← Chapters

အပိုင်း(၁၁၇)-မျက်စိရှေ့တွင်ဆေးဖော်ခြင်း

Vol. 002 Ch. 117

အပိုင်း(၁၁၇)-မျက်စိရှေ့တွင်ဆေးဖော်ခြင်း

Vol. 002 Ch. 117

ရှီမာယူယူ ဆေးဖိုအားထုတ်လိုက်သည်ကို ကြည့်ခြင်းအားဖြင့် လူအများစုသည် သူသည် အဂ္ဂိရတ်ပညာရှင်ဖြစ်ကြောင်းကို စတင်ယုံကြည်လာသည်။ သို့သော် နာလန်ဟီ၊ ရှီမိုလီနှင့် တခြားသူများသည် ကြိုတင်ပြင်ဆင်မှုသာဖြစ်သည်ဟု တွေးလိုက်ကြသည်။

ဝမ်ဝူဖန်သည် လက်ဝှေ့ပြလိုက်ရာ တော်ဝင်အစောင့်များသည် သူ့ဘေးမှ စားပွဲရှည်တစ်ခုအား ခန်းမအလယ်သို့ ရွေ့ပေးလိုက်ကြသည်။

ထိုအချိန်တွင် နာလန်လန်နှင့် မူရုန်အန်းတို့သည် ဘေးချင်းယှဉ်ကာလျှောက်လာကြသည်။ ရှီမာယူယူနှင့် ဆေးဖိုအားမြင်သောအခါ နှစ်ယောက်လုံးသည် အံ့သြသွားကြလေသည်။

သူတို့နှစ်ယောက်တစ်ချိန်တည်းဝင်လာသည်ကို ရှီမိုလီမြင်သောအခါ သူတို့အား မုန်းတီးစွာကြည့်လိုက်သည်။ သို့သော် သူတို့အားစစ်မေးနေရမည့်အချိန်မဟုတ်ပေ ထို့ကြောင့် ရှီမာယူယူဆီသို့ အကြည့်ပြန်လွှဲလိုက်သည်။

ရှီမာယူယူ စားပွဲအားပုတ်လိုက်ပြီး လက်အားဝှေ့ရမ်းလိုက်ရာ ဆေးဖက်ဝင် ပါဝင်ပစ္စည်းများသည် စားပွဲပေါ်တွင် ခင်းကျင်းပြီးသားဖြစ်သွားသည်။

နာလန်လန်သည် ပတ်ဝန်းကျင်မှလူများဆွေးနွေးနေသည်ကို ကြားရာ ရှီမာယူယူ ဆေးဖော်နိုင်သည်ဟု သိသည်နှင့် အံ့သြသွားခဲ့ရသည်။

သူက အမှိုက်မဟုတ်ဘူးလား၊ ဘယ်လိုလုပ် အဂ္ဂိရတ်ပညာရှင်ဖြစ်ရတာလဲ။

ရှီမာယူယူ ထင်းတချို့ထုတ်ကာ ဆေးဖိုအောက်သို့ထည့်လိုက်ချိန်တွင် သူမဘေးမှလူများကို မမေးနိုင်သေးပါ။ ထို့နောက်သူမသည် ထင်းထဲသို့ ဝိညာဉ်ချီကို ထုတ်လွှတ်ကာ လောင်ကျွမ်းစေလေသည်။

ထိုနည်းလမ်းသည် ရှီမာယူယူ ကိုယ့်ဘာသာရှာတွေ့သောနည်းလမ်းဖြစ်သ်ည။ သူမသည် မီးတောက်အားထိန်းချုပ်ရန် ဝိညာဉ်ချီအားအသုံးပြုသည်၊ ထိုမှသာ သူမသည် မီးတောက်ဘယ်လောက်တောက်လောင်ပါစေ လွယ်ကူစွာ ကိုင်တွယ်နိုင်မည်ဖြစ်သည်။

သူ ဝိညာဉ်ချီအားအသုံးပြုနေသည်ကို ကြည့်ခြင်းအားဖြင့် အားလုံးသည် သူဆေးဖော်နိုင်သည်ကို ယုံကြည်လာကြသည်။

တခြားသူများသည် ကြိုတင်ပြင်ဆင်ထားသဖြင့် ထိုမျှလောက်မဟုတ်သော်လည်း မူရုန်အန်းနှင့် နာလန်လန်တို့မှာ တုန်လှုပ်မှုကြီးမားသည်။

နာလန်လန်ဘေးမှလူသည် ရှီမာယူယူပြောခဲ့သောစကားများကို ဖောက်သည်ပြန်ချနေသည်၊ ရှီမာယူယူသည် သူအရိုက်ခံရခြင်းကြောင့် ကျင့်ကြံခြင်းလမ်းစဉ်ကိုလိုက်ခဲ့ရကြောင်းကြားလိုက်ရသည့်အချိန်တွင် သူမနှင့် မူရုန်အန်းတို့သည် အကြည့်ချင်းဖလှယ်မိကြသည်။

ရှီမာယူယူသည် ဆေးဖို ပူလာသည်အထိစောင့်ကာ ပါဝင်ပစ္စည်းများကို စတင်သန့်စင်တော့သည်။ အားလုံးသည် ရှီမာယူယူ၏ နည်းလမ်းသည် ယုတ္တိရှိသည်ကိုမြင်လိုက်ရကာ သူသည် ဆေးဖော်နိုင်သည်ကို ရင်သပ်ရှုမောဖြစ်နေကြသည်။

သာမာန်အရပြောရလျှင် ကျွမ်းကျင်သူနှင့် လက်သစ်တို့သည် များစွာကွာခြားလှသည်။ တခြားသူများသည် ရှီမာယူယူ ဆေးဖော်နိုင်သည် မဖော်နိုင်သည်ကို တအံ့တသြဖြစ်နေချိန်တွင် ရှီလေနှင့် ဝူလင်းတို့သည် သတိထားမိပြီးဖြစ်သည်။

သူမရွေးချယ်လိုက်သောဆေးမှာ ဒုတိယအဆင့်ဆေးတွင် ဖော်ရအလွယ်ဆုံးဖြစ်သော ကြာပန်းဖြူဆေးဖြစ်သည်။ ထိုဆေးသည် တခြားဆေးများထက်လွယ်ကူသော်လည်း ဒုတိယအဆင့်ဆေးများထဲတွင် ဈေးကြီးကာ တန်ဖိုးရှိသော ဆေးဖြစ်သည်။

ထို့အပြင် သူဆေးဖော်သည့် နည်းလမ်းအားကြည့်ရာ နှစ်များစွာ ဆေးဖော်ခဲ့သော ရှီမိုလီနှင့် ယှဉ်လျှင်တောင် ရှီမိုလီသည် နောက်ကျကျန်ခဲ့နေပြီ။

သူတို့မမျှော်လင့်မိချိန်မှာပင် ရှီမာယူယူသည် ကြောက်စရာကောင်းလောက်အောင် ဒုတိယအဆင့် အဂ္ဂိရတ်ပညာရှင်ဖြစ်နေပြီကို နားလည်လိုက်ပြီဖြစ်သည်။

ရှီမာယူယူ ဆေးစတင်ဖော်ချိန်တွင် သူမ စိတ်အား အလွတ်ထားလိုက်ပြီး သူမဝန်းကျင်မှုဖြစ်ပျက်သမျှကို လျစ်လျူရှုထားလိုက်သည်။ ကြာပန်းဖြူဆေးသည် သူမနှင့်ရင်းနှီးပြီးသော ဆေးဖြစ်သည်၊ ထို့အပြင် ထိုဆေးဖော်ရန် အနည်းဆုံးတစ်နာရီသာကြာမည်။

သူမ အောင်မြင်စွာဆေးဖော်ပြီးချိန်တွင် သူမ မီးတောက်အားငြှိမ်းကာ ဖိုထဲရှိ ဆေးအားထုတ်ယူလိုက်သည်။ ထင်ပေါ်မှုကိုရှောင်ရှားနိုင်ရန် သူမ ဆေးတစ်လုံးကိုသာထုတ်ယူလိုက်သည်။

“ဘုရင်ကြီး.. ဒါကတော့ ဒုတိယအဆင့် ကြာပန်းဖြူဆေးပဲဖြစ်ပါတယ်၊ ဘုရင်ကြီးကြည့်ပေးဖို့ တောင်းဆိုပါတယ်”

သူမသည် တော်ဝင်အစောင့်မှတစ်ဆင့် ဝမ်ဝူဖန်ဆီသို့ လက်ဆင့်ကမ်းပေးလိုက်သည်။ ဝမ်ဝူဖန်သည် ကိုင်တွင်ရန်လက်ကိုဆန့်လိုက်ပြီးနောက် တခြားသူများ ဆေးကိုအကဲဖြတ်ရန် လက်ဆင့်ကမ်းပေးရန် တော်ဝင်အစောင့်များအား အချက်ပြလိုက်သည်။

“တကယ်ဖော်ထားတဲ့ဆေးပဲ၊ ဆေးကပူနေသေးတယ်”

“အဲတော့ သူက တကယ်ပဲဒုတိယအဆင့်အဂ္ဂိရတ်ပညာရှင်လို့ မင်းပြောလိုက်တာလား”

“ဒီအဆင့်အရည်အချင်းက တကယ့်ကိုပဲနတ်ဆိုးအဆင့်ပဲ”

“ရှီမာမျိုးနွယ်ရဲ့ အနာဂတ်ကတော့ အဆုံးမရှိတော့ဘူးဟေ့”

“…….”

နာလန်မျိုးနွယ်မှ လူများနှင့် အဂ္ဂိရတ်ပညာရှင်အသင်းမှလူများ၏ မျက်နှာများသည် မှောင်မိုက်နေကြသည်။ ရှီမာယူယူသည် သူမကိုယ်သူမ အဆင့်နှစ်အဂ္ဂိရတ်ပညာရှင်ဖြစ်သည့် အပြုအမူကိုတောင် လုပ်ပြီးဖြစ်သည်။ ရှေ့လျောက်တော့ သူတို့သည် ရှီမာမျိုးနွယ်အား ကွဲပြားသော စိတ်ဓာတ်များဖြင့် ဆက်ဆံကြဦးမည်။

ရှီမာယူယူဆေးဖော်နေသည်ကို ရှီမာမျိုးနွယ်မှလူများ မြင်ဖူးခြင်းသည် ထိုတစ်ခါ ပထမဆုံးအကြိမ်ဖြစ်သည်။ ချော့မွေ့ပြီး လေ့ကျင့်ထားသော အပြုအမူအားကြည့်ကာ သူတို့သည် အံ့သြနေကြသည်။

ရှီမာယူယူသည် ဆေးဖိုနှင့်တကွ ကျန်ရှိသော ဆေးဖက်ဝင်ပစ္စည်းများကို ဝိညာဉ်ပုလဲအတွင်းသိမ်းဆည်းပြီးနောက် တော်ဝင်အစောင့်များသည် ရှေ့သို့ထွက်လာကာ စားပွဲရွေ့လိုက်လေသည်။

“ဘုရင်ကြီး ကျွန်တော်ဒုတိယအဆင့် ဆေးဖော်နိုင်ရင် အားလုံးရဲ့ရှေ့မှာ တောင်းပန်မယ်လို့ နာလန်မျိုးနွယ်ခေါင်းဆောင်ပြောခဲ့တာမလား”

“မင်း…” နာလန်ဟီသည် ဒေါသထွက်သောမျက်နှာထားဖြင့် ရှီမာယူယူအားကြည့်လိုက်လေသည်။

“ဘာမှားလို့လဲ၊ နာလန်မျိုးနွယ်ခေါင်းဆောင်ဖြစ်တဲ့ သခင်ကြီးကပဲ ကိုယ်တိုင်ပြောခဲ့တာမလား၊ ပြန်ရုတ်သိမ်းချင်လို့လား” ရှီမာယူယူသည် ကြောက်လန့်ခြင်းကင်းစွာ နာလန်ဟီအားကြည့်ပြီး သူ၏ ခြိမ်းခြောက်သော ရောင်ဝါကိုပင် ကြောက်လန့်ခြင်းမရှိပေ။

“မျိုးနွယ်ခေါင်းဆောင် နာလန်… မင်းဘာသာ အသိအမှတ်ပြုရတော့မယ်၊ မင်းဝန်ခံရတော့မယ်” ဝမ်ယူဖန်ပြောလိုက်သည်။

နာလန်ဟီသည် ဂုဏ်သိက္ခာအား ထိန်းထားကာ သူမအား မုန်းတီးစွာ မပြောချင် ပြောချင်နှင့် ပြောလိုက်သည် “တောင်းပန်ပါတယ်”

“မျိုးနွယ်ခေါင်းဆောင်နာလန် ဘာပြောလိုက်တာလဲ၊ သခင်ကြီးရဲ့ အသံက တိုးလွန်းတော့ ကျွန်တော့်နားတွေက မကောင်းလို့ သေချာမကြားရဘူး” ရှီမာယူယူ သူမနားရွက်အား အုပ်ကာ ပြုံးပြီးပြောလိုက်သည်။

“ရှီမာယူယူ မင်းမလွန်နဲ့” နာလန်လန်သည် စားပွဲအားရိုက်ကာ ရှီမာယူယူအားအော်လိုက်သည်။

“သြော်.. ငါလွန်သွားတာလား၊ ဒုတိယအဆင့်အဂ္ဂိရတ်ပညာရှင်ကို မေးခွန်းမေးတဲ့သူကပဲ နစ်နာရတယ်ရှိသေးတယ်၊ ငါက နာလန်မျိုးနွယ်ခေါင်းဆောင်ကို တောင်းပန်ခိုင်းတာပဲရှိတယ်၊ တခြားဘာမှ မပြောသေးဘူး၊ ယှဉ်ကြည့်မယ်ဆိုရင် နာလန်မျိုးနွယ်ကသာ လွန်တာမဟုတ်ဘူးလား”

“မင်း……”

“လန်လေး ထိုင်” နာလန်ဟီအပြစ်တင်လိုက်သည်။ သူ သက်ပြင်းရှည်တစ်ခုချကာ ရှီမာယူယူအား ကျယ်လောင်စွာပြောလိုက်သည် “တောင်းပန်ပါတယ်”

ရှီမာယူယူခေါင်းညိတ်ကာ ပြောလိုက်သည် “နာလန်မျိုးနွယ်ခေါင်းဆောင်က တောင်းပန်မှတော့ ဒီနိမ့်ကျတဲ့ ကောင်လေးက ထပ်ပြီးအထွန့်မတက်တော့ပါဘူး၊ နောက်ကျရင် နာလန်မျိုးနွယ်ခေါင်းဆောင် ဒီလိုအမှားမျိုးထပ်မလုပ်မိဖို့မျှော်လင့်ပါတယ်၊ ပြီးတော့ အဂ္ဂိရတ်ဆရာတိုင်းက ကျွန်တော့်လို စကားပြောမညင်သာဘူး”

ထိုသို့ပြောပြီးနောက် သူမသည် ရှီလေနှင့် တခြားသူများအား ကြည့်ကာ လှည့်ပြီး ရှီမာမျိုးနွယ်နှင့် အတူခုံတွင် ပြန်ထိုင်လိုက်သည်။

“ညီလေး၅ အရမ်းမိုက်တယ်” ရှီမာယူမင်နှင့် တခြားလေးယောက်တို့သည် သူမအား ဂုဏ်ယူသောအကြည့်ဖြင့် ကြည့်လိုက်ကြသည်။ ရှီမာယူလီပင်လျှင် သူမအား လက်မထောင်ပြလိုက်သည်။

“တော်ပြီ ဒါကိုဒီမှာတင်ရပ်မယ်” ဝမ်ဝူဖန်ပြောလိုက်သည် “ငါအားလုံးအတွက် ဝိုင်ဧည့်ခံပွဲကို စီစဉ်ထားတယ်၊ မင်းတို့လူငယ်တွေ သွားပြီးပျော်ပါးလို့ရတယ်၊ ဘေချူအန်း အားလုံးကို ဂရုစိုက်ပေးပါ”

“ဟုတ်ကဲ့ပါ ခမည်းတော်” မင်းသား၁သည် မတ်တတ်ရပ်ကာ ဝမ်ဝူဖန်အား ပြန်ဖြေလိုက်သည်။

ဝမ်ဝူဖန်သည် တော်ဝင်အစောင့်အား သူနှင့် ထည့်ပေးလိုက်ကာ ခန်းမမှ ထွက်ခွာစေသည်။ ဝမ်ဘေချွမ်းသည် လက်ခုပ်တီးလိုက်ရာ နန်းတွင်းသူတစ်စုသည် ဝင်လာကာ အားလုံးအား တခြားအဆောင်တော်သို့ ဦးဆောင်ခေါ်သွားလေသည်။

အားလုံးသည် ပျော်ရွှင်တတ်သည့် လူငယ်များဖြစ်သည်ကိုသိကြသဖြင့် အသက်ကြီးသူများသည် ကျန်ခဲ့ကြသည်။ သူတို့သည် ဝိုင်ဧည့်ခံပွဲနေရာသို့ရောက်သောအခါ လူငယ်ဧည့်သည်များသာ ကျန်တော့သည်။

အစပိုင်းတွင် ရှီမာယူယူဝင်ပါရန် အစီအစဉ်မရှိပေ။ သို့သော် သူမလက်ထဲမှ အသံကျောက်တုံးအားစဉ်းစားမိသဖြင့် သူမစိတ်ပြောင်းသွားသည်။

“ညီလေး၅ မင်းဝိုင်ဧည့်ခံပွဲကို ပါချင်လား” ရှီမာယူယူ နန်းတွင်းသူနောက်လိုက်သွားသည်ကို မြင်သဖြင့် ရှီမာယူမင်နှင့် တခြားသူများသည် သူမအားမေးလိုက်သည်။

သူမ အားလုံးနှင့် အတူအိမ်ပြန်ချင်ပြီဟု ပြောခဲ့သည်ကို သိကြ၍ ရှီမာယူယူအားမေးခြင်းဖြစ်သည်။ သူမ လက်ဝှေ့ပြကာပြေလိုက်သည် “အစ်ကိုတို့အားလုံး အရင်သွားနှင့်လေ၊ ဝိုင်ဧည့်ခံပွဲကဘယ်လိုနေလဲဆိုတာကို ကြည့်ချင်သေးတယ်”

“ဒါပေမယ့် မင်းကိုယ့်ဘာသာဖြစ်ရဲ့လား ငါလိုက်ခဲ့ရမလား” ရှီမာယူရန်ပြောလိုက်သည်။

“မလိုပါဘူး၊ အစ်ကိုတို့အားလုံး ဒီလိုဝိုင်ဧည့်ခံပွဲကို မပျော်တတ်ဘူးမလား” ရှီမာယူယူပြောလိုက်သည် “ကျွန်တော် နည်းနည်းနေပြီး အိမ်ပြန်မှာပါ”

“ဒါပေမယ့်….”

“ကျွန်တော်လည်း ဝိုင်ဧည့်ခံပွဲကိုသွားချင်တယ် အဲဒါကြောင့်ယူယူနဲ့အတူသွားလိုက်မယ်၊ အစ်ကိုတို့ စိတ်ချပါ၊ ကျွန်တော်သေချာပေါက် သူမကိုဂရုစိုက်မှာပါ” ဘယ်ကပေါ်လာမှန်းမသိသော ဖက်တီးကျူသည် ရှီမာယူယူဘေးသို့ပေါက်ချလာသည်။ သူသည် သူမပခုံးအား ဖက်ရန်ရည်ရွယ်သော်လည်း သူမသည်မိန်းကလေးဖြစ်ကြောင်းကို သတိရသွားကာ လက်လျော့လိုက်ရသည်။

တစ်စုံတစ်ယောက်သည် ရှီမာယူယူနှင့် အတူရှိနေမည်ကိုတွေ့သောအခါ ရှီမာယူမင်ခေါင်းညိတ်ကာ ပြောလိုက်သည် “ဒီလိုဆိုမှတော့ ငါတို့အရင်အိမ်ပြန်နှင့်မယ်၊ သားရဲရထားလုံးကို မင်းအတွက်ထားခဲ့မယ်”

“ဒါဆိုလည်းကောင်းပြီလေ ငါတို့အရင်ပြန်နှင့်မယ်”

ရှီမာယူယူသည် သူတို့အားနှုတ်ဆက်ပြီးနောက် ဖက်တီးကျူနှင့်အတူ ဝိုင်ဧည့်ခံပွဲသို့ လှည့်လျှောက်လာခဲ့သည်။

“ယူယူ ငါ့ကိုဘာလုပ်စေချင်လဲ ပြော” ဖက်တီးကျူပြောလိုက်သည်။

ရှီမာယူယူ ဖက်တီးကျူအား အံ့သြစွာကြည့်လိုက်သည် “မင်းကို တစ်ခုခုခိုင်းမယ်ဆိုတာ ဘယ်လိုသိလဲ”

All Chapters