← Chapters

အကျိုးဆက်က ကြီးမားလွန်းတယ်

Vol. 15 Ch. 225

အကျိုးဆက်က ကြီးမားလွန်းတယ်

Vol. 15 Ch. 225

ဘာသာပြန် = စနိုးဝှိုက်

ဝမ်မင်ယန်လုပ်နေတာကို ကြည့်ပြီး လူတိုင်းဟာ တိတ်ဆိတ်နေခဲ့ပါတယ်။

* တီ တီ *

ဗီဒီယို ကော ခေါ်ဆိုမူဟာ ဝင်လာပေမယ့် ဝမ်မင်ယန် မကိုင်သေးပဲ လင်းဖန်ကို အရင်ကြည့်ကာ မေးလိုက်တယ်။

"ငါ ကိုင်သင့်လား.."

လင်းဖန် ဝမ်မင်ယန်ကို ကြည့်ကာ မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်တယ်။သူ ဘာပြန်ပြောရမလဲ တကယ်မသိတော့ပါဘူး။ဝမ်မင်ယန် တွေးနေတာတွေ ကို သူနားမလည်နိုင်တော့ပေ။

ဒါက မဂ်လာပွဲ တွေ့ဆုံမူဖြစ်ပြီး..တစ်ခြားတစ်ဖက် မိသားစုက သဘောမကျမှာတော့ ကျိန်းသေပါတယ်။

သူ ဘာလုပ်ချင်နေတာလဲ.....

လင်းဖန် ပြန်ဖြေဖို့ လုပ်လိုက်တဲ့ အချိန်မှာပဲ သူအမေဟာ လှမ်းပြောလိုက်တယ်။

"သားလေး ဝမ် ,ကိုင်လိုက်.။ဒီကောင်လေးက ဘာလို့ မိန်းမလှလေးတွေကို ဘလော့ထားတာလဲ။ဒါက အဓိပါယ်မရှိဘူး...သူတို့ကို မညာမတာ ဆက်ဆံသလို ဖြစ်နေမှာပေါ့"

ဝမ်မင်ယန် လင်းအမေကို ကြည့်လိုက်တဲ့ အချိန်မှာ သူမ ဆိုလိုရင်းကို နားလည်သွားခဲ့တယ်။သူမက အကုန်လုံး ကြည့်လို့ ရအောင် ကိုင်ခိုင်းလိုက်တာပါ။

ဝမ်မင်ယန် ဗီဒီယိုကောကို ကိုင်လိုက်တယ်။

ဗီဒီယို ကောထဲကနေ ရည်မွန်တဲ့ဘအသံလေးထွက်ပေါ်လာခဲ့ပါတယ်။

"အစ်ကို ဝမ်..ဖန်ဖန် ဘယ်မှာလဲ။သူ့ကို ခေါ်နေတာ ဘယ်လိုမှ ခေါ်လို့မရဘူး။သူ ညီမကို ဘလော့ထားပြန်ပြီလား.."

ဝမ်မင်ယန်..ပြန်ပြောဖို့ လုပ်လိုက်ပေမယ့် လင်းဖန်ရဲ့ အမေက သူ့ကို လက်ဝေ့ယမ်းပြပြီး..အမှန်းတရားကို မပြောဖို့ တားဆီးလိုက်ပါတယ်။

ဒါကြောင့် သူပြောလိုက်တယ်။

"မဟုတ်ဘူး..သူ ဖုန်းအားကုန်သွားလို့ပါ။ဖုန်းကို သူ့ဆီကို ပေးလိုက်မယ်လေ"

လင်းဖန် ဝမ်မင်ယန် သူ့ဆီကို ဖုန်းပေးတဲ့အချိနိ်မှာတော့ သူကိုင်ရမလား..မကိုင်ရတော့ဘူးလား ဆိုတာ မသိတော့ပါဘူး။

ယင်းနောက် သူ ဝမ်မင်ယန် ဆီက..ဖုန်းကို ယူလိုက်ပြီး..သူ့ဆီကို ကင်မရာပြလိုက်တယ်။ဒါပေမဲ့ သူ ဘာမှတော့ မပြောပါဘူး။

ချင်းယွဲ့ယွဲ့ ပြောလိုက်တယ်။

"ဘာလို့ ငါ့ကို..ဂရုမစိုက်တာလဲ.."

လင်းဖန် ဗီဒီယို ကောထဲက မျက်နှာကို ကြည့်ပြီး အံ့သြသွားခဲ့တယ်။သူမက အတော်ကို ရင်းနှီးနေတာပါ။

သူ့ရဲ့ အမူအရာကို အလျင်အမြန်ပြန်ပြင်လိုက်တယ်။

ချင်းယွဲ့ယွဲ့လား..ဝိုက်ဘိုမှာ အမြဲတမ်း ​ရေပန်းစား နေတဲ့. သရုပ်ဆောင်မင်းသမီး....

ဝမ်မင်ယန် ဘာလုပ်ချင်နေတာလဲ....ငါ ဒီနောက်ဆက်တွဲ ကိုဘယ်လို ထပ်ရှင်းရမှာလဲ ချီးပဲ..

ချင်းယွဲ့ယွဲ့..​ထပ်ပြောလိုက်တယ်။

"ဘာလို့ ဘာမှမပြောတာလဲ..ငါ့ကို မုန်းနေပြီလား။နင်မုန်းနေပြီဆိုရင် ငါထွက်သွားပေးပါ့မယ်။ထပ်ပြီး မနှောက်ယှက်တော့ပါဘူး။ငါ အလုပ်မှာ ပင်ပန်းတဲ့ အချိန်တိုင်း နင်နဲ့ စကားပြောချင်နေမိတယ်။နင်ကတော့ ဖုန်းလေးတောင် မကိုင်ချင်ဘူလေး.."

* ငိုသံ *

သူမ စတင်ပြီး မျက်ရည်တွေ ကျလာခဲ့ပါပြီ။သူမရဲ့ သရုပ်ဆောင်မူက လုံးဝကို ထိပ်တန်းပါပဲ။သူမသာ အ​ကောင်းဆုံး သရုပ်ဆောင် ဆု မရရင် ဒီမျက်ရည်တွေက..ဖြုန်းတီးသလို ဖြစ်သွားမှာပါ။

လင်းဖန် ဆွံ့အသွားခဲ့တယ်။

အစ်မချန်းဟာလည်း ဖုန်းထဲက မိန်းကလေးရဲ့ အသံကို ကြားပြီး အံ့သြနေခဲ့ပါတယ်။

"ဒါက..."

လင်းဖန် ရဲ့ အမေဟာ ထိုင်နေရင်းကနေ လက်ညိုးထိုးပြီး ဆူလိုက်တယ်။

"မိန်းကလေးက စကားပြောနေတယ်လေ။မင်း အ နေတာလား..ဘာလို့ ပြန်မပြောတာလဲ"

ချင်းယွဲ့ယွဲ့ ဆက်ပြောလိုက်တယ်။

"နင့်ဘေးနားက ဘယ်သူလဲ..။တကယ် မဂ်လာပွဲ စီစဥ်ဖို့ တွေ့နေတာလား။ဘာလို့ မဂ်လာပွဲ စီစဥ်နေတာလဲ...ငါက မကောင်းဘူးလို့ ထင်နေတာလား။ဘာလို့လဲ ပြောပါဦး..ငါအကုန်ပြောင်းလဲ ပေးပါ့မယ်။နင် ငါ့အလုပ်ကို မကြိုက်ဘူးဆိုရင်လည်း..ငါထွက်လိုက်မယ်"

လင်းဖန်ကတော့ ဒီစကားကို ကြားပြီး ​ကျောချမ်းသွားခဲ့ပါတယ်။

မိန်းကလေး..ဒီစကားတွေအထိ မပြောလို့မရဘူးလား..နင့်ပရိတ်သတ်တွေ သိသွားရင် ငါ့ကို ဝိုင်းတိုက်ခိုက်ကြလိမ့်မယ်...

လင်းဖန် ရဲ့ အမေဟာ လင်းဖန် ဘေးနားကို လာလိုက်ပြီး...

"ဖုန်းကို အမေ့ကို ပေး.."

လင်းဖန် သူ့ အမေရဲ့ အမူအရာကို ကြည့်ပြီး ကြောင်အသွားကာ ဖုန်းကို ပေးလိုက်ပါတယ်။

အမေလင်းရဲ့ အမူအရာဟာ ဖုန်းကို ရပြီးနောက်မှာ ချက်ချင်းပြောင်းလဲ သွားခဲ့တယ်။သူမက တကယ် ကြင်နာတတ်တဲ့ မိန်းကလေး ပုံစံမျိုးပါ။ယင်းနောက် သူမ ဖုန်းထဲက..မိန်းကလေးကိုစကားလှမ်း ပြောလိုက်တယ်။

"ဟိုင်း..အန်တီက လင်းဖန်ရဲ့ အမေပါ။ကျေးဇူးပြုပြီး နားလည်မူမလွဲပါနဲ့..အန်တီက ဒီစီစဥ် မူကို အတင်းစီစဥ် လိုက်မိတာပါ။သူက အန်တီကို သမီးအကြောင်း မပြောဘူးလေ။သူက တစ်ယောက်တည်းဖြစ်ပြီး..ကောင်မလေး မရှိဘူးလို့ ထင်နေတာ..။ဒါကြောင့် စိတ်ပူပြီး စီစဥ်လိုက်မိတာလေ။အန်တီကို အပြစ်မတင်ပါနဲ့"

ချင်းယွဲ့ယွဲ့ မျက်ရည်တွေကို အလျင်အမြန်သုတ်ပြီး ကြောက်ရွံ့တဲ့ ပုံစံကို ပြန်ပြောင်းလိုက်တယ်။

"ဟိုင်း အန်တီ..သမီး.."

လင်းဖန်ရဲ့ အမေဟာ ဗီဒီယိုကောထဲက မိန်းကလေးကို သေချာကြည့်လိုက်တဲ့ အချိန်မှာ အံ့သြသွားခဲ့ပါတယ်။

"ဖေကြီး..လာကြည့်စမ်းပါဦး..။ဒီမိန်းကလေးက အတော်ကို လှပတာပဲ"

လင်းဖန် ရဲ့အဖေလည်း ဗီဒီယိုထဲက မိန်းကလေးကို မြင်တဲ့ အချိန်မှာ အံ့သြသွားခဲ့တယ်။သူ အပြုံးတွေဟာ ကျယ်သွားခဲ့ပြီး မျက်လုံးကို တောင် ဖုံးအုပ်နေလို့ပါ။

အမေလင်းဟာ ဗီဒီယို ထဲက မိန်းကလေးကို ကြည့်လေလေ သဘောကျလေလေ ပါပဲ။သူသားလေး နားမှာ ဒီလောက်ထိလှပတဲ့ မိန်းကလေး ရှိနေလိမ့်မယ် လို့ မထင်ထားခဲ့ပေ။

သူတို့ ဒီမိန်းမလှ လေးကို ရင်းနှီးနေတယ်လို့ ခံစားရပေမယ့် ဒါကို သိပ်စိတ်မဝင်စားကြပါဘူး။

"သမီးလေး..အသက်ဘယ်လောက်ရှိပြီတုန်း"

ချင်းယွဲ့ယွဲ့ ပြန်ဖြေလိုက်တယ်။

"အန်တီ သမီးက ၂၄ နှစ်ရှိပြီ"

အမေလင်း ထပ်မေးလိုက်တယ်။

"ဘယ်မှာနေတာတုန်း"

လင်းဖန်ရဲ့ တည်ရှိမူကတော့.. လုံးဝကို လျစ်လျူရူခံနေရပါပြီ။သူ ဝမ်မင်ယန် ကို စိုက်ကြည့်လိုက်တယ်။ဒီ ငနဲ လုပ်ရင် အေးအေးဆေးဆေး ပြီးသွားတဲ့ ကိစ္စကို မရှိပါဘူး။သူက တစ်နည်းနည်းနဲ့တော့ ပြသနာ ရှာလိုက်ရမှ ကျေနပ်တဲ့ လူပါ။

ဝမ်မင်ယန် ဘယ်လို အဆုံးသတ်မလဲ..သူစောင့်ကြည့်ရပါဦးမယ်။တကယ်လို့ ဒီလို တွေဖြစ်လာမယ်မှန်း သိရင် သူဒီလူကို ခေါ်လာမှာမဟုတ်ပါဘူး။

အစ်မချန်း ထိုင်ခုံကနေ ထပြီး ကြည့်လိုက်တယ်။

"အစ်မကျို့ ..တစ်ချက်လောက် ကြည့်ပါရစေဦး"

သူမ အစ်မကျို့ မိန်းကလေးကို ချီးကျူးနေတာမြင်တဲ့ အချိန်မှာ အံ့သြသွားပြီး..ကိူယ်တိုင်ကြည့်ချင်နေခဲ့ပါတယ်။

ယန်တန်တန် ကျန်းရှင်းယွဲ့ကို ကြည့်ပြီး ပြုံးလိုက်တယ်။သူတို့ကတော့ လုံးဝ စိတ်မဝင်စားပါဘူး။သူတို့ မိဘတွေရဲ့ မျက်လုံးထဲမှာတော့..ပုံမှန် မိန်းကလေး ဆိုရင်တောင်.လှပတယ်လို့မြင်ကြမှာပါပဲ။

ဖုန်းထဲက မိန်းကလေးရဲ့ စကားတွေကလည်း နည်းနည်း ပိုနေသလို ဖြစ်နေပါတယ်။သူမက ဒရမ်မာတွေ အများကြီး ကြည့်ထားတဲ့ ပုံပါပဲ။

အမေလင်း ဖုန်းကိုကြည့်လိုက်ပြီး..

"အန်တီက မင်းကို ကြည့်ချင်လို့တဲ့.."

အစ်မချန်း..ဗီဒီယို ထဲက မိန်းကလေးကို ကြည့်ပြီး အံ့သြသွားခဲ့တယ်။

"ဒီ သမီးလေးက..အခုအောင်မြင်နေတဲ့ မင်းသမီး ချင်းယွဲ့ယွဲ့ နဲ့အတော် တူတာပဲ"

ယန်တန်တန် ပြောလိုက်တယ်။

"အမေ ..တိမ်နီတွေရဲ့.ဒဏ္ဌာရီ ဇာတ်လမ်းတွဲကို အတော်စွဲနေပြီထင်တယ်။ဒီ မိန်မလှလေးတွေကိုချင်းယွဲ့ယွဲ့ နဲ့တူတယ်လို့ ထင်တာက ပုံမှန်ပါပဲ..သူမက တကယ် ဆယ်လီကြီးလေ.."

သူမစိတ်ထဲမှာ ထပ်ပြီး မပြောတဲ့ စကားတစ်ခွန်းလည်း ရှိနေခဲ့ပါတယ်။

ဒီလို ဆယ်လီက သူ့ကို ဘာလို့ လာကြိုက်မှာလဲ...

ကျန်းရှင်းယွဲ့ တီးတိုး ပြောလိုက်တယ်။

"ဘယ်လို ဟာသလဲ .."

ဒါပေမဲ့ သူတို့နှစ်ယောက်လုံး ဗီဒီယို ထဲက မိန်းကလေး ရဲ့စကားကို ကြားလိုက်တဲ့ အချိန်မှာ ဆွံ့အသွားခဲ့ကြပါတယ်။

"အန်တီ..သမီးက ချင်းယွဲ့ယွဲ့လေ။တိမ်နီတွေရဲ့ ဒဏ္ဌာရီ ဇာတ်လမ်းတွဲကို လွန်ခဲ့တဲ့ သုံးလကမှ ရိုက်ကူးပြီးသွားတာ.."

အစ်မချန်းဟာ ဒါကို ကြားပြီးကြောင်အသွားခဲ့တယ်။

ယန်တန်တန် နဲ့ ကျန်းရှင်းယွဲ့ တို့လည်း မယုံကြည်ကြပါဘူး။သူတို့ ဖုန်းဆီ အလျင်အမြန်ပြေးသွားလိုက်တယ်။ဒါပေမဲ့ သူတို့ ဗီဒီယို ကောထဲက မိန်းကလေးကို မြင်တဲ့ အချိန်မှာတော့..ပါးစပ်ကြီးတွေ အဟောင်းသား ဖြစ်ကုန်ကြပါပြီ။

လင်းဖန် အမေလည်း ကြောင်အသွားခဲ့တယ်။

"သမီးက တကယ် စူပါမင်းသမီး ချင်းယွဲ့ယွဲ့ လား..။အန်တီလည်း ..အဲ့ ဇာတ်လမ်းတွဲကို ကြည့်နေတာ.."

ချင်းယွဲ့ယွဲ့ ပြန်ပြောလိုက်တယ်။

"အန်တီ..အဲတာ သမီးပါ."

လင်းဖန် ရဲ့ အမေဟာ ကြောင်အသွားပြီး သူမရဲ့သားကို တစ်ချက်လှမ်းကြည့်လိုက်တယ်။သူမတို့ရဲ့ ဘိုးဘေးတွေက ကောင်းချီးပေးနေခဲ့ပါပြီ။

လူတိုင်းဟာ လင်းဖန်ကို ကြည့်လိုက်ကြပြီး ဗီဒီယိုကို ပြန်ကြည့်လိုက်ကြတယ်။

လင်းဖန် ဝမ်မင်ယန်ရဲ့ ပုခုံးကို ပုတ်လိုက်ပြီး..

"ခင်ဗျားရှာထားတဲ့ အရှုပ်ထုတ်ကို ကိုယ်ဟာကို ပြန်ရှင်းနော်။ကျုပ်အရင်သွားတော့မယ်"

လက်ရှိအခြေအနေမှာတော့ ဒီအစီစဥ်က တရားဝင် ပြီးဆုံးသွားခဲ့ပါပြီ။နောက်ဆက်တွဲ တွေကို သူ ဘာမှဝင်မပါချင်တော့ပါဘူး။ဒါကြောင့် သူအရင် ထွက်သွားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။

ဝမ်မင်ယန် လင်းဖန်ကို တစ်ခုခုပြောဖို့ လုပ်လိုက်ပေမယ့် လည်း လင်းဖန်ကတော့ အခန်းပြင်ကိုရောက်သွားခဲ့ပါပြီ။

သူအကူညီ မဲ့သလို ခံစားလိုက်ရတယ်။

ဘာလို့ အစောကြီး ထသွားတာလဲ..နောက်ထပ် လာမယ်ဟာတွေ ရှိသေးတာကို...

လင်းဖန် သာ ဒါကိုကြားရင် သူ သွေးအန်မိပါလိမ့်မယ်။

ယင်းနောက် ချင်းယွဲ့ယွဲ့ နဲ့ အမေလင်းဟာ ပျော်ရွှင်စွာ စကားပြောလိုက်ကြတယ်။အမေလင်းတော့ ဝမ်းသာ နေလို့ပါ.. လင်းဖန် အခန်းအပြင်ဘက်ထွက်သွားတာတောင် ဂရုမစိုက်တော့ပါဘူး။

.....

* တီ တီ *

နောက်ထပ် ခေါ်ဆိုမူတစ်ခု ဝင်လာခဲ့တယ်။

ဒါကတော့ ဟောင်ထျန်ယန် ဆီကပါ။

ကျန်းရှင်းယွဲ့...နာမည်ကို မြင်တဲ့ အချိန်မှာ သူမဆွံ့အသွားခဲ့တယ်။

"သားလေး ဝမ်, နောက်ထပ် ဖုန်းကော တစ်ခုလား"

အမေလင်း ပြောလိုက်တယ်။သူမ ချင်းယွဲ့ယွဲ့ နဲ့ပျော်ရွှင်စွာ စကားနေတုန်း နောက်ထပ် ဖုနး်ကော တစ်ခု ဝင်လာခဲ့တာပါ။

သူမ အတော် တဆ စပီကာ ခလုတ်ကို နိပ်မိသွားခဲ့တယ်။

အဲ့အချိန်မှာပဲ ကျယ်လောင်တဲ့ ကောင်လေးတစ်ယောက်ရဲ့..အသံကြီးဟာ ထွက်ပေါ်လာခဲ့ပါတယ်။

"အစ်ကို ဝမ်..အစ်ကို့ အတွက် အကန့်အသတ်နဲ့ ထုတ်တဲ့ ပြိုင်ကား တစ်စီးရှာပေးထားတယ်။အခုတော့ ကျွန်တော့်အိမ်မှာပဲ..."

ဝမ်မင်ယန် ဖုန်းကို ယူလိုက်ပြီး အလျင်အမြန်ပြောလိုက်တယ်။

"ငါ ရှန်ဟိုင်းကို ပြန်ရောက်မှ ထပ်ပြောမယ်"

ယင်းနောက် သူဖုန်းကို အလျင်အမြန် ချလိုက်ပြီး..

"အန်တီ..လင်းဖန် အပြင်ထွက်သွားလို့ .ကျွန်တော် လိုက်ရှာလိုက်ဦးမယ်။အိမ်ပြန်ရောက်မှ အေးဆေး စကားပြောကြမယ်နော်"

သူ ပြောပြီးတာနဲ့ အလျင်အမြန် အိမ်ထဲက ထွက်သွားခဲ့တယ်။

တစ်ဖက်မှာတော့.ဟောင်ထျန်ဟန် အံ့သြသွားခဲ့တယ်။သူ အကြီးအကဲ ဝမ် ပြန်ဖြေမယ်လို့ မျှော်လင့်ထားတာက..

"ဒေါ်လာ သန်းသုံးဆယ် အောက်ဆို စိတ်မဝင်စားဘူး"

ဆိုတဲ့ စကားပါ။အခုတော့ ဘာမှ တောင် ပြောမသွားခဲ့ပေ။

အခန်းထဲက လူတွေ ဟာတော့ ကြောင်အနေခဲ့ပါပြီ။

ကျန်းရှင်းယွဲ့ဟာ အံ့သြနေခဲ့တယ်။ဖုန်းထဲကလူက ဟောင်ထျန်ယန် ဆိုတာဘသူမကျိန်းသေပါတယ်။သူ ဘယ်သူလဲ ဆိုတာ လူတိုင်းနီးပါး သိထားပြီးသားပါ။

ယင်းနောက် သူမ ယန်တန်တန်ကို တစ်ချက်ပြန်ကြည့်လိုက်တယ်။သူမတို့ အင်အားကြီးတဲ့ လူတစ်ယောက်နဲ့ လွဲချော်ခဲ့ရပါပြီ။

ယန်တန်တန် ရဲ့ ရည်းစားဟောင်းက ချမ်းသာပေမယ့်လည်း ဒီလူကိုတော့ယှဥ်နိုင်မှာမဟုတ်ပေ။

အရာရာတိုင်းက ဝမ်မင်ယန် ထိန်းချုပ်ထားသလို ဖြစ်လာခဲ့ပေမယ့် လည်း အဆုံးသတ်ကတော့ မလှပခဲ့ပါဘူး။ဒါက သူလုပ်ခဲတဲ့ အကျိုးဆက်က ပြင်းထန်လွန်းတော့ အခန်းထဲက လူတိုင်း စကားတောင် မပြောနိုင်ကြတော့ပေ။

ဒါကြောင့် သူ ဒီ စနောက်မူကို ထပ်မလုပ်ပဲ ထွက်ပြေးသွားခဲ့တာပါ။

All Chapters