လို့ရလား"
အလုပ်ရှုပ်နေတဲ့ လင်းဖန်ဟာ ရယ်မောလိုက်ပြီး..
"ဒါပေါ့ ကျွန်တော်တို့က လူအင်းအားလိုနေတာ။ဒါပေမဲ့ ဟိုရောက်ရင် အစားအသောက်တော့ စားလို့မရဘူးနော်.."
ဆိုင်ပိုင်ရှင်များဟာ လက်ဝေ့ယမ်းပြီး ပြောလိုက်ပါတယ်။
"ပြသနာ မရှိပါဘူး။ဒီလို အလုပ်က တန်ဖိုး ရှိတယ်လေ..ဝင်ကူညီပေးရမှာပေါ့။ကျန်တဲ့ လူတွေကိုလည်း အခုပဲ အသိပေးလိုက်ဦးမယ်"
လင်းဖန် တက်ကြွနေတဲ့ ဆိုင်ပိုင်ရှင်တွေကို ကြည့်ပြီး ပြုံးလိုက်ပါတယ်။သူတို့က တကယ်စိတ်ထားကောင်းကြတဲ့ လူတွေပါ။
ဒီလက်ဆောင်တွေကို လင်းဖန် သူဟာသူ ကုန်ကျခံပြီး ဝယ်ထားတာပါ..။သူ့မှာ ပိုက်ဆံတွေ အများကြီး ရှိပေမယ့်လည်း ထွေထွေထူးထူး သုံးစရာ မရှိတော့ ..ဒီလို အဓိပါယ်ရှိတဲ့ နေရာတွေမှာ သုံးသင့်ပါတယ်။
သိပ်မကြာခင်မှာပဲ လင်းဖန် မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် အံ့သြသင့်သွားခဲ့တယ်။
ဘေးနားဝန်းကျင်မှာ ရှိတဲ့ ဆိုင်တွေ အကုန် ပိတ်လိုက်ကြတာပါ။သူလူနည်းနည်း လောက်ပဲ လာကူကြမယ် လို့ထင်ထားပေမယ့် အခုလိုမျိုး ဆိုင်ပိတ်ပြီး အကုန်လာကူညီမယ်လို့ မထင်ထားခဲ့ပေ။
နာရီဆိုင်ပိုင်ရှင် လူကြီးဟာ အပြုံးလေးနဲ့ ပြောလိုက်တယ်။
"မာစတာ လင်း ဒီနေ့က ၂၀ ရက်နေ့လေ။ဒီအလုပ်က တကယ် တန်ဖိုးရှိတဲ့ အလုပ်ပဲ။ဘာလို့ လတိုင်း ၂၀ ရက်နေ့ဆိုရင် ဆိုင်တွေ ပိတ်ပြီး မိဘမဲ့ ဂေဟာ ကို မသွားတာလဲ။ဒီနေ့ကို တိမ်ဖြူလမ်းရဲ့ အထူးနေ့ အဖြစ်သတ်မှတ်လိုက်ရအောင် .ဘယ်လိုထင်လဲ"
လင်းဖန် မပြောရသေးခင်မှာပဲ နောက်ထပ် ဆိုင်ပိုင်ရှငိ တစ်ယောက်ဟာ ပြောလိုက်တယ်။
"ဒါအကြံကောင်းပဲ..ငါတို့ တိမ်ဖြူလမ်းမှာလဲ ယဥ်ကျေးမူး နေ့ရက်ရှိသင့်တယ်လေ။ဒီနေ့ကစပြီး လတိုင်း ၂၀ ရက်နေ့က ငါတို့ရဲ့ ..ပရဟိတ ယဥ်ကျေးမူ နေ့ပဲ။ဒီနေ့ဆိုရင် အမြဲတမ်း ငါတို့ ဆိုင်ကို ပိတ်ရမယ်.."
လင်းဖန် သူတို့ကို ကြည့်ကာ ပြုံးလိုက်ပြီး..
"ကြည့်ရတာ ဒီနေ့ မပင်ပန်းလို့ မရတော့ဘူးထင်တယ်။အားလုံးက သဘောတူနေမှတော့ အကုန်လုံး အတူတူ ကြိုးစားလိုက်ရအောင်"
"မာစတာ လင်းအကောင်းဆုံး ကြိုးစားမှရမယ်နော်"
"မာစတာ လင်း ဒီနေ့ ပင်းပန် နိုင်တယ်.."
ဒီလိုနဲ့ပဲ။
တမ်ဖြူလမ်း ရဲ့ ပရဟိတ နေ့ဟာ ၂၀ ရက်နေ့ဖြစ်ပြီး..ယဥ်ကျေးမူဆိုင်ရာ အထူးနေ့အဖြစ် သတ်မှတ်လိုက်ကြတယ်။ဒါပေါ့ ဒါကနောက်ပိုင်းမှ ဖြစ်လာမှာပါ။
ကားထဲတွင်။
ဝမ်မင်ယန်ဟာ ပြောလိုက်တယ်။
"ညီအစ်ကို မင်းက ပရဟိတ သမားလုပ်ဖို့ အရည်အချင်းလည်း ရှိတာပဲလား"
လင်းဖန် လက်ဝေ့ယမ်းလိုက်ပြီး..
"ကျုပ်စွမ်းရည်တွေ ဘယ်လိုနေလဲ..ဒါကလဲ အားလုံးက ကြင်နာကြလို့ပါ။ဟေး..ခင်ဗျား မိန်းကလေးရော.."
ဝမ်မင်ယန် ဟာပြုံးကာ ပြန်ဖြေလိုက်တယ်။
"မင်း ကိုယ့်ညီအစ်ကို ရဲ့ မိန်းကလေးကို ခိုးလို့မရဘူးနော်။မင်း ငါ့ မိန်းကလေး အကြောင်းတွေးလိမ့်မယ်လို့ မထင်မိဘူး"
လင်းဖန် ," လစ်လိုက်..ကျုပ်က ဒီတိုင်း မေးကြည့်တာ"
"သူမက ရုပ်ရှင်ရိုက်စရာရှိလို့..ကျုံးကျို့ ကိုသွားတယ်။သူမ လအနည်းငယ် မှ ပြန်လာမှာ။ဒီ မိန်းကလေး..သူမမှာ ငါ့လို စိန်တုံး တစ်တုံး ရှိနေတာတောင် ရုန်းကန်လှုပ်ရှား ချင်နေတုန်းပဲ..ဒီတော့ ငါလွှတ်ထားဖို့ ပဲ တတ်နိုင်တော့တယ်"
ဝမ်မင်ယန် ပြန်ဖြေလိုက်တာပါ။
လင်းဖန် လေးနက်စွာ သတိပေးလိုက်တယ်။
"စိတ်ရှည်ရှည်နဲ့စောင့် ..ခင်ဗျား ဒီတစ်ယောက်နဲ့ လွဲသွားရင် သူမလို မိန်းမကောင်းမျိုး ရှာဖို့လွယ်တော့မှာ မဟုတ်ဘူး"
ဝမ်မင်ယန်ဟာ ပြန်ပြောလိုက်တယ်။
"စိတ်မပူနဲ့ မင်းကဒီလို ပြောနေမှတော့..သူမက ငါ့ကို သေတဲ့ အထိရိုက်နှက်ရင်တောင် လွတ်ပေးမှာမဟုတ်တော့ဘူး"
ကားတွေဟာ မိဘမဲ့ ဂေဟာကို ရှေ့ဆက်နောက်ဆက် ထွက်ခွာသွားနေခဲ့ပါတယ်။ဆိုင်ပိုင်ရှင် တွေက တော့ သူတို့ရဲ့ ကိုယ်ပိုင်ကားတွေကို မောင်းနှင်ပြီး နောက်က လိုက်လာကြလို့ပါ။