← Chapters

အရှုပ်အထွေး

Vol. 15 Ch. 216

အရှုပ်အထွေး

Vol. 15 Ch. 216

ဘာသာပြန် = စနိုးဝှိုက်

ရက်အနည်းငယ် ကြာပြီးနောက်။

တိမ်ဖြူလမ်း။

လင်းဖန် ဆိုင်ပေါက်ဝမှာ ရပ်နေခဲ့တယ်။သူ့ရဲ့ ဘဝက လောလောဆယ် လွပ်လပ်ပြီး အေးဆေး နေပေမယ်လို့ ..ဘယ်လို အဓိပါယ်ရှိအောင် ထပ်လူပ်ရမလဲ ဆိုတာကို တွေးတောနေခဲ့တာပါ။

"ဘဝက အိပ်မက်တစ်ခုလိုပဲ..ချမ်းသာမူနဲ့ ကျော်ကြားမူတွေက..သေခါနီး အချိန်မှာတော့ဘာ မှမဟုတ်တော့ဘူး။ငါတို့ရဲ့ ဘဝတွေက မြေကြီးတွေ အဖြစ်ပဲ အဆုံးသတ်သွားကြရမှာပဲ"

ဆိုင်ထဲမှာ တစ်ယောက်နဲ့ တစ်ယောက် စကားပြောနေကြတာဖြစ်ပြီး..သူတို့ လင်းဖန်ရဲ့ စကားကို ကြားတဲ့ အချိန်မှာတော့ အကုန်တိတ်ဆိတ်သွားခဲ့တယ်။

လူလိမ် ထျန်ဟာ အံ့သြစွာဖြင့်..

"မင်းက ငယ်ရွယ်တဲ့ကောင်လေးဖြစ်ပေမယ့် အတွေးအခေါ်ကတော့ ကောင်းသားပဲ။မင်း ကသေဆုံးဖို့တောင် တွေးနေပြီလား.."

ကျောက်ကျန်းယန်ဟာ မယုံကြည်နိုင်စွာ မေးလိုက်တယ်။

"မာစတာ..ခင်ဗျားက ကျုပ်ထက်တောင် သိပ်မကြီးသေးဘူးလေ..ခင်ဗျားစကားတွေက ကြောက်ဖို့ ကောင်းတယ်နော်"

ဝူတန်ဟီ တောင်မှ ပဲ ကြောင်အပြီး မော့ကြည့်နေခဲ့ပါတယ်။

လင်းဖန် ပြုံးလိုက်ပြီး..

"မဟုတ်ပါဘူး..ကျွန်တော်ရဲ့ ဘဝမှာ ပိုပြီး အဓိပါယ်ရှိတဲ့ အလုပ်တွေ လူပ်ရင်ကောင်းမလားလို့ တွေးနေတာ.."

လူလိမ် ထျန်မေးလိုက်တယ်။

"ဘာ..အဓိပါယ်ရှိတဲ့ အလုပ်လဲ"

လင်းဖန် ပြုံးလိုက်တယ်..သူ့မှာလဲ.အခုထိ တိကျတဲ့ အဖြေမရှိသေးပါဘူး။

"မိဘမဲ့ မသန်စွမ်း ဂေဟာ ရဲ့ ကလေးတွေကို တစ်ခုခု သင်ကြားပေးရင်ရော..ဘယ်လို နေမယ်ထင်လဲ ."

လူလိမ် ထျန် ကြောင်အသွားခဲ့တယ်။

"မင်းက ကလေးတွေကို ..ဗေဒင်ပညာတွေ.ကိုယ်ခံပညာတွေ သင်ကြားပေးချင်နေတာလား..။ဒါမှ မဟုတ် ပန်ကိတ်လုပ်နည်းလား"

လင်းဖန် ဆွံ့အသွားတယ်..ဒါတွေက သေချာစဥ်းစားရမယ့် အရာတွေပါ။ကလေးတွေကို ဗေဒင်ပညာ သင်ပေးလို့လည်း ဘာမှ ထူးမှာမဟုတ်ပါဘူး။ ကိုယ်ခံပညာကတော့..သင်ပေးချင်ရင် သင်ပေးလို့ရပြီး သိပ်ဆိုးတဲ့ အရာမဟုတ်ပေ။

ပန်ကိတ် လုပ်နည်းဆိုတာကတော့..ဘယ်လိုမှ မဖြစ်နိုင်တဲ့ အရာပါ။သူကလွဲပြီး တစ်ခြားလူတွေ လုပ်နိုင်မှာ မဟုတ်ပါဘူး။ထပ်ပြောရရင် ဒီကျွမ်းကျင်မူတွေဟာ ကလေးတွေနဲ့ မသင့်တော်ပဲ..တစ်ခြား ကျွမ်းကျင်မူ တစ်ခုခုရှိရင် အဆင်ပြေမှာပါ။

လင်းဖန် လို မာစတာ ကသာ သင်ကြားပေးရင် ကလေးတွေ အနာဂတ်က တောက်ပလာနိုင်ပါတယ်။

ဒါပေမဲ့ ဒါက အတွေးတွေ အဖြစ်ပဲ ရှိနေပါသေးတယ်။တစ်ခါတစ်လေဆိုရင် သူအိပ်ယာထဲမှာ လှဲပြီး..စွယ်စုံအမှတ် တွေကို ဘယ်လို တိုးအောင်လုပ်ပြီး အခန်း အသစ်တွေ ဖွင့်ရမလဲ ဆိုတာ အမြဲ တွေးကြည့်ဖူးပါတယ်။

ဒီမှာ များပြားလှတဲ့ အသိပညာတွေ ရှိပြီး သူ့မှာသာ စွယ်စုံအမှတ် လုံလုံလောက်လောက် ရှိရင် ကလေးတွေအတွက်..သင့်တော်တဲ့ အရာကို ရွေးချယ်ပေးလို့ရမှာပါ။

သူတို့ ငယ်ရွယ်စဥ်ကတည်းက ကောင်းမွန်စွာ လေ့ကျင့်မှ အရွယ်ရောက်လာရင် ရပ်တည်နိုင်မှာပါ။

"လူလိမ်..ခင်ဗျားက ကျုပ်ကို အထင်သေးနေသလိုပဲ.."

လင်းဖန် ရယ်လိုက်တယ်။

လူလိမ် ထျန်ဟာ လက်ဝေ့ယမ်းလိုက်ပြီး..

"ဘယ်လို ဖြစ်နိုင်မှာလဲ..ငါတို့ရဲ့ မာစတာ လင်းက အထင်သေးစရာလား..။ငါကတော့ ဗေဒင်ပညာက အကောင်းဆုံးပဲလို့ထင်တယ်..ဒါမှ ကလေးတွေ ကြီးလာရင် ငါတို့ အဖွဲ့လိုက် ဗေဒင်ဟောစားလို့ရတယ်"

"တော်လိုက်တော့..ဆက်မပြောပါနဲ့တော့ခင်ဗျား အတွေးတွေကဘတစ်ခုမှ ကောင်းတာ မရှိဘူး"

လင်းဖန် အမြန်တားလိုက်တာပါ။

လူလိမ် ထျန်ဟာ လင်းဖန်အမူအရာကို ကြည့်ပြီး ရယ်မောလိုက်ပါတယ်။

ရှန်ဟိုင်းလေဆိပ်တွင်။

လူနှစ်ယောက်ဟာ..လေဆိပ်ကနေ လျောက်ထွက်လာခဲ့တယ်။ဝမ်မင်ယန်ကတော့ အပြင်ဘက်မှာ စောင့်နေလို့ပါ။

သူ လူနှစ်ယောက်ကို မြင်လိုက်တဲ့ အချိန်မှာ အလျင်အမြန် ရှေ့တက်လိုက်ပြီး..

"ညီအစ်ကို..ရောက်လာပြီလား.."

ဝုယန်ဂန် ဟာ ဘေဂျင်းမှာ လွဲမှားသွားတဲ့ အရာတွေကိုဘပြန်လည်ပြင်ဆင်ရင်း အလုပ်ရှုပ်နေခဲ့တာပါ။

နောက်ဆုံးတော့ သူ့ကုမ္ပဏီ ပြန်အဆင်ပြေသွားခဲ့ပါပြီ။အခု သူ လုပ်စရာရှိတာတွေ လုပ်ပြီးတဲ့ နောက်မှာ မာစတာ လင်းကို ကျေးဇူးတင်ဖို့ ပြန်လာခဲ့တာပါ။

အဲ့အချိန်မှာပဲ ဝမ်မင်ယန်ဟာ ဝုယန်ဂန် ဘေးက လူကို ကြည့်ကာ အံ့သြသွားခဲ့တယ်။

"ဒါ အကြီးအကဲ ဆန်း မဟုတ်ဘူးလား..။ရှန်ဟိုင်းကို ဘာလာလုပ်တာတုန်း"

အကြီးအကဲ ဆန်းဟာ ဝုယန်ဂန် နဲ့ သူငယ်ချင်းဖြစ်ပေမယ့်လည်း ဝမ်မင်ယန် ဒီလူကို လုံးဝသဘော မကျပါဘူး။ဒီလူ တစ်ခုခု ဖုံးကွယ်ထားတယ် လို့ သူအမြဲတမ်း ခံစားရပါတယ်။

သူ ဒီလူကို သဘောမကျရတဲ့ အကြောင်းအရင်းက လူတွေကို မျက်နှာ နှစ်ဖက်နဲ့ ဆက်ဆံတတ်လို့ပါ။ဒါပေမဲ့ ဒီလူ က ဝုယန်ဂန် နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပါတယ်။

သူ ဝုယန်ဂန် ကို ဒီကိစ္စ နဲ့ ပတ်သပ်ပြီး သတိပေးခဲ့ပေမယ့်လည်း ဝုယန်ဂန်ဟာ ဂရုမစိုက်ပေ။ဒါကြောင့် သူလည်း နောက်တစ်ခါထပ်မပြောတော့ ပါဘူး။

သူ ဝုယန်ဂန် ရဲ့ အပေါင်းအသင်တွေကို ဝင်စွတ်ဖက် ခွင့် မရှိတဲ့ အတွက်..ဒီ လူနဲ့ သာ ဝေးနိင်သမျှ ဝေးဝေးပဲ နေခဲ့ပါတယ်။

အကြီးအကဲ ဆန်း "ငါ ဝုယန်ဂန် ဆီကနေ သူကိစ္စတွေ ဖြေရှငိး နိုင်လိုက်တာ..မာစတာ လင်းကြောင့်လို့ သိရတယ်။ဒါကြောင့် ကြည့်ရအောင် လိုက်လာခဲ့တာ"

ဝုယန်ဂန်ဟာ ကြည့်လိုက်ပြီး ...

"ငါ မာစတာ လင်းကို တကယ် ကျေးဇူးတင်မိတယ်။သူ့က ငါ့ဘဝကို ကယ်တင်ပေးခဲ့တာ..ဒါကြောင့် ဒီကို မလာခင် ပြန်ဆင်စရာ ရှိတာတွေတောင် ပြင်ဆင်ခဲ့သေးတယ်"

ဝမ်မင်ယန်ဟာ ​ပြုံးပြီး ပြောလိုက်တယ်။

"ညီအစ်ကို ..အများကြီး မတွေးပါနဲ.။အဲ့ညီအစ်ကိုကလည်း သူ့ကို ကျေးဇူးလာတင်ဖို့ မမျှော်လင့်ထားပါဘူး။ငါတို့က ညီအစ်ကို တွေဆိုတော့ တစ်ယောက်နဲ့ တစိယောက် ကြည့်ရူစောင့်ရှောက်ရမှာပဲလေ.."

ဝုယန်ဂန်ဟာ ပြောလိုက်တယ်။

"ဒီတစ်ခေါက်လည်း မာစတာ လင်း ညီအစ်ကို လို ဆက်ဆံတာ ခံရဖို့ မင်းကိုပဲ အားကိုးရတော့မယ်"

"မပြောပါနဲ့တော့."

ဝမ်မင်ယန် ခေါင်းခါလိုက်တယ် သူဒီအကြောင်း ဘာမှထပ် မပြောချင်တော့ပေ။သူနဲ့ လင်းဖန် ရင်းနှီးတာက တစ်ခြားဘာအကြောင်းအရာမှ မပါပဲ..ဒီတိုင်း စိတ်ဓာတ်ချင်းတူလို့ပါ။

"ကားထဲမှာ ဆက်ပြောရအောင်"

ကားထဲတွင်။

အကြီးအကဲ ဆန်းဟာ သူတို့နှစ်ယောက် ပျော်ရွှင်စွာ စကားပြောနေတာကို ကြည့်လိုက်တယ်။

"မာစတာ လင်းက ..ကျုပ်ကို ဗေဒင်တွက်ပေးဖို့ ဖြစ်နိုင်ပါ့မလား.."

ဝုယန်ဂန် နဲ့ ဝမ်မင်ယန်ဟာ ပျော်ရွှင်စွာ စကားပြောနေရင်းက နေ အကြီးအကဲ ဆန်း ရဲ့ စကားကို ကြားပြီး ရပ်တန့်သွားကြပါတယ်။ဝုယန်ဂန် ပြန်ပြောဖို့ လုပ်လိုက်တဲ့ အချိန်မှာပဲ ဝမ်မင်ယန် ဟာပြောလိုက်တယ်။

"ခင်ဗျား ကံတရာ အပေါ်ပဲ မူတည်တယ်။မာစတာ လင်းရဲ့ ဆိုင်မှာ သည်းမျဥ်းတွေ ရှိတယ်..ခင်ဗျား တန်းစီဖို့လိုပြီး..အဲ့ထဲကမှ တစ်နေ့ကို ဆယ်ယောက်ပဲ ရွေးချယ်တာ..အရွေးမခံရရင် သူကဗေဒင် မတွက်ပေးဘူး"

အကြီးအကဲ ဆန်း ကြောင်အသွားခဲ့တယ်။

"ဒီလို စည်းမျဥ်းလဲ ရှိသေးတာပဲလား..။ငါတို့ကသူငယ်ချင်းတွေပဲလေ.ချွတ်ယွင်းချက်တော့ ရှိမှာ ကျိန်းသေတယ်"

ဝမ်မင်ယန်ဟာ လက်ဝေ့ယမ်းလိုက်ပြီး..

"ဒါအကြံကောင်းမဟုတ်ဘူး..ယန်ဂန် ကိစ္စတုန်းကလည်း ကျုပ်တောင်းပန်ထားရတာ..။အဲလိုထပ်လုပ်ဖို့ကို မေ့ထားလိုက်..ခင်ဗျားဗေဒင်မေးချင်ရင် တန်းစီမှပဲ ရမယ်"

ဝုယန်ဂန် အကြီးအကဲ ဆန်းကို ကြည့်လိုက်တဲ့ အချိန်မှာ အမူအရာပြောင်းလဲ သွားတာ တွေ့လိုက်ရပါတယ်။သူငယ် ချင်းတစ်ယောက် အနေနဲ့ သူ အခြေအနေကို ဝင်ထိန်းလိုက်တယ်။

"ညီအစ်ကို နောက်မှ အခြေနေကြည့်ရအောင်။မာစတာ လင်းက မျက်နှာသာ ပေးရင်ပေးမှာပါ။မဟုတ်ရင်လည်း တန်းစီကြတာပေါ့"

ဝမ်မင်ယန် ဒေါသထွက်သွားပေမယ့်..မျက်နှာအမူအရာတော့ မပြောင်းလဲ ခဲ့ပေ။သူဟာ ပြုံးလိုက်ပြီး..

"အကြီးအကဲ ဆန်းတကယ် ဗေဒင်မေးချင်တယ် ဆိုရင် တန်စီ သင့်တယ်။ကျွန်တော် ရဲ့ ညီအစ်ကို က စည်းမျဥ်းတွေကို အတော် တန်ဖိုးထားတာ..သာမန်လူအတွက်နဲ့တော့ ချွတ်ယွင်းချက်ပေးမှာ မဟုတ်ဘူး"

အကြီးအကဲ ဆန်း ရယ်မောလိုက်တယ်။

"ညီအစ်ကို ဝမ် ..ဘာကို ပြောချင်တာလဲ.။ငါတို့က ဘီလီယံနာ သူဌေးတွေပါ။ဒါက ပုံမှန်လူတစ်ယောက် အဖြစ်သတ်မှတ်လို့ ရလို့လား.."

ဝမ်မင်ယန်ဟာ ရယ်မောလိုက်ပြီး..

"ဒါပေါ့ တစ်ခြားလူတွေ မျက်လုံးထဲမှာတော့ တို့က သာမန်လူတွေ မဟုတ်ဘူးလေ..ဒါပေမဲ့ သူ့မျက်လုံးထဲမှာတော့ တို့က သာမန်လူပဲ"

အကြီးအကဲ ဆန်း လက်ဝေ့ယမ်းကာ ပြောလိုက်တယ်။

"ငါတော့ မယုံကြည်ဘူး..။ငါ သူ့ကို ပိုက်ဆံပစ်ပေးလိုက်မယ်.သူငြင်းပယ်နိုင်မလား.။ကမ္ဘာပေါ်မှာ ပိုက်ဆံမမက်တဲ့ လူဆိုလို့ လက်တစ်ဆုပ်စာလောက်ပဲ ရှိတယ်"

"ကားရပ်လိုက်"

ဝမ်မင်ယန်ဟာ ဒါရိုက်ဘာကို အော်ဟစ်လိုက်တယ်။

ဒါရိုက်ဘာဟာ ကားလေးကို လမ်းဘေးမှာ ချက်ချင်းထိုးရပ်လိုက်ပါတယ်။

ဝုယန်ဂန်ဟာ ကြောင်အသွားပြီး စိုးရိမ်စွာ ပြောလိုက်တယ်။

"ဘာဖြစ်လို့လဲ..ဘာလို့ ဒီလိုလုပ်တာလဲ"

ဝမ်မင်ယန်ဟာ အကြီးအကဲ ဆန်းကို ကြည့်လိုက်ပြီး..

"ဆန်းလိန်မင် ..ကျေးဇူးပြုပြီး မင်း စကားကို ဆင်ခြင်ပြောပါ။မင်းတစ်ခြားလူကို ပိုက်ဆံနဲ့ ပစ်ပေါက်မယ် လို့ ပြောလို့ရတယ်..ဒါပေမယ့် ငါ့ညီအစ်ကို ကိုတော့ ပြောလို့မရဘူး။မင်းက ငါ့ညီအစ်ကို ကို စော်ကားနေတာပဲ.။မင်းကိုသတိပေးလိုက်မယ် ...နောက်တစ်ကြိမ် အဲလိုစကားထပ်ပြောရင် ငါ့ကို အပြစ်မတင်နဲ့.."

ဆန်းလိန်မင် ဒေါသထွက်သွားခဲ့ပါတယ်။

ဒါဘာကိုပြောချင်တာလဲ...မင်းအဆင့်နဲ့ ငါ့ကို သတိပေးမှာလား....

ဝုယန်ဂန်ဟာ အလျင်အမြန် ကြားဝင်ပြောလိုက်တယ်။

"ဟေး .ငါ့ရဲ့ ညီအစ်ကို နှစ်ယောက်.ဒါဘာလုပ်နေကြတာလဲ။ညီလေး ဝမ် စိတ်မဆိုးနဲ့တော့.ညီအစ်ကို ဆန်းက စနောက် နေတာပါ။ညီအစ်ကို ဆန်း လဲ မပြောနဲ့တော့..မာစတာလင်းက ငါ့ရဲ့ ကယ်တင်ရှင်ပဲ။မင်း သူ့ကို ပိုက်ဆံ အသုံးပြုပြီး မစော်ကားသင့်ဘူးလေ..ဟုတ်တယ်မလား.။ကျေးဇူးပြုပြီး ဘာမှ ထပ်မပြောကြနဲ့တော့"

ဝမ်မင်ယန် နှာခေါင်းရှုတ်လိုက်တယ်..သူ ဆန်းလိန်မင် ကို ဒေါသထွက်နေသေးပေမယ့်လည်း..ဝုယန်ဂန် ကြောင့် လွှတ်ပေးလိုက်ရတော့မှာပါ။

ဆန်းလိန်မင်ဟာ ဒေါသထွက်နေခဲ့ပေမယ့်လည်း အပြုံးတု တစ်ခုကို ချက်ချင်း ဖန်တီးလိုက်တယ်။

"အကြီးအကဲ ဝမ်..စိတ်မဆိုးပါနဲ့..။ငါက နောက်နေတာပါ.."

"ဆက်မောင်း.."

ဝမ်မင်ယန်ဟာ ဒါရိုက်ဘာကို ​အမိန့်ပေးကာ..ထပ်ပြောလိုက်ပါတယ်။

"ခင်ဗျား ကျုပ်ညီအစ်ကိုကို မစနောက်တာ အကောင်းဆုံးပဲ"

All Chapters