← Chapters

လင်းဖန် မင်းဂုဏ်ယူသင့်တယ်

Vol. 15 Ch. 222

လင်းဖန် မင်းဂုဏ်ယူသင့်တယ်

Vol. 15 Ch. 222

ဘာသာပြန် = စနိုးဝှိုက်

နောက်တစ်ရက်။

လင်းဖန် ရဲ့ မိဘတွေဟာ မနက်အစောကြီး နှိုးခဲ့ပါတယ်။သူ့တို့ ဒီကိစ္စကို အများကြီး မျှော်လင့် ထားခဲ့တာပါ။တကယ်လို့ ..သူတို့သာ အောင်မြင်နိုင်ရင်..စိတ်ပူစရာ မလိုတော့ပေ။

လင်းဖန်ကတော့..ပြသနာ တက်နေခဲ့ပါပြီ။သူ ညတုန်းက ကောင်းကောင်းတောင် အိပ်မပျော်ခဲ့ပါဘူး။အခု သူ အဝတ်အစားတွေဝတ် ရပါတော့မယ်။သို့ပေမယ့် သူ ဒီ ကိစ္စတွေကို လုံးဝ စိတ်မပါခဲ့ပေ။

သူ့အိမ်မက်ထဲက မိန်းကလေးကို ရှာဖွေဖို့ ကံတရားကို ပဲ ပုံအပ်ထားချင်တာပါ။သို့ပေမယ့် သူ့မိဘတွေရဲ့ စိတ်အားထက်သန်မူကြောင့်..ပူးပေါင်း ပေးဖို့သာ တတ်နိင်ပါတော့တယ်။

အဖေလင်း..လင်းဖန်ရဲ့.ရင်ဘတ်ကို ပုတ်ကာ ပြောလိုက်တယ်။

"မတ်မတ်နေ ဒါဆိုရင် မင်း မှိုင်တွေတွေ ပုံစံ

လုံးဝ မဖြစ်တော့ဘူး"

လင်းဖန် အကူညီမဲ့ စွာ ကြည့်လိုက်တယ်။

"ဝိူး..အခု ပိုကြည့်ကောင်းသွားပြီမလား"

ယင်းနောက် အမေလင်းရဲ့ အသံကို အိမ်အပြင်ဘက်ကနေ ကြားလိုက်ရပါတယ်။

"နှစ်ယောက်လုံး ပြီးကြပြီလား..။ပြီးရင် သွားကြရအောင်။စားသောက်ဆိုင်မှာ စီစဥ်စရာ စီစဥ်ရဦးမယ်"

"အမေ..၁၀ နာရီပဲ ရှိသေးတယ်လေ။မစောလွန်းဘူးလား.."

လင်းဖန် နာရီကို ကြည့်ပြီး ပြန်​ပြောလိူက်တာပါ။

အမေလင်း မကျေမနပ် ဖြစ်သွားခဲ့တယ်။

"စောနေသေးတယ် ဆိုတာ ဘာပြောချင်တာလဲ။အဆင်ပြေတယ်..နောက်ကျမှထွက်ရင်.ရောက်တာ နောက်ကျနေလိမ့်မယ်။ငါတို့ကိုအထင်မြင်ကောင်း ရှိဖို့ လိုတယ်လေ။အမြန် သွားကြရအောင်"

အဆုံးမှာတော့.သူ့အမေ စကားကို ဘယ်သူမှ မလွန်ဆန်နိုင်ပဲ အိမ်က ထွက်ခဲ့ကြရပါတယ်။

သူတို့မှာ ကားမရှိတာက..သူ့မိဘတွေ နှစ်ယောက်စလုံး ကားမမောင်းတတ်ကြလို့ပါ။ဒါကြောင့် သူတို့ တက္ကစီ တစ်စီးကို ငှားလိုက်ကြတယ်။

စားသောက်ဆိုင်ကတော့ အတော်ကိုအဆင့်မြင့်တဲ့ စားသောက်ဆိုင်ကြီး တစ်ခုပါ။အဆင့်အတန်း မြင့်တဲ့..ဆိုင်ကို.ရွေးချယ်တာကလည်း..တစ်ခြားတစ်ဖက်ကို.လေးစားတဲ့ သဘောမျိုးပါပဲ။

သူတို့ကား ထွက်ခွာ သွားတဲ့ အချိန်မှာတော့..ပုံမှန်ကား တစ်စီးဟာ သူတို့နောက်က နေလိုက်လာခဲ့ပါတယ်။

ကားထဲတွင်။

ဝမ်မင်ယန် သူ့ရှေ့က တက္ကစီ ကိုကြည့်ပြီး ရယ်မောလိုက်တယ်။သူ ဒီကားကို သူ့ မိန်းကလေးရဲ့..ရိုက်ကွင်းကနေ ယူလာခဲ့တာပါ။

လင်းဖန်ကို ဖုန်းဆက်ပြီး ရှန်ဟိုင်းမှာပဲ ရှိနေတဲ့ပုံစံ ဟန်ဆောင်လိုက်ပါသေးတယ်။သူလင်းဖန် အိမ်ကနေ ထွက်တဲ့ အချိန်ကို အချိန်ကိုက် စောင့်နေခဲ့တာပါ။

မဂ်လာ ပွဲ စီစဥ်တဲ့ ကိစ္စက အရေးကြီးတဲ့ အရာဖြစ်တဲ့ အတွက် သူမလွဲချော်ချင်ပေ။ဒါကြောင့် သူ နောက်က ကပ်ပြီး လိုက်လာခဲ့ပါတယ်။

သိပ်မကြာခင်မှာပဲ ဝမ်မင်ယန်ဟာ ဇိမ်ခံ စားသောက်ဆိုင် ကြီး တစ်ခုကို ရောက်လာခဲ့တယိ။ယင်းနောက် သူ ကားကို ပါကင်ထိုးလိုက်ပြီး ဆိုင်ထဲကို လမ်းလျောက် ဝင်လာခဲ့ပါတယ်။

လင်းဖန် သူ့မိဘတွေ နောက်က လိုက်နေရင်းကနေ ဝမ်မင်ယန်ကို မြင်ပြီး အံ့သြသွားခဲ့တယ်။သူ အမြင်မှားတာလားလို့ မျက်လုံးကို ပွတ်ကြည့်လိုက်ပါသေးတယ်။

သူဝမ်မင်ယန် မှန်းသေချာ သွားတဲ့ အချိန်မှာတော့ ဆွံ့အသွားခဲ့ပါပြီ။

ဒီ ငနဲက ဘယ်လိုလုပ် ဒီရောက်နေတာလဲ...

"အဖေ..အမေ အရင်ဝင်နှင့်ဦး သားခနနေလိုက်လာခဲ့မယ်"

အမေလင်း ပြောလိုက်တယ်။

"မြန်မြန်လာခဲ့..အခန်း ၈၀၆ နော်။သေချာမှတ်ထားဦး"

"ဟုတ် သိပါပြီ"

လင်းဖန် ခေါင်းညိမ့်ပြီး ပြောတာပါ။သူ့ မိဘတွေ ထွက်သွားမှ သူ ဝမ်မင်ယန် ဆီလျောက်သွားလိုက်ပြီး..

"ခင်ဗျား ဒီမှာဘာလုပ်နေတာလဲ"

လင်းဖန် ဒီငနဲ့ ဘာလို့ ဒီကို ရောက်နေတာလဲ စဥ်းစားလို့ မရပါဘူး။ဒီလူက ခိုးကြောင်ခိုးဝှက်နဲ့ပါ။သူ မြင်မြင်ချင်းတုန်းက အတော်ကို အံ့သြသွားခဲ့ပါတယ်။

ဝမ်မင်ယန် ရယ်မောလိုက်တယ်။

"အံ့သြသွားတယ် မလား။ငါ့ရဲ့ စပရိုက် လုပ်မဲ့ အစီစဥ် အောင်မြင်သွားပြီ"

လင်းဖန် မျက်မှောင်ကျုတ်လိုက်တယ်။

"ဘာမှ စပရိုက် မဖြစ်ဘူ။နည်းနည်း ထူးဆန်းသွားယုံပဲ။ခင်ဗျား ဒီအထိလိုက်လာတယ် ဆိုတော့ တော်တော် အားနေတာပဲ ဖြစ်မယ်"

ဝမ်မင်ယန် ပြန်ပြောလိုက်တယ်။

"မင်းကိုမင်း အထင်ကြီးမနေနဲ့.။ငါ့ မိန်းမက ဟွမ်ကျုံမှာ ရုပ်ရှင်ရိုက်နေတယ်လို့ မပြောထားဘူးလား။ဒါကြောင့် ငါလည်း ဒီကို လာပြီး သူမကို လာကြည့်တာ.."

လင်းဖန် သာ ဒီလူစကားကို ယုံကြည်ရင် တကယ် အရူးတစ်ယောက် ဖြစ်သွားတော့မှာပါ။သူ ဖုန်းနဲ့ စကားပြောတုန်းက ဒီလူ ရှန်ဟိုင်းမှာ ရှိသလိုလို လုပ်နေပြီး..အခုတော့ ရုပ်တရက်ကြီး ဟွမ်ကျုံး မှာ ပေါ်လာခဲ့ပါတယ်။

ဒါ စီစဥ်ထားတာ မဟုတ်ဘူးလား..

လင်းဖန် ပတ်ဝန်းကျင် ကိုတစ်ချက်ကြည့်လိုက်တယ်။ဝမ်မင်ယန် တစ်ခြားလူတွေ ခေါ်လာသေးလား ဆိုတာ စစ်ဆေးဖို့ လိုအပ်ပါတယ်။

"စိတ်မပူနဲ့ ..ငါတစ်ယောက်ထဲလာတာ"

ဝမ်မင်ယန် လင်းဖန် စိတ်ပူတာကိုဘသတိထားမိပြီး ပြောလိုက်တယ်။

လင်းဖန် ဝမ်မင်ယန် ရဲ့စကားကို ကြားမှစိတ်သက်ရာ ရသွားခဲ့ပါတယ်။သူ တို့ အကုန်လုံးသာ လိုက်လာရင် တကယ် စောက်ပြသနာ ပါပဲ။

"မင်းရဲ့ သတို့သမီးလောင်းကရော ဘယ်မှာလဲ.။မင်းသဘောကျလား..မင်းနဲ့ သင့်တော်ရဲ့လား$

ဝမ်မင်ယန် သိချင်စွာမေးလိုက်တယ်။

လင်းဖန် မျက်မှောင်ကျုတ်လိုက်ပြီး...

"ကျုပ်လည်း မတွေ့ရသေးဘူး..။ကျုပ်က ဘာလို့ ခင်ဗျားမေးခွန်းတွေကို ဖြေနေရတာလဲ..။ဒီကို ဘာလို ချင်လို့ လိုက်လာတာလဲ ပြောပါဦး"

ဝမ်မင်ယန် ညှင်သာစွာပြောလိုက်တယ်။

"တကယ်တော့ ငါ ဒီပွဲကို ကြည့်ဖို့ လာခဲ့တာ။ပြသနာ မရှိရင် ငါပါ လိုက်ခဲ့မယ်။ငါလည်း ကြည့်ချင်တာပေါ့.ထပ်ပြောရရင်.မင်းမိဘတွေကိုလည်း နှုတ်ဆက်လို့ ရတယ်လေ"

လင်းဖန် အစက ငြင်းပယ်ချင်ပေမယ့်လည်း ဝမ်မင်ယန် ရဲ့ ဥာဏ်ရည်ကို တွေးမိကာ ပြောလိုက်တယ်။

"ကျုပ် ခေါ်သွားလို့တော့ ရပါတယ်..ဒါပေမဲ့ တစ်ခုတော့ ပြန်ကူညီမှ ရမယ်။တစ်ကယ်လို့ အဲ့မိန်းကလေး ကျုပ်ကို သဘောမကျရင်တော့ ဘာမှ လုပ်စရာ မလိုဘူး။တကယ်လို့ သဘောကျရင် ဒီ မိန်းကလေးကို ပထုတ်ဖို့ နည်းလမ်း ကူစဥ်းစားပေးရမယ်"

"ဟားးဟား သေချာတာပေါ့..။ငါ့မှာ နည်းလမ်းတွေ အများကြီး ရှိတယ်"

လင်းဖန် လက်ဝေ့ယမ်းလိုက်ပြီး..

"ခနလေး..ပုံမှန်မဟုတ်တဲ့ နည်းလမ်းတွေ မတွေးနဲ့နော်..ကျုပ်မိဘတွေ ရှော့ရပြီး သေကုန်ကြလိမ့်မယ်"

ဝမ်မင်ယန် ရယ်မောလိုက်တယ်။

"စိတ်မပူနဲ့..မင်းမိဘတွေ ဘာမှမဖြစ်စေရဘူး"

လင်းဖန် ခေါင်းညိမ့်လိုက်ပါတယ်။

"ကောင်းပြီ ဒါဆို ကျုပ်စိတ်သက်သာရာ ရသွားပြီ"

သူတို့ အခန်းထဲကို ဝင်လိုက်တယ်။

သူ့မိဘတွေဟာ ဝမ်မင်ယန်ကို မြင်ပြီး အံ့သြသွားခဲ့ကြပါတယ်။ဒီလူ ဘယ်သူမှန်း သူတို့ မသိပါဘူး။

"ဒါက..."

လင်းဖန် ပြုံးလိုက်ပြီး..

"ဒါက ရှန်ဟိုင်းက သားသူငယ်ချင်းပါ။သားတို့က အရမ်းရင်းနှိီးတာ..သူက သားမဂ်လာပွဲ အကြောင်းကြားတာနဲ့ ချက်ချင်း ပြေးလာခဲ့တာလေ"

ဝမ်မင်ယန်ဟာ လင်းဖန် မိဘတွေကို မြင်တဲ့အချိန်မှာ ရိုသေသွားခဲ့ပါတယ်။သူဟာ ချိုသာစွာ ပြောလိုက်တယ်။

"ဟိုင်း အန်ကယ် နဲ့ အန်တီ။ကျွန်တော်က လင်းဖန်ရဲ့ သူငယ်ချင်းကောင်း ဝမ်မင်ယန်ပါ။သူ မဂ်လာပွဲ ရှိတယ် ဆိုလို့ အမြန်ခဲ့တာလေ။သူ့ကို ကိုယ်တိုင် ဂုဏ်ပြုရမှာပေါ့။သူ့ နားမှာ မိန်းကလေးတွေက အမြဲတမ်း ဝိုင်းနေတာလေ..ပြသနာက သူက ပြန်မကြိုက်တာပဲ"

* ချီးပဲ *

လင်းဖန် ဒီစကားတွေကို ကြားတဲ့ အချိန်မှာ ဆွံ့အသွားခဲ့ပါတယ်။ဒီ ငနဲ က ပေါက်ကရတွေ စ​တင် ပြောဆိုနေပါပြီ။

လင်းဖန် ရဲ့ မိဘတွေဟာ အံ့သြလွန်းလို့ ဘာပြန်ပြောရမှန်း တောင် မသိကြတော့ပေ။သူတို့ ဒီကောင်လေးရဲ့ နှုတ်ဆက်မူက ကြောင်တောင်တောင် နိုင်တယ်လို့ တွေးမိလိုက်ပေမယ့် လင်းဖန်ရဲ့ သူငယ်ချင်းဖြစ်နေတဲ့ အတွက် လက်ခံပေးရတော့မှာပါ။

"အန်ကယ်.အန်တီ ကျွန်တော် အလျင်စလို ထွက်လာခဲ့ရတော့ လက်ဆောင်တောင် မယူလာခဲ့ရဘူး။ဒါပေမဲ့ ရှေ့နားက စူပါမားကတ်ရဲ့ စျေးဝယ်ကတ်တော့ ယူလာခဲ့တယ်..။အဲဒီမှာ လိုချင်တာ ရှိရင် ဝယ်လို့ရပါတယ်"

ဝမ်မင်ယန် ကဒ် နှစ်ခုကို အိတ်ထဲက ထုတ်ကာ ပေးလိုက်တယ်။ဒါက အင်အားကြီး မိသားစု လက်ဆောင် ကတ် တွေပါ။ဝမ်မင်ယန် သင့်တော်တဲ့ လက်ဆောင် မစဥ်းစား မိတဲ့အတွက် စူပါမားကတ် မြင်တာနဲ့ ဒီကတ်ထုတ်ပေးလိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

လင်းဖန်ရဲ့ မိဘတွေဟာ ဒီကတ်ကို မြင်ပြီး အံ့သြသွားခဲ့ကြတယ်။သူတို့ အမြန်လက်ဝေ့ယမ်းလိုက်ပြီး..

"သား..မင်းသူငယ်ချင်းကို အဆင်ပြေပါတယ်လို့ပြောလိုက်ဦး။သူဒီကို ရောက်တာနဲ့တင် ကောင်းမွန်နေပါပြီ လက်ဆောင်တွေ မလိုတော့ပါဘူး"

လင်းဖန် လက်ဝေ့ယမ်းလိုက်ပြီး.။

"ဒါက လက်ဆောင် သေးသေးလေးပါ"

လင်းဖန် ဒီလူ ဒီလောက် ပေါင်းသင်းတတ်မှန်း မထင်ထားခဲ့ပါဘူး။သူ့မိဘတွေ လက်ခံဖို့ တုန့်ဆိုင်းနေတာကို ကြည့်ပြီး ပြောလိုက်တယ်။

"အမေ..အဖေ ယူသာယူထားလိုက်ပါ။သား သူငယ်ချင်းက ကျိကျိတက် ချမ်းသာတဲ့သူဌေး..ဘာမှ အားနာနေဖို့ မလိုပါဘူး"

အမေလင်း ဆူလိုက်တယ်။

"ကျိကျိတက် ချမ်းသာတယ် ဆိုတာ ဘာစကားလဲ။မင်းဘာလို့ ဒီလို အသုံးအနှုန်းသုံးရတာလဲ"

ဝမ်မင်ယန် စိတ်ပူစွာပြောလိုက်တယ်။

"အန်ကယ်..အန်တီ.. လင်းဖန်က ကျွန်တော်ကို အများကြီး ကူညီခဲ့တာပါ။ထပ်ပြောရရင် ဒီ ကတ် နှစ်ခုကလည်း ဒီလောက်အထိ အဖိုးမတန်ပါဘူး။ကျေးဇူးပြုပြီး ဒီလက်ဆောင် သေးသေးလေးကို လက်ခံပေးပါ"

အကြိမ်အနည်းငယ် ငြင်းပယ်ပြီး နောက်မှ အမေလင်းဟာ လက်ခံလိုက်တယ်။

"သားလေး ဝမ်, ရှန်းဟိုင်းရောက်ရင် လင်းဖန်ကိုကူညီပေးပါဦး.။မင်းက သူ့ထက်အသက်ကြီးမယ့် ပုံပဲ။ဒါကြောင့် အန်ကယ် နဲ့ အန်တီက သိပ်ပြီး မစိုးရိမ်ရတော့ ပါဘူး"

ဝမ်ငမင်ယန် ရင်ဘတ်ပုတ်ပြီးပြောလိုက်တယ်။

"စိတ်မပူပါနဲ့ .ကျွန်တော်ရှိနေသ၍ ရှန်ဟိုင်းမှာ သူ့ကို ဘယ်သူမှ အနိုင်မကျင့် စေရဘူး"

လင်းဖန် ဝမ်မင်ယန် သူ့မိဘတွေကိုဂျင်းထည့်နေတာ မကြည့်နိုင်တော့ပေ။

"အဖေ .အမေ သူပြောတာတွေ နားမယောင်နဲ့။သားက ဟိုမှာ ဘာပြသနာမှာ မရှာဘူး။သူ ကူညီစရာတောင် မလိုဘူး။ကောင်းပြီး စကားမပြောပဲ ထိုင်စောင့် လိုက်ရအောင်..။ခင်ဗျား စကားမ​ပြောလို့လည်း ဘယ်သူမှ ခင်ဗျားကို အ နေတယ် လို့မထင်ဘူး"

ဝမ်မင်ယန်ဟာ ပြုံးလိုက်ပြီး လင်းဖန် မိဘတွေကို ဆက်ပြောလိုက်တယ်။

"ကောင်းပါပြီ ကောင်းပါပြီ။အန်ကယ် ..အန်တီ အိမ်ကို ပြန်ရောက်မှ ဆက်ပြီး ပြောကြရအောင်"

လင်းဖန် : ............

အဲ့အချိန်မှာပဲ အခန်းတံခါးဟာ ပွင့်သွားခဲ့တယ်။သူတို့ရဲ့ မဂ်လာပွဲ သတို့သမီးလောင်း မိသားစုဟာ နောက်ဆုံးမှာတော့ ရောက်လာခဲ့ကြပါပြီ။

All Chapters