← Chapters

မမျှော်လင့်ထားတဲ့ တွေ့ဆုံမှု

Vol. 16 Ch. 226

မမျှော်လင့်ထားတဲ့ တွေ့ဆုံမှု

Vol. 16 Ch. 226

အခန်းထဲတွင်။

လူတိုင်းဟာ စကားမပြောနိုင်ပဲ ကြောင်အနေခဲ့ကြတယ်။ဒီ အခြေအနေက အကူညီမဲ့​ပြီး ပြေစရာ မရှိဖြစ်စေပါတယ်။

အမေလင်း မေးစရာ မေးခွန်းတွေ အများကြီး ရှိသေးပေမယ့်လည်း.. လင်းဖန်ကတော့ အခန်းထဲမှာ မရှိတော့ပေ။ဒါကြောင့် သူမသိချင်တဲ့ အရာတွေကို မေးလို့ မရတော့ပါဘူး။

သူမ အချိန်ရရင် ဗီဒီယိုထဲက မိန်းကလေးနဲ့ ထပ်ပြီး စကားပြောချင်ပါသေးတယ်။

အစ်မချန်းဟာ ရှက်ကိုးရှက်ကန်း နဲ့ ပြောလိုက်တယ်။

"အစ်မကျို့..ဒီစီစဥ်မူက ပြီးသွားပြီလို့ထင်တယ်။ကျွန်မတို့ အရင်ပြန်လိုက်မယ်လေ..."

အမေလင်း ဘာပြောရမှန်း မသိတော့ပေ။အစကတော့..ဒီ မိန်းကလေးက အတော်အဆင်ပြေတယ်လို့ တွေးမိပေမယ့် ..သူမသားက အခုလို ပေါ်ပြူလာဖြစ်နေတော့ ဘေးကျပ်နံကျပ် ဖြစ်နေခဲ့ပါပြီ။

သူမ ဒီလို စီစဥ်မူတွေက သူမသားက ရွေးချယ်ရမှာ မဟုတ်ပဲ..တစ်ဖက်လူတွေကသာ သူမသားကို ကြိုက်မကြိုက် ရွေးချယ်မှာ ဆိုတာ သိထားပြီးသားပါ။ဒါပေမဲ့ လက်ရှိအချိန်မှာတော့ သူမသားက အထက်စီး ပြန်ရောက်သွားပြီး..စိတ်ကြိုက် ရွေးချယ်နိုင်သွားပါပြီ။

ဒါက ကြီးမားတဲ့ ရှာဖွေမူဖြစ်ပြီး..အိမ်ပြန်ရောက်ရင် သူမ သားကို သင်ခန်းစာ ပေးရပါဦးမယ်။

.......

စားသောက်ဆိုင် အောက်ဘက်တွင်။

လင်းဖန် ထောင့်တစ်ထောင့်မှာ စောင့်နေခဲ့တယ်။

"ကျွန်တော် ဒီမှာ..မြန်မြန်လာခဲ့.."

ဝမ်မင်ယန် အောက်ကို ဆင်းလာပြီး ဘေးဘယ်ညာကို ကြည့်လိုက်တဲ့ အချိန်မှာ လင်းဖန်ရဲ့ အရိပ်ကို မြင်တွေ့လိုက်ရပါတယ်။သူ အမြန်ပြုံးကာ သွားလိုက်ပြီး ..

" စီစဥ်မူက ဒီလိုပြီးဆုံးသွားမယ် လို့ ငါတကယ်မထင်ထားမိဘူး။ဘယ်လောက် အံ့သြဖို့ကောင်းလဲ "

လင်းဖန် သူကို စိုက်ကြည့်လိုက်တယ်။

"ကျုပ်ဖင်ကြီးကို အံ့သြဖို့ ကောင်းပါလား..ဒါတွေ အကုန်လုံး ခင်ဗျားဖန်တီး ထားတာပဲ။ဆရာကြီးပုံစံမျိူး မဖမ်းရရင် ဘယ်သူက လာသတ်မှာကြောင့်လဲ။ပြောပါဦး ဒီမိန်းကလေးတွေကရော ဘယ်ကသွားရှာလာတာတုန်း"

ဝမ်မင်ယန် ဖုန်းကို ဖွင့်ကာပြောလိုက်တယ်။

"ကြည့်..သူတို့က ဝီချပ်မှာ ငါ့မိန်းမရဲ့ သူငယ်ချင်းတွေလေ..။သူတို့က မင်းဒုက္ခရောက်နေတယ် သိတာနဲ့ ကူညီချင်နေကြတာ"

လင်းဖန် ဂရုကို ကြည့်လိုက်တဲ့ အချိန်မှာ ချင်းယွဲ့ယွဲ့ဟာ အတော် ပျော်ရွှင်နေခဲ့ပြီး..ဝမ်မင်ယန်ကို မန်းရှင်း ခေါ်ကာ စကားပြောထားခဲ့ပါတယ်။

"ဘယ်လိုလဲ..။ညီမ သရုပ်ဆောင်တာ ဆုရသင့်တယ်မလား။ဒါမျိုးက ပထမဆုံး သရုပ်ဆောင်ဖူးတာ ဆိုတော့ စိတ်လှုပ်ရှားနေတာ.."

"ခင်ဗျား ဒီကိစ္စကို ပြန်ဖြေရှင်းမှ ရမယ်"

လင်းဖန် အကူညီမဲ့စွာပြောလိုက်တယ်။ဒီ ငနဲ့က ပြသနာကို ဘယ်လိုရှာရမလဲ ဆိုတာကောင်းကောင်း သိတဲ့ လူပါ။ဒါပေမယ့် လည်း ဒါက သူ့မိဘတွေရဲ့ ခံစားချက်ကို ကောင်းမွန်စေပါတယ်။အခြေအနေက တည်ငြိမ်နေပေမယ့်လည်း သူအမေ စိတ်ဓာတ်ကျနေမှာတော့ အမှန်ပါပဲ။ဒီကိစ္စက သူမကို စိတ်ခွန်အားတွေ ပြန်လည် ရရှိစေမှာပါ။

ဝမ်မင်ယန် ပြုံးလိုက်တယ်။

"စိတ်မပူနဲ့..ငါတွေးပြီးသွားပြီ..။ဒီအကြောင်းထပ်မပြောနဲ့တော့။အမြန်ကားထဲကိုဝင် အန်တီနဲ့ အန်ကယ် ရင် ငါတို့ လွတ်မြောက်နိုင်မှာမဟုတ်တော့ဘူး"

လင်းဖန် အများကြီး မပြောတော့ပဲ ဝမ်မင်ယန် နောက်ကို လိုက်ကာ ကားထဲကို ဝင်လိုက်တယ်။ယင်းနောက် သူတို့ မောင်းထွက်သွားခဲ့ကြပါတယ်။

ဝမ်မင်ယန် မေးလိုက်တယ်။

"ငါတို့ အခုဘယ်ကို သွားသင့်လဲ.."

လင်းဖန် အချိန်အတော်ကြာစဥ်းစားလိုက်ပေမယ့် ဘယ်နေရာမှ မပေါ်လာခဲ့ပါဘူး။

"ဒီတိုင်းသာ လျောက်မောင်းနေ ကျုပ်အမေကို ဘယ်လို ပြန်ဖြေရမလဲ စဥ်းစားလိုက်ဦးမယ်။ပြီးမှ အိမ်ပြန်ကြတာပေါ့"

ဝမ်မင်ယန် ပြောလိုက်တယ်။

"ငါ့မိန်းမရဲ့ ရိုက်ကွင်းဆီကို သွားရအောင်။ရုပ်ရှင်တွေ ဘယ်လိုရိုက်လဲ မင်းမမြင်ဖူးသေးဘူးမလား..."

"ကောင်းပြီး..သွားကြတာပေါ့"

လင်းဖန် ရုပ်ရှင်ရိုက်တာကို တစ်ခါမှမမြင်ဖူးတော့ သွား ကြည့်တာကလည်း ဆိုးရွားတဲ့ အရာမဟုတ်ပါဘူး။

သိပ်မကြာခင်မှာပဲ ဝမ်မင်ယန်ရဲ့ လမ်းကြောင်း ကျွမ်းကျင်မူကြောင့် .ဟွမ်ကျုံး ရုပ်ရှင် မြို့တော် ကိုရောက်လာခဲ့ပါတယ်။

လင်းဖန် အရင်တုန်းက ဒီနေရာကို အပြင်ကနေ မြင်ဖူးပေမယ့်လည်း..အထဲကိုတော့ တစ်ခါမှ မဝင်ဖူးပါဘူး။အခု ဝမ်မင်ယန် နဲ့ လိုက်လာတာက ပထမဆုံး အကြိမ်ပါ။

ယင်းနောက် လင်းဖန် အမေရဲ့ ဖုန်းဟာ ဝင်လာခဲ့တယ်။

အမေလင်း," ဘယ်သွားနေတာလဲ။မြန်မြန်ပြန်လာခဲ့ ဆွေးနွေးစရာတွေ ရှိသေးတယ်"

လင်းဖန် ကူညီရာမဲ့စွာ ပြန်ပြောလိုက်တယ်။

"အမေ .သားညမှ ပြန်လာဖြစ်မှာ.။အခု အလုပ်များနေလို့.."

သူ့အမေရဲ့ အသံကတော့ အတော်စိတ်ဝင်စားနေလို့ပါ။သူ ဘာဆက်လုပ်ရမလဲ မသိမှတော့..ဒီကိစ္စကိုသာ ဟုတ်သလိုလို သရုပ်ဆောင် ရပါတော့မယ်။

ဖုန်းချပြီးနောက်မှာ လင်းဖန် ဝမ်မင်ယန် ကို ကြည့်ပြီး ပြောလိုက်တယ်။

"တွေ့တယ်မလား..ဒါတွေ အကုန်လုံးက ခင်ဗျား​ကြောင့်ပဲ.."

.......

ဒီမှာ ဒရမ်မာ ရိုက်ကူးတဲ့အဖွဲ့တွေ အများကြီး ရှိနေခဲ့ပါတယ်။ဝမ်မင်ယန် လင်းဖန် ကို ရူဇီလီ ရဲ့ ရိုက်ကွင်းဆီကိုသာ တိုက်ရိုက် ခေါ်သွားခဲ့တာပါ။

လူတိုင်းက ဝမ်မင်ယန်ကို သိကြပြီး..လမ်းတစ်လျောက်မှာ အလုပ်သမားတိုင်းက ယဥ်ကျေးစွာနှုတ်ဆက်နေကြလို့ပါ။

လင်းဖန် နဲ့ ဝမ်မင်ယန် ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ပေမယ့် ရူဇီလီကို မတွေ့ ရပေ။ယင်းနောက် သူတို့..အလုပ်သမားတစ်ယောက်ကိုဘခေါ်မေးလိုက်မှ ..အနောက်ဘက်မှာ ရုပ်ရှင်ရိုက်နေမှန်း သိလိုက်ရပါတယ်။

လမ်းလျောက်နေတုန်း ဝမ်မင်ယန်ဟာ ပြောလိုက်တယ်။

"တစ်ခါတစ်လေ..ရုပ်ရှင်ရိုက်တာက ပျင်းဖို့ကောင်းပေမယ့်..စိတ်ဝင်စားဖို့လည်း ကောင်းတယ်"

လင်းဖန် ရယ်မောလိုက်တယ်။

"ခင်ဗျားလျောက်ပြောနေတာလား.."

သူတို့ရှေ့မှာတော့ လူတွေ အုပ်စုလိုက်ဟာ စုဝေးနေလို့ပါ။

ဝမ်မင်ယန် သူတို့ကို လက်ညိုးညွန်ပြကာ ပြောလိုက်တယ်။

"သူတို့ အခု ရုပ်ရှင်ရိုက်နေတာဖြစ်မယ်။သွားကြည့်ကြရအောင်"

လင်းဖန် နဲ့ ဝမ်မင်ယန်ဟာ သူတို့နောက်မှာ ရုပ်လိုက်ကြတယ်။ဒါရိုက်တာဟာ ဝမ်မင်ယန်ကို ကင်မရာကနေ တဆင့် မြင်လိုက်ပြီး..ပြုံးပြလိုက်ပါတယ်။သူတို့နှစ်ယောက်က အတော်သိကျွမ်းကြပေမယ့်လည်း...ရုပ်ရှင်ရိုက်နေတုန်း တန်းလန်းကြီး ဆိုတော့ စကားပြောလို့ အဆင်မပြေပါဘူး။

ရူဇီလီ လည်း ဝမ်မင်ယန်ကို မြင်လိုက်ပေမယ့်..ရုပ်ရှင်ရိုက်တုန်း တန်းလန်းကြီးကြောင့် ဒီရိုက်ကွင်းအခန်းကို အရင်လက်စသတ်မှ စကားလာပြော ရမှာပါ။

ရိုက်ကွင်း ပြီးသွားတဲ့ အချိန်မှာ ရူဇီလီဟာရောက်လာခဲ့တယ်။သူမ လင်းဖန်ကို မြင်တဲ့ အချိန်မှာ ရယ်မောလိုက်ပြီး..

"အစ်ကို လင်း .မဂ်လာပွဲ စီစဥ်မူ ဘယ်လို ဖြစ်သွားပြီလဲ.."

လင်းဖန် ပြုံးလိုက်တယ်။

"ခင်ဗျား ယောက်ျား ကိုပဲ ကျေးဇူးတင်ရမှာပါ"

"အခုထိ မဂ်လာ မဆောင်ရသေးဘူးလေ.."

ရူဇီလီ ပြန်ဖြေလိုက်တာပါ။

ဝမ်မင်ယန်ဟာ ရယ်မောလိုက်တယ်။

"တကယ်တော့ မင်းငါ့ကို ကျေးဇူးတင်ရမှာမဟုတ်ဘူး..။ချင်းယွဲ့ယွဲ့ ကို ကျေးဇူးတင်ရမှာ။သူမရဲ့ ကျွမ်းကျင်အဆင့် သရုပ်ဆောင် မူတွေကြောင့် မဟုတ်ရင် ကျဆုံးမှာပဲ..."

ယင်းနောက် ဒါရိုက်တာဟာ လမ်းလျောက်လာခဲ့တယ်။သူက ဒါရိုက်တာ တစ်ယောက်ဖြစ်ပေမယ့်လည်း ဝမ်မင်ယန် လို သူဌေးကြီးရှေ့မှာ သူ့စကားတွေကို သတိထားရမှာပါ။

အထူးသဖြင့် ရူဇီလီက ဝမ်မင်ယန် ရဲ့ မိန်းကလေးဖြစ်တာကြောင့် ဒီ ဒရမ်မာ အဖွဲ့ကို အထူးဂရုစိုက်ရမှာ အသေအချာပါပဲ။

ရူဇီလီ ကလည်း ဝမ်မင်ယန်ရဲ့ မိန်းကလေး ဖြစ်ပေမယ့် ယဥ်ကျေးပြီး ဖော်ရွေတာကြောင့်ရိုက်ကွင်းထဲက လူတိုင်း သူမကို သဘောကျကြပါတယ်။

"ဒါရိုက်တာ ချင်..ဒါက ကျွန်တော် ရဲ့အချစ်ဆုံးသူငယ်ချင်း..လင်းဖန်။သူက ဟွမ်ကျုံ မှာမွေးတာ"

ဝမ်မင်ယန် မိတ်ဆက်ပေးလိုက်တယ်။

ဒါရိုက်တာ ချင်ဟာ အသက်လေးဆယ်လောက် အရွယ်ရှိပြီး..နည်းနည်း ဝပါတယ်။သူလင်းဖန်ကိုကြည့်ကာ ယဥ်ကျေးစွာဖြင့်..

"ဟိုင်း အကြီးအကဲ လင်း"

လင်းဖန် ဒါကို ကြားတဲ့ အချိန်မှာ ရယ်မောလိုက်တယ်။

"ကျွန်တော်ကို အကြီးအကဲ လင်းလို့ မခေါ်ပါနဲ့။ကျွန်တော်က သူဌေးမဟုတ်ပါဘူး"

ဒါရိုက်တာ ချင်ကတော့ လင်းဖန်ရဲ့ စကားကို ဂရုမစိုက်ပေ။ အကြအကဲ ဝမ် နဲ့ ရင်းနှီးတဲ့ လူက ဘယ်သူပဲ ဖြစ်ဖြစ် သာမန်မဟုတ်နိုင်ပါဘူး။

စကားပုံတွေထဲကအတိုင်းဆိုရင် ..အမျိူးအစားတူညီတဲ့ ငှက်တွေကပဲ အတူတူ ပျံသန်းလို့ရတာပါ။

ယင်းနောက် လင်းဖန် ရင်းနှီးတဲ့ အရိပ်တစ်ခုကိုမြင်လိုက်ပြီး လှမ်းအော်လိုက်ပါတယ်။

"ဘိုင်ကီ"

ရင်းနှီးတဲ့ အရိပ်ဟာ..ချက်ချင်းရပ်တန့်သွားပြီး လှည့်ကြည့်ခဲ့တယ်။သူ လင်းဖန် ကို မြင်တဲ့အချိန်မှာ အံ့သြသွားပြီး..လျောက်လာခဲ့ပါတယ်။

"ဟေး..ကောင်လေးဖန်.။ဒီကို ဘယ်လိုရောက်နေတာလဲ"

"ချီးပဲ...မင်းကတကယ် အစ်ကို ဘိုင်လား။ငါမနေ့ကမှ ပြန်ရောက်တာ...ဘယ်ချိန်တုန်းက ရုပ်ရှင်သရုပ်ဆောင် ဖြစ်လာတာလဲ"

လင်းဖန် သိချင်စွာ မေးလိုက်တာပါ။

ဘိုင်ကီ ရယ်မောလိုက်တယ်။

"နေ့လည်ဘက်ဆို ဟော်တယ်မှာ လုပ်စရာမရှိဘူးလေ။ဒါကြောင့် ရုပ်ရှင် ရိုက်ကွင်းမှာ လာလေ့လာတာ"

"အဆင်ပြေသားပဲ...စိတ်ဝင်စားဖို့ကောင်းတယ်"

ဘိုင်ကီ ရူဇီလီ နဲ့..ဒါရိုက်တာ ကိုမြင်တဲ့ အချိန်မှာ ကြောင် အသွားခဲ့တယ်။

"ကောင်လေး ဖန်..မင်းသူတို့ကို သိတယ်လား"

လင်းဖန် ခေါင်းညိမ့်လိုက်တယ်။

"အင်း..ငါ့ သူငယ်ချင်းတွေလေ.."

ဘိုင်ကီ ရယ်မောလိုက်ပြီး..

"လေးစားစရာပဲ..သူတို့လို နာမည်ကြီးတွေနဲ့တောင် သိတယ်။ငါ့ကို လက်မှတ်လေးရအောင် ကူညီပေးစမ်းပါ"

ရူဇီလီဟာ အလျင်အမြန်ပြောလိုက်တယ်။

"အကိုလင်းရဲ့ သူငယ်ချင်းကလည်း ကျွန်မရဲ့ သူငယ်ချင်းပါပဲ။လက်မှတ်ထိုးပေးပါ့မယ်"

လင်းဖန် အလျင်အမြန်ကြားဝင်ပြောလိုက်ပါတယ်။

"ကောင်းပြီ ကောင်းပြီ..ဒီလိုဆုံဖို့ ဆိုတာကခက်ခဲတယ်လေ..။ဒီတော့ဒီည ငါ့အိမ်မှာ လူစုလိုက်ရအောင်"

ဘိုင်ကီ ခနတွေးလိုက်ပြီးမှ ပြန်ပြောလိုက်တယ်။

"သူတို့ အများစုက ဟွမ်ကျုံးမှာ မရှိကြဘူး။သူတို့ကို ဆက်သွယ်လို့တောင် မရဘူး။အထက်တန်းတုန်းက ဘယ်လို အခြေအနေရှိလဲ ဆိုတာကို သိသင့်တယ်"

လင်းဖန် ပြန်တွေးကြည့်လိုက်တော့လည်း..ဒါက အမှန်ပါ။သူတို့ကျောင်းတုန်းက သူငယ်ချင်းအနည်းငယ်သာရှိပြီး..အစ်ကို ဘိုင်နဲ့ သစ်ပင်ကြီးက သူနဲ့အရင်းနှီးဆုံးပါပဲ။

"ဟုတ်သားပဲ ..ငါ သစ်ပင်ကြီးနဲ့ ဖုန်းပြောဖြစ်သေးတယ်။သူ ရှန်ဟိုင်းမှာ အလုပ်ကောင်းကောင်းရနေတာ မင်းကူညီလို့တဲ့။ငါတို့ထဲမှာ မင်းက အအောင်မြင်ဆုံးဖြစ်လာမယ်လို့ တကယ် မထင်ထားဘူး"

ဘိုင်ကီ အားရစွာ ပြောလိုက်တာပါ။သူ့စိတ်ထဲမှာ မနာလိုမူတွေ လုံးဝ ရှိမနေခဲ့ပါဘူး။

လင်းဖန် ရယ်မောလိုက်တယ်။

"ငါ့ကို မမြောက်ပင့်ပါနဲ့..မင်းလည်း ရှန်ဟိုင်းကို လာသင့်တယ်"

ဘိုင်ကီ လက်ဝေ့ယမ်းလိုက်တယ်။

"ငါ အဲ့ကို သွားမှာမဟုတ်ဘူး။ငါ့ရဲ့ ဟိုတယ် အလုပ်ကို အခြေကျအောင် အရင်လုပ်ရဦးမယ်"

လင်းဖန် နဲ့ ဘိုင်ကီ ဟာ အချိန်အတော်ကြာအောင် စကားပြောနေကြပြီး.. ဒီညထပ်ပြီးတွေ့ဆုံဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

All Chapters