ဒီလူပျက်က ဘယ်ကနေရောက်လာတာလဲ
Vol. 15 Ch. 214
ဘာသာပြန် = စနိုးဝှိုက်
ရှန်ဟိုင်း ကလေးသူငယ် မသန်စွမ်း ဂေဟာ။
လင်းဖန် ဒီနေရာကို ရောက်တဲ့ အချိန်မှာ လီရှောင်ရှမ်းလည်း ရှိနေတာကို တွေ့လိုက်ရပါတယ်။
"ခင်ဗျားတို့လည်း ဒီမှာရောက်နေတာလား.."
လီရှောင်ရှမ်းဟာ လင်းဖန်ကို မြင်လိုက်တဲ့ အချိန်မှာ ပြုံးလိုက်တယ်။
"မာစတာ လင်း ဒီမှာဘာလုပ်နေတာလဲ။အခု ငါတို့က ကလေးတွေအတွက် အခန်းပြင်ဆင်ပေးနေတာ..ပြီးတော့ မလိုလားအပ်တဲ့ အန္တရာယ်တွေ ရှိမရှိလည်း စစ်ဆေးပေးနေတယ်"
"ကျွန်တော်တို့ က ထွေထွေထူးထူး တော့မဟုတ်ပါဘူး..ကလေးတွေ စိတ်ခံစားချက်ကောင်းအောင် လက်ဆောင်လေးတွေ ယူလာပေးတာ"
လင်းဖန် ပြုံးပြီး သူနောက်မှာ ရှိနေတဲ့ ကားတွေကို လက်ညိုးထိုးပြလိုက်တယ်။
"တိမ်ဖြူလမ်းက ဆိုင်ပိုင်ရှင်တွေကလည်း ကလေးတွေကို အရမ်းကူညီပေးချင်နေကြတာ။ဒါကြောင့် သူတို့ကိုပါ ခေါ်လာခဲ့တယ်လေ..ပြသနာ မရှိဘူးမလား."
လီရှောင်ရှမ်းဟာ ရယ်မောကာ လက်ဝေ့ယမ်းပြီး အလျင်အမြန် ပြောလိုက်တယ်။
"ဘာပြသနာ ရှိရမှာတုန်း..သူတို့ အကုန်လုံးကိုကြိုဆိုပါတယ်။ငါတို့က လူအင်အားလိုနေတာလေ။အခုသူတို့ ရှိနေတော့ အဆင်ပြေသွားတာပေါ့"
"ကောင်းပြီ အကုန်အဆင်ပြေတယ် ဆိုရင် သူတို့ကို စီစဥ်ပြီး ကလေးတွေကို လက်ဆောင် ဝေပေးဖို့ ပြင်ဆင်လိုက်တော့မယ်။ဟုတ်သားပဲ..ကလေးမိဘတွေရော ထပ်ပြီး ဆက်သွယ်မိသေးလား ."
လီရှောင်ရှမ်း ခေါင်းညိမ့်လိုက်တယ်။
"လူမူကူညီရေး အသင်းတွေကြောင့်..တစ်ချို့ကလေး မိဘတွေကို ရှာတွေ ခဲ့တယ်။သူတို့ လည်း ဒီကို လာနေကြပြီ..ဒီကိစ္စက ဖြည်းဖြည်းချင်း ဖြေရှင်းမှကို ရမှာ။တကယ်လို့ သူတို့ မိဘတွေ မလိုချင်ဘူးဆိုရင်တောင်..ကလေးတွကို သေချာ ကြီးပြင်းနိင်အောင် လုပ်ရမယ်..။သူတို့ မိဘတွေ နောင်တ ရမလား စောင့်ကြည့်ရအောင်.."
လင်းဖန် ပြုံးလိုက်တယ်။
"ခေါင်းဆောင်လီ..မဟုတ်ဘူး.အခုတော့ ကြီးကြပ်ရေးမူးလီ လို့ ခေါ်ရတော့မယ်။ခင်ဗျားက အများကြီးတွေးနေတာပဲ..ဘာလို့ နာကျင်နေတဲ့ လေသံပေါက်နေရတာလဲ"
လီရှောင်ရှမ်းဟာ ရယ်မောကာ လင်းဖန်ရဲ့ ပုခုံးကို ပုတ်လိုက်ပါတယ်။
"ကောင်းပြီ ကောင်းပြီ..ငါမပြောတော့ဘူး။ငါမင်းကို ပဲ လွှဲထားတော့မယ်။ဟေး..အဲတာ ဒီဂေဟာရဲ့ ဒါရိုက်တာပဲ..။ဒါရိုက်တာဟောင်..ဒီကိုလာပါဦး မိတ်ဆက်ပေးမလို့.."
လီရှောင်ရှမ်းဟာ အော်ခေါ်လိုက်တယ်။အဲ့အချိန်မှာတော့ မတ်တတ်ရပ်နေတဲ့ ဒါရိုက်တာဟောင်ဟာ..လီရှောင်ရှမ်းရဲ့ အသံကိုကြားပြီး အပြုံးလေးနဲ့ ပြေးလာခဲ့ပါတယ်။သူမရဲ့ ဂေဟာ လမ်းကြောင်းမှန်ပေါ်မှာ ရပ်တည်နေတာက..အစိုးရအရာရှိ တွေရဲ့ ကြင်နာမူကြောင့်ပါ။
"ဒါရိုက်တာ ဟောင်..ဒါက မာစတာ လင်းပဲ။လူကုန်ကူးမူ အဖွဲ့အစည်းကို ဖမ်းဆီးရာမှာ..အကြီးမားဆုံး ကူညီပေးခဲ့တာ"
လီရှောင်ရှမ်ဟာ မိတ်ဆက်ပေးခဲ့တာပါ။
ဒါရိုက်တာဟောင်ဟာ အသက်ငါးဆယ်လောက် ရှိပြီး..အနည်းငယ် ဝကာ .လှပတဲ့ မျက်နှာထားရှိပါတယ်။သူမဟာ ပြုံးလိုက်ပြီး...
"အာ..မာစတာ လင်းကိုသိတယ်။တွေ့ရတာ ဝမ်းသာ ပါတယ် မာစတာ လင်း.."
လင်းဖန် လက်ဆွဲနှုတ်ဆက်လိုက်ပြီး..
"အရမ်းယဥ်ကျေးတာပဲ ဒါရိုက်တာဟောင်။လင်းဖန် လို့ပဲ ခေါ်ပါ။ကျွန်တော် အိမ်နီးချင်းတွေနဲ့..လက်ဆောင် တွေယူလာခဲ့တယ်။ကလေးတွေနဲ့လည်း ပျော်စရာ အစီစဥ်လေးတွေ လုပ်မလို့..ဒါက အနောက်ယှက် မဖြစ်စေဘူးမလား.."
ဒါရိုက်တာဟောင်ဟာ ရယ်မောကာ ပြောလိုက်တယ်။
"ဒါပေါ့ မဖြစ်ပါဘူး။ပိုပြီးတောင် ကြိုဆိုပါတယ်။ဘယ်လိုလုပ် နှောက်ယှက်တယ်လို့ ပြောနိုင်မလဲ.."
လင်းဖန် ဒါရိုက်တာ ဟောင်ကို ကြည့်ကာပြုံးလိုက်ပါတယ်။သူ ဒါရိုက်တာ ဟောင်ရဲ့ ကံကြမ္မာကို ဖတ်ကြည့်လိုက်တယ်..။လက်ရှိ ခေတ်အခြေအနေက စာအုပ်တစ်အုပ်ကို အဖုံးကို ကြည့်ရုံနဲ့ ဆုံးဖြတ်လို့မရတော့ပါဘူး။
သို့ပေမယ့် အဖြေထွက်လာတဲ့ အချိန်မှာတော့..ဒါရိုက်တာ ဟောင် ဟာ..နှလုံးသား ကြင်နာတဲ့ လူတစ်ယောက်မှန်း သိလိုက်ရပါတယ်။
သူမ ဒီအသက်အရွယ်အထိ အိမ်ထောင်မပြုရသေးသလို..ကလေးလဲ မရှိပါဘူး။သူမရဲ့ ဘဝကို..ဒီ ဂေဟာ ပေါ်မှာပဲ ပုံအပ်ပြီး အလုပ်လုပ်နေခဲ့တာပါ။
ဒါရိုက်တာ ဟောင်ဟာ .အနည်းငယ် စကားပြောပြီး ထွက်ခွာသွားခဲ့ပါတယ်။
လီရှောင်ရှမ်းဟာ အပြုံးလေးနဲ့ မေးလိုက်တယ်။
"မာစတာ လင်းက ဒါရိုက်တာဟောင်ကို စိုက်ကြည့်နေတာ..ဘယ်လို လူအမျိုးအစားလဲ သိချင်လို့ ထင်တယ်.."
လင်းဖန် ရယ်မောလိုက်ပေမယ့် လည်း ဘာမှ ထွေထွေထူးထူး မပြောပါဘူး။
ဒါပေမဲ့ လီရှောင်ရှမ်း လို ရဲအရာ ရှိတစ်ယောက်အနေနဲ့..လင်းဖန် ဘာလုပ်နေလဲ ဆိုတာကိုမြင်နိုင်ပါတယ်။
လီရှောင်ရှမ်းဟာ ရယ်မောလိုက်ပြီး..
"တကယ်လို့ တစ်ခြားလူတစ်ယောက်သာ ဆိုရင်.ငါ အာမမခံနိုင်ပေမယ့်..ဒါရိုက်တာဟောင်ကိုတော့ အာမခံပေးနိုင်တယ်"
လင်းဖန် ပြန်ပြောလိုက်တယ်။
"ဟုတ်တယ်..သူမတကယ်ကို လှပတယ်။ကောင်းပြီ လုပ်စရာရှိတာ စလုပ်ရအောင်..။ကျုပ်ဒီနေ့ စားစရာ သောက်စရာ လုပ်ပေး မလို့.ဒါကအတော်ကို ပင်ပန်းမှာ"
လီရှောင်ရှမ်း အံ့သြသွားတယ်။
"မင်းကလား.."
လင်းဖန် ကြည့်လိုက်ပြီး..
"ဘာဖြစ်လို့လဲ..ဘာပြသနာ ရှိလို့တုန်း.။ကျုပ်ဘယ်လောက် ကျွမ်းကျင်လဲ ခင်ဗျား နောက်ဆိုရင် သိလိမ့်မယ်။ဒါပေမဲ့ နည်းနည်းတော့ ပင်ပန်းမှာပေါ့"
လီရှောင်ရှမ်းနဲ့ စကားအနည်းငယ် ပြောပြီးနောက်မှာ လင်းဖန်.ကားဆီကို ပြန်သွားလိုက်ပါတယ်။
သူကားပေါ်က ပစ္စည်းတွေကို အောက်ကို ချခိုင်းလိုက်တယ်။လင်းဖန်ကို အံ့သြစေတဲ့ အရာက သူဌေးကြီး ဝမ်မင်ယန်က သူများတွေထက်
ပိုပြီး..ပစ္စည်းတွေ သယ်နေခဲ့တာပါ။
ဝမ်မင်ယန် လင်းဖန် ရဲ့ အံ့သြနေတဲ့ မျက်နှာကို မြင်ပြီး ရယ်မောလိုက်တယ်။
"ငါ သူဌေး မဖြစ်ခင်တုန်းက ဆောက်လုပ်ရေးလုပ်ငန်းတွေ မှာလုပ်ခဲ့ရတာ။အိန္ဒိယ က အလုပ်သမားတွေတောင်..ငါ့ကို ယှဥ်နိုင်မှာမဟုတ်ဘူး"
ဆိုင်ပိုင်ရှင်များဟာ အရုပ်တွေ အဝတ်အစားတွေကို ယူပြီး တန်းစီနေတဲ့ ကလေးတွေကို ဝေပေးနေခဲ့ကြပါတယ်။
ကလေးတွေကတော့ အမှောင်ထဲက ဘဝကို ကျင့်သားရနေပြီး ..ဒီလိုမျိုး..သူစိမ်းတွေရောက်လာတဲ့အချိန်မှာ ကြောက်ရွံ့နေကြတယ်။
သူတို့မျက်နှာမှာ အပြုံးဆိုတာ မရှိပါဘူး။ဒါပေမဲ့ သဘောကောင်းတဲ့ ဆိုင်ပိုင်ရှင်များဟာ စိတ်ရှည်သည်းခံပြီး ဝေးပေးနေကြလို့ပါ။
အဲ့အချိန်မှာပဲ လင်းဖန် မီးဖိုခန်းကို သွားလိုက်တယ်။
ဒီတစ်ကြိမ်တော့ သူအကြီးကြီး ချက်ပြုတ်ရတော့မှာပါ။သူသာ..လုံလောက်တဲ့ ခွန်အားတွေ မရှိရင် ဒီလို ချက်ပြုတ်ဖို့ ဆိုတာ လွယ်မှာ မဟုတ်ပါဘူး။
မီးဖိုခန်းမှာတော့..တစ်ချို့ စာဖိုမှူး အမျိူးသမီးများဟာ လူငယ်လေး..မီးဖိုခန်းထဲ ဝင်လာတာတွေ့ပြီး သံသယဖြစ်စွာကြည့်လိုက်ကြတယ်။
ဒီနေရာမှာ ပရဟိတ သမားတွေ ကူညီလေ့ရှိ တာ သိကြပေမယ့်လည်း ..အခုလို မီးဖိုခန်းထဲဝင်လာပြီး ကူညီဖို့ လုပ်တာကတော့ ပထမဆုံးပါ။
လင်းဖန် အကြီးအကဲ မိန်းမကြီး တွေကို ခေါင်းညိမ့်ပြလိုက်ပြီး..
"အားလုံးပဲ ဟင်းသီးဟင်းရွက်လေးတွေ ကျွန်တော်ကို ကူပြီး ရေဆေးပေးလို့ ရမလား..။ချက်ပြုတ်တာက ကျွန်တော် လုပ်ပါ့မယ်"
ဒီနေ့က သူဆုံးဖြတ်ချက် ချထားပြီးပြီ ဖြစ်ပြီး အကောင်းဆုံး ကျောင်းဆု ဟင်းလျာကို လုပ်ပေးရတော့မှာပါ။
ထပ်ပြောရရင် ပါဝင်ပစ္စည်းတွေတောင် သူကိုယ်တိုင်ရွေးချယ်ဝယ်ယူခဲ့ပြီး..အကုန်လုံးကို သေချာ ချက်ပြုတ်မှာပါ။
လင်းဖန် ကလေးတွေနဲ့သင့်တော်တဲ့ ဟင်းလျာတွေကိုလည်း ရွေးချယ်ခဲ့ပြီးပါပြီ။ဥပမာ အနေနဲ့..ကြက်ခရမ်းချဥ်သီးဟင်း..ဝက်သားကို ငါးအသားနဲ့ရောပြီး လှိမ့်တဲ့ ဟင်း ..ငါးထင်းရူးစေ့ကြော်..ပြီးတော့ တစ်ခြား အရသာရှိတဲ့.ဟင်းလျာတွေလည်း ပါဝင်ပါသေးတယ်။
အမျိုးသမီး ကြီးတွေဟာ ဘာမှန်းညာမှန်း မသိပေမယ့်လည်း ဟင်းသီးဟင်းရွက်တွေကို ရေဆေးပေးလိုက်ကြတယ်။
လင်းဖန်ကတော့..အသီးအရွက်တွေကို..ဓားနဲ့ဘလှီးဖြတ်နေခဲ့ပါတယ်။အစတုန်းက သံသယဖြစ်နေတဲ့ အမျိူးသမီးကြီးတွေဟာ လင်းဖန်ရဲ့ ဓားကိုင်တဲ့ စကေးကို မြင်တဲ့အချိန်မှာ အံ့သြသွားကြပါပြီ။
လင်းဖန် အသီးအရွက်တွေ အကုန်လုံးကို ဖြတ်တောက်လိုက်တယ်။တစ်ခြား စာဖိုမှူးတွေအတွက် ပမာဏ အများကြီး ချက်ရရင် အရသာ ထိန်းသိမ်းဖို့ အခက်အခဲ ရှိပေမယ့် လင်းဖန်အတွက်ကတော့ လုံးဝ အခက်ခဲ မရှိပေ။
အချိန်အတော်အကြာမှာတော့ အရမ်းအရသာ ရှိတဲ့ ကျောင်းဆု ဟင်းလျာတွေဟာ ကလေးသူငယ် မသန်စွမ်း ဂေဟာမှာ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့တယ်။ဒါပေမဲ့ မိးဖိုခန်းထဲမှာတော့..ဒီအဖြစ်အပျက်ကို မြင်နေတာ အမျိုးသမီး တွေပဲ ရှိပါတယ်။
ဒီ ဟင်းလျာတွေကို စားခွင့်ရမယ့်လူတွေက သူတို့မဟုတ်ပဲ..ကလေးတွေပါ။လင်းဖန် အတွက်ကတော့ ဒီအလုပ်က တန်ဖိုးရှိတဲ့ အလုပ်ပါပဲ။
အပြင်ဘက်တွင်။
ဆိုင်ပိုင်ရှင်တွေဟာ..ကလေးနှစ်ယောက်စီ. ကိုင်ထားခဲ့ကြတယ်။သူတို့ကိုယ်တိုင်လည်း. မိဘတွေဖြစ်တာကြောင့် ကလေးးတွေ ရဲ့ နှလုံးခုန်သံ ပြောင်းလဲမူကို သိထားပါတယ်။
သူတို့က စကားမပြောချင်ကြပါဘူး။သူတို့ရဲ့ အမူအရာနဲ့ မျက်လုံးတွေထဲမှာတော့ ကြောက်ရွံ့မူတွေနဲ့ ပြည့်နေခဲ့ပါတယ်။အထူးသဖြင့် ဆိုင်ပိုင်ရှင်များ စကားကျယ်ကျယ်ပြောတာတို့..ပစ္စည်းတွေကို.အောက်ချတာ နည်းနည်း ကြမ်းတမ်းသွားတဲ့ အချိန်မှာတောင်..သူတို့ ကြောက်လန့်ပြီး ခေါင်းငုံ့နေကြတာပါ။
စားသောက်မယ့် နေရာကိုလည်း သေချာပြင်ဆင်ထားပြီး..ဒါက ပန်းခြံတစ်ခုနဲ့တောင် အတော်တူကာ လှပနေခဲ့တာပါတယ်။
ကလေးတွေကိုတော့..ဆိုင်ပိုင်ရှင်တွေ.၊ ပရိဟိတ အသင်းက လူတွေကစကားပြောပေးနေခဲ့တယ်။ဆိုင်ပိုင်ရှင်နဲ့ ကူညီပေးတဲ့ လူတွေက..ကလေးတွေရဲ့ အခြေအနေကို ကြည့်ပြီး..ဝမ်းနည်းနေလို့ပါ။ဒါပေမဲ့ သူတို့ ဒီိလု ဝမ်းနည်းတဲ့ အခြေအနေကို ကလေးတွေ ရှေ့မှာ မဖော်ပြချင်ကြပါဘူး။
ဆိုင်ပိုင်တစ်ယောက်ဟာ စတိတ်စင်ပေါ်ကနေပြီးတော့..
"ကျားနှစ်ကောင်ကို..စင်ပေါ် ဖိတ်ခေါ်လိုက်ကြရအောင်.."
ဒါက ကလေးတွေ အတွက် ဖျော်ဖြေမူအစီစဥ်ပါ။
ကလေးတစ်ယောက် ဟာ ဒါကိုကြားပြီး ကြောက်လန့်စွာ ပြောလိုက်တယ်။
"ကျားနှစ်ကောင်လား..ငါအရင်တုန်းက မြင်ဖူးတယ် ကြောက်စရာကြီး"
"ဒါက ကွာခြားတယ်..ကျားတစ်ကောင်က တင်ပါးတွေ အကြီးကြီးရှိပြီး.ကျားတစ်ကောင်ကမမြင်ရဘူး"
အစီစဥ်ကြေညာနေတဲ့ ဆိုင်ပိုင်ရှင်ဟာ ပြုံးပြီး ရှင်းပြလိုက်တာပါ။
အဲ့အချိန်မှာပဲ..စင်ပေါ်ကို တက်ပြီး ဖျော်ဖြေဖို့ လုပ်နေတဲ့ ဆိုင်ပိုင်ရှင် နှစ်ယောက်ဟာ အံ့သြသွားခဲ့ပါတယ်။
ဘယ်လို လှည့်စားမူမျိုးလဲ...တစ်ကောင်က မျက်လုံးမပါပဲ...တစ်ကောင်က နားမပါရမှာမဟုတ်ဘူးလား...?
ဘယ်လိုဖြစ်ပြီး တစ်ကောင်က တင်ပါးကြီးပြီး..တစ်ကောင်က မမြင်ရဘူးဆိုပြီးဖြစ်သွားတာလဲ...?
သို့ပေမယ့် ပြောပြီးပြီဆိုမှတော့ သူတို့လည်း မတတ်နိုင်စွာ စင်ပေါ်ကို တက်သွားလိုက်ရပါတော့တယ်။
ကျားဝတ်စုံ ဝတ်ထားတဲ့ ဆိုင်ပိုင်ရှင်ဟာ အပေါ်ကို ရောက်တဲ့ အချိန်မှာတော့.
"ဝုတ် ဝုတ်..ငါက တင်ပါးမရှိတဲ ကျားကြီးပဲ"
နောက်ထပ် ဆိုင်ပိုင်ရှင်ဟာ လည်း ပြောလိုက်တယ်။
"မြောင် မြောင် ...ငါက မမြင်ရတဲ့ ကျားကြီးနော်.."
တစ်ချို့ ဥာဏ်ကောင်းတဲ့ ကလေးတွေဟာ ပျော်ရွှင်စွာ..ရေရွတ်လိုက်ကြပါတယ်။
"ဒါက ကျားတွေရဲ့ အသံနဲ့လဲ မတူဘူး.."
"ဒါက ခွေးဟောင်သံ ကြီး မဟုတ်ဘူးလား.."
"ကြောင် အသံကြီးနဲ့ တူလိုက်တာ.."
ကလေးတွေနဲ့ စင်အောက်မှာ အတူတူကြည့်နေတဲ့ ဆိုင်ပိုင်ရှင်တွေလဲ သဘောကျနေကြပါတယ်။
ဘယ်လောက်တောင်တော် တဲ့ လူပျက်တွေလဲ..
ကလေးတွေဟာ အားလုံးရဲ့ မျက်နှာတွေမှာတော့အနည်းငယ် ပြုံးနေတာ တွေ့နေရလို့ပါ။
သိပ်မကြာခင်မှာပဲ..မွှေးကြိုင်းတဲ့ ရနံ့တွေ ပတ်ဝန်းကျင်မှာ ပြည့်နှက်လာခဲ့ပါပြီ။
စားဖို့ အချိန်ကြပြီ....