မပြောတာအကောင်းဆုံးပဲ
Vol. 15 Ch. 217
ဘာသာပြန် = စနိုးဝှိုက်
တိမ်ဖြူလမ်း။
လင်းဖန် ကျောက်ကျန်းယန် ရဲ့ ဖုန်းကို ကိုင်ပြီးတိုက်ရိုက်လွင့်နေခဲ့တာပါ။
ကောင်းကင်အောက်က ငါ ::: မာစတာ လင်း ကျွန်တော် ဒီကလေးတွေကို အလှူလုပ်ချင်လို့ ဘယ်သူ့ကို..ဆက်သွယ်ရမလဲ။
သူရဲကောင်း သေးသေးလေး : ကျွန်တော်ရောပဲ..အစ်ကို ယန်ကိုချည်းပဲ လှူနေလို့ မဖြစ်ဘူး။အဓိပါယ်ရှိတာတွေလည်း လုပ်ရဦးမယ်..။
ကြာပန်း အညှောင့် :: အစ်ကို ယန်က ငါ့အိုင်ဒေါ ဖြစ်ပေမယ့်လည်း..ထပ်ပြ မလှူဖို့ ဆုံးဖြတ်လိုက်ပြီ။အဓိပါယ်ရှိတဲ့ အလုပ်လုပ်မှ ရတော့မယ်။
လျို့ဝှက် နဂါး :: 666..မင်းတို့က အဆန်းကြီးတွေ..။
လင်းဖန် မှတ်ချက်တွေကို ကြည့်ပြီး ရယ်မောလိုက်တယ် ။
"တကယ်တော့ မင်းတို့ အဓိပါယ်ရှိတဲ့အလုပ်တွေကို အကောင်းဆုံး လုပ်သင့်တယ်။ဥပမာ အနေနဲ့..ကိုယ့်မြို့မှာ ရှိတဲ့ မသန်စွမ်း ဂေဟာ တွေကို လှူတာတို့ ဘာတို့ပေါ့။စာအုပ်တွေ ..အရုပ်တွေလည်း လှူလို့ရတယ်လေ။ဒါတွေ အကုန်လုံး အသုံးဝင်တယ်..။ဒါပေမဲ့ အကောင်းဆုံးအရာက က သူတို့ကို လေးစားပြီး မျှမျှတတ ဆက်ဆံပေးတာပဲ။တကယ်လို့ မင်းတို့ သူတို့ကို သနားပြီး ကွဲပြားစွာ ဆက်ဆံမယ် ဆိုရင်တောင်..သူတို့အတွက် နာကျင်ရတယ်"
တိုက်ရိုက် ထုတ်လွင်မူထဲက လူတွေဟာ မှတ်ချက်တွေထဲကနေ ထောက်ခံနေကြပါတယ်။သူတို့ မာစတာ လင်းရဲ့ စကားတွေ အဓိပါယ်ရှိမှန်း သိထားကြပါတယ်။
တစ်ချိန်တည်းမှာပဲ ..ဒီတိုက်ရိုက် ထုတ်လွင့်မူက အဓိပါယ်ရှိတယ် လို့ ခံစားလိုက်ကြရတယ်။
ကျောက်ကျန်းယန်ဟာ တိုက် ရိုက်ထုတ်လွင့်မူမှာ ရုတ်တရက်ပေါ် လာခဲ့ပြီး..
"အနာဂတ်မှာ အစ်ကိုယန်က တိုက်ရိုက် ထုတ်လွင့်မူက ရတဲ့ ပိုက်ဆံ သုံးပုံတစ်ပုံကို လှူဒါန်းမယ် ..။အစ်ကို ယန်က မိုက်တယ် မလား.."
ကျောက်ကျန်းယန်ကို နာကျင်စေတဲ့အရာက ဒီလူတွေဟာ သူ့ကို ဂရုမစိုက်ပဲ မာစတာ လင်းကိုပဲ အာရုံစိုက်နေကြတာပါ။
"အစ်ကို ယန် ဘေးလေးနည်းနည်းတိုးပေးပါလား..မာစတာ လင်းကို ကွယ်နေလို့"
"အစ်ကို ယန် ကျွန်တော်တို့က ကလေးတွေ အတွက် လှူဒါန်းတာနော် လောဘကြီးလို့မရဘူး။မာစတာ လင်းကို သက်သေထားရမယ်"
"ဟုတ်တယ်..မာစတာ လင်း သူ့ကို စောင့်ကြည့်ထားပေးပါ..။အစ်ကို ယန်ကို မလိမ်ညာစေနဲ့.."
ကျောက်ကျန်းယန်ဟာ ဒီမှတ်ချက်တွေကို ကြည့်ပြီး အသဲကွဲချင်ယောင် ဆောင်လိုက်တယ်။ယင်းနောက်သူ အကြီးအကဲ ခွေး နီကိုးလပ်ဆီ သွားလိုက်ပြီး...
"ခွေးလေး..မင်းငါ့ကို မယုံဘူးလား..။မင်းကတော့ ငါ့ကို ယုံကြည်မှာပါ"
အကြီးအကဲ ခွေး နီကိုးလပ်ဟာ ကျောက်ကျန်းယန် သူ့အနားကို လာတာနဲ့ တစ်နေရာကို ထသွားပြီး ပြန်အိပ်နေခဲ့ပါတယ်။
လင်းဖန် ကျောက်ကျန်းယန်ကို ရိုက်ပြနေတဲ့အတွက် တိုက်ရိုက်ထုတ်လွင့်မူထဲက လူတွေဟာ ရယ်မောလိုက်ကြတယ်။
ခွေးကတောင် အစ်ကိုယန်ကို ဂရုမစိုက်တော့ ပါဘူး။
ယင်းနောက် လင်းဖန် အပြင်ကို ကြည့်လိုက်ကာ ဖုန်းကို ကျောက်ကျန်းယန် ဆီပြန်ပေးလိာက်ပါတယ်။
"မာစတာလင်း"
ဝုယန်ဂန်ဟာ ဆိုင်ထဲမရောက်သေးခင်မှာပဲ လှမ်းခေါ်ပြီး နှုတ်ဆက်လိုက်တာပါ။
လင်းဖန် ဝုယန်ဂန်ဘသူ့ဆီကို လာလည်လိမ့်မယ် လို့မမျှော်လင့်ထားခဲ့ပေ။ယင်းနောက် သူ မတ်တပ်ရပ်ပြီး အပေါက်ဝကို လျောက်သွားလိုက်တယ်။
"အကြီးအကဲ ဝု..ဘေဂျင်းက ကိစ္စတွေ ရှင်းပြီးခဲ့ပြီလား.."
ဝုယန်ဂန်ဟာ ရယ်မောလိုက်ပြီး..
"ပြီးသွားပါပြီ..ဒါကြောင့် မာစတာ လင်းကို လာတွေ့နိုင်တာလေ"
ဝမ်မင်ယန်ဟာ ရယ်မောကာ ပြောလိုက်တယ်။
"အထဲရောက်မှ ပြောရအောင်..။ဒီတစ်ခါ တစ်ကို ဝုက သေချာကျေးဇူးတင်ဖို့ လာခဲ့တာ။အရင်တစ်ခေါက်က အလျင်လိုနေတော့ သေချာကျေးဇူးမတင်လိုက်ရဘူး"
လင်းဖန် လက်ဝေ့ယမ်းလိုက်ပြီး .
"ဘာမှ ယဥ်ကျေးနေစရာ မလိုဘူး..ခင်ဗျားတို့အဆင်ပြေနေတယ် ဆိုရင်ပဲ ကျေနပ်ပါပြီ"
ဆန်းလိန်မင် ဟာ လင်းဖန် ဒီလောက်ထိငယ်ရွယ်တာကို ကြည့်ပြီး..စွမ်းဆောင်နိုင်စွမ်းရှိတယ် ဆိုတာကို သိပ်မယုံကြည်တော့ပါဘူး။ဒါပေမဲ့ သူ ဝုယန်ဂန် ရဲ့ အဖြစ်အပျက်ကို ကိုယ်တိုင်မြင်ထားရတာပါ။
မဟုတ်ရင် သူမာစတာ လင်း အရည်အချင်းရှိတယ် ဆိုတာကို ယုံကြည်မှာ မဟုတ်ပါဘူး။
အခုတော့ သူဘေးမှာ ရပ်နေပြီး ဘာမှဝင်မပြောပေ။သူ ဆိုင်အခြေအနေကို ကြည့်လိုက်ပြီး သေးတယိလို့ခံစားရပေမယ့်..အထဲမှာ ရှိနေတဲ့.လူတွေကတော့ နည်းနည်းထူးဆန်းပါတယ်။
ဆိုင်ထဲမှာ လူအိုနှစ်ယောက်ရှိပြီး..တစ်ယောက်က ဆံပင်တွေဖြူကာ ..ကျန်တဲ့တစ်ယောက်က မျက်တွင်းတွေဘကျနေခဲ့ပါပြီ။
တိုက်ရိုက် ထုတ်လွင့်နေတဲ့ လူငယ်လေးနဲ့ မိန်းမလှလေးတစ်ယောက်လည်း ရှိနေခဲ့ပါတယ်။သူမက လှပပေမယ့်လည်း အခုချိန်ထိ လဘက်ရည် ရော ရေရော လာမချပေးသေးပါဘူး။
ဆိုင်ထဲတွင်။
လင်းဖန် ပြုံးပြီး ပြောလိုက်တယ်။
"မင်ယန် ဆီက ကြားတာတော့ ခင်ဗျား ပိုက်ဆံတွေ ပြန်ကာမိခဲ့တယ်ဆို.."
ဝုယန်ဂန် ခေါင်းညိမ့်လိုက်တယ်။
"ဟုတ်တယ်..အဲလို လုပ်နိုင်ခဲ့တယ်.။ကံကောင်းလို့ အချိန်မှီသွားတာ..မဟုတ်ရင် မယုံကြည်နိုင်စရာပဲ.."
မတော်တဆမူကို ဖြေရှင်းနိုင်ခဲ့တာက မာစတာ လင်းကြောင့်ပါ။တကယ့်လို့ ဒီလူတွေသာ နိုင်ငံခြားထွက်သွားပြီးရင် ဖြေရှင်းဖို့ လွယ်တော့မှာ မဟုတ်ပါဘူး။ဒါကြောင့် ဝုယန်ဂန်က မာစတာ လင်းကို ကယ်တင်ရှင် အဖြစ် သတ်မှတ်ထားတာပါ။
ဝမ်မင်ယန်ဟာ ဘေးနားမှာရပ်နေရင်းေပြာလိုက်တယ်။
"ဒီတစ်ကြိမ် ညီအစ်ကို ဝုက ပြင်ဆင်စရာရှိတာတွေ အကုန်ပြင်ဆင်ထားခဲ့တယ်။သူက ဒီမှာ အချိန်အနည်းငယ် နေဦးမှာ..ဒီဆိုင်မှာ ကူညီစရာရှိတာတွေကို လည်း ကူညီပေးမလို့"
လင်းဖန် ရယ်လိုက်ပြီး..
"ဒါက ဆိုင်သေးသေးလေးပါ..သူ့အတွက် မသင့်တော်လှဘူး"
"အဆင်ပြေပါတယ် အဆင်ပြေပါတယ်။ဆိုင်ကိုက ထုံးစံအတိုင်းလာခဲ့တာ..။ဒီမတော်တဆ မူအပြီးမှာ ပိုပြီး သံသယများလာတယ်လေ..ဒါကြောင့် ရှန်ဟိုင်းမှာ ရင်းနှီးမြုပ်နှံချင်လို့..ဘာတွေ ရင်းနှီးလို့ ရမလဲဆိုတာပါ ကြည့်ချင်လို့ပါ။တစ်ချိန်တည်းမှာပဲ မာစတာ လင်းအကြောင်းလဲ ပိုနားလည် နိုင်မယ်လေ.."
ဝုယန်ဂန် ရယ်မောပြီး ပြောလိုက်တယ်။သူ ဒီမတော် တဆမူအပြီးမှာ အတော်ကြောက်ရွံ့သွားခဲ့ပါပြီ။သူ ဆယ်စုနှစ်ကျော်ကြာအောင် ကြိုးစားခဲ့သမျှတွေ အမှိုက်ဖြစ်တော့မလို့ပါပဲ။
မာစတာ လင်း ဆိုတာ ဝုယန်ဂန် ပြန်လည် မွေးဖွားဖို့ ကူညီခဲ့တဲ့ လူတစ်ယောက် ဆိုရင်လည်း မမှားပေ။
ယင်းနောက် ဆန်းလိန်မင်ဟာ ဝင်ပြောလိုက်တယ်။
"ညီအစ်ကို ဝုဆီက ကြားထားတာ မာစတာ လင်းက ဗေဒင်ဟောတာမှာ နှစ်ယောက်မရှိဘူးတဲ့။ကျေးဇူးပြုပြီး ကျွန်တော်ရဲ့ အနာဂတ်ကို ကြည့်ပေးလို့ရမလား.."
လင်းန် လက်ဝေ့ယမ်းပြီး..
"ကျုပ်ဟောပေးလို့ရပါတယ် .ဒါပေမဲ့ ဒီကစည်းမျဥ်းတွေကို လိုက်နာပြီး တန်းစီမှရမယ်။ဒီနေ့အတွက် အကန့်အသတ်က ပြည့်သွားပြီ..တကယ်လို့ ဗေဒင်မေးချင်တယ် ဆိုရင် မနက်ဖြန်မနက်ပိုင်း ပြန်လာမှရမယ်"
ဆန်းလိန်မင်ဟာ အခြေအနေက ဝမ်မင်ယန် ပြောထားတဲ့ အတိုင်းဖြစ်လာမယ်လို့ မထင်ထားခဲ့ပါဘူး။လက်ရှိအခြေအနေက ကိုးရိုးကားယားနိုင်တယ် လို့ သူခံစားလိုက်ရပါတယ်။
သူဟာ ပြုံးလိုက်ပြီး..
"ကျွန်တော်က ညီအစ်ကို ဝုနဲ့ သူငယ်ချင်းကောင်းဆိုတော့ အကုန်လုံးက သူငယ်ချင်းတွေပဲလေ။နည်းနည်း မျက်နှာသာပေးလို့များရနိုင်မလား..ပြီးတော့ ဒီအထိလည်း မိုင်တွေအဝေးကြီးကနေလာခဲ့ရတာ..တကယ်မလွယ်ကူဘူး.."
"အစ်ကို ဝု ကျွန်တော် ပြောတာ မှန်တယ်မလား.."
ဆန်းလိန်မင် ဝုယန်ဂန်ကို ကြည့်ပြီး ပြောလိုက်တာပါ။
ဝမ်မင်ယန် မျက်မှောင်ကျုတ်လိုက်တယ်။
"အကြီးအကဲ ဆန်း..ဒါက ကျုပ်ညီအစ်ကို ရဲ့စည်းမျဥ်းပဲ..။ကျေးဇူးပြုပြီး.လိုက်နာပေးပါ။တကယ်လို့ လူတိုင်း ဒီလို နည်းကို သုံးနေရင် ကျုပ်ညီအစ်ကို မောပန်းပြီး အသက်ထွက်သွားလိမ့်မယ်.."
ဝုယန်ဂန် အကူညီမဲ့ သလိုခံစားလိုက်ရတယ်။ဒီ သူငယ်ချင်းက အဲလို သွားပြောလို့ ရတဲ့ လူစားမျိုးမဟုတ်ပါဘူး။သူ့ကို တားဖို့ ကြိုးစားလေလေ ပိုပိုပြီး လုပ်ချင်လေလေပါ။
အထူးသဖြင့် ဝမ်မင်ယန်က ကားထဲမှာ သူနဲ့ ငြင်းခုန်ခဲ့တော့ ဒါက သူ့ကို စိတ်ဆိုးစေမှာ အသေအချာပါပဲ။
ဒါကြောင့် သူ ဆိုင်ကို ရောက်တာနဲ့ ဒီမေးခွန်းကို မေးတာပါ။
ဝမ်မင်ယန် လင်းဖန်ကို ကြည့်ပြပြောလိုက်တယ်။
"သူ့ကို ဂရုမစိုက်နဲ့"
လင်းဖန် တွေဝေသွားတယိ။ကြည့်ရတာ သူတို့ကြားမှာ အရှုပ်အထွေးရှိနေတဲ့ ပုံပါပဲ။သူ ဝမ်မင်ယန်ကို ကြည့်လိုက်တဲ့ အချိန်မှာ မျက်နှာမကောင်းပဲ သူ ဆန်းလိန်မင်ကို မကျေနပ်တာ သိသာပါတယ်။
ဆန်းလိန်မင် ကတော့ လင်းဖန်ကို သိပ်အထင်မကြီးပဲ ဝမ်မင်ယန်ကို ယှဥ်ပြိုင်ချင်လို့သာ ဒီလိုမေးလိုက်တာပါ။
သူ ကားထဲက ကိစ္စကို ပြန်စဥ်းစားလိုက်တိုင်း မကျေမနပ်ဖြစ်ရပါတယ်။
ဝမ်မင်ယန်က ဘာကောင်မို့လို့ သူ့ကိုဘသတိပေးရမှာလဲ ....
"မာစတာ လင်း..ကူညီပေးနိုင်မလား..။ဒီ, ဆန်းလိန်မင် က ဟန်မဆောင်တတ်ပါဘူး"
လူလိမ် ထျန်ဟာ ခေါင်းမော့ပြီး ကြည့်လာခဲ့တယိ။
ဒီကောင်ဘာကောင်လဲ..ခေါင်းမာလှချည်လား.
ဝမ်မင်ယန်ဟာ ဒေါသထွက်သွားပြီး..
"ဆန်းလိန်မင် မင်းဘာဖြစ်ချင်နေတာလဲ။ငါ့ ညီအစ်ကို ဖြေပြီးသွားပြီ မဟုတ်ဘူးလား..စည်းမျဥ်းက စည်းမျဥ်းပဲ။မင်းမပျော်ရွှင်ရင် အဲတာ မင်းစောက်ကြောင်း။ညီအစ်ကို ဝုနဲ့ ဆက်ဆံရေးကို သုံးပြီး ငါ့ညီအစ်ကိုကို ဒုက္ခရောက်အောင် မလုပ်နဲ့တော့..."
လင်းဖန် လက်ဝေ့ယမ်းပြီး..ကြားဝင်ပြောလိာက်တယ်။
"ကျုပ် ခင်ဗျားကို ဗေဒင် ဟောပေးလို့ရတယ်..ဒါပေမယ့် မပြောခိုင်းတာက ပိုကောင်းလိမ့်မယ်နော်.."
ဆန်းလိန်မင်ဟာ ဝမ်မင်ယန်ကို ကြည့်ကာရယ်မောလိုက်တယ်။
"ကျွန်တော့်ရဲ့..မွေးဖွားမူ အချက် ရှစ်ချက်တောင် မကြည့်ပဲ ဟောတော့မလို့လား။အဲလို ဟောလို့လာ်း ရတာပဲလား.."
လင်းဖန်ပြောလိုက်တယ်။
"လူတစ်ယောက် ကျုပ်ရှေ့မှာ ရပ်နေရင် အဲတာတွေ မလိုအပ်ဘူး"
ဆန်းလိန်မင်ဟာ စိတ်ထဲမှာ ရယ်မောနေပေမယ့် အပြင်မှာ တော့ စိတ်လှုပ်ရှားယောင် ဆောင်လိုက်ပါတယ်။
"မာစတာ လင်း..ကျွန်တော့်ရဲ့ ကံကြမ္မာလေးဟောပေးပါဦး..။မှန်လားဆိုတာ စောင့်ကြည့်ရအောင်"
ဝမ်မင်ယန်ဟာ ဒေါသထွက်သွားပြီး ဆန်းလိန်မင်ကို လက်ညိုးထိုးကာ ဆဲလိုက်ပါတယ်။
"ဆန်းလိန်မင် ..မင်း # စကားပြောတာလား။မင်းက ငါ့ညီအစ်ကို ကို ဟာသလို ဆက်ဆံနေတာပဲ။မင်းက တိကျလား အရမ်းသိချင်နေတယ်ပေါ့"
ဝုယန်ဂန်ဟာ ဆွံ့အသွားပြီး သူတို့နှစ်ယောက်ကြား အလျင်အမြန် ဝင်လိုက်တယ်။
"မငြင်းနဲ့တော့..မငြင်းကြနဲ့တော့.."
သူ ဒီနှစ်ယောက်ကို ပေးတွေ့တာ တကယ်နောင်တရနေပါပြီ။
ဝူယူလန်ဟာလည်း အံ့သြသွားခဲ့တယ်။
သူတို့က တူတူလာကြတဲ့ သူငယ်ချင်းတွေ မဟုတ်ဘူးလား..ဘာလို့ တိုက်ခိုက်နေကြတာလဲ...
လင်းဖန် ခေါင်းယမ်းလိုက်ပြီး..
"ကျုပ်က မပြောသင့်ဘူးလို့ ပြောပေမယ့်လည်း..ခင်ဗျားက နားထောင်ချင်တယ် ဆိုတော့ပြောရမှာပေါ့။ခင်ဗျား နောက်ဆက်တွဲ တွေကို..တော့ လက်ခံနိုင်မှရမယ်။ထပ်ပြောရရင် နာကျင်ရတဲ့ အမှန်တရားတွေကို ဘယ်သူမှ မကြားချင်ကြဘူးလေ.."
လင်းဖန် ဒီလူ ဘာလို ချင်မှန်း..မပြောတတ်ပါဘူး။အစကတော့ ဒီလူရဲ့ မကောင်းတဲ့ အချက်တွေ သိပ်မပြောပဲ မျက်နှာသာ ပေးမလို့ပါ..။ဒါပေမဲ့ ဒီလူက သူ့ညီအစ်ကို ကိုရိုင်းစိုင်နေခဲ့ပါတယ်။
ငါ ဒီတိုင်း လွှတ်ပေးလိုက်မယ်လို့ ထင်နေတာလား...