မင်းသူ့ကိုဘလော့ထားပြန်ပြီလား
Vol. 15 Ch. 224
ဘာသာပြန် = စနိုးဝှိုက်
လေထုဟာ တည်ငြိမ်နေခဲ့တယ်။ဒီမှာ ဘာ အနှောက်အယှက်မှ မဖြစ်ပေမယ့်လည်း..လင်းဖန်ရဲ့ အမေကတော့..ဒီ စီစဥ်မူ ကျဆုံးတော့မယ် ဆိုတာကို သိနေခဲ့ပါတယ်။
သူမ ဝမ်းနည်းပေမယ့်လည်း..ဘာမှမတတ်နိုင်တော့ပါဘူး။လူအများစုက ပထမဆုံးအကြိမ်မှာ ကျဆုံးတတ်တာ ထုံစံပါပဲ။
သူတို့ တစ်ခါတစ်ရံ ကလေးတွေ အကြောင်းပြောနေပေမယ့်လည်း..တစ်ခြားအကြောင်းအရာကို ပြောဖြစ်တာ များပါတယ်။
လင်းဖန် ဝမ်မင်ယန်..မိန်းကလေးရဲ့ ကားကုမ္ပဏီ အကြောင်းမေးတဲ့ အချိန်မှာ လင်းဖန်..လက်တို့လိုက်တယ်။ဒီ ချိန်မှာ ကြွားဝါတာက ကောင်းတဲ့ အလုပ်မဟုတ်ပါဘူး။
ဒီ အစီစဥ်က ကျဆုံးတော့မှာ ဖြစ်ပြီး..ခနနေ အဆုံးသတ်တော့မှာပါ။သူ ဘာပြသနာမှ မဖန်တီး ချင်ပါဘူး။
သူ့မိဘတွေ အရှက်ခွဲခံရရင် သူချက်ချင်းတုန့်ပြန်မှာ ဖြစ်ပေမယ့်လည်း လက်ရှိအခြေအနေက အကုန် အေးအေးဆေးဆေးပါ။ဒီ စားသောက်မူပြီးသွားရင် သူတို့ ထပ်တွေ့ဖြစ်မှာတောင် မဟုတ်တော့ပါဘူး။
ယင်းနောက် အစ်မချန်းဟာ ပြောလိုက်တယ်။
"ဟုတ်တယ် ဒါအမှန်ပဲ။ကျွန်မတို့ သူတို့အချင်းချင်းကို အရင်စကား ပြောခိုင်းသင့်တယ်။သူတို့ အဆင်ပြေတယ် ဆိုရင်တော့ အကောင်းဆုံးပေါ့။မဟုတ်ရင်လည်း အဆင်ပြေပါတယ်။ဘယ်လိုထင်လဲ အစ်မလင်း."
လင်းဖန် ရဲ့ အမေဟာ ပြောလိုက်တယ်။
"ဟုတ်တယ် ..ဒါအမှန်ပဲ ။သူတို့ ကို အရင်စကားပြောခိုင်းသင့်တယ်။သူတို့ အဆင်ပြေတယ် ဆိုရင်တော့ အကောင်းဆုံးပေါ့။ဒီကိစ္စကအတင်း တွန်းအားပေးလို့ မရဘူးလေ။ကျွန်မကလေးက စဥ်းစားတတ်ပေမယ့်လည်း..အိမ်ထောင်ရေးကိုတော့ စိတ်ပူနေရတယ်။ဒီကိစ္စပြီးသွားရင်တော့ အဆင်ပြေသွားပါပြီ"
အစ်မချန်းဟာ ပြုံးလိုက်ပြီး..
"မိဘတိုင်းကတော့ တူတူပါပဲ။ဒီကိစ္စကိုပဲ စိုးရိမ်နေကြရတာ"
လင်းဖန် ပြုံးကာ ပြောလိုက်တယ်။
"အမေ ဒီကိစ္စမျိုးဆိုတာက အလျင်လိုစရာ မလိုဘူး။သားက အခုထိ မဂ်လာမဆောင် ချင်သေးဘူး"
အမေလင်း သူ့ကို စိုက်ကြည့်ပြီး ပြောလိုက်တယ်။
"မင်း စိတ်မပူတာ သိပေမယ့်လည်း..မင်းအဖေနဲ့ ငါကတော့ စိတ်ပူရတယ်"
"ဒီနေ့ ခေတ်ကလေးတွေက နောက်ကျမှ လက်ထပ်ချင်ကြတယ်။သူတို့ နှစ်တွေကြာအောင် လွတ်လွတ်လပ်လပ် နေချင်နေကြတာလေ။မိဘတွေ ဘာဖြစ်စေချင်တယ် ဆိုတာ သူတို့ မသိဘူး။ကျွန်မတို့တွေ တုန်းကဆိုရင်..အသက်နှစ်ဆယ်လောက် အိမ်ထောင်မပြုရင် နောက်ကျနေပြီလို့ ထင်ခဲ့တာ..ဒါပေမယ့် အခုခေတ်လူငယ်တွေကတော့ သုံးဆယ်လောက်မှ အိမ်ထောင်ပြုချင်နေကြတယ်"
အစ်မ ချန်း ကမှတ်ချက်ပြုလိုက်တာပါ။
ယန်တန်တန် ပြောလိုက်တယ်။
"အမေ သမီးက အခုမှ အသက်နှစ်ဆယ်ပဲ ရှိသေးတာလေ..။ဘာလို့ အလျင်လိုနေတာလဲ.."
အစ်မ ချန်း ပြုံးလိုက်ပြီး..
"ရှင်းယွဲ့ကိုကြည့် သူမှာ ရည်းစားရှိတယ်။ဒါပေမဲ့..သမီးမှာတော့ မရှိဘူးလေ..."
ကျန်းရှင်းယွဲ့ဟာ မသက်မသာ ပြုံးလိုက်ပေမယ့်သူမဂုဏ်ယူနေတာ သိသာပါတယ်။
ယန် တန်တန်ကြားဖြတ်ပြောလိုက်တယ်။
"ရှငိးယွဲ့ရဲ့..ကောင်လေးက သရုပ်ဆောင်လေ။သူ့ရိုက်ကွင်းကို တစ်ခါခေါ်သွားဖူးသေးတယ်..အရမ်းချောတာ"
ပုံမှနန်လူတွေ အတွက်ကတော့ ရုပ်ရှင်သရုပ်ဆောင် ဆိုတာ..အံ့သြစရာ လူမျိုးပါပဲ။ရုပ်ရှင်သရုပ်ဆောင်ဆိုတာနဲ့ တီဗီမှာပါပြီးကျော်ကြားတဲ့ လူတွေလို့ ထင်ထားခဲ့တာပါ။
အစ်မချန်းလည်း သူမ သမီးရဲ့ သူငယ်ချင်းက ဒီလို အံ့သြဖွယ်ရာ လူနဲ့ သိကျွမ်းတယ် ဆိုတဲ့အတွက် ဂုဏ်ယူနေခဲ့ပါတယ်။
သူတို့ လင်းဖန်အကြောင်း မပြောပေမယ့်လည်း..သူတို့ လင်းဖန် ကို သူမရဲ့ ကောင်လေးနဲ့ စတင်ပြီး နှိုင်းယှဥ်ပြလိုက်တာပါ။
လင်းဖန်ရဲ့ အမေဟာ ပြုံးပြီးပြောလိုက်တယ်။
"ဒါတကယ်ကောင်းတာပဲ..သရုပ်ဆောင်တွေက ဝင်ငွေကောင်းလိမ့်မယ်"
ဝမ်မင်ယန် ဟာ လင်းဖန် နားမှာထိုင်နေရင်း လျစ်လျူရူခံ နေရသလို ခံစားလိုက်ရပါတယ်။သို့ပေမယ့် လင်းဖန် သူ့အောင်မြင်မူတွေကို ဂုဏ်မဖော်ဖို့ သတိပေး အပြီးမှာ ထပ်ဂရုမစိုက်တော့ပေ။ဒါကြောင့် သူ ဖုန်းကို ထုတ်ကာ သုံးနေပါတော့တယ်။
ဝီချပ်ဂရုတွင်။
ဒီ ဝီချပ်ဂရုမှာ ဝမ်မင်ယန် မိန်းမရဲ့ သူငယ်ချင်းတွေ အများကြီးရှိပါတယ်။သူတို့ အကုန်လုံး သရုပ်ဆောင်တွေ ချည်းပါပဲ။သူမတို့ အများစုက..အခန်းအနည်းငယ်မှာ သရုပ်ဆောင်ကြတဲ့ မိန်းကလေးတွေ ဖြစ်ကြပေမယ့်လည်း..အယောက်နှစ်ဆယ်လောက်ကတော့ လူသိများတဲ့ ထိပ်ထိပ်ကြဲတွေပါ။
ဝမ်မင်ယန် စာရိုက်လိုက်တယ်။
"အားလုံးပဲ စာပြန်ကြပါဦး။ဒီ မဂ်လာပွဲ စီစဥ်မူက ငါ့ကို သတ်နေသလိုပဲ"
သိပ်မကြာခင်မှာပဲ ဂရုဟာစတင်လှုပ်ရှားလာခဲ့တယ်။
ရူဇီလီ : " ဘာဖြစ်လို့လဲ..အစ်ကိုလင်း အခြေအနေဘယ်လို ရှိလဲ.."
ဝမ်မင်ယန် ...
"ကြည့်ရတာ ကျဆုံးတော့မယ်ထင်တယ်။သူကကိုယ့်ကိုကို.နိမ့်ချနေတတ်တာပဲ.။ငါ သူ့ရဲ့ ဂုဏ်သိက္ခာကို မြင့်ပေးချင်ပေမယ့် သူကလက်မခံဘူး။ထပ်ပြောရရင် ဘဝင်မြင့်နေတဲ့ မိန်းကလေး နှစ်ယောက်ကလည်း..လှောင်သလိုလို ပြောင်သလိုလိုနဲ့..."
ရူဇီလီဟာ ရယ်မောနေတဲ့ အီမိုဂျီ နှင့်အတူ စာပြန်လိုက်တယ်။
ဝမ်မင်ယန် ," မင်းဘယ်လို ရယ်နိုင်သေးတာလဲ..။ငါတစ်ခုခု လုပ်လိုက်ရမလား.."
လီဖေး," အကြီးအကဲ ဝမ်..ဒီမှာ မိန်းကလေးတွေ ရှိသေးတယ်လေ..ဟွန်းဟွန်း"
ချင်းယွဲ့ယွဲ့ ," အကြီးအကဲ ဝမ် အရှက်ခွဲ ခံနေရမယ့်လို့ မထင်ထားခဲ့ဘူး။ဒါက သတင်းအသစ်ပဲနော်။ဒီ အစ်ကိုလင်းက ဘယ်သူလဲ..တစ်ချက်ပြောပြပါဦး.."
ရူဇီလီ ," ဟုတ်တယ်..အစ်ကို လင်းက မင်ယန် အယုံကြည်ရဆုံးသူငယ်ချင်းပဲ။ပွင့်ပွင့်လင်းလင်းပြောရရင် နင်တို့ ယုံကြည်မှာတောင်မဟုတ်ဘူး။ငါ မင်ယန် နဲ့ အတူတူ ရှိနေတာကလည်း..မာစတာ လင်း ကြောင့်ပဲ.."
သူမ ဝမ်မင်ယန် ရဲ့ မိန်းကလေး ဖြစ်အပြီးမှာ..တစ်ခြား သူမထက်အောင်မြင်တဲ့.သရုပ်ဆောင် အမျိုးသမီးတွေတောင်..သူမကို မလေးမစား မဆက်ဆံရဲကြတော့ပါဘူး။သူမရဲ့ နောက်မှာ ရှိနေတဲ့ လူကြီးက..ဆယ်ဘီလီယံ နဲ့ ချီပြီး ချမ်းသာတဲ့..သူဌေးကြီးတစ်ယောက်ပါ။
တကယ်လို့ သူမကိုသာ တစ်ယောက်တစ်ယောက်က အပြစ်ပြုမိရင်..ကြက်ကလေးတစ်ကောင်လို နင်းချေခံရမှာ အသိသာကြီးပါပဲ။ဝမ်မင်ယန် ရဲ့ အဆက်အသွယ်တွေက သူတို့ကိုကြောက်ဖို့ လုံလောက်ပါတယ်။
ဝမ်မင်ယန် ," အိုး ဟုတ်ပြီ။ငါ့မှာ အကြံဥာဏ် တစ်ခုရှိတယ်။ခနနေ ဝီချပ်ကနေ ဗီဒီယိုကော ခေါ်ပြီး မာစတာ လင်း ကိုသဘောကျသလို ညာပြောကြ။ဒီတစ်ခါ ကူညီပေးကြမယ်ဆိုရင် နောက်တစ်ခါ ဘာပဲဖြစ်ဖြစ် ငါပြန်ကူညီပေးမယ်။ဒါပေမယ့် တစ်ယောက် ..နှစ်ယောက်လောက်ပဲ လုပ်နော်။အများကြီးဆို လိမ်ညာနေတယ်လို့ ထင်လိမ့်မယ်"
"တကယ်လား..အခုတောင် စိတ်လှုပ်ရှားနေပြီ မြန်မြန်လုပ်လိုက်တော့..."
........
စားသောက်သည့် စားပွဲတွင်။
လေထုက ပုံမှန်သဘောမျိုး ရှိပြီး..စကားပြောဆိုနေကြကာ စားလိုက်သောက်လိုက် လုပ်နေခဲ့ကြပါတယ်။ဒီ စီစဥ်မူ အောင်မြင်မဲ့ နှုန်းကတော့ 0 ရာခိုင်နှုန်း ပါပဲ။
အစ်မချန်း ဟာလည်း အကူညီမဲ့နေခဲ့တယ်။သူမသမီး လင်းဖန်ကို သဘောမကျတော့ သူမဘာမှ မတတ်နိုင်တော့ပါဘူး။
သို့ပေမယ့် သူမကတော့ လင်းဖန်ကိုသဘောကျပြီး..တစ်ခုတည်းသော လိုအပ်ချက်က လင်းဖန်ရဲ့ အလုပ်အကိုင်ပါ။ပန်ကိတ် ဆိုတဲ့ အလုပ်ကတော့ တကယ်အဆင်မပြေလှပါဘူး။
ဝမ်မင်ယန် ရုတ်တရက် ထပြောလိုက်တယ်။
"အန်ကယ်..အန်တီ..တကယ်တော့ အန်တီတို့ မသိကြသေးဘူးထင်တယ်"
"ဘာများတုန်း"
လင်းဖန်ရဲ့ အမေဟာ မေးလိုက်တာပါ။
လင်းဖန် စားသောက်နေရင်းကနေ ကြောင်အသွားခဲ့တယ်။ဝမ်မင်ယန် ဘာပြောတော့မယ်မှန်း သူ နားမသိတော့ပါဘူး။
ဝမ်မင်ယန် ပြုံးလိုက်ပြီး..
"တကယ်တော့ ရှန်ဟိုင်းမှာ လင်းဖန်ကို ကြိုက်နေတဲ့ မိန်းကလေးတွေ နှစ်ယောက် သုံးယောက်လောက်ရှိတယ်။ဒါပေမယ့် သူက ပြန်မကြိုက်တော့ ကျန်တဲ့ လူတွေက ရူးချင်သလိုဖြစ်နေခဲ့တယ်လေ"
လူတိုင်း အံ့သြသွားခဲ့တယ်။ဒီစကားက တကယ်ကိုးရိုးကားယား ကြီးပါ။
ယန်တန်တန်နဲ့ သူမရဲ့ သူငယ်ချင်းတို့ ကြားတဲ့ အချိန်မှာ..မထိန်းနိုင်ပဲ ရယ်မောလိုက်ကြတယ်။
လင်းဖန် ရဲ့အမေဟာ အံ့သြသွားပေမယ့်လည်း အလျင်အမြနိ ပြန်ထိန်းလိုက်ပြီး..
"သားလေး ဝမ်, အန်တီကို မညာပါနဲ့။မိန်းကလေးအများကြီး မဟုတ်ပဲ တစ်ယောက်ထဲ ဆိုရင်တောင် လုံလောက်နေပါပြီ"
လင်းဖန် ဒါကိုကြားပြီး ဒေါသထွက်သွားခဲ့တယ်။သူ ဝမ်မင်ယန်ကို တွန်းလိုက်ပြီး..ပြသနာ မရှာဖို့ အချက်ပေးလိုက်ပါတယ်။
ဝမ်မင်ယန် လင်းဖန်ကို လျစ်လျူရူလိုက်ပြီး..
"အန်တီ ကျွန်တော် မညာပါဘူး။သူတို့သုံးယောက်လုံးကိုသားသိပါတယ်"
"အာ သုံးယောက်လား.."
"ဟုတ်တယ် သုံးယောက်.."
ဝမ်မင်ယန် ပြုံးပြီး ပြန်ဖြေလိုက်တယ်။
ယန်တန်တန် နဲ့..ကျန်းရှင်းယွဲ့..ကတော့ မယုံကြည်ပေ။သူတို့ လင်းဖန်ကို ကြည့်လိုက်ပြီး ဒါကို နောက်နေတယ် လို့ပဲ တွေးလိုက်မိပါတယ်။
သူနောက်နေတာပဲ ဖြစ်ရမယ်....
အဲ့အချိန်မှာပဲ။
ဝမ်မင်ယန် ဝီချပ်ကနေ အချက်ပေးတဲ့ စာတွေကို ရလိုက်တယ်။
"အန််ကယ်..အန်တီ ကြည့်လိုက်ပါဦး.."
သူတို့ ကြည့်လိုက်တဲ့ အချိန်မှာတော့ ဒါက တကယ်ပဲ ဗီဒီယို ကော ခေါ်နေခဲ့တာပါ။
ဝမ်မင်ယန် လင်းဖန်ရဲ့ မျက်နှာကို အကူညီမဲ့စွာ ကြည့်လိုက်ပြီး..
"မင်းသူတို့ကို ဘလော့ထား ပြန်ပြီလား.."
ဘာကို ဘလော့ ရမှာလဲ...
ဝမ်မင်ယန် လုပ်နေတာတွေကို ကြည့်ပြီး လင်းဖန်တောင် ဆွံ့အသွားခဲ့ပါတယ်။
အခြေအနေက အေးအေးဆေးဆေး ပြီးဆုံးတော့မှာကို ဝမ်မင်ယန် ဘာလုပ်ဖို့ ကြိုးစားနေမှန်း သူတကယ်ကို နားမလည်တော့ပါဘူး။
ချီးပဲ....