← Chapters

တစ်ခုခုတော့ မူမမှန်တော့ဘူး

Vol. 15 Ch. 221

တစ်ခုခုတော့ မူမမှန်တော့ဘူး

Vol. 15 Ch. 221

ဘာသာပြန် = စနိုးဝှိုက်

သိပ်မဝေးတဲ့ နေရာတစ်ခု မှာ လင်းဖန်ရဲ့ အဖေဟာ စီးကရက် သောက်ပြီး မတ်တတ်ရပ်နေခဲ့ပါတယ်။လင်းဖန် လက်ဝေ့ယမ်းပြီး နှုတ်ဆက်လိုက်တယ်။

"အဖေ"

လင်းဖန် ရဲ့အဖေဟာ ပြုံးလိုက်ပြီး..လင်းဖန်အနားကို လာကာ ပစ္စည်းတွေ ကူသယ်ပေးဖို့ လုပ်လိုက်တယ်။

လင်းဖန် ခေါင်းယမ်းလိူက်ပြီး..

"ရပါတယ်..သားမပင်ပန်းပါဘူး။ဒါပေမဲ့ အဖေ ဆေးလိပ်တွေ သောက်တာ လျော့သင့်ပြီနော်။ကျန်းမာရေး အတွက် တကယ်မကောင်းဘူး"

လင်းဖန် ရဲ့ အဖေဟာ ဆေးလိပ်ကို ချက်ချင်း မီးငြိမ်းသတ်လိုက်ပြီ အမှိုက်ပုံး ထဲကို ထည့်လိုက်တယ်။

"ဒီလောက်ကြီးလည်း မဟုတ်ပါဘူး..။ဆေးလိပ်မကြာခန သောက်တာက အဆင်ပြေပါတယ်။မြန်မြန်လုပ်..အဖေတို့က ညစာအတူတူစားဖို့ စောင့်နေတာ။မင်းအမေက ချက်ပြုတ်လို့ ပြီးတော့မယ်"

အိမ်ရောက်ပြီးနောက်။

ဝမ်မင်ယန်ဟာ ဒီအိမ်ယာ ဆီကို ရောက်လာပြီး .ဓာတ်လှေကားဆီကို ဦးတည် သွားလိုက်ပါတယ်။သူ အလျင်အမြန်ပဲ ဘယ်အထပ်မှာ ဓာတ်လှေကား ရပ်သွားခဲ့တာလဲ ဆိုတာ သိလိုက်တယ်။

ဒီလောက်ဆိုရင် ..သူ့ တားဂတ် နေတဲ့ အထပ်ကို သူသိသွားခဲ့ပါပြီ။အချိန်ကို ကြည့်ပြီး တဲ့ နောက်မှာ သူ ရူဇီယွဲ့ ကို ညစာစားဖို့ ဖုန်းခေါ်လိုက်တယ်။

သူ့ရဲ့ မိန်းကလေး ကလည်း ဒီ ဟွမ်ကျုံ မှာ ရုပ်ရှင် ရိုက်နေခဲ့တာပါ။သူ လင်းဖန် ရဲ့ အခြေအနေကို ကြည့်ချင်သလို ..သူ့မိန်းကလေး ဘာတွေ လုပ်နေလဲ.၊ရိုက်ကွင်းမှာ အနိုင်ကျင့်ခံနေရလား ဆိုတာ သိချင်ပါသေးတယ်။

တကယ်လို့ တစ်ယောက်ယောက်ကသာ သူ့မိန်းကလေးကို အဲလို ဆက်ဆံရဲရင် သူကိုယ်ရေးကိုယ်တာအရ လက်စားပြန်ချေ ပေးရမှာပါ။

ဒါပေါ့ ဒီလို ဖြစ်လာနိုင်ချေကတော့..လောလော

ဆယ် ဇီးရိုး မှာရှိပါတယ်။

အိမ်တွင်။

"အမေ သားပြန်ရောက်ပြီ"

လင်းဖန် သူ့အထုပ်တွေကို ဧည့်ခန်းမှာ ချပြီးနောက်မှာ..မီးဖို ခန်းထဲကို ဝင်သွားလိုက်တယ်။

လင်းဖန် ရဲ့အမေဟာ ပြောလိုက်တယ်။

"မင်းအဖေနဲ့ အတူ ဧည့်ခန်းထဲမှာ နားလိုက်ဦး..။သူ့မှာ မင်းတွေ့ရမယ့် မိန်းကလေးရဲ့ ဓာတ်ပုံရှိတယ်။ညစာက အချိန်မရွေးစားလို့ ရပြီ"

"အမေ..သားကငယ်ငယ်လေးပဲ ရှိသေးတာလေ..။ဒီကိစ္စတွေကို အလျင်လို ဖို့မလိုပါဘူး"

"မင်းက ငယ်ရွယ်တယ်လား..။ပတ်ဝန်းကျင်တွေကို လည်း ကြည့်ကြည့်ဦး အကုန်လုံးက မဂ်လာ ဆောင်ကုန်ပြီ..။လောင်လီ ရဲ့ သားဆို အသက် ၂၂ ပဲရှိသေးတာတောင်..ကလေးရနေပြီ။ငါက မြေးလေးနဲ့ အတူတူ ခရီးတွေ ဘာတွေ မသွားရမှာကို စိတ်မပူပဲ နေမလား.."

"ကောင်းပြီ..သားအဖေ နဲ့ စကားသွားပြောလိုက်ဦးမယ်"

ဧည့်ခန်းတွင်။

"ဒီ ဓာတ်ပုံကိုကြည့်..အဖေနဲ့အမေ က သေချာရွေးပြီးတဲ့နောက်မှာ ဒီတစ်ယောက်ပဲ လို့ထင်တယ်။သား.,မင်းဘယ်လို ထင်လဲ"

လင်းဖန်ရဲ့ အဖေဟာ ဖုန်းကို ထုတ်ပြီး ဓာတ်ပုံတွေကို လင်းဖန်ကို ပြနေခဲ့ပါတယ်။

လင်းဖန် လှည့်ကြည့်လိုက်တဲ့ အချိန်မှာတော့..သူ့မိဘတွေ ပြောတာ မှန်တယ် ဆိုတာ သဘောပေါက်လိုက်တယ်။ဒီ မိန်းကလေးက အတော်ကို လှပတာပါ။

ဒါပေမဲ့ ဒါက သူ့အတွက်တော့..ဘာမှမသက်ရောက်ပေ။သူ ဒီကို ပြန်လာရတဲ့ အကြောင်းအရင်းက..မရောက်တာကြာလို့ပါ။ထပ်ပြောရရင် ဒီလို မဂ်လာပွဲ ကိစ္စတွေက အလျင်လို ဖို့ မလိုအပ်ပါဘူး။

"အဲ့နေ့ကျမှပဲ ပြောကြရအောင်"

လင်းဖန် အလျင်အမြန်ပြောလိုက်တယ်။

လင်းဖန် ရဲ့အဖေဟာ လည်း..ဓာတ်ပုံကို ကြည့်ကာ ခေါင်းညိမ့်လိုက်တယ်။

"မင်းအမေနဲ့ ငါက..သူမကို အတော်သဘောကျနေတာ။နားထောင် ကလေး..မနက်ဖြန်အကောင်းဆုံး ကြိုးစားရမယ်နော်..။မင်းအောင်မြင်ရင်..မင်းမိဘတွေက.မဂ်လာဆောင်ဖို့ အတွက် တာဝန်ယူပေးမယ်"

လင်းဖန် ကြည့်လိုက်တယ်။

ကြည့်ရတာ သူ့မိဘတွေက အလေးအနက်ထားနေပြီး..သူလွတ်မြောက်နိုင်တော့မယ့် ပုံမရှိပါဘူး။

သိပ်မကြာခင်မှာပဲ..လင်းဖန်ရဲ့ အမေ ခေါ်တာကိုကြားလိုက် ရပါတယ်။

"လာစားကြတော့..ညစာက အဆင်သင့်ဖြစ်နေပြီနော်။ညစာစား ရင်းဆက်ပြောကြမယ်"

ညစာစားပွဲတွင်။

"များများစား .အကုန်လုံး မင်းအကြိုက်တွေချည်းပဲ။ဘယ်လောက်တောင် ပိန်သွားလိုက်လဲ ကြည့်ပါဦး။မင်းအတွက် ချက်ပြုတ်ပေးမယ့်လူ မရှိမှန်း သိသာတယ်"

လင်းဖန် ဟင်းတွေကို ကြည့်လိုက်ပြီး .သူ့ကိုသူ ပြန်ကြည့်လိုက်ပါတယ်။

"မဖြစ်နိုင်တာ...သား ဝိတ်တွေတောင်..တက်လာသေးတာကို"

"ရှန်ဟိုင်းမှာ အခြေအနေ ဘယ်လိုရှိလဲ..။မင်းကဆင်ပြေမယ်လို့ မျှော်လင့်တာပဲ။အမေကတော့ ငါ့သားကို ပြန်လာစေချင်တယ်။ဟွမ်ကျုံကလည်း မြို့ကြီးတစ်မြို့ ပဲလေ.။ရှန်ဟိုင်းနဲ့ သိပ်ကွာတာ မဟုတ်ပါဘူး..ဘာလို့ ကိုယ့်ကိုကို ဖိအားတွေ ထားနေရတာလဲ"

လင်းဖန် ရဲ့ အမေဟာ ပြောလိုက်တာပါ။

လင်းဖန် ပြောလိုက်တယ်။

"အမေ..ဒါက မဟုတ်သေးဘူးနော်.။အဖေ နဲ့အမေက သားကို စောင့်ရှောက်လာတာ နှစ်ပေါင်းမနည်းတော့ဘူးလေ..။ဘာပဲဖြစ်ဖြစ် .သားအပြင်ထွက်ပြီး.ဘဝကို အတွေ့အကြုံ ရှာရဦးမယ်"

လင်းဖန် ရဲ့ အဖေဟာ ခေါင်းညိမ့်လိုက်တယ်။

"ငါ့သား ပြောတာကို အဖေသဘောတူတယ်"

လင်းဖန်ရဲ့ အမေဟာ စိုက်ကြည့်ပြီး ပြောလိုက်ပါတယ်။

"အစားကိုပဲ စားပါ။ကျွန်မက ကိုယ့်သားကို ဆုံးမနေတာ..ရှင်က ဘာဖြစ်နေတာတုန်း"

လင်းဖန် သူ့အဖေ ကို သူ့အမေရဲ့ ဆူပူမူကနေ လွတ်အောင် ကူညီပေးလိုက်တယ်။

"အမေ, အဖေ့ကို ဘာလို့ ပြောနေတာလဲ.."

"မင်းအဖေရဲ့ ပြသနာကို ဘယ်သူမှ ဝင်ရှင်းပေးလို့ ရမှာမဟုတ်တော့ဘူး။ဒါနဲ့ သား ရှန်ဟိုင်းမှာ အခြေအနေ ဘယ်လိုရှိလဲ။အရင်က ပြောတာက ဆိုင်ဖွင့်ထားတယ်ဆို..အဆင်ပြေလား.."

လင်းဖန် ခေါင်းညိမ့်လိုက်တယ်။

"အတော် အဆင်ပြေတယ်။တစ်နေ့တစ်နေ့ ဝင်ငွေက တကယ်မဆိုးဘူး"

"အလုပ်ကြိုးစားသား..ငယ်ရွယ်တုန်းမှာ အလုပ်ကြိုးစားဖို့က အဓိကပဲ။အသက်ကြီးသွားရင် ကြိုးစားချင်ရင်တောင် ကြိုးစားလို့ မရတော့ဘူး"

လင်းဖန်ရဲ့ အဖေက သင်ခန်းစာ ပေးလိုက်တာပါ။

"သားသိပါတယ် အဖေ.။သား အကောင်းဆုံး ကြိုးစားနေတာပါ။အဖေတို့ စိုးရိမ်ဖို့ မလိုသေးပါဘူး။ဒီတော့..မဂ်လာပွဲ ကိစ္စကို ပြန်သွားရရင် သားတကယ်..မနက်ဖြန် ချိန်းတွေ့ဖို့ အသွားချင်ဘူး"

"မရဘူး..မင်းသွားမှကိုဖြစ်မယ် .။အမေတို့က ဟိုဘက် မိသားစုတွေ နဲ့ ဆက်သွယ် စီစဥ်ပြီးသွားပြီ။မိဘတွေရဲ့ စီစဥ်မူတွေကို ဖျက်ဆီးချင်နေတာလား။ညစာစားပြီးရင် ဖေကြီးက မင်းကို အက်ျီ လိုက်ပြလိမ့်မယ်။မင်း မနက်ဖြန်ကျရင် ကြည့်ကောင်းနေမှ ရမှာ။သိတယ်မလား..။ပထမဆုံး အမြင်က.အရာရာတိုင်းပဲ။လောင်လီ ကိုကြည့်လိုက်ဦး ..သူက မင်းအဖေထက် ငယ်ပေမယ့်လည်း မြေးချီနေရပြီ"

ချီးပဲ ..

လင်းဖန် ဘာပြောရမှန်းတောင် မသိတော့ပေ။

"အမေ..အန်ကယ်လီ ရဲ့ သားက စောစော

မဂ်လာဆောင်လို့လေ။အဲ့ချိန်တုန်းက သားက တက္ကသိုလ် မှာပဲ ရှိသေးတာ မမှတ်မိတော့ဘူးလား"

"ဒါကြောင့် ထပ်ပြီး ကြံ့ကြာလို့ မရတော့တာ။အခုတစ်ခါ အလုပ်မဖြစ်ရင်တောင်..အလုပ်ဖြစ်တဲ့ အချိန်အထိ ကြိုးစားမှရမယ်။ဟွမ်ကျုံးမှာ ငါ့သားနဲ့ သင့်တော်တာ တစ်ယောက်မှ မရှိတာကတော့ မဖြစ်နိုင်ဘူး"

လင်းဖန် ဘာမှ ပြန်ချေပလို့ မရတော့ပေ။သူကျဆုံးရင်တောင်..သူ့မိဘတွေက ထပ်ရှာပြီး ပြန်စီစဥ်ဦးမှာပါ။

"အဖေ မင်းကို ပြတဲ့ ပုံတွေ အဆင်ပြေရဲ့လား.။မင်းတွေ့မဲ့ မိန်းကလေး.က ဘွဲ့ရ..ရုပ်ချောပြီး နောက်ခံ အင်အားလည်း အရမ်းကောင်းတယ်။သူတို့ မိဘတွေကလည်း အမေတို့နဲ့ အတူတူပဲ။သူတို့ကလည်း..ဒီနယ်မှာ မွေးတဲ့ လူကိုပဲ ရှာနေတာ။မင်းသာ မနက်ဖြန် အဆင်ပြေတယ်ဆိုရင်..မဂ်လာပွဲက ဖြစ်ပြီပဲ"

လင်းဖန် အသီးအရွက်တွေကို ဝါးစားလိုက်တယ်။

"အမေ,သူမက အဲလောက်တောင်.တော်နေလို့ ရှိရင်..သားကို သဘောကျပါ့မလား."

"သူသဘောကျမယ် ဆိုတာ အမေသိတယ်။မင်းအလုပ်ကြိုးစားတယ် ဆိုကတည်းက သူမက စိတ်လှုပ်ရှားသွားပြီပဲ။ပြီးတော့ ကျဆုံးသွားရင်လည်း..ထပ်ကြိုးစားလို့ ရသေးတယ်။အောင်မြင်မယ် လို့တော့ ဘယ်သူမှ ကျိန်းသေ မပြောနိုင်ဘူးလေ.."

ဒါကို ကြားပြီးတဲ့ နောက်မှာ..လင်းဖန်.သူ့မှာ လွတ်မြောက်ဖို့ လမ်းမရှိတော့မှန်း နားလည်လိုက်ပါတယ်။တကယ်လို့ အဆင်ပြေသွားရင် သူ ရှန်ဟိုင်းကို ပြန်မယ့်အစီစဥ်ဟာလည်း..အဆုံးသတ်သွားတော့မှာပါ။

စောင့်ကြည့်ရမယ်..ဒီမဂ်လာပွဲက အလုပ်ဖြစ်လို့ မရဘူး...

စိတ်ဓာတ်မကျနဲ့..ဒီ မဂ်လာပွဲက ဖြစ်လာမှာ မဟုတ်ဘူး..

လင်းဖန် လောလောဆယ်ကတော့ သူ့အမေ စိတ်တိုင်းကျ လွှတ်ထားပေးဖို့သာ တတ်နိုင်ပါတော့တယ်။

ညစာစားပြီးနောက်။

လင်းဖန်..သူ့အမေကို ပန်ကန်တွေ ကူဆေးပေးဖို့ လုပ်လိုက်ပေမယ့်..သူ့အဖေနဲ့ အတူ စျေးဝယ်ထွက်ဖို့ အတင်းတိုက်တွန်းခံလိုက်ရပါတော့တယ်။

"သား မနက်ဖြန်ကျရင် အကောင်းဆုံးကြိုးစားပေးပါ။မဂ်လာ မြန်မြန်ဆောင်ပြီး..မြေးလေး သေးသေးလေး ရမှရမယ်။မင်းသွားချင်တဲ့ နေရာတိုင်းကို..သွားလို့ရတယ်။ကလေးအမေနဲ့ ကလေးကို အိမ်မှာ ထားခဲ့ရုံပဲ"

လင်းဖန်.သူ့အဖေကို ပြောလိုက်တယ်။

"အဖေတို့က မြေးလိုချင်တာနဲ့ သားကို အတင်းမဂ်လာ ဆောင်ခိုင်း နေကြတာပဲ"

လင်းဖန် ရဲ့ အဖေ ချောင်းဆိုပြီး ပြောလိုက်တယ်။

"မင်းအတွေးတွေ လျောက်မတွေးနဲ့။အဖေတို့က မင်းရဲ့ ဘဝအတွက် အေးချမ်းဖို့ စဥ်းစားပေးနေတာ"

"သိပါပြီ"

လင်းဖန် သူ့အဖေ ပြောတာကို ယုံကြည်ချင်ပေမယ့်လည်း..သူ့ရဲ အသိစိတ်ကတော့..သူ့မိဘတွေ မြေးလိုချင်လို့ လုပ်နေတာ လို့ ပြောနေခဲ့ပါတယ်။

All Chapters