← Chapters

ငါတို့ကောင်းတဲ့ဘက်ခြမ်းကနေပဲ ကြည့်သင့်တယ်

Vol. 15 Ch. 215

ငါတို့ကောင်းတဲ့ဘက်ခြမ်းကနေပဲ ကြည့်သင့်တယ်

Vol. 15 Ch. 215

ဘာသာပြန် = စနိုးဝှိုက်

ကလေးတွေဟာ စတိတ်စင်ပေါ်မှာပဲ စိတ်ဝင်စားနေခဲ့တာပါ။ပုံမှန်အားဖြင့် ကလေးအများစုက အစားအသောက်တွေကို စိတ်မဝင်စားပါဘူး။

မွှေးကြိုင်ရနံ့ဟာ လေထဲကို ပျံ့နှံ့လာခဲ့တယ်။စားသောက်စရာ ဟင်းပွဲများကို မြင်တဲ့အချိန်မှာတော့ ဆိုင်ပိုင်ရှင်များဟာ အံ့သြသွားခဲ့ပါတယ်။ဒီ ဟင်းပွဲတွေက လှပလွန်းတဲ့ အနုပညာတစ်ရပ်လိုပါပဲ။

ထပ်ပြောရရင် ဟင်းပွဲတွေအနားကို ရောက်လာတဲ့ အချိန်မှာ သူတို့ စားချင်စိတ်ကို မနည်းတောင့်ခံထားရပြီး..ကလေးတွေကို အလျင်အမြန်ပြောလိုက်ကြတယ်။

"စားကြမယ်...စားကြမယ်ဟေ့"

ရှိုးပွဲကို စိတ်ဝင်စားနေတဲ့ ကလေးတွေဟာလည်း ရနံ့ကို ရနေခဲ့ကြပါတယ်။သူတို့ လည်း ဟင်းပွဲတွေကို မြင်တဲ့အချိန်မှာ အံ့သြသွားကြတယ်။

ကလေးတွေရော..ဆိုင်ပိုင်ရှင်တွေရော..ရနံ့နဲ့တင် စားချင်စိတ်တွေ ဖြစ်ပေါ်နေခဲ့ပါပြီ။

လက်မရှိတော့တဲ့ ကလေးတစ်ယောက်ဟာ မွှေးကြိုင်တဲ့ ရနံ့ကို ရူမိလိုက်တယ်။သူ့ရှေ့က စားချင်စဖွယ် ဟင်းလျာကို ကြည့်လိုက်ပြီး

"အန်ကယ်..နည်းနည်းလောက် စားချင်တယ်"

သူဟာ ကြောက်ရွံ့နေတဲ့ ပုံစံနဲ့ ညင်သာ နူးညံ့စွာ ပြောလိုက်တာပါ။

ဆိုင်ပိုင်ရှင်ဟာ အလျင်အမြန်တုန့်ပြန်လိုက်တယ်။

"ကောင်းပြီ ကောင်းပြီ..အန်ကယ် မင်းအတွက် လုပ်ပေးမယ်"

ကြက်ခရမ်းချဥ်သီး ဟင်းပွဲရဲ့ အပြင်အဆင်က တစ်ကယ်ကို စားချင်စဖွယ်ပါ။ဒါက လုံးဝ အနီရောင်ဖြစ်ပြီး..အသားတွေကိုလည်း.ခရမ်းချဥ်သီး အနှစ်တွေနဲ့ဝန်းရံ ထားခဲ့ပါတယ်။လုံးဝ အရသာရှိမဲ့ ဟင်းပွဲ အပြင်အဆင်ပါပဲ။

ကလေးရဲ့ ပါးစပ်ထဲကို ကြက်သား တစ်ဖဲ့ ထည့်ပေးလိုက်တယ်။အသား ပါးစပ်ထဲမှာ အရည်ပျော်သွားတဲ့ အချိန်မှာတော့ သူ့အမူအရာက ပြောင်းလဲ သွားခဲ့တယ်။ကလေးဟာ သူ့ရဲ့ ခံစားချက်ကို မထိန်းနိုင်တော့ပါဘူး။

"အန်ကယ်..ထပ်စားချင်သေးတယ်.ထပ်စားချင်သေးတယ်"

ဖျော်ဖြေပွဲဟာ ကလေးတွေကို ​ပျော်ရွှင်စေပြီး..အစားအသောက်တွေကတော့ ကလေးတွေကို အရင်ဖြစ်ပျက်ခဲ့တာတွေ မေ့ပြီး စကားပြောဖို့အထိ စွမ်းဆောင်နိုင်ခဲ့ပါတယ်။

အရသာရှိတဲ့ အစားအသောက်တွေ သူတို့ရဲ့ ပါးစပ်ထဲကို ဝင်သွားတဲ့ အချိန်မှာ သူတို့ ပါးစပ်ထဲက အရသာခံ အဖုလေးတွေဟာ ပြန်လည် တုန့်ပြန်လာပြီး..အစားအသောက်ကို ချစ်မြတ်နိုးတဲ့ ခံစားချက်ကို ပေးစွမ်းနေခဲ့လို့ပါ။

ဒီမှာ ရှိနေတဲ့ ကလေးတိုင်းရဲ့ အမူအရာက အကုန်လုံး တစ်ပုံစံ ထဲပါပဲ။အစားအသောက်တွေက အရသာရှိလွနိးပါတယ်။

ဒါရိုက်တာ ဟောင်..ဟာ သူတို့နောက်မှာရပ်နေခဲ့တယ်။သူမ မြင်ရတဲ့ မြင်ကွင်းကြောင့် အံ့သြနေခဲ့ပါပြီ။အစကတော့..သူမ ဒီကလေးတွေ စကားစပြောဖို့ စိတ်ရှည်ရမယ် လို့ထင်ထားခဲ့တာပါ။ဒီလောက် မြန်မြန် ပြောလာကြလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး။

ဒီလို လှပတဲ့ ဟင်းပွဲတွေက..စားသောက်နေတဲ့ နေရာတစ်ခုလုံးကို ရနံ့တွေ လွှမ်းခြုံနေခဲ့တာပါ။

ကလေးတွေ စားနေတာကို ကြည့်ပြီး ဆိုင်ပိုင်ရှင်တွေဟာ တံတွေး တွေ မျိုချနေခဲ့ပါတယ်။

"အန်ကယ် ထပ်စားချင်သေးတယ်"

ဆိုင်ပိုင်ရှင် ပြောလိုက်တယ်။

"ဒါက နည်းနည်း ပူသေးတယ်..အန်ကယ် မှုတ်ပေးမယ် ခနလေး.."

ယင်းနောက် သူ အနည်းငယ် မှုတ်ချင်ယောင် ဆောင်ကာ အသားဖတ်ကို ကိုက်စားလိုက်ပြီး..

"မပူတော့ဘူး.."

ကလေးဟာ ပြောလိုက်တယ်။

"အန်ကယ်..အသားတစ်ဝက်တောင် စားပစ်လိုက်တယ်"

သူဌေးဟာ စားလက်စ အသားကို အလျင်အမြန်မြိုချလိုက်တယ်။အရသာကတော့ အရမ်းကို ကောင်းလွန်းတာပါ။ဒါက မာစတာ လင်းရဲ့ အထူးလက်စွမ်း ပါပဲ။

သို့ပေမယ့် ကလေးကို ပြန်ဖြေဖို့ အတွက်..သူလူကြီး လူကောင်း ဆန်ဆန် ​ချောင်းတစ်ချက် ဟန့်လိုက်ပြီး..

"အသားဆိုတာ အရမ်းပူတာတွေကို မစားရဘူး။လာ တစ်ခြားဟင်းတွေ စားကြည့်ရအောင်..အန်ကယ် မင်းကို မပူအောင် ထပ်မှုတ်ပေးမယ်.."

ကလေး. : " .............."

လေထုဟာ လုံးဝကို အသက်ဝင်နေခဲ့ပါတယ်။လူတိုင်းဟာ လင်းဖန်ရဲ့ ကျွမ်းကျင်မူတွေကို လေးစားနေကြပါပြီ။သူတို့အတွက်ကတော့ အရသာတိုင်းက မြေကြီးပေါ်က ကောင်းကင်ဘုံပါပဲ။

သူတို့ ဒီအစားအသောက်တွေ ရဲ့အရသာကိုတောင် မဖော်ပြနိုင်ပေ။မာစတာ လင်း ဒီလောက်ထိ ဟင်းချက်ကောင်းမှန်း အရင်တုန်းက မသိခဲ့ကြပါဘူး။

ဝမ်မင်ယန်လည်း အသားဟင်း နည်းနည်း ခိုးစားအပြီးမှာ ​ဆွံ့အသွားခဲ့တယ်။အရသာက ဘယ်လို ဖော်ပြရမလဲ တောင် မသိတော့ပါဘူး။အရမ်းအရသာ ရှိလွန်းပါတယ်။

နိင်ငံတစ်ကာ အဆင့် စာဖိုမှူးတွေထက် သာတယ်လို့ ပြောရင်တောင် ငြင်းရက်စရာမရှိပေ။

မီးဖိုခန်းတွင်။

လင်းဖန် အလုပ်ရှုပ်လွန်းလို့ သူ့ရဲ့ နှာဖူးတွေမှာတောင်..ချွေးတွေရွဲ နေခဲ့ပါပြီ။ဒါပေမဲ့ သူ လုံးဝ ဂရုမစိုက်ပေ..အားလုံး ပျော်ရွှင်ဖို့ကသာ အဒိကပါပဲ။

သူနောက်ဆုံး ဟင်းပွဲပြီးသွားတဲ့ အထိ အဆက်မပြတ်လုပ်လိုက်တယ်။နောက်ဆုံးဟင်းပွဲ ပြီးဆုံးသွားမှ..စိတ်သက်သာရာ ရသွားခဲ့ပါတယ်။

နောက်ဆုံးတော့ ပြီးဆုံးသွားပြီ။

သူစားသောက်နေကြတဲ့ နေရာကို သွားတဲ့ အချိန်မှာ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ပြုံးလိုက်တယ်။လင်းဖန် အတွက်ကတော့ ဒါက ​ကျေနပ်စရာပါပဲ။

ဆိုင်ပိုင်ရှင် တစ်ယောက်ဟာ ပြောလိုက်တယ်။

"မာစတာ လင်း..ဒီကိုလာလေ"

လင်းဖန် တစ်ခြားလူတွေအကုန်လုံး ကုန်စင်အောင် စားသောက် ထားကြတာကို ကြည့်ပြီး ပီတိဖြစ်ရပါတယ်။ဒီ ဟင်းပွဲတွေကိုသူပြင်ဆင် ခဲ့ပေမယ့်လည်း သူ စားဖို့ အခွင့်အရေးတောင် မရခဲ့ပေ။

လီရှောင်ရှမ်းဟာ အံ့သြနေခဲ့ပါပြီ။သူဒီလို အရသာရှိတဲ့ အစားအသောက်ကို စားဖူးတာ ပထမဆုံး ပါပဲ။

လီရှောင်ရှမ်းဟာ လင်းဖန် ရဲ့ ပုခုံးကို ပုတ်လိုက်ပြီး..

"ကလေးတစ်ယောက်ရဲ့ မိဘ ရောက်နေတယ်.မင်းလိုက်ကြည့်ချင်သေးလား.."

လင်းဖန် စိုးရိမ်စွာ မေးလိုက်ပါတယ်။

"ကလေး အခြေအနေကရော ဘယ်လို ရှိလဲ"

လီရှောင်ရှမ်း ပြောလိုက်တယ်။

"သူက လက်မရှိတော့ဘူး"

သူ မာစတာ လင်း ဘာကို စိုးရိမ်နေလဲ ဆိုတာကိုသိထားပါတယ်။အဲ့မတော်တဆ မူအပြီးမှာ သူလည်း ကြောက်ရွံ့နေခဲ့တာပါ။ဒါသာ အရင်တစ်ခေါက်ကလို ထပ်ဖြစ်ရင်..ကလေးတွေ အတွက် နောက်ထပ် ရိုက်ချက်ကြီး တစ်ခုပါပဲ။

ရုံးခန်းထဲတွင်။

လင်းဖန် နဲ့ လီရှောင်ရှမ်းတို့..ရုံးခန်းထဲကို ဝင်တဲ့အချိန်မှာ .ဒါရိုက်တာဟောင်ဟာ သက်လတ်ပိုင်း မိန်းမကြီး တစ်ယောက်နဲ့ စကားပြောနေခဲ့ပါတယ်။

သက်လတ်ပိုင်း မိန်းမကြီးဟာ လီရှောင်ရှမ်းကို မေးလိုက်တယ်။

"ကျွန်မကလေးက ဒီမှာလား..."

လင်းဖန် အခြေအနေကို စောင့်ကြည့်နေပြီး..ဘာဆက်ဖြစ်မလဲ ဆိုတာ သူလည်း မသိပါဘူး။ဒါပေမဲ့ သူအမှန်တရားကို..လက်ခံနိင်ရမှာပါ။

လီရှောင်ရှမ်း ခေါင်းညိမ့်လိုက်တယ်။

"သူက အခုအပြင်ဘက်မှာ..ဒါပေမယ့် ကလေးအကြောင်းကို အရင်ပြောပြထားမယ်..။စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားဖို့တော့ လိုလိမ့်မယ်နော်"

သက်လတ်ပိုင်း မိန်းမကြီးဟာ..ခေါင်းကို ခါယမ်းလိုက်ပြီး..

"ကျွန်မ သူ့ကို ရှာနေတာ..ခြောက်နှစ်ရှိပြီ။အရာရာတိုင်းကို..လက်ခံနိုင်တယ်။အခု ကျွန်မကလေးကို ကြည့်လို့ရမလား.."

လင်းဖန် တံခါး ဖွင့်လိုက်ကာ ကလေးကို အထဲခေါ်လိုက်တယ်။

ကလေးဟာ လူကုန်ကူး..သမားတွေရဲ့..ဆက်ဆံမူကြောင့် အတော်အားနည်း နေခဲ့ပါတယ်။သူ့ရဲ့ ကိုယ်ကာယ က မသန်မာပါဘူး။

သက်လတ်ပိုင်း မိန်းမကြီး..သူမကလေးကို မြင်တဲ့ အချိန်မှာ ခံစားသွားရတယ်။သူမ ကလေးကို တစ်ချက်ကြည့်လိုက်တာနဲ့..သူမပျောက်သွားတဲ့ ကလေးမှန်း..ချက်ချင်းသိလိုက်ပါတယ်။

သူမဟာ ရှေ့ကို တက်လိုက်ပြီး ကလေးကို ဖက်လိုက်တဲ့ အချိန်မှာ..ကလေးရဲ့ လက်တွေ မရှိတာကို ခံစားလိုက်ရတယ်။

လင်းဖန် နဲ့ ကျန်တဲ့ လူတွေကတော့ ဘာဆက်ဖြစ်မလဲ မသေချာပါဘူး။

သက်လတ်ပိုင်း မိန်းမကြီး ဟာ ကလေးရဲ့ အက်ျီလက်ကို ကိုင်ကြည့်ကာ..ကလေးကို.ပြန်ကြည့်လိုက်တယ်...သူမရဲ့.မျက်ရည်တွေကတော့.အထိန်းအကွပ်မဲ့ စွာ.ကျဆင်းလာခဲ့ပါပြီ။

ယင်းနောက် သူမရဲ့ ကလေးကို တင်းကြပ်စွာ ဖက်လိုက်တယ်။

"ဘယ်လို အခြေအနေမျိုးမှာပဲဖြစ်ဖြစ်..အမေ မင်းကို စွန့်ပစ်မှာ မဟုတ်ဘူး။သားက အမေ့ရဲ့ ရတနာ လေးပဲ။အမေ ..မင်းကို ကာကွယ်ပေးမယ်.ဘယ်တော့မှ ဒီလို အဖြစ်ဆိုးမျိုးနဲ့ ပြန်တွေ့ရမှာ မဟုတ်ဘူး"

မိန်းမကြီးဟာ ငိုနေခဲ့ပါပြီ။

လင်းဖန် နဲ့ လီရှောင်ရှမ်းဟာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ပြုံးလိုက်တယ်။

တစ်ခါတစ်လေ..မှာဒေါသထွက်ဖို့ ကောင်းပေမယ့်လည်း.လက်ရှိ အဖြစ်အပျက်ကတော့ အတော်ခံစားဖို့ ကောင်းတဲ့ အဖြစ်အပျက်ပါ။

ကလေးဟာတော့ ဒီမိန်းမကြီးရဲ့ ပွေ့ဖက်မူကို ခံရလို့ ဝမ်းသာနေခဲ့တယ်။ဘာပဲဖြစ်ဖြစ် သွေးဆိုတာ ရေထက်ပျစ်ပါတယ်။ယင်းနောက် သူဟာ မိန်မကြီး ပုခုံးပေါ်မှာ ခေါင်းမှီ လိုက်ပြီး..

"မာမီ"

လီရှောင်ရှမ်းဟာ အချိန်အတော်ကြာတော့မှ ပြုံးပြီး ပြောလိုက်ပါတယ်။

"အချက်အလက်တွေ ဆက်လုပ်လိုက်ကြရအောင်.."

သက်လတ်ပိုင်း အမျိုးသမီးကြီးဟာ ကလေးကို ပွေ့ထားတာ လွှတ်လိုက်ပြီး ခေါင်းညိမ့်လိုက်တယ်။

လင်းဖန်နဲ့ ကျန်တဲ့ လူတွေ အတွက်ကတော့ ဒီမြင်ကွင်းက ဝမ်းသာစရာပါ။ဒီကမ္ဘာကြီးမှာ တစ်ဖက်ထဲကြည့်လို့မရပါဘူး။မကောင်းတဲ့ ဘက်အခြမ်းကပဲ မြင်နေရင် စိတ်မချမ်းသာ စရာပဲ ဖြစ်ရပါလိမ့်မယ်။

အရာရာတိုင်းဟာ အဆင်ပြေပြေ ပြီးဆုံးသွားခဲ့ပါတယ်။

လင်းဖန် ပြုံးပြီးပြောလိုက်တယ်။

"ခံစားရတာ အတော်စိတ်ချမ်းသာဖို့ကောင်းတယ်။ကျုပ်တို့က မကောင်းတဲ့ ဘက်ခြမ်းကပဲ တွေးနေပေမယ့်သားသမီးကို မစွန့်ပစ်နိုင်တဲ့ မိဘကောင်းတွေလည်း အများကြီး ရှိနေပါသေးတယ်"

လီရှောင်ရှမ်း ခေါင်းညိမ့်လိုက်ပြီး..

"ဟုတ်တယ်..ငါကြားတာတော့ တိမ်ဖြူလမ်းက လူတွေက..၂၀ ရက်နေ့တိုင်း ဒီကိုလာဖို့ သဘောတူထားကြတယ်ဆို.."

လင်းဖန် ခေါင်းညိမ့်လိုက်တယ်။

"ဒါက တိမ်ဖြူလမ်းက လူတွေရဲ့ ဆန္ဒပဲ.။သူတို့ အများကြီး မကူညီနိုင်ဘူးဆိုရင်တောင် ကူညီနိုင်သလောက်တော့ ကူညီချင်ကြသေးတယ်"

လီရှောင်ရှမ်းဟာ ပြုံးလိုက်ပါတယ်။

"ငါ ဒီအကြောင်းကို ကြေညာပေးသင့်လား..အကုန်လုံး အတုယူလို့ရတာပေါ့"

လင်းဖန် လက်ဝေ့ယမ်းလိုက်ပြီး..

"အဆင်ပြေပါတယ်..ဒီနေ့ခေတ် လူတွေအကြောင်း ခင်ဗျားသိသင့်တယ်။လူတွေက သရုပ်တောင်နေတာ လို့ပဲ ပြောကြလိမ့်မယ်.အေးဆေးပဲ လုပ်.ဘာမှ ကြော်ညာစရာ မလိုဘူး"

"မင်းက ငါတွေ့ဖူးတဲ့ အထဲမှာ တာဝန်အသိတတ်ဆုံး လူငယ် တစ်ယောက်ပဲ.."

လီရှောင်ရှမ်းပြောလိုက်တာပါ။

လင်းဖန် ပြုံးလိုက်တယ်။

"ခင်ဗျားက အကြိုးစားဆုံး ရဲတစ်ယောက်ဆိုတာလည်း ကျုပ်သိပါတယ်"

ယင်းနောက် သူတို့နှစ်ယောက် ဟာ တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး ရယ်မောလိုက်ကြပါတော့တယ်။

All Chapters