ခွေးကို ကုသပေးမယ့်ဆရာဝန် လာပြီ
Vol. 16 Ch. 227
လင်းဖန် ပြန်သွားတဲ့ အချိန်မှာတော့ ဘိုင်ကီဟာ..အရင်က လင်းဖန်ကို သူစိတ်ရှုပ်အောင်လုပ်ခဲ့တဲ့ အကြောင်းတွေ တွေးမိပြီး ရယ်မောလိုက်တယ်။
သို့ပေမယ့် လောလောဆယ် သူ့မှာလုပ်စရာ ရှိပါသေးတယ်။ဒါက စစ်ပွဲ ရုပ်ရှင်ကား တစ်ကားဖြစ်ပြီး ..နာမည်ကလည်း တော်တော်လေး ကောင်းပါတယ်။ဒီ ရုပ်ရှင်မှာ စွမ်းအားကြီးတဲ့ မှော် ပညာ အဖွဲ့အစည်းတွေလည်း ပါဝင်ကြမှာပါ။
တစ်ချို့အခန်းတွေထဲမှာ ကွန်ပြုတာ အထူးပြုလုပ်ချက်တွေနဲ့ အတူ သူ့ခန္တာကိုယ် လေပေါ်ကိုမီတာ ၄၀၀ လောက်မြောက်သွားပြီး အစပေါင်းများစွာ ပေါက်ကွဲ တဲ့ အခန်းကို ရိုက်ရမှာပါ။ဒါပေမဲ့ သူ့မျက်နှာ စခရင် ပေါ်မှာ ပါခွင့်ရတဲ့အတွက် သူ ဒီအခန်းရိုက်ရတာတင် ကျေနပ်ပါတယ်။
အစကတော့ လင်းဖန် ဘိုင်ကီ နဲ့ ညဘက်ကျမှ တွေ့ဖို့ စီစဥ်ထားပေမယ့်လည်း...သူ့မှာ လုပ်စရာ မရှိတဲ့ အတွက် ဘိုင်ကီရဲ့ ရိုက်ကွင်းကို ဆက်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။
ရူဇီလီ ဟာ အချိန်အနည်းငယ်စကား ပြောပြီ နှုတ်ဆက်လိုက်တယ်။
"ကောင်လေးတို့..ငါသွားမှ ရတော့မယ်။နောက်ထပ်ရိုက်ကွင်းက စတင်တော့မှာ..."
ဝမ်မင်ယန် ခေါင်းညိမ့်ပြီး သဘောတူစွာ ပြောလိုက်တယ်။
"သွားလေ..တို့က နောက်မှ အေးအေးဆေးဆေး တွေ့ လို့ရတယ်"
အဲ့အချိန်မှာပဲ ဒါရိုက်တာ ချင်ဟာ လမ်းလျောက်လာပြီး ပြောလိုက်ပါတယ်။
"နောက်တစ်ခန်းရိုက်ဖို့ အလျင်မလိုသေးဘူး။နောက်တစ်ခန်း အတွက်လိုအပ်တဲ့ ခွေးက အဆင်မပြေသေးဘူး ဖြစ်နေတယ်။ဆရာလီကတော့ သူ့ကို ကူညီပြီး တည်ငြိမ်အောင် ကြိုးစားပေးနေတာပဲ"
*ဝုတ် ဝုတ် *
သိပ်မဝေးတဲ့ တစ်နေရာမှာ ခွေးကြီး အကြီးကြီးဟာ ကျယ်လောင်ပြီး..ဒေါသထွက်စွာ ဟောင်နေခဲ့ပါတယ်။
ရူဇီလီ ဟာ ရှုပ်ထွေးစွာ မေးလိုက်တယ်။
"ဘလက်ကီ လေးက မနေ့ကအထိ အကောင်းအတိုင်း ရှိတေသေးတာ မဟုတ်ဘူးလား...။အခု ဘာမှား နေလို့လဲ မသိဘူး..။မနက်ကတည်းက ဆက်တိုက် ဟောင်နေတာ.."
အဲ့အချိန်မှာပဲ လူငယ်လေးတစ်ယောက်ဟာ လာသတင်းပို့လိုက်တယ်။
"ဒါရိုက်တာ ချင်, ကျွန်တော်တို့ ဒီနေ့ ရိုက်ကွင်းရှေ့ဆက်လို့ အဆင်မပြေတော့မှတောင် ကြောက်မိတယ်။ဘလက်ကီက အခုအထိ မပူးပေါင်းသေးဘူး"
ဒါရိုက်တာ ချင်ဟာ သူ့အစီအစဥ် ကြံ့ကြာတော့မှာကို တွေးပြီး စိတ်မရှည်တော့ပါဘူး။
"ဆရာလီ ..ကျွန်တော်လည်း ရွေးချယ်စရာ မရှိတော့ဘူး။သူ့ကို..ချော့ပြီးတော့ အဆင်ပြေအောင် လုပ်ပေးလို့ မရဘူးလား.."
ဆရာလီ ဟာ..ဒါရိုက်တာ ချင်ရဲ့ စကားကို ကြားပြီး ကြောင်အသွားခဲ့တယ်။
"ချော့ရမယ်.ဟုတ်လား ။ကျုပ်က ခွေးမဟုတ်ဘူးလေ..သူဆက်တိုက်ဟောင်နေတာကို နားမလည်နိုင်မှတော့ ဘာနဲ့ သွားချော့ရမှာလဲ"
ရူဇီလီဟာ ကြည့်လိုက်တယ်။
"ဒီနေ့အတွက် အဓိက ရိုက်ရမှာက ဘလက်ကီ နဲ့ ညီမပဲ။ဒါရိုက်တာ ချင် ဇာတ်ညွှန်းကို ပြောင်းဖို့ နည်းလမ်းမရှိတော့ဘူးလား။တစ်ခြား တစ်ခုခုကို ပြောင်းပြီးရိုက်တာက ဘလက်ကီကို ပူးပေါင်းခိုင်းတာထက် ပိုအဆင်ပြေမယ် ထင်တယ်"
ဒါရိုက်တာ ချင် အခြေအနေက ရှုပ်ထွေးနေတာသိပါတယ်။အစက သူ ဘလက်ကီ ကို အရေးမပါတဲ့ အခန်းကပဲ လို့ထင်ထားပေမယ့်လည်း ဘလက်ကီက ဇာတ်လမ်းက ကျောရိုးမှာပါနေပြီး..ဇာတ်ဆောင်ကို ရှေ့ဆက်နိုင်အောင် ကူညီပေးရမှာပါ။
ဒီရိုက်ကွက်ကို ပြောင်းရိုက်တာက လွယ်ပေမယ့်လည်း..နောက်ပိုင်းကျရင် ဒီရိုက်ကွက် ကို ပြန်မြင်ယောင်တဲ့ အခန်းမှာ ထည့်ပေးရဦးမှာပါ။ဇာတ်လမ်းထဲမှာ ရူဇီလီ က စစ်ပွဲ ဆင်နွဲချင်နေတဲ့ လူတစ်ယောက်ရဲ့ ဇနီးဖြစ်ပြီး..ဒီလူကလည်း အိမ်ကို အတော်ကြာတဲ့ အထိပြန်မလာတော့ပါဘူး။ဒါကြောင့် ရူဇီလီက.ဘလက်ကီ နဲ့ အတူ ထွက်ပြီး ရှာတဲ့ အခန်းကို ရိုက်ရမှာပါ။
ရှည်လျားတဲ့ ခရီးကြီး အပြီးမှာ ရူဇီလီဟာ သူ့ယောက်ျား တိုက်ခဲ့တဲ့ စစ်ပွဲနေရာကို ရောက်သွားခဲ့တယ်။များပြားလှတဲ့ အလောင်းကောင်တွေရဲ့ ကြားမှာ သူ့ယောက်ျား အလောင်းကို တွေ့သွားပြီး ဝမ်းနည်းစွာနဲ့ အိမ်ကို လှည်းနဲ့ အတူ ပြန်သယ်လာတဲ့ အခန်း ရိုက်ရမှာပါ။သူ့ သခင်ကို ပြန်တွေ့လာတဲ့ ဘလက်ကီကတော့ ဘေးနားမှာ မှိုင်တွေနေလို့ပါ။
"ဒါက ပြောင်းလို့မရဘူးလေ။ဘလက်ကီကို ဖယ်လိုက်ရင် တစ်ခုခု လိုနေသလို ဖြစ်သွားမှာပေါ့။ငါတို့ လုပ်နိုင်တာဆိုလို့ စောင့်ကြည့်ဖို့ပဲ တတ်နိုင်တော့တယ်"
ဒီခွေးက တစ်ချိန်လုံး ပူးပေါင်းဆောင်ရွက်လာပြီး အရေးကြီးတဲ့ အခန်းရောက်မှ ထဖြစ်တာလည်း သူလည်း နားနလည်တော့ပါဘူး။
လောလောဆယ် အခက်ခဲဆုံးပြသနာ က အဲ့ခွေးကို ထိန်းချုပ်ဖို့ ဖြစ်နေခဲ့ပါပြီ။
ခွေးလေ့ကျင့်သူဟာ ဆရာလီကို ပြောလိုက်တယ်။
"ကျွန်တော်လည်း အကြံကုန်နေပြီ။ကျွန်တော်တို့ မနက်ဖြန်အထိစောင့်ပြီး အခြေနေ ဘယ်လိုနေမလဲ လေ့လာမှ ရမယ်ထင်တယ်"
ဒါရိုက်တာ ချင်ဟာ ခေါင်းငြိမ်ယုံပဲ တတ်နိင်ပါတော့တယ်။
"ငါတို့ ဒီနေ့ ဒီလောက်ပဲ ထားရတော့မယ် ထင်တယ်။ရိုက်ကွက်အားလုံးက ဘလက်ကီ ပါမှရမှာလေ။သူ စိတ်ကြည်တဲ့ အချိန်ထိစောင့်ကြည့်လိုက်..မပူးပေါင်းဘူးဆိုတာ မဖြစ်နိုင်ဘူး"
ဝမ်မင်ယန် ဒီအခြေအနေကို ကြည့်ပြီး လင်းဖန်ကို အလျင်အမြန်မေးကြည့်လိုက်တယ်။
"မင်းခွေးတွေနဲ့ ဆက်သွယ်နိုင်တယ် မဟုတ်ဘူးလား"
ဒီစကားကို ကြားတဲ့အချိန်မှာ လူတိုင်း ဟာလင်းဖန်ကို ဝိုင်းကြည့်လိုက်တယ်။ဝမ်မင်ယန် ဘာကို ဆိုလိုတာလဲ..သူတို့ နားမလည်ကြပါဘူး။
ဆရာ လီက.. ခွေးတွေ အကြောင်းကို ကောင်းကောင်းသိထားပြီး ဒီလိုမျိုး ခွေးတွေနဲ့ ဆက်သွယ်နိုင်တယ် ဆိုတာ လုံဝ မယုံကြည်ပါဘူး။
လင်းဖန် လည်း သိပ်မသေချာပေမယ့် စမ်းသပ်ကြည့်ချင်ပါသေးတယ်။
"အလုပ်ဖြစ်မလား.တော့ကျုပ် လည်း သေချာမသိဘူး"
ဒါရိုက်တာ ချင်ဟာ အံ့သြသင့်ပြီး မေးလိုက်တယ်။
"သူဌေး ဝမ်..ဒါက ဘာကို ဆိုလိုတာလဲ.."
သူ ဝမ်မင်ယန် ပြောလိုက်တာကို နားမလည်နိုင်ပါဘူး။သူတို့မှာ ထူးခြားတဲ့ စွမ်းရည်တွေ မရှိရင်..တိရစ္ဆာန်တွေနဲ့ စကားပြောဖို့ ဆိုတာက မဖြစ်နိုင်တဲ့ အရာပါ။
ဝမ်မင်ယန် ပြောလိုက်တယ်။
"ဒါဘယ်သူလဲ ခင်ဗျားမသိဘူးလား။ခွေးတွေ အများကြီးက ပျောက်သွားတဲ့ ကလေးကို ရှာဖွေပေးတယ် ဆိုတဲ့ သတင်းကို မဖတ်ဖူးဘူးလား.."
"ကျုပ် အဲ့သတင်းကို သိတယ်လေ။ကျုပ်တောင် ဘယ်နှစ်ခေါက်မှန်းမသိ ပြန်ကြည့်လိုက်သေးတယ်။ခင်ဗျား ပြောချင်တာက...."
ဒါရိုက်တာချင် အံ့သြသင့်စွာ ပြောလိုက်တာပါ။
"ခင်ဗျား ပြောတာ မှန်တယ်။သူက ခွေးတွေကို ထိန်းချုပ်ခဲ့တဲ့ လူပဲ။ဘာလို့ သူ့ကို..ဘလက်ကီ ဆီခေါ်သွားပြီး မစမ်းကြည့်ခိုင်းတာလဲ..."
ဝမ်မင်ယန် ပြုံးပြီး ပြောလိုက်တယ်။
လင်းဖန် ဝင်ပြောလိုက်ပါတယ်။
"ကောင်းပြီး ကျုပ်လုပ်နိုင်မလား မသေချာသေးပါဘူး"
ဒါရိုက်တာ ချင် ပြောလိုက်တယ်။
"မာစတာ လင်း..အကောင်းဆုံးကြိုးစားပေးပါဦး။အောင်မြင်ရင် အကြီးကြီး ကျေးဇူးတင််ပါ့မယ်"
ဆရာ လီက တော့ လင်းဖန် ခွေးတွေ အများကြီး ကို ထိန်းချုပ်ပြီး လူကယ်တင်ခဲ့တယ် ဆိုတာကို မယုံကြည်ပါဘူး။သူ သတင်းမှာ စတွေ့ကတည်းက သံသယဖြစ်နေခဲ့တာပါ။လင်းဖန် လူပ်သွားခဲ့တဲ့ အရာတွေက မယုံကြည်နိုင်စရာပါပဲ။
ဆရာလီ ကျွမ်းကျင်တဲ့ လူတော်တော် များများကို ဒီအဖြစ်အပျက် မှန်နိုင်ခြေ ကို ဆွေးနွေးကြည့်ခဲ့ပါသေးတယ်။သူတို့တွေရဲ့ အဖြေကလည်း လုံးဝ မဖြစ်နိုင်ဘူး ဆိုတာပါပဲ။ခွေးတွေကို သေချာ လေ့ကျင့်ပေးထားရင်တောင် ဒီလို လုပ်နိုင်ဖို့ဆိုတာက ခက်ခဲလွန်းလှပါတယ်။
လူသားတစ်ယောက်က ခွေးနဲ့ ဆက်သွယ်တယ် ဆိုတာကတော့ ပုံမှန်ထက်ကို ကျော်လွန်နေပါပြီ။
လူတွေဟာ..တစ်စုံတစ်ယောက် ဘလက်ကီနဲ့ ဆက်သွယ်တော့မယ် ဆိုတာကို ကြားပြီး ဝိုင်းလာခဲ့တယ်။ဘယ်လို့ လူမျိုးက ဒါမျိုး လုပ်နိုင်မလဲ ဆိုတာ သူတို့ သိချင်နေကြပါတယ်။
"ဘလက်ကီ နဲ့ စကားပြောမယ်တဲ့..ဒါပထမဆုံးကြားဖူးတာပဲ.."
နည်းပညာရှင် ဟောင် ပြောလိုက်တာပါ။
ကင်မရာ မန်းက ပြန်ပြောလိုက်တယ်။
"ဆရာလီ တောင် တိုင်ပင်နေတာ..ကျန်တဲ့လူက ဘာတတ်နိုင်မှာလဲ..."
လင်းဖန် ဘလက်ကီ ရှေ့ကို ရောက်တာနဲ့ တန်းမေးလိုက်တယ်။
"ဘာဖြစ်တာလဲ..မင်းဘာလို့ ပြာယာခတ်နေတာလဲ.."
ဘလက်ကီ :: ဝုတ် ဝုတ်..
ဘလက်ကီ အသံကြားတာနဲ့ပြန်ပြောလိုက်တယ်။
"အိုး ငါသိပြီ .အရမ်းပူလောင်နေပြီး..လေကောင်းလေသန့် မရလို့ပေါ့ ဟုတ်လား..."
ဘေးနားမှာ ရှိနေတဲ့ လူတွေက တော့ လင်းဖန်ကိုစတင်ပြီး မေးခွနိး ထုတ်ချင်နေကြပါပြီ။
တစ်စုံတစ်ယောက်က ဘယ်လို ဖြစ်ပြီး ခွေးနဲ့ စကားပြောနိုင်မှာလဲ....
"ဘာတွေ ဖြစ်နေတာလဲ..ခွေးက နှစ်ခါပဲ ဟောင်ရသေးတယ် သူက ဘာကို နားလည်သွားတာလဲ.."
ဆရာလီ မျက်မှောင်ကျုတ်ပြီး ပြောလိုက်တယ်။
"ခွေးတွေရဲ့ အာရုံကြောတွေက လူတွေ ပြောတာကို နားမလည်နိုင်ပေမယ့် ခံစားပြီး တော့ သိရှိနိုင်တယ်။ခွေးက ..သူ့ကို စကားပြောနေမှန်း သိလို့ နှစ်ခါဟောင်ပြီး..ပြန်ပြောတာပဲ။ဒါပေမဲ့ ငါသိသလောက်ကတော့..ဒီကမ္ဘာပေါ်မှာ ဘယ်သူမှ ခွေးဟောင်သံရဲ့ အဓိပါယ်ကို နားမလည်ဘူး"
မိနစ်အနည်းငယ် ကြာပြီးနောက်တွင်။
လင်းဖန် မတ်တတ်ရပ်ပြီး ပြောလိုက်တယ်။
"ဒါရိုက်တာ ကျန်း..ဘလက်ကီက ထပ်ပြီး ပြသနာပေးမှာမဟုတ်တော့ဘူး။သူ့ရိုက်ကွက်ပြီးရင်သာ လေကောင်းလေသန့်ရတဲ့ နေရာကို ခေါ်သွားလိုက်။ကျွန်တော့်ကို ဘလက်ကီ သရုပ်ဆောင်ရမယ့် အခန်းကို ဘာလို့ မပြောတာလဲ။ကျုပ် သူသိသွားအောင် ကူ ရှင်းပြလို့ ရတယ်လေ.."
ဒါရိုက်တာ ချင်ဟာ လင်းဖန်ရဲ့ စကားကို ကြားတဲ့ အချိန်မှာ အံ့သြသွားခဲ့ပါတယ်။
ခွေး သရုပ်ဆောင်ရမယ့် အခန်းကို ရှင်းပြပေးမှာလား..
သူနောက်နေတာပဲ ဖြစ်ရမယ်။
ဒါပေမဲ့ လင်းဖန်ရဲ့ အမူအရာက လုံးဝ နောက်နေတဲ့ ပုံစံ မရှိပါဘူး။ထပ်ပြောရရင် ဘလက်ကီကလဲ ဟောင်တာ ရပ်တန့်သွားပြီး သူ့ကို ကြည့်နေခဲ့ပါတယ်။
ဆရာလီက လည်း လင်းဖန် ရဲ့ မယုံကြည်နိုင်စရာ မပြုအမူကြောင့် အံ့သြနေခဲ့ပါပြီ။