← Chapters

အမှန်တရားက နာကျင်ရတယ်

Vol. 15 Ch. 218

အမှန်တရားက နာကျင်ရတယ်

Vol. 15 Ch. 218

ဘာသာပြန် = စနိုးဝှိုက်

"ညီအစ်ကို ဆန်း..မာစတာ လင်းက ပြောနေပြီဆိုမှ တော့ ဒီကိစ္စကို ထပ်မပြောပဲ နေရအောင်.."

ဝုယန်ဂန် လက်ရှိအခြေအနေက ဆိုးသထက်ဆိုးလာပြီ ဆိုတာ ခံစားနေမိပါတယ်။အားလုံးက သူငယ်ချင်းတွေဆိုတော့..အခြေအနေတွေ ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး.အဆုံးသတ်ရမှာကိုသူမလိုလားပါဘူး။

ဝမ်မင်ယန် ညီအစ်ကို ဆန်းကို မကြိုက်မှန်း သိရဲ့သားနဲ့..သူ ညီအစ်ကို ဆန်းကို ရှန်းဟိုင်း ခေါ်လာခဲ့မိတာကို နောင်တရနေခဲ့ပါပြီ။

သူ ဒီလို ခေါ်လာရင် ဖြစ်နိုင်တဲ့ ပြသနာကို အစောကြီးကတည်းက တွေးထားသင့်တာပါ။

"ပွင့်ပွင့်လင်းလင်း စိတ်ထဲရှိတဲ့ အတိုင်း ပြောပါ မာစတာ လင်း။ဒီ ဆန်းလိန်မင် က အကောင်းဆုံး ထိန်းချုပ်နိုင်ပါတယ်"

ဆန်းလိန်မင် ပြောလိုက်တယ်။သူ့ပုံစံက ရှေ့ဆက်ဖြစ်လာမယ့် ပုံစံကို လုံးဝ စိတ်မဝင်စားတဲ့ အမူအရာနဲ့ပါ။လင်းဖန် က ငယ်ရွယ်လွန်းတော့ သူ့ရဲ့ ဗေဒင် စွမ်းရည်ကို သံသယဖြစ်မိတာ ပုံမှန်ပါပဲ ။ဝုယန်ဂန် ရဲ့ ကိစ္စအတွက် ကတော့ ကံကောင်းသွားတာ လို့ပဲ တွေးမိလိူက်ပါတယ်။

ဒီလောက်တောင် တိကျနေရအောင်..သူက နတ်ဘုရား မို့လို့လား....

အဲလောက် တော်နေရင် ဘာလို့ ဒီလို ဆိုင်သေးသေးလေးမှာ ရှိနေဦးမှာလဲ...

သူသာ အဲလောက်ထိ တော်နေရင် VIP ဧည့်သည်တွေ ..အရေးကြီးတဲ့ ခေါင်းဆောင်တွေနဲ့ပြည့်နေရမှာပါ။သူလို သူဌေးမျိုးက ဘာမှမဟုတ်ပါဘူး။ဒါပေါ့ ဒီလို အရာတွေက အရည်အချင်း တကယ်ရှိမှ ဖြစ်နိုင်တာပါ။

ဒါပေမဲ့ ကြည့်ရတာ.ဒီလို ဆိုင်သေးသေးလေးမှာ ရှိနေပြီ ဆိုကတည်းက..စွမ်းဆောင်နိုင်စွမ်း မရှိလို့ ဆိုတာ သိနိုင်ပါတယ်။

ဒါက ဆန်းလိန်မင် ရဲ့ အမြင်သက်သက် ဖြစ်ပြီး..သူက လူတိုင်းသူ့လို့မျိုး ကျော်ကြားမူနဲ့ ချမ်းသာ မူကို မက်မောတဲ့ လူတွေချည်းပဲ လို့ တွက်ထားတာပါ။

ဝမ်မင်ယန်ဟာ ဆန်းလိန်မင်ကို ကြည့်လိုက်တယ်။သူ လင်းဖန်ကို ယုံကြည်ပြီးသားပါ။လင်းဖန် ဒီလို ပြောလာပြီ ဆိုကတည်းက ဒီလူ လူကောင်း မဟုတ်နိုင်ပါဘူး။

လင်းဖန်က ဆန်းလိန်မင်ကို ဝုယန်ဂန်မျက်နှာထောက်ပြီး အရှက်မခွဲ ချင်ပေမယ့်..ဆန်းလိန်မင်ဟာ ဆက်ပြီး ခေါင်းမာ နေခဲ့တာပါ။

တကယ်လို့ လင်းဖန်က ဆန်းလိန်မင် ခနနေ အရိုက်ခံရတော့မယ်လို့ ပြောရင်တောင် ဝမ်မင်

ယန် လင်းဖန်ကို ယုံကြည်ဦးမှာပါ။ဘာပဲ ဖြစ်ဖြစ် သူလင်းဖန်ကို အရမ်းယုံကြည်ပါတယ်။

ဒီလို ယုံကြည်မူ ဆိုတာကလည်း မရေမတွက်နိုင်တဲ့ မတော်တဆ မူတွေကနေ တည်ဆောက်ထားတာပါ။တစ်ခါတစ်လေ..တိုက်ဆိုင်လို့ ယုံကြည်တာမဟုတ်ပါဘူး။

လင်းဖန် ဝူတန်ဟီ ကို ကြည့်လိုက်ပြီး..

"သူ့ကို ကြည့်ပေးပါဦး..သူ့ကံတရားက ဘယ်လို ရှိနိုင်မလဲ "

ဆန်းလိန်မင်ဟာ ရယ်မောလိုက်တယ်။

"မာစတာ လင်း..ကျုပ်မေးတာက ခင်ဗျားကို လေ..။ဘာလို့ သူ့ကို သွားမေးနေတာလဲ.."

ဝူတန်ဟီဟာ ဆန်းလိန်မင်ကို အနီးကပ်ကြည့်လိုက်တယ်။ဝူတန်ဟီ ဒီသူဌေး တွေကို အပြစ်ပြုမိမှာ မကြောက်ပါဘူး.။ဘာပဲဖြစ်ဖြစ် သူကိုယ်တိုင်ကလည်း အစွမ်းအစ ရှိတဲ့ လူတစ်ယောက်ပါ။

တကယ်လို့ သူသာ အရင် ကျော်ကြားမူနဲ့ အင်အားတွေကို သာ ဆက်ပြီး ဖက်တွယ်ထားရင် ဒီလူသုံးယောက်တောင် သူ့အဆင့်အတန်းကို မမှီနိုင်မှာ ဖြစ်ကောင်းဖြစ်နိင်ပါတယ်။

"သူ့ရဲ့ အသွင်အပြင်အရတော့ သိပ်မကောင်းဘူး။သူ့ရဲ့ ဥစ္စာဓန မှာ အပြောင်းအလဲ ရှိလိမ့်မယ်။ဒါက အထူး ခွဲခြမ်းစိတ်ဖြာမူပဲ..ထပ်ပြီး တွက်ချက်ပေးလို့ရသေးတယ်"

ဝူတန်ဟီ ရေရွတ်လိုက်တာပါ။

ဆန်းလိန်မင် ဒါကို ကြားတဲ့ အချိန်မှာ ရယ်မောလိုက်တယ်။

"ဒီ လူအိုကြီး ကျုပ်ဘယ်သူမှန်း မသိဘူးဖြစ်မယ် ဟုတ်တယ်မလား..။ကျွန်တော်ရဲ့ နာမည်ကို အင်တာနက်ပေါ်မှာ ရှာကြည့်လိုက်ပါဥိီး..ကျွန်တော်က အရမ်းချမ်းသာတဲ့ အထဲမပါပေမယ့်လည်း..ဘေးဂျင်းမှာတော့ ပါဝါ ရှိပါသေးတယ်။ကျုပ်ရဲ့ ကွန်ယက်က ဆယ်ဘီလီယံ တန်ဖိုးလောက် ရှိတယ်နော်။ကျွန်တော်ရဲ့ ချမ်းသာမူက ဘယ်လိုလုပ် ပျက်ဆီးနိုင်မှာလဲ.."

သူ့ရဲ့ စကားတွေဟာ အရမ်း မဆိုးရွားပေမယ့်လည်း သူ မပျော်ရွှင်ဘူးဆိုတာက သိသာလှပါတယ်။

သူဆိုလိုချင်တာက ဝူတန်ဟီ လျောက်ပြောနေတယ်လို့ပါ..ဒါက သူ့ကို စော်ကားသလိုဖြစ်နေပါတယ်။

ဝူတန်ဟီ ဘာမှထပ်မပြောတော့ပဲ လင်းဖန်ကို ကြည့်လိုက်ကာ..

"မာစတာ လင်း..ကိုယ့်ဟာကိုပဲ ဆက်လုပ်လိုက်ပါ။ရုပ်ရည်သွင်ပြင်ကို.ကြည့်ပြီး..ဟောပြောတာကတော့..မင်းလောက် ငါက

မကျွမ်းကျင်ဘူးလေ.."

လင်းဖန် ပြုံးပြီး ခေါင်းညိမ့်လိုက်တယ်။ယင်းနောက် သူ ဆန်းလိန်မင်ကို ကြည့်လိုက်ပြီး..

"ခင်ဗျားက အရမ်းသိချင်နေမှတော့ ပြောပြရတော့မှာပေါ့။ဘာပဲဖြစ်ဖြစ် ခင်ဗျားနားထောင်ရင် ပြောင်းလဲနိုင်ကောင်း ပြောင်းလဲနိုင်လိမ့်မယ်..နားမထောင်ရင်တော့ ကံတရားပဲ"

ဆန်းလိန်မင် လှောင်ရယ်လိုက်တယ်။ဒီ မာစတာလင်းက အရာရာတိုင်း သူပြောသလို ဖြစ်လာမယ်လို့..တထစ်ချ ယုံကြည်နေတာပါ။ဆန်းလိန်မင် ဆက်ပြီး နားထောင်နေခဲ့တယ်..သူဒီလို အခြေနေတွေ အများကြီး ကြုံဖူးပြီး.စကားလုံး အနည်းငယ်နဲ့ သူ့ကို ခြောက်လှန့်လို့ ရမှာမဟူတ်ပါဘူး။

"မာစတာ လင်း ကျေးဇူးပြုပြီး ဆက်ပြောပါ။တကယ်လို့ မာစတာ လင်းသာ တိကျရင်.ဒီ ဆန်းလိန်မင် လိုက်နားထောင်ဖို့ ဝန်မလေးပါဘူး"

လင်းဖန် စိတ်ထဲကနေ လှောင်ရယ်လိုက်တယ်။ဒီလူသာ သူပြောတဲ့ အတိုင်းလိုက်လုပ်ရင်..အနောက်အရပ်က နေထွက်လာတော့ မှာပါ။သူ ဒီလူကို လုံးဝမကြိုက်ပေ။

သူ စတင်ပြောလိုက်တယ်။

"ခင်ဗျားဘဝက လက်ရှိမှာ အတော်ကောင်းမွန်နေတယ်လို့ ပြောလို့ရတယ်..။အခုလို အောင်မြင်မူတွေ ..ကျော်ကြားမူတွေ ရနေတာက ခင်ဗျားဘဝမှာ ရှိခဲ့ဖူးတဲ့ အ​ရေးကြီးတဲ့ လူတစ်ယောက် နဲ့သက်ဆိုင်နေတယ်။ဒါပေမယ့် စိတ်မကောင်းစရာက..."

ဆန်းလိန်မင် ဒါကို ကြားတဲ့ အချိန်မှာ ရယ်မောလိုက်ပြီး..

"အရေးကြီးတဲ့ လူဆိုတာ ဘာကို ပြောတာတုန်း..။ကျွန်တော် အောင်မြင်မူရဖို့ ကိုယ့်အားကို ကိုးခဲ့တာ..။စိတ်မကောင်းစရာက ဆိုတာကရော....မာစတာ လင်း ကျေးဇူးပြုပြီး အလင်းပြပေးပါဦး"

လင်းဖန် ရယ်မောကာ ဆက်ပြောလိုက်တယ်။

"စိတ်မကောင်းစရာက ခင်ဗျားက ခေါင်းမာတဲ့ လူတစ်ယောက်ပဲ။ခင်ဗျားက အမြင်မတူတဲ့ လူတွေ ပြောတာကို နားထောင်လိုစိတ်မရှိဘူး။ထပ်ပြောရရင် ခင်ဗျားက မျက်နှာ နှစ်ဖက်နဲ့ လူပဲ။ခင်ဗျားက သူငယ်ချင်းတွေရဲ့ အမြင်တွေကို ဂရုမစိုက်ပဲ ကိုယ့် ကိုယ်ကျိုးအတွက်ပဲ ကိုလုပ်တတ်တယ်။ခင်ဗျားဘဝမှာ အရေးကြီးတဲ့ လူလို့ ပြောရတဲ့ လူက ခင်ဗျားရဲ့ ဇနီးဟောင်းပေါ့။သူမက ခင်ဗျား ဒီနေ့ ချမ်းသာကြွယ်ဝ မူတွေ..စည်းစိမ် တွေ ရဲ့ တစ်ဝက်လောက် နဲ့ကို ထိုက်တန်တယ်။ဒါပေမဲ့ လည်း ခင်ဗျားက သူမကို ခင်ဗျားခက်ခဲ့တဲ့ အချိန်ကလွဲပြီး လုံးဝ ဂရုမစိုက်ပဲ...."

လင်းဖန် ပြောနေတဲ့ အချိန်မှာ ဆန်းလိန်မင်ကတော့ အမူအရာပြောင်းလဲနေခဲ့ပါပြီ။သူ့ရဲ့ မျက်နှာဟာ မကျေနပ်မူတွေ ပေါ်နေပြီး..မာစတာ လင်းက သူ့ကို အရှက်ခွဲနေသလိုပါပဲ။

ငါက သူငယ်ချင်း မိတ်ဆွေတွေရဲ့ ထင်မြင်ချက်တွေကို အလေးမထားဘူးလား...

အခင်ဆုံး သူငယ်ချင်းတွေကို တောင် ဂရုမစိုက်ပဲ ကိုယ်ကျိုးအတွက်ပဲ ကြည့်တယ်လား...

မင်းဘာကို ပြောချင်နေတာလဲ...

ဝမ်မင်ယန် ရယ်မောလိုက်တယ်..ဒီ ဆန်းလိန်မင် မကောင်းဘူး ဆိုတာ သူအစောကြီး ကတည်းက သိပြီးသားပါ။ဝုယန်ဂန် အတွက်ကတော့..ဆန်းလိန်မင်က ချိန်ကိုက် ဗုန်းတစ်လုံးလို ပါပဲ။

သူနဲ့ စီးပွားရေး တွဲလုပ်တဲ့ လူတိုင်း ကောင်းကျိုးတစ်ခုမှ မရှိခဲ့ပေ။

တကယ်လို့ သူတို့သာ ဒီလူကို မကန်ထုတ်ရင် ပရောဂျတ်က ကျဆုံးနိုင်ချေရှိပါတယ်။ဆန်းလိန်မင်က သူ့အမြတ်အစွန်းအတွက် လက်တွဲဖော်ရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးဖို့လည်း ဝန်မလေးတဲ့ လူစားမျိုးပါ။

အပြင်ဘက်မှာတော့ သူက ကြင်နာတတ်ပုံ ပေါက်ပေမယ့်လည်း..အတွင်းဘက်မှာ အမြဲတမ်း မဟုတ်တာ ကြံစည်နေတဲ့ လူတစ်ယောက်ပါ။

ဝုယန်ဂန် မာစတာ လင်းရဲ့စကားတွေကို ကြားတဲ့ အချိန််မှာ ကြောင်အသွားခဲ့တယ်။မာစတာ လင်း သူ့ သူငယ်ချင်းကို ဒီလိုမြင်လိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး။ဒါက သူ ခန့်မှန်းထားတာ နဲ့ လုံးဝ မတူပေ။

"မာစတာ လင်း..နည်းနည်း ချဲ့ကား သလိုများဖြစ်နေမလား.."

ဝုယန်ဂန် ရှက်ကိုးရှက်ကန်း မေးလိုက်တယ်။ဘာပဲဖြစ်ဖြစ် ဆန်းလိန်မင်က သူ့ရဲ့ သူငယ်ချင်းပါ။အခု မာစတာလင်း ကပါ ဒီလိုပြောနေတော့ သူဘယ်လို ဖြေရှင်းရမလဲ မသိတော့ပေ။

လင်းဖန် ဆန်းလိန်မင် မပျော်မရွှင်ဖြစ်နေတာ တွေ့ပေမယ့် လုံးဝ ဂရုမစိုက်ပေ။ဘာပဲဖြစ်ဖြစ် ဗေဒင် မေးချင်တဲ့ လူက ဒီလူပါ။ဒါကြောင့် အမှန်တရားကို ပြောရမှာပါပဲ။တစ်ခါတစ်လေ ချမ်းသာ တဲ့ လူတွေ စိတ်ကျေနပ်အောင် လူပ်ပေးဖို့က ခက်ခဲပါတယ်။

လင်းဖန် ဝုယန်ဂန် ကို ပြုံးပြလိုက်ပြီး...

"ခင်ဗျားရဲ့ ကံတရားကို ကျုပ်အရင်က ကြည့်ပေးလို့ ကြီးမားတဲ့ အပြောင်းအလဲကြီးတွေဖြစ်သွားတယ်။အရင်တုန်းကဆိုရင်..ခင်ဗျားမှာ အောင်မြင်ပြီး..ကျော်ကြားမယ့် ကံတရားရှိနေတာတောင်.လူပေါင်းမှားမူကြောင့် အလိမ်ညာခံခဲ့ပြီး ဒုက္ခရောက်ခဲ့ရတာလေ။ဒါပေမဲ့ အခုခင်ဗျားရဲ့ ကံတရားက လမ်းကြောင်းမှန်ပေါ်ကို ပြန်ရောက်သွားပြီ။ခင်ဗျားဘဝ မှာ အောင်မြင်မူနဲ့ ကြွယ်ဝမူတွေကို ပြန်ရလိမ့်မယ်။ဒါပေမဲ့ ခင်ဗျား သိထားရမှာက..ကောင်းမွန်တဲ့ မိတ်ဆွေတွေက.ကောင်းမွန်တဲ့ ကံတရားတွေကို ယူဆောင်ပေးပြီး..မှားယွင်းတဲ့ အရာကို လက်တွဲမိရင်.အရာရာပြန်ပြောင်းလဲ သွားနိုင်တယ် ဆိုတာပဲ။လက်ရှိအခြေအနေအရတော့ အရာရာကောင်းမွန်နေတယ်.။တစ်ခြားလူတွေကို အထင်မသေးပဲ လုပ်နေကြအတိုင်း ဖြည်းဖြည်းနဲ့ မှန်မှန်သာလုပ်..တစ်ဘဝလုံး အဆင်ပြေနေလိမ့်မယ်"

ဝုယန်ဂန် မာစတာ လင်းရဲ့ စကားကို ကြားတဲ့ အချိန်မှာ ခေါင်းညိမ့်လိုက်တယ်။အရင်တုန်းက သူဗေဒင်ပညာ ကို မယုံကြည်ပေမယ့်လည်း အခုယုံကြည်ပါတယ်။ဒါပေမဲ့ မာစတာ လင်းကလွဲပြီး တစိခြားလူတွေကို မယုံကြည်ပါဘူး။

ဝမ်မင်ယန် ဝုယန်ဂန် ရဲ့ ပုခုံးကို ပုတ်လိုက်ပြီး..

"မာစတာ လင်းပြောပြီ ဆိုမှတော့ တိကျမှာသေချာတယ်။အနာဂတ်မှာ ညီအစ်ကို ပြောတာကို နားထောင်.။ကောင်းမွန်တဲ့ မိတ်ဆွေတွေက.ကောင်းမွန်တဲ့ ကံတရားကို ဆောင်ယူပေးပြီး..မကောင်းတဲ့ လူတွေက ခင်ဗျားကို ပျက်ဆီးစေလိမ့်မယ်"

ဝုယန်ဂန် ဝမ်မင်ယန် ပြောချင်တဲ့ အဓိပါယ်ကို သဘောပေါက်ပြီး ရှက်ကိုးရှက်ကန်း ဖြစ်သွားခဲ့တယ်။ဘာပဲဖြစ်ဖြစ် ဆန်းလိန်မင်က သူ့သူငယ်ချင်းဖြစ်ပြီး..ဘယ်လို ​ပြန်ပြောရမလဲ မသိတော့ပါဘူး။

ယင်းနောက် လင်းဖန် ဆန်းလိန်မင်ကို ထပ်ကြည့်လိုက်တယ်..ဒီနေ့ သူသာ ဆန်းလိန်မင်ကို စကားလုံးတွေနဲ့ အဆုံးမသတ်ပေးနိုင်ရင် သူ့နာမည် မာစတာ လင်း မဟုတ်တော့ပါဘူး။

..

ဒါပေမဲ့ ဆန်းလိန်မင်..သူပြောတဲ့ စကားတွေကို အကောင်းဘက်ကမြင်ပြီး .ပြောင်းလဲမယ်ဆိုရင်တော့ သူ့ကံတရားကို တကယ်ပြောင်းလဲ နိုင်မှာပါ။စကားပုံတွေအတိုင်း..တစ်စုံတစ်ယောက်ရဲ့ ရုပ်ရည်သွင်ပြင်ကိုကြည့်ပြီး..နှလုံးသားထဲအထိပါ လေ့လာလို့ ရပါတယ်။

ဒါပေါ့ ရုပ်ရည်သွင်ပြင်ဆိုတာက ခန္တာကိုယ် ပုံစံချည်းသက်သက်ကိုပဲ ပြောတာ မဟုတ်ပြန်ပါဘူး။ဒါက စိတ်ဝိညာဥ်နဲ့ ခန္တာကိုယ်သွင်ပြင်ကို ပေါင်းစပ်ပြီး..ကြည့်ရူရတာပါ။

ဥပမာ အနေနဲ့ ဝမ်ရှန်းပါပဲ။သူဟာ လူကြီးလူကောင်း အရမ်းဆန်ပြီး တကယ်လို့ လင်းဖန်သာအနီးကပ်မကြည့်ရင် လူကုန်ကူးသမားမှန်း သိနိုင်မှာ မဟုတ်ပေ။

ယင်းနောက် လင်းဖန် ရယ်မောလိုက်ပြီး..

"အကြီးအကဲ ဆန်း တည်တည်ငြိမ်ငြိမ်ရှိပြီး..ဒေါသကို ထိန်းသိမ်းသင့်တယ်။တစ်ခါတစ်ရံ အမှန်တရားက နာကျင်ရပြီး ..ကောင်းကောင်း မြင်တတ်ဖို့ပဲ လိုအပ်တယ်လေ"

ဆန်းလိန်မင် နှာခေါင်းရှုတ်လိုက်တယ်။သူ ခံစားချက်ကို ထပ်မထိန်းချုပ်နိုင်တော့ပါဘူး။

All Chapters