← Chapters

ဘယ်လောက်အကူအညီ မဲ့လိုက်လဲ

Vol. 15 Ch. 223

ဘယ်လောက်အကူအညီ မဲ့လိုက်လဲ

Vol. 15 Ch. 223

ဘာသာပြန် = စနိုးဝှိုက်

လင်းဖန် ရဲ့ မိဘတွေဟာ တစ်ဖက် မိသားစုတွေကို ယဥ်ကျေးစွာ ပဲ ကြိုဆိုလိုက်ကြတယ်။အဖေလင်းဟာ စီးကရက် ဘူးကို ထုတ်ကာ တစ်ဖက်က အဖေကို တစ်လိပ်ပေးပြီး သူကိုယ်တိုင် တစ်လိပ်ယူလိုက်ပါတယ်။

"အစ်မ ချန်း..ထိုင်ပါဦး"

အမေလင်းဟာ ထိုင်လိုက်ပြီး ​ဘေနားမှာ ရှိနေတဲ့..အသက် ၅၀ အရွယ် မိန်းမကြီး တစ်ယောက်ို ပြောလိုက်တာပါ။

ယင်းနောက် သူမဟာ လင်းဖန်ကို စိုက်ကြည့်လိုက်ပြီး ဧည့်သည်တော် တွေကို..နှုတ်ဆက်ဖို့ အချက်ပြလိုက်တယ်။

လင်းဖန် လျောက်သွားလိုက်ပြီး..

"ဟိုင်း အန်တီ ..အန်ကယ်"

တစ်ဖက် မိန်းကလေးရဲ့ အမေဟာ လင်းဖန်ရဲ့ ပုံစံကို ကြည့်ပြီး ခေါင်းညိမ့်ပြကာ ပြောလိုက်တယ်။

"အင်း.ဒီလူငယ်လေးက ခွန်အားတွေနဲ့ ပြည့်နေတာပဲ။မင်းအမေ ဆီက ကြားတာကတော့ မင်းရှန်ဟိုင်းမှာ ဆိုင်ဖွင့်ထားတယ်ဆို..ဟုတ်လား"

လင်းဖန် ခေါင်းညိမ့်လိုက်တယ်။

"ကျွန်တော် ကြိုးစားနေတုန်းပါ"

အန်တီ ချန်းလည်း ခေါင်းညိမ့်လိုက်တယ်။

"လူငယ် တစ်ယောက်အနေနဲ့ အလုပ်ကြိုးစားတာ ကောင်းတဲ့ ကိစ္စပဲ"

အမေလင်းဟာ ကြည့်လိုက်ပြီး ..

"အစ်မ ချန်း..သမီးလေးက ဘယ်သွားလို့ တုန်း"

အစ်မချန်းဟာ ပြုံးလိုက်တယ်။

"သူမ ယုံကြည်မူရှိအောင်..သန့်စင်ခန်းအရင်သွားတယ်။ခနနေလိုက်လာလိမ့်မယ်"

အမေလင်းဟာ ခေါင်းညိမ့်လိုက်ပြီး လင်းဖန် ဘက်ကို လှည့်ကာ..

"မင်းဘာလို့ ရပ်နေသေးတာလဲ..အမြန်သွားပြီး စောင့်နေလိုက်.."

လင်းဖန် အကူညီမဲ့ သွားခဲ့တယ်။သူ ဒီကို လာတာ တောင်မှပဲ အတော် အကူညီမဲ့နေပြီ ဖြစ်ပြီး.အခု သန့်စင်ခနိးကိုပါ သွားစောင့် ပေးရပါဦးမယ်။

သူ လက်ရှိအချိန်မှာ အပေါက်တစ်ပေါက်တူးပြီး ဝင်ပုန်းချင်နေခဲ့ပါပြီ။ဒါပေမဲ့ သူ့အမေ ခိုင်းပြီ ဆိုမှတော့ သူ မိန်းကလေး သန့်စင်ခန်းမှာ သွားစောင့်နေဖို့ သာတတ်နိုင်ပါတော့တယ်။

အဖေလင်းကတော့..မိန်းကလေးရဲ့ အဖေနဲ့ စကားပြောနေပြီး.နောက်ထပ် လူကြီး တစ်ယောက်ကတော့.. မိန်းကလေးရဲ့ ဦးလေး ဖြစ်ပုံပေါ်ပါတယ်။

သူတို့သုံးယောက်ဟာ ထောင့်နားမှာ စကား ပြောနေကြပြီး..သူတို့ ဘာပြောနေမှန်း ဘယ်သူမှမသိပေ။

သန့်စင်ခန်းတွင်။

လင်းဖန် အစကတော့ သန့်စင်ခန်း အပေါက်ဝ သင့်တော်တဲ့ နေရာမှာ ရပ်စောင့်နေမလို့ပါ။သို့ပေမယ့် သူ့ကိုယ်တိုင် သန့်စင်ခန်း သွားချင်သလို ခံစားလာရတာကြောင့်..ယောက်ျားလေး အိမ်သာ ထဲ ဝင်သွားလိုက်တယ်။

သူ့ ကိစ္စပြီးသွားလို့ လက်ဆေးတဲ့ နေရာကို သွားနေတုန်းမှာပဲ..လင်းဖန် အသံတစ်ခုကိုကြားလိုက်ရပါတယ်။

"နင့်အမေတွေက ဘာလို့ မဂ်လာပွဲ စီစဥ်ပေးချင်နေရတာလဲ"

"ငါလည်း..တွန်းအားပေးခံရတာ။ဒီကို လာခဲ့တာကလည်း ရွေးချယ်စရာ မရှိလို့"

"နင်နဲ့ ကျန်းယွဲ့လန် ကရော..။တကယ် ပြတ်သွားကြပြီလား.."

"သူ့အကြောင်းမပြောစမ်းပါနဲ့..သူ ဝီချပ် မှာ နောက်ထပ် ကောင်မလေး တစ်ယောက်နဲ့ ပြောနေတာ ငါ သိပြီးသွားပြီ။အခုသူက တောင်းပန်ယုံနဲ့ ပြန်ခွင့်လွတ်ပေးမယ် ထင်နေတာလေ။ငါအခုလို့ စုံတွဲ ချိန်းတွေ့ဖို့ လာတယ် ဆိုတာကလည်း သူ့ကို ဒေါသထွက်လို့လို့ ပြောထားပြီးပြီ"

......

လင်းဖန် ယောက်ျားလေး သန့်စင်ခန်းရဲ့ အပေါက်ဝမှာ ရပ်ပြီး အကူညီမဲ့စွာ ခေါင်းခါယမ်းလိုက်တယ်။ခြေသံတွေ ကျယ်လာတဲ့ အချိန်ကျမှ လင်းဖန် လင်း အလျင်အမြန်လက်ဆေးလိုက်ပါတယ်။

သူ အခန်းထဲကို ဝင်လိုက်တဲ့ အချိန်မှာပဲ..သူ့အမေရဲ့ ဒေါသအကြည့်တွေ့ကို တွေ့လိုက်ရတယ်။

အမေလင်း ," အမေ.သားကို သွားကြိုခိုင်းထားတာလေ..။အခုဘယ်ကို သွားပြီး ပြန်လာတာလဲ"

လင်းဖန် ပြုံးလိုက်ပြီး..

"သား ဗိုက်အောင့်လာလို့ သန့်စင်ခန်းထဲ ခနဝင်လိုက်တာ.."

အမေလင်း ပြောလိုက်တယ်။

"ဝိတ်တာ ဟင်းပွဲတွေ ချပေးလို့ရပြီ"

ဝိတ်တာ အခန်းအပြင်ကို ထွက်သွားတဲ့အချိန်ကျမှ..အမေလင်းဟာ လင်းဖန်ကို ပြုံးပြီး နှုတ်ဆက်ပေးလိုက်ပါတယ်။

"ဒါက အန်တီသား., လင်းဖန်။လင်းဖန် ..ဒါက အန်တီချန်း ရဲ့ သမီး.ယန်တန်တန် လေ"

လင်းဖန် ယန်တန်တန်ကို ကြည့်ပြီး ခေါင်းညိမ့်ပြလိုက်တယ်။သူမက ဓာတ်ပုံထဲကပုံ နဲ့ ကွာတော့ကွာခြားပေမယ့် အများကြီးတော့ မဟုတ်ပါဘူး။သူမက အတော်အတန်လှပတယ်..လင်းဖန်အတွက်ကတော့ ဒီလောက်ပါပဲ။

ပတ်ဝန်းကျင် အခြေအနေဟာ တိတ်ဆိတ်သွားခဲ့တယ်။ယင်းနောက် ဝိတ်တာတွေဟာ ဟင်းပွဲတွေ ချလို့ ပြှီးသွားမှ..လင်းဖန် ရဲ့ အမေဟာ စတင်စကားပြောလာခဲ့ပါတယိ။

"အစ်မ ချန်းရဲ့ သမီးက အတော်လှပတာပဲ။သူမဘေးက မိန်းကလေးက အတန်းဖော်လား.."

ယန်တန်တန်ဟာ ပြုံးလိုက်တယ်။

"အန်တီ..သူမက သမီးရဲ့ အချစ်ဆုံးသူငယ်ချင်းပါ။သူမက သမီးနဲ့ ကျောင်းအတူတူပဲလေ။သူမက သမီးအခုလို တွေ့ဆုံပွဲ ကျင်းပမယ် မှန်းသိလို့ ရှန်ဟိုင်းကနေ လာခဲ့တာ"

အမေလင်းဟာ ပြောလိုက်တယ်။

"ဘယ်လောက်တောင် တိုက်ဆိုင်လိုက်လဲ။သားလေး ဝမ်ကလည်း ..ရှန်ဟိုင်းကနေပဲ လာခဲ့တာလေ"

ဝမ်မင်ယန်ဟာ ပြုံးပြလိုက်တယ်။သူ့ပုံစံက လုံးဝ ရှက်ရွံ့နေတဲ့ ပုံစံ မရှိပါဘူး။

လင်းဖန် ရဲ့ အဖေဟာ လှည့်ပြီး ပြောလိုက်ပါတယ်။

"သား..အန်ကယ် ယန် နဲ့ ကျန်တဲ့ လူတွေအတွက်..သောက်စရာ ထည့်ပေးလိုက်ပါဦး.."

လင်းဖန် မတ်တတ်ထလိုက်ပြီး စားပွဲပေါ်က အဖြူရောင် ခရား အိုးကို မလိုက်ပါတယ်။သူစားပွဲကို ပတ်ပြီး လူတိုင်းအတွက် သောက်စရာ ထည့်ပေးလိုက်တယ်။အဲ့အချိန်မှာတော့ ယန်တန်တန် ရဲ့ အန်ကယ်ကလည်း..လင်းဖန်ကို အကဲခတ်နေခဲ့ပါတယ်။

အကုန်ပြီးသွားတဲ့အချိန်မှာတော့..လင်းဖန် ထိုင်ခုံမှာ ပြန်ထိုင်လိုက်ပြီး ဝမ်မင်ယန်ကို တီးတိုးပြောလိုက်တယ်။

"ဒီတစ်ခါတော့ ခင်ဗျားအကူညီ လိုတော့မယ် ထင်တယ်"

ဝမ်မင်ယန်ဟာ ကြောင်အသွားပေမယ့်လည်း ဘာမှ အများကြီး မပြောပေ။လင်းဖန် သူ့အကူညီလိုတာကတော့ ပုံမှန်ပါပဲ။ဘာပဲဖြစ်ဖြစ်လင်းဖန်က မိန်းကလေတွေ နဲ့ တွေ့လာပြီ ဆိုရင်ကံကောင်းပါတယ်။

အရမ်းတော်ပါတယ် ဆိုတဲ့ ဝူရွှန်းယွဲ့လို့ မိန်းကလေးတောင် လင်းဖန်ကို မငြင်းပယ်ပါဘူး။လက်ရှိ မိန်းကလေးက ဝူရွှန်းယွဲ့ နဲ့စာရင် စိတ်နေစိတ်ထား..ရုပ်ရည်သွင်ပြင်..အလှအပ အကုန်လုံး နောက်မှာပဲ ရှိတာပါ။

လင်းဖန် အကူညီမဲ့ သလို ခံစားနေရပါတယ်။သူသိသလောက်တော့ ဒီမိန်းကလေးမှာလည်း သုံးနှစ်လောက်တွဲ လာတဲ့ ရည်းစား ရှိနေခဲ့တယ်။ထပ်ပြောရရင် သူမက သူမရည်းစားကို စိတ်တိုအောင်လုပ်ဖို့အတွက် သူ့ကို အသုံးချချင်နေတာပါ။

စားပွဲမှာတော့ အချင်းချင်းစကားတွေ ပြောနေကြပါတယ်။ယန်တန်တန် ရဲ့ သူငယ်ချင်းဟာ ယုံကြည်မူရှိတဲ့ ပုံစံပါ။သူမ ယန်တန်တန် ထက်လှပပေမယ့်လည်း အနည်းငယ် မာနကြီးတဲ့ ပုံပေါက်နေခဲ့ပါတယ်။

ယန်တန်တန် ရဲ့ ဦးလေးဟာ လင်းဖန်ကိုကြည့်ပြီး မေးလိုက်တယ်။

"ရှန်ဟိုင်းမှာ..ဆိုင်တစ်ဆိုင်ဖွင့်ထားတယ်ဆို.။အဲတာ အမှန်ပဲလား.."

လင်းဖန် ပြုံးလိုက်ပြီး..

"ဟုတ် ဒီတိုင်း ဆိုင်သေးသေးလေးပါ"

သူမရဲ့ အန်ကယ် ဟာခေါင်းညိမ့်လိုက်တယ်။

"ဒါဆို..နေဖို့အတွက်ကရော ဘာတွေ လုပ်နေတုန်း"

ဒီလို အခြေအနေမျိုးမှာ မိန်းကလေးရဲ့ မိဘတွေက မေးခွန်းတွေကို တိုက်ရိုက်မမေး တတ်ကြပါဘူး။အထူးသဖြင့် သူတို့ ဆွေးမျိူးတွေကို သာ တစ်ဖက်လူအကြောင်းသိဖို့ မေးခိုင်းတတ်ကြပါတယ်။

လင်းဖန် ဒီမေးခွန်းကို ကြားပြီး အံ့သြသွားခဲ့တယ်။

သူ ဒီမေးခွန်းကို ဘယ်လို ပြန်ဖြေသင့်လဲ...

သူဗေဒင်ဆရာလို့တော့ သွားဖြေလို့ မဖြစ်ပါဘူး..ဒါက အထင်အမြင်ကို ဆိုးရွားသွားစေမှာပါ။ထပ်​ပြောရရင် တစ်ခြားလူတွေ..ဘာမှ မပြောရင်တောင် သူ့အမေက ဒေါသထွက်ပြီး စောင့်ကန်ပါလိမ့်မယ်.။

"ကျွန်တော် အစားအသောက်တွေ ရောင်းတယ်..။ပန်ကိတ်တို့..တစ်ခြားဟာတို့..."

ပန်ကိတ်ရောင်းတယ်လို့ ​ဖြေတာက ဗေဒင်ဟောတယ်လို့ ဖြေတာထက်စာရင်..လူကြားလို့ နည်းနည်း ​ကောင်းပါသေးတယ်။

" အိုး.."

မိန်းကလေးရဲ့အန်ကယ်ဟာ တစ်ခုခု နားလည် သွားတဲ့ ပုံစံနဲ့ ခေါင်းညိမ့်လိုက်တယ်။ယင်းနောက်သူဘာမှ ထပ်မမေးတော့ပေ။သူ လင်းဖန်ရဲ့ အလုပ်အကိုင်ကို သဘောမကျတာ ထင်ရှားပါတယ်။

ယန်တန်တန် နဲ့ သူ့ သူငယ်ချင်းကတော့..ဖုန်းသုံးရင်းပဲ စကားပြောနေခဲ့ကြတယ်။

သို့ပေမယ့် လင်းဖန်ကတော့ ဒါတွေကိုလုံးဝ စိတ်မဝင်စားပါဘူး။သူကိုယ်တိုင်လည်း..ဒီ စီစဥ်မူကို သဘောတူတာ မဟုတ်ပေ။

ဝမ်မင်ယန်ဟာ တိုးတိုးလေးပြောလာခဲ့တယ်။

"ညီအစ်ကို..မင်းက.အရမ်းရိုးသားတာပဲ။မင်းရဲ့စကားကို မင်းပြန်ရှင်းသင့်တယ်"

လင်းဖန် ပြုံးလိုက်ပြီး..ဘာမှမပြောပေ။သူ ဘာမှမပြောပဲ သူတို့ဟာ သူတို့ လျောက်တွေးနေတာက ပိုကောင်းတဲ့အရာပါ။

သူ့အမေဟာ ဆက်ပြုံးနေခဲ့ပေမယ့်လည်း စိတ်ထဲမှာတော့ စိတ်ပူနေခဲ့ပါပြီ။သူမ ဟာပြောလိုက်တယ်။

"သူ့အလုပ်က တကယ်ကောင်းနေတာ။အစ်မချန်း .. တန်တန်က လေယာဥ်မယ်.အဖြစ်စစ်ဆေးမူမှာ အောင်သွားပြီဆို..။အဲတာ အမှန်ပဲလား..သူမရဲ့ အလှအပ နဲ့ဆိုရင်တော့ ပြသနာမရှိလောက်ပါဘူး"

အစ်မချန်းဟာ ပြုံးလိုက်တယ်။

"တကယ်တော့ . တန်တန်က သူ့သူငယ်ချင်းနောက်ကို .အပျော်သဘောနဲ့ လိုက်သွားတာ။ဒါပေမဲ့ တရုတ်တောင်ဘက် လေကြောင်းလိုင်းမှာ တကယ်အောင်သွားခဲ့တယ်လေ။ဒါပေမယ့် သူမ အချိန်ပြည့် အလုပ်လုပ်နေရမှာစိုးတာကြောင့်..သင့်တော်တဲ့ အိမ်ထောင်ဘက် တစ်ခါတည်းရှာပေးချင်နေတာလေ"

လင်းဖန်ရဲ့ အမေဟာ ပြုံးလိုက်တယ်။

"တန်တန်ရဲ့ သူငယ်ချင်းရောပဲလား.."

ယန်တန်တန် ပြောလိုက်တယ်။

"သူမက လေယာဥ်မယ် မဟုတ်ဘူး။သူမက ရှန်ဟိုင်းရဲ့ကားကုမ္ပဏီ တစ်ခုမှာ အလုပ်လုပ်နေတာလေ။အဲ့ကုမ္ပဏီက အတော်နာမည်ကြီးပြီး..သူမက သမီးထက် ပိုအလုပ်ကောင်းတယ်"

ယန်တန်တန်ရဲ့ သူငယ်ချင်းဟာ ဝင်ပြောလိုက်တယ်။

"တန်တန်က လှပတော့ ကောင်လေးတွေအများကြီးက သူမကို ရည်းစားစကား ​ပြောချင်ကြတယ်လေ။အများစုကလည်း သူဌေးတွေ ချည်းပဲ.ဒါပေမဲ့ တန်တန်က လိမ္မာတော့ သူ့မိဘ စကားပဲနားထောင်တယ်။သူမ မိဘတွေရဲ့ ခွင့်ပြုချက်မရှိပဲ ဒီအကြောင်းတောင် မပြောဘူး"

"ကျွန်မတို့က သာမန် လူတန်းစားတွေ ဆိုတော့ ချမ်းသာတဲ့ လူတွေနဲ့ မဆက်ဆံသင့်ဘူးလေ။ကျွန်မတို့က ..တန်တန်အတွက် သစ္စာရှိပြီး..အတူတူ နေ့မယ့် လူမျိုးကိုပဲ ရှာတွေ့ချင်နေတာ"

အစ်မချန်ဟာ ဂုဏ်ယူပြီး..ရင့်ကျတ့်တဲ့ လေသံနဲ့ပြောလိုက်တာပါ။

လင်းဖန် ရဲ့အမေဟာ ပြုံးနေခဲ့ပေမယ့် လည်း သူမအတွက် အခွင့်အရေး မရှိတော့ဘူးဆိုတာ သိလိုက်ပါတယ်။ဆွေးနွေးမူတွေ အပြီးမှာ သူမသားက ဒီမိန်းကလေးအတွက် မသင့်တော်ပါဘူး။

သူမက သူမသားအတွက် သင့်တော်တဲ့ မိန်းမလှလေးကို ရှာပေးချင်ပေမယ့် သူမတို့လို သာမန်မိသားစု အတွက်တော့ ဒီလောက် ခက်ခဲမယ်မှန်း မထင်ထားခဲ့ပေ။

လင်းဖန်ကတော့ ထိုင်နေပြီး ဘာမှ အများကြီးမပြောပေ။သူ အစားအသောက်တွေကိုသာ စားရင်း..ပြောစကားတွေကို နားထောင် နေခဲ့ပါတယ်။

တစ်ခါတစ်ရံလောက်သာ သူဝင် ပြောနေခဲ့ပြီး..ဒါကလည်း.သူ့ကို မေးခွန်းမေးမှပါ။

ဝမ်မင်ယန် ယန်တန်တန်ရဲ့ သူငယ်ချင်းကို ကြည့်ပြီး မေးလိုက်တယ်။

"ရှန်ဟိုင်းရဲ့ ဘယ်ကား ကုမ္ပဏီမှာ..မော်ဒယ်လုပ်နေတာလဲ"

ကျန်းရှင်းယွဲ့ သူမရဲ့ ဖုန်းကို ဆော့ကစားနေရင်းကနေ..ခေါင်းမော့ပြီး.ပြန်ဖြေလိုက်တယ်။

"နိုင်ငံ ပြပွဲ စင်တာမှာ.."

ဝမ်မင်ယန် ခေါင်းညိမ့်လိုက်တယ်။

"အိုး..အဲ့က စာရင်းဌာန ခေါင်းဆောင် ဟောင်ထျန်ယန် ကို ငါသိတယ်"

"အိုး.."

ကျန်းရှင်းယွဲ့ ဒီလောက်သာပြောပြီး ထပ်မပြောတော့ပေ။သူမ ဝမ်မင်ယန် ရဲ့ မှတ်ချက်ကို မယုံကြည် တာ ထင်ရှားပါတယ်။

All Chapters