ဘယ်လိုဆိုးရွားတဲ့ အကြောင်းပြချက်လဲ
Vol. 15 Ch. 219
ဘာသာပြန် = စနိုးဝှိုက်
ဆန်းလိန်မင်ဟာ လင်းဖန်ကို ကြည့်ပြီး အပျော်မရွှင်ပြောလိုက်တယ်။
"မာစတာ လင်း..ဒါက ကျွန်တော်ရဲ့ ကံတရားကိုဟောပြီး ထွက်လာတဲ့ အရာတွေလား.."
"ညီအစ်ကို ဆန်း.."
ဝုယန်ဂန် ဟာ ညီအစ်ကို ဆန်း ..မာစတာ လင်းကို .ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံမှာစိုးရိမ်ပြီးတားဆီးဖို့ ကြိုးစားလိုက်တာပါ။
ဒါပေမဲ့ သူ စကားဆုံးအောင် မပြောလိုက်နိုင်ခင်မှာပဲ ဆန်းလိန်မင်ရဲ့ ဖြတ်ပြောမူကို ခံလိုက်ရတယ်။
"ငါ..ဗေဒင်ပညာကို.မယုံကြည်သလို..မင်းပြောနေတာတွေကိုလည်း လက်မခံနိုင်ဘူး။ငါက မှန်မှန်ကန်ကန်လုပ်ပြီး.အပေါင်းအသင်းတွေကို သစ္စာရှိတဲ့ လူတစ်ယောက်ဆိုတာ..နောင်တမရပဲပြောလိုက်မယ်။ငါ့ရဲ့ အပေါင်းအသင်းတွေ အပေါ်မှာ ဘယ်တော့မှ သစ္စာမဖောက်ခဲ့ဘူး။မင်းပြောနေတဲ့ ပုံစံက ငါက သစ္စာမရှိတဲ့ လူတစ်ယောက်လိုဖြစ်နေပြီ.."
ဝမ်မင်ယန်ဟာ ကြည့်လိုက်ပြီး..
"ငါ့ ညီအစ်ကိုက အစကတည်းက ရှင်းရှင်းလင်းလင်း ပြောထားပြီးသားလေ..။အမှန်တရားက နာကျင်ရပေမယ့် မင်းပဲ အတင်းပြောခိုင်းနေတာ မဟုတ်ဘူးလား။ဒါကြောင့် မင်းဘာမှ မပျော်မရွှင် ဖြစ်မနေသင့်ဘူး"
ဆန်းလိန်မင် နှာခေါင်းရူတ်လိုက်တယ်။
"အကြီးအကဲ ဝမ်, မင်းကတော့ ဒီအကြောင်းအရာကို အမှန်တရားလို့ ထင်ရင် ထင်နေမှာပေါ့..ဒါပေမဲ့ ဒါတွေက ငါ့အတွက်တော့ အလိမ်အညာတွေ ချည်းပဲ။ဒီနေ့ အစ်ကို ဝုရဲ့ မျက်နှာကိုထောက်ပြီး ဘာမှ ထည့်မတွက်တော့ဘူး.."
ဝမ်မင်ယန်ဟာ ထပ်ပြောလိုက်တယ်။
"ထည့်မတွက်ဘူးဟုတ်လား..။မင်း ထည့်တွက်တွက်မတွက် အဲတာ မင်းစောက်ကြောင်းပဲ။မင်း ငါ့ညီအစ်ကိုကို ဘာလုပ်နိုင်မှာ မို့လို့လဲ..။ငါက မင်းရှေ့ဆက်တို့ မှာကို စောင့်နေတာ.."
သူတို့ စတင်ပြီး ငြင်းခုန်လာကြပြန်ပါပြီ။
"ငြင်းခုန်မနေနဲ့ တော့..မင်းတို့ နှစ်ယောက်လုံးတော်လိုက်ကြတော့။မာစတာ လင်း ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့"
ဝုယန်ဂန်ဟာ လင်းဖန်ကို အလျင်အမြန်ပြောလိုက်တယ်။ဒီကိစ္စက အတော်ခက်ခဲပါတယ်။ဝမ်မင်ယန် နဲ့ ဆန်းလိန်မင်က ကြောင်နဲ့ ကြွက်လို တစ်ချိန်လုံး ရန်ဖြစ်နေလိမ့်မယ် လို့ သူမထင်ထားမိခဲ့ပါဘူး။
ထပ်ပြောရရင် သူတို့ရဲ့ ပုံစံက ကိစ္စသေးသေးလေး သဘောထားကွဲလွဲ ရင်တောင် အချိန်မရွေး တိုက်ခိုက်ကြတော့မယ့် ပုံစံပါ။
လင်းဖန် ပြုံးပြီး လက်ဝေ့ယမ်းလိုက်တယ်။
"ကျွန်တော် လုံဝ စိတ်မဆိုးပါဘူး။ကျွန်တော်က အမှန်တရားကို ပဲ ပြောတာပါ။ဒါပေမယ့် ထပ်ပြောရဦးမယ်.."
ဝုယန်ဂန် ဒါကိုကြားပြီး ဆွံ့အသွားခဲ့တယ်..။
ချစ်လှစွာသော မာစတာ လင်းရယ် အခု ရပ်လိုက်လို့ မရဘူးလား...
လင်းဖန် ဆန်းလိန်မင်ကို ကြည့်လိုက်ပြီး..
"ကျေးဇူးပြုပြီး ဂရုစိုက်ပါ။ခင်ဗျားရဲ့ ရုပ်လက္ခဏာက သိပ်မကောင်းဘူး..သိပ်မဝေးတဲ့ အနာဂတ်မှာ.ခက်ခဲလွန်းတဲ့ အမူတွဲ နဲ့ ရင်ဆိုင်ရလိမ့်မယ်။ဒါကတော့ ခင်ဗျား ဘယ်လို ဖြေရှငိးမလဲ ဆိုတာပဲ မူတည်တယ်"
ဆန်းလိန်မင်. နှာခေါင်းရှုတ်ကာ ဆိုင်ပေါက်ဝကို ထ ထွက်သွားလိုက်တယ်။
"ဘယ်လို အမှိုက်တွေလဲ.."
ဝုယန်ဂန် ဟာ သူ့နောက်ကို အလျင်အမြန်လိုက်သွားလိုက်ပြီး
"ညီအစ်ကို ဆန်း, ဘာလုပ်မလို့လဲ"
ဆိုင်ပေါက်ဝ ရောက်တဲ့ အချိန်မှာ ဆန်းလိန်မင်ဟာ ပြန်ဖြေလိုက်တယ်။
"ကျွန်တော် ဒီမှာ ဆက်မနေချင်တော့ဘူး။ဘေဂျင်းကို အရင်ပြန်နှင့်မယ်..အစ်ကို ဝု ကိုလည်း သတိပေးလိုက်မယ်..ဒီလို ဗေဒင်တွေက လိမ်ညာစား နေတာပဲ။အလိမ်မခံရစေနဲ့.."
ဝုယန်ဂန် တစ်ခုခုထပ်ပြောချင်ပေမယ့် လည်း ဆန်းလိန်မင်ကတော့ ထွက်သွားခဲ့ပါပြီ။သူ့ကြည့်ရတာ လုံဝ ထပ်နေချင်တဲ့ ပုံစံ မရှိပါဘူး။
လင်းဖန် ဆန်းလိန်မင် ပုံစံကို ကြည့်ပြီး ရယ်မောလိုက်တယ်။အမှန်တရားက သူ့ကို စော်ကားလိုက်သလိုပါပဲ။ဒါပေမဲ့ သူလည်း ဘာမှမတတ်နိုင်ပေ။အမှန်တရားက အမှန်တရား ဖြစ်ပြီး သူဘာမှ မှားယွင်းတာ မပြောခဲ့ပါဘူး။
ဝမ်မင်ယန်ဟာ ရယ်လိုက်တယ်။
"မင်း ဒီလိုလူမျိုးကို မျက်နှာသာပေးလို့မရဘူး။ဒီလူက မျက်နှာ နှစ်ဖက်နဲ့ လူပဲ"
ဝုယန်ဂန် ဟာ ဆိုင်ထဲကို ပြန်လှည့်လာပြီး..
"မာစတာ လင်း ..တောင်းပန်ပါတယ်။ဒီ သူငယ်ချင်းက အဲ့အတိုင်းပဲ"
လင်းဖန် လက်ဝေ့ယမ်းလိုက်တယ်။
"ကျွန်တော်က သတိပေးစရာ ရှိတာ သတိပေးပြီးသွားပြီလေ..။ခင်ဗျား ..ကျွန်တော့် အကြံဥာဏ်ကို အလေးထားရင် သတိနဲ့ နေပါ။ခင်ဗျားရဲ့ အချက်အလက်အရတော့..ဒီလူနဲ့ မပတ်သက်တာ အကောင်းဆုံးပဲ။ခင်ဗျား ..ဆက်လုပ်တာ မလုပ်တာ ကတော့ ခင်ဗျားအပိုင်းပေါ့"
ဝုယန်ဂန် ခေါင်းညိမ့်လိုက်တယ်။သူ မာစတာ လင်းကို လေးစားပေမယ့်လည်း သူ့စကားတွေကြောင့် ဆန်းလိန်မင်ကို မပစ်ပယ်နိုင်ပါဘူး။ဒါပေမဲ့ မာစတာ လင်းရဲ့ အကြံပေးစကားကြောင့် နောက်ပိုင်းကျရင်..ပိုပြီး သတိထားရတော့မှာပါ။
ဝုယန်ဂန် အံ့သြသင့်မိတဲ့ အရာက ဆန်းလိန်မင် အမူကြီး တစ်ခုနဲ့ ရင်ဆိုင်ရဖို့ ရှိတယ် ဆိုတဲ့ အရာဖြစ်ပြီး. ဒါအမှန်လား ဆိုတာကို သူစိတ်ဝင်စားမိပါတယ်။
လင်းဖန် ဝုယန်ဂန်ရဲ့ သံသယကို သတိထားမိပြီးဘပြောလိုက်တယ်။
"ကျုပ်ပြောတာက အမှန်ပဲ ..ဘာတစ်ခုမှ အလိန်အညာ မပါဘူး"
ဝမ်မင်ယန်ဟာ ရယ်မောလိုက်ပြီး..
"သူ ဒီလို စောက်ကျိုးနဲ မယ့်အဖြစ်မျိုး နဲ့ ထိုက်တန်တယ်။အစ်ကို ဝု ,ခင်ဗျား ဒီကိစ္စကို ခနမေ့ထား သင့်တယ် ထင်တယ်နော်။ခင်ဗျား သူ့ကို ကူညီချင်ရင်တော့ သူကတော့ လက်ခံမှာ မဟုတ်ဘူး။အစ်ကို ဝုကို နား လာညည်းနေတဲ့ လူကြီးလို့တောင် တွေးရင်တွေးလိမ့်မယ်"
ဝုယန်ဂန် ခေါင်း ညိမ့်လိုက်တယ်..သူပြောတဲ့ စကားက တကယ်အမှန်ပါပဲ။ဆန်းလိန်မင်က သူသဘောမတူတဲ့ အရာကို ပြောရင် ဂရုမစိုက်ပဲ..အထူးသဖြင့် ဒီလို အချိန်မျိုးမှာ ဆက်ပြောရင်.သူကို စိတ်တိုအောင် လုပ်သလိုပါပဲ။
လူလိမ် ထျန်ဟာ အစအဆုံးကို မြင်လိုက်ရပြီး ဆွံ့အနေခဲ့ပါတယ်။လင်းဖန် ဟောသွားတာတွေကသာ အမှန်တကယ် ဖြစ်လာရင် သူဟောတာက အရမ်းတိကျလွန်းမှာပါ။
ဝူတန်ဟီကတော့ မာစတာ လင်းရဲ့ ဗေဒင်စွမ်းရည် ကို နဂိုကတည်းက သိထားပြီးပါပြီ။သူက ရုပ်ရည် သွင်ပြင်ကို ကြည့်ပြီး အမန်တကယ်ဟောပေးနိုင်တဲ့ လူတစ်ယောက်ပါ။
သူ လိန်ကျုံး ကနေ ရှန်ဟိုင်းကို ပြောင်းကတည်းက သူ့သမီးရဲ့..ကံဆိုးမူ အရှိန်အဝါတွေ သိသိသာသာ လျော့ကျသွားတာ သတိထားမိခဲ့ပါတယ်။ဒါက သူမအတွက်တော့ ကောင်းတဲ့ အရာပါပဲ။
ဝမ်မင်ယန်ဟာ ရယ်မောလိုက်တယ်။
"ကောင်းပြီ.အစ်ကို ဝု, စိတ်မကောင်းစရာတွေ မပြောပဲ နေရအောင်။ကျွန်တော် ပြောရဦးမယ် မာစတာ လင်း ..က ဗေဒင်ဟောတာတင် မဟုတ်ဘူး ဟင်းချက်လည်း အရမ်းကောင်းတာနော်။ကျွန်တော် တို့ကို နိုင်ငံတကာ အဆင့် စာဖိုမှူးက ချက်ပြုတ်ပေးတာ မှတ်မိသေးလား.."
ဝုယန်ဂန်ဟာ ခုနက အဖြစ်အပျက်ကို မေ့ထားလိုက်ပြီး..ဝမ်မင်ယန်ရဲ့ စကားကို ကြားတဲ့ အချိန်မှာ ရယ်မောလိုက်ပါတယ်။
"ဘာလို့လဲ..မင်းက ထပ်စားချင်သေးလို့လား။ဒါက နည်းနည်းတော့ ခက်ခဲလိမ့်မယ်နော်..။အဲ့စာဖိုမှုးက ကျန်းမာရေး သိပ်မကောင်းတော့..မကြာခန မချက်ပြုတ်တော့ဘူး"
"ဟားဟား"
ဝမ်မင်ယန်ဟာ ရယ်မောလိုက်တယ်။
"ကျွန်တော် ပြောချင်တာက မာစတာ လင်း ချက်တာက အဲ့လူထက်ကောင်းတယ် ဆိုတာပဲ။အစ်ကို ဝု မစားဖူးရင် သိမှာမဟုတ်ဘူး။တစ်ခါစားလောက်တာနဲ့ ကောင်းကင်နဲ့ မြေကြီးလောက် ကွာခြားမှန်း သိလိမ့်မယ်"
ယင်းနောက် ဝမ်မင်ယန်ဟာ လင်းဖန်ကို ကြည့်လိုက်ပြီး..
"ဒီက အစ်ကို ဝု အတွက် ဟင်းချက်ပေးဖို့ကို ဘယ်လိုထင်လဲ။သူက အဝေးကြီးက လာခဲ့ရတာလေ"
သူ ဟင်းပွဲ အကြောင်းပြောလိုက်တာနဲ့ ဆိုင်ထဲက လူတွေ အကုန်လုံး ခေါင်းထောင်လာခဲ့ပါတယ်။
လင်းဖန် ရယ်မောပြီး ခေါင်းခါယမ်းလိုက်တယ်။
"ဘယ်လောက်တောင် တွက်ချက်တတ်တဲ့ လူလဲ။ခင်ဗျား တမင်တကာ စီစဥ်ထားတာဖြစ်ရမယ်"
ဝမ်မင်ယန်..ရယ်မောလိုက်ပြီး..
"ဒါက ငါ့အပြစ်မဟုတ်ဘူး..။မင်းရဲ့ အစားအသောက်ကိုက ကောင်းလွန်းနေတာ..ငါသာ မိန်းကလေး ဆိုရင် တကယ်ချိန်လုံး မင်းအနားမှာပဲ ဆေးစွဲ သလိုကပ်နေမှာ"
"ခင်ဗျားလို လူအိုကြီးက ဒါမျိုးပြောရတာ မရှက်ဘူးလား.."
လင်းဖန် ရယ်မောပြီးပြောလိုက်တယ်။ဒီလူက ဘယ်လို စနောက်ရမလဲ ဆိုတာ တကယ် သိတဲ့လူပါ။
"ရှက်စရာကောင်းတော့ရော ဘာဖြစ်လဲ..မင်းသာ သဘောတူရင်.ငါ အခုချက်ချင်း ထိုင်း နိုင်ငံ ကိုသွားပြီး.လိင်ပြုပြင်လိုက်မယ်..ဟားဟားဟားးး"
ဝမ်မင်ယန် ထပ်ပြီး စနောက်လိုက်တာပါ။
လူလိမ် ထျန် ဝမ်မင်ယန်ကို ထပ်ပေါင်းပြောလိုက်တယ်။
"အစ်ကို ယန် , တစ်ကယ်လို့ သွားရင် ကျွန်တော်ကို့ပါ ခေါ်ပါဦး။အဲ့နေရာမှာတော့ ကျွန်တော်က ကယ် ကျွမ်းကျင်တာ..ဟားးဟား"
ကျောက်ကျန်းဟန်ဟာ ဖုန်းကိုမြောက်ပြီး လူတိုင်းပြောတာကို ရိုက်ပြနေခဲ့ပါတယ်။
"အားလုံးပဲ မာစတာ လင်းကို ကြည့်ကြဦး။သူ စဥ်းစားရ ခက်နေပြီနော်.."
တိုက်ရိုက် ထုတ်လွင့်မူကို ကြည့်နေတဲ့ လူတွေဟာတော့ ရယ်မောနေခဲ့ကြပါတယ်။မာစတာ လင်းရဲ့ ဆိုင်က တကယ်ပျော်ဖို့ ကောင်းတာပါ။အစကတော့ လေထုက မသက်မသာဖြစ်နေပေမ
ယ့် အခုလို ချက်ချင်းကြီး အသက်ဝင်သွားလိမ့်မယ် လို့ မထင်ထားခဲ့ကြပါဘူး။
*ကလင် ကလင်*
လင်းဖန် ဖုန်းကိုင်ပြီး ပြောလိုက်တယ်။
"အမေ , ဘာဖြစ်လို့လဲ.."
"မနက်ဖြန် ပြန်လာခဲ့."
လင်းဖန် အံ့သြသင့်သွားခဲ့တယ်။
"အမေ..တစ်ခုခု ဖြစ်လို့လား.."
"သိပ်အများကြီး မပြောနဲ့..မင်းအဖေနဲ့အမေက မင်းအတွက် မိန်းကလေး တစ်ယောက် ရှာထားပြီးသွားပြီ။သူမက တကယ်ကောင်းတယ်။မနက်ဖြန်ပြန်လာပြီး မဂ်လာပွဲ အစီစဥ်ဆွဲ ဖို့သွားရမယ်"
ဖုန်းသံက သိပ်မကျယ်ပေမယ့် ဝမ်မင်ယန်နဲ့ ဆိုင်ထဲက လူတွေဟာ ကြားနေရပါတယ်။ယင်းနောက် သူတို့ဟာ ဝိုင်းရယ်လိုက်ကြတယ်။
"ကြည့်ရတာ တစ်ယောက်ယောက်တော့ မဂ်လာဆောင် ရတော့မယ် ထင်တယ်"
ဝူယူလန်ဟာ မဂ်လာပွဲ ဆိုတဲ့ အသံကို ကြားတဲ့ အချိန်မှာ သူမအမူအရာ ပြောင်းလဲ သွားခဲ့ပါတယ်။
လင်းဖန် တစ်ခြားလူတွေကို ကြည့်ကာ တိတ်တိတ်နေဖို့ ပြောလိုက်တယ်။
"ဘာလို့ ဆူနေကြတာလဲ"
ယင်းနောက် ဖုန်းထဲမှတဆင့်..
"မနက်ဖြန် မအားဘူး။ဘာလို့ သားမဂ်လာပွဲ အတွက် စီစဥ်ထားရတာလဲ။သား အဆင်သင့်မဖြစ်သေးဘူး"
"မင်းအဆင်သင့် မဖြစ်ဘူး ဆိုတာ ဘာကို ပြောတာလဲ။ဘာ ကြိုတင်ပြင်ဆင်မူမှ မလိုအပ်ဘူး။ပြန်သာလာခဲ့..ဒီတစ်ခေါက် သူမက တကယ်အဆင်ပြေတယ်။လှလည်းလှပပြီး. သီချင်းတက္ကသိုလ် ကနေ ဘွဲ့ရထားတာ။မင်းအဖေနဲ့အမေက မင်းသူမလို လှပတဲ့ မိန်းကလေးမျိုးကို သဘောကျမှန်း သိတယ်။ကျေးဇူးပြုပြီး မိဘပြောတာ နားထောင်ပြီး ပြန်လာခဲ့"
လင်းဖန် အကူညီမဲ့ စွာပြောလိုက်တယ်။
"အမေ.."
"ကောင်းပြီ ဒီလောက်ပဲ ပြောတော့မယ်။မနက်ဖြန် ပြန်လာရမယ်ဆိုတာကို သိထားလိုက်။အဖေနဲ့ အမေက မင်းဝတ်ဖို့ အဝတ်အစားစီစဥ်ထားလိုက်မယ်။မင်းအဖေကတော့..အကယ့် ရှေ့ကျတဲ့ လူကြီးပဲ။ဒီလို ပွဲကြီးမှာတောင် အဝတ်အစားအဟောင်းတွေ ပြန်ဝတ်မယ် လုပ်နေတယ်။ဒါက အမြင်ဆိုးရွားစေတယ် ဆိုတာကို သူနားမလည်ဘူး"
"အဖေနဲ့အမေ ဂုဏ်ယူရအောင်လည်း လုပ်ဦးနော်။အမေတို့ အိမ်ဘေးနားမှာ နေတဲ့ အကြီးအကဲ လီက မင်းအဖေကို သူနဲ့ အမြဲတမ်းနှိုင်းယှဥ်နေတာ။မင်းအဖေ အကြီးအကဲ လီ ကို ရှုံးနိမ့်တာ ဆိုလို့ တစ်ခုပဲ ရှိတယ်..အဲတာက အကြီးအကဲ လီ သူ့မြေးကို ဂရုစိုက်နေတဲ့ အချိန်မှာ မင်းအဖေက ဂရုစိုက်ဖို့ မြေးမရှိတာပဲ။အကြီးအကဲ လီက အမြဲတမ်း သူ့မြေးနဲ့ ပျော်ရွှင်နေတဲ့ပုံစံလုပ်ပြီး မင်းအဖေကို အထီးကျန်အောင် လုပ်နေတာ.."
လင်းဖန်ကတော့ ဘာမှတောင် ပြန်မပြောနိုင်တော့ပေ။
"................"
ဘယ်လို ဆိုးရွားတဲ့ အကြောင်းပြချက်မျိူးလဲကွာ.....