← Chapters

ခွေးကို တီဗီပေါ်မှာ ပိုပြပေးလိုက်..

Vol. 16 Ch. 228

ခွေးကို တီဗီပေါ်မှာ ပိုပြပေးလိုက်..

Vol. 16 Ch. 228

ဘေးနားက လူတွေကတော့ အံ့သြသွားခဲ့ကြတယ်။ဒီလို ကိစ္စမျိုးက ဘယ်လို ဖြစ်ပျက်သွားခဲ့တာလဲဆိုတာ သူတို့ နားမလည်နိုင်ကြပါဘူး။

ဒါပေမဲ့ ဘလက်ကီ တည်ငြိမ်သွားတာကို ကြည့်ချင်းအားဖြင့်..လင်းဖန် ခွေးနဲ့ ဆက်သွယ်နိုင်တယ် ဆိုတာ ကိုယုံကြည်လိုက်ကြတယ်။

ဒီလို မျိုး ဘယ်ကမှန်းမသိတဲ့ လူက ဘလက်ကီ ကို လာပြီး အဆင်ပြေအောင် လုပ်ပေးနိုင်မယ် လို့ မထင်ထားခဲ့ကြပါဘူး။

တစ်ခြားတစ်ဖက်မှာတောင် ဆရာလီဟာ ဘလက်ကီ ပြန်အဆင်ပြေအောင် တစ်မနက်ခင်းလုံး ဖင်ကုန်းပြီး ကြိုးစားခဲ့တာတောင် ဘာမှ အရာမထင်ခဲ့ပေ။

ရူဇီလီ ဟာ ဘလက်ကီ ပြန်တည်ငြိမ်သွားတာကိုမြင်တဲ့ အချိန်မှာတော့ ဝမ်းသာ သွားခဲ့ပါတယ်။

"ဝိုး..မင်ယန်..လင်းဖန်က တကယ်ကို ဘာသာစကား ကျွမ်းကျင်ပညာရှင် အဖြစ်သတ်မှတ်သင့်နေပြီ"

ဝမ်မင်ယန်ဟာလည်း ရယ်မောပြီး ပြောလိုက်တယ်။

"ဟားဟား ကြည့်ရတာ ငါနောက်ထပ်..ဝင်ငွေကောင်းမယ့် စီးပွားရေးတစ်ခုထပ်လုပ်မှထင်တယ်။ ခွေး လေ့ကျင်းရေး စင်တာတစ်ခု ဖွင့်ပြီး လင်းဖန်ကို ဥက္ကဌ ခန့်ထားရမယ်"

ဒါရိုက်တာ ချင်ဟာ ဆွံ့အနေခဲ့တယ်။သို့ပေမယ့် လင်းဖန်ရဲ့ တည်ကြည်တဲ့ မျက်နှာကို မြင်တဲ့ အချိန်မှာ ခွေးလုပ်ရမယ့် ဇာတ်ညွှန်းကို ရှင်းပြလိုက်ပါတယ်။

"ရူဇီလီ ငါမင်းကို..ဟုတ်ပြီး .ဘလက်ကီ အတွက်ကတော့..သူဘေးနားမှာ အေးဆေးနေပြီး..မရှုပ်ရင်ပဲ ရပါပြီ"

လင်းဖန် နားထောင်လိုက်ပြီး.ဘလက်ကီအတွက် .သရုပ်ဆောင်ပိုင်းတွေ ဇာတ်ညွှန်းတွေ အများကြီး သိပ်မရှိတာ သိလိုက်ရတယ်။ဒီ ဇာတ်လမ်းက သူတို့ရဲ့အချစ်ကို ဆုံးရှုံးခဲ့ရတဲ့ ခံစားချက်..တွေ ပါဝင်နေခဲ့ပါတယ်။

လက်ရှိအနေအထားအရ အဓိက ဇာတ်ရုပ်က ရူဇီလီဆီမှာ ဖြစ်ပြီး..ဘလက်ကီ အတွက်ကတော့ ဘေးနားမှာ ရှိနေပြီး ..ရူဇီလီကို အထောက်အကူပြုနေရင် လုံလောက်ပါပြီ။

လင်းဖန် ခေါင်းညိမ့်လိုက်တယ်။

"အိုကေ..ခင်ဗျားပြောတာ သဘောပေါက်ပြီ.ဘလက်ကီကို ကျွန်တော် ပြောလိုက်မယ်"

ဒါရိုက်တာ ချင် တစ်ခုခုပြောချင်ပေမယ့်လည်းလင်းဖန် ဘလက်ကီ နဲ့ စကားပြောလိုက်ဦးမယ် ဆိုတဲ့ စကားကြောင့် ဘာမှ ထပ်မပြောတော့ပါဘူး။

လင်းဖန် ဘလက်ကီနား သွားလိုက်တယ်။ယင်းနောက် သူ ဘလက်ကီ ခေါင်းကို ပုတ်ကာ တိုးတိုးတိုးတိုးရှငိးပြနေခဲ့ပြီ..ဘလက်ကီ ကလည်း တစ်ချကိတစ်ချက် ဟောင် ကာပြန်ပြောနေခဲ့ပါတယ်။သူတို့ ပြောနေကြတာ မိနစ်သုံးဆယ်လောက်ကြာပါတယ်။

ဒါရိုက်တာ ချင်..လင်းဖန်စကားပြောကို ကြည့်နေရင်း တွေးလိုက်တယ်။

ဒီနေ့ကအတော် ထူးဆန်းတဲ့နေ့ပဲ...ဘလက်ကီ ဒီလို ပြန်တည်ငြိမ်သွားတာ ကံကောင်းတယ်ပဲ ပြောရမယ်....

"အားလုံးပဲ နေရာယူကြ..ကင်မရာ ရယ်ဒီပြင်..ဇာတ်ကွက် ၁၀၂ ကို အဆုံးသတ်လိုက်ကြရအောင်..."

........

ဝမ်မင်ယန် သိချင်စိတ်နဲ့ မေးလိုက်တယ်။

"မင်းခွေးကို ဘာတွေပြောလိုက်တာလဲ..."

လင်းဖန် ရယ်မောလိုက်တယ်။

"သူ ဘယ်လို သရုပ်ဆောင်ရမလဲ ဆိုတာ သင်ပေးလိုက်တာ"

"ချီးပဲ..ငါ့ကို လာ မကစားချင် စမ်းနဲ့..။ခွေးတွေသာ သရုပ်ဆောင် တတ်ရင် ..ဝက် တွေလေပေါ်မှာပျံသန်းနေလိမ့်မယ်"

ဒီလူတွေ ဘလက်ကီ လည်း သရုပ်ဆောင် တတ်တယ် ဆိုတာ ဘာလို့ မယုံကြည်ကြမှန်း လင်းဖန် နားမလည်ပါဘူး။ဒါပေမဲ့ သူ ဘလက်ကီ နဲ့ ဆက်သွယ် အပြီးမှာ ဘလက်ကီလည်း ကြည့်ရူသူတွေရဲ့ နှလုံးသားကို ကိုင်လှုပ်နိုင်အောင် သရုပ်ဆောင် တတ်တယ် ဆိုတာ သိလိုက်ရပါတယ်။

လူတိုင်းဟာ လင်းဖန် ဘလက်ကီ ကို ဘာပြောပြီး ဘလက်ကီက ဘာပြန်ပြောလဲ ဆိုတာတော့ သိချင်နေကြပါတယ်။ဒါပေမဲ့ ဒါက သိပ်တော့ပြသနာ မရှိပါဘူး...ဘလက်ကီ အဆင်ပြေပြေ ပူးပေါင်းသ၍ တော့..အကုန်အဆင်ပြေသွားမှာပါ။

အရာရာတိုင်းကို ပြင်ဆင်ပြီးသွားပြီး ရိုက်လက်စနေရာကနေ ဆက်ရိုက်ဖို့ ပြင်ဆင်နေကြပါပြီ။

ရူဇီလီဟာ သူမရဲ့ ရိုက်ကွင်း ဝတ်စုံကို ဝတ်လိုက်ပြီး..မိတ်ကပ်ပြင်ဆင်လိုက်တဲ့ အချိန်မှာတော့ အမှန်တကယ် ဆင်းရဲတဲ့ လယ်သူမ တစ်ယောက်လိုပါပဲ။

လှည်းပေါ်မှာ တုံးလုံးလှဲနေတဲ့ လူသေကောင်တော့ အဓိက ဇာတ်ရုပ်တွေ ထဲကတစ်ယောက်ပါ။သူတို့ ကုန်ကျစရိတ်တွေ နည်းအောင်.သူကို ဗုံးထိပြီး ဘာမှမမြင်ရပဲ သေသလို ဇာတ်ညွှန်းရေးထားခဲ့ပါတယ်။

မိန်းကလေး ဇာတ်ဆောင်က ဒီရုပ်မပေါ်တဲ့အလောင်းကောင် ကြီးကို သူ့ယောက်ျားအဖြစ်ဖော်ပြဖို့ကတော့ ရဲစွမ်းသတ္တိရှိတဲ့ မိန်းကလေးရဲ့ မျက်နှာ အမူအရာမှာပဲ မူတည်တော့မှာပါ။

သူတို့ အလောင်းကောင်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်ဖို့ အတွက် နှစ်ထပ်တောင် ထပ်ထားခဲ့ပါတယ်။

အားလုံးဟာ ဘယ်လိုတွေ ဖြစ်လာမလဲ မသိပေမယ့် အကောင်းဆုံးဖြစ်လာဖို့သာ မျှော်လင့်ရပါတော့မယ်။

ဒါရိုက်တာ ချင် အရာရာတိုင်းက အဆင်သင့်ဖြစ်နေပြီ ဆိုတာကို သိလိုက်ပြီး..စတင်ရိုက်ကူးဖို့အချက်ပြလိုက်တယ်။

"ရယ်ဒီ...1.စတော့.."

ရူဇီလီဟာ အလျင်အမြန် ဇာတ်ရုပ်အတိုင်းပြောင်းသွားပြီး ဝမ်းနည်းတဲ့ ပုံစံဖြစ်သွားခဲ့တယ်။သူမျက်နှာကို ကြည့်ယုံနဲ့ နှစ်ပေါင်းများစွာပျောက်ဆုံး သွားတဲ့..ယောက်ျားရဲ့ အလောင်းကို တွေ့လိုက်ပြီ ဆိုတာ ပြောနိုင်မှာပါ။

သူမ အိုပြီး ဟောင်းနွမ်းနေတဲ့ လှည်းလေးကို တွန်းနေတဲ့ အချိန်မှာတော့..ဘလက်ကီဟာ ဘေးနားမှာ လမ်းကို ဖြည်းဖြည်းလျောက်နေလို့ပါ။

ကင်မရာ ဇွန်ဟာ ရူဇီလီ နဲ့ လှည်းကို သာ အဓိကထား ရိုက်နေခဲ့ပြီး..ဘလက်ကီဟာ စခရင် ထဲမှာတောင် သိပ်မပါခဲ့ပါဘူး။

ဒါရိုက်တာ ချင် လှုပ်ရှားလာခဲ့တယ်။တကယ်အရေး​ကြီး တဲ့ အခန်းက ရောက်လာခဲ့ပါပြီ။

လှည်းက တစ်ခုခုနဲ့ တိုက်မိတဲ့ အချိန်ကျရင်အလောင်းကောင်က ပြုကျသွားရမှာပါ။အဲ့အချိန်မှာ ရူဇီလီဟာ..အလောင်းကောင် အပေါ်ပြန်မတင်ခင် ပွေ့ဖက်ပြီး အနည်းငယ် ငိုကြွေးရဦးမှာ ဖြစ်ပြီး..ဘလက်ကီ အဲ့အချိန်မှာ ရုတ်တရက် အဝေးကို ထွက်ပြေးသွားမှာကို သူက ကြောက်တာပါ။

သူ ဘလက်ကီ အနားမှာ ငြိမ်ငြိမ် လေးနေဖို့သာ ဆုတောင်းနေခဲ့ပြီး..အဲလိုဆိုရင်.ဇာတ်ကွက်က လုံဝ ပြည့်စုံသွားပါပြီ။

ဒါပေါ့ ဒါက ရိုးရှင်းပေမယ့်လည်း ခွေးတွေရဲ့ စိတ်က ဘယ်သူမှ ခန့်မှန်းလို့မရပဲ..ဘယ်ချိန်ဘာထလုပ်မလဲ မပြောနိုင်ပါဘူး။

* ဂျိန်း *

လှည်းဟာ တိုက်မိသွားတယ်။လှည်းပေါ်ကနေ အလောင်းကောင်းဟာ ပြုတ်ကျသွားခဲ့ပါပြီ။ရူဇီလီဟာ အလောင်းကောင်းဆီကို အလျင်အမြန်ိသွားပြီး ပွေ့ဖက်လိုက်ပါတယ်။

တစ်ချိန်းတည်းမှာပဲ လင်းဖန် ဘလက်ကီကို အချက်ပြလိုက်တယ်။

အဲ့အချိန််မှာတော့ လူတိုင်း ဘလက်ကီ လုပ်တာကို မြင်ပြီး အံ့သြသင့်သွားကြပါတယ်။

*ဝုတ် ဝုတ်*

ဘလက်ကီဟာ အလောင်းကောင်ဆီသွားပြီး အက်ျီစကို ကိုက်ကာ လှည်းဆီ ပြန်ဆွဲပေးဖို့ လုပ်နေခဲ့တာပါ။သူ ဆွဲနေတဲ့ အချိန်မှာ ဇာတ်လမ်းဟာ ဇာတ်ရှိန်တက်နေပြီး..လူတစ်ယောက်ကို မျက်ရည်ကျစေဖို့ လုံလောက်ပါတယ်။

ဘလက်ကီ ရဲ့မျက်နှာမှာတော့..ပူဆွေးဝမ်းနည်းမူတွေ ပြည့်နေခဲ့ပါပြီ။

ဒါရိုက်တာ ချင်ဟာ ဒါကို မြင်ပြီး ရေရွတ်လိုက်တယ်။

"ချီးပဲ.."

ကင်မရာတွေ မိန်းကလေး ဇာတ်ဆောင်ကိုပဲ ဦးစားပေးရိုက်နေတာကို ကြည့်ပြီး သူအော်ဟစ်လိုက်ပါတယ်။

"ကင်မရာ တွေကို ခွေးဘက်ကို လှည့်...."

"ရပ်ရပ်..ရပ်တော့..."

ဒါရိုက်တာ ချင်ဟာ လုံဝကို ဆွံ့အနေခဲ့ပါပြီ။

"ရှောင်ကျန်း မင်းဘာတွေ တွေးနေတာလဲ။မင်းခွေးကို ဘာလို့ တစ်ပိုင်းတစ်စတွေပဲ ရိုက်ဖို့ လုပ်နေတာတုန်း။ခွေးသရုပ်ဆောင်နေတာ မတွေ့ဖူးလား..။ဒါက အနည်းဆုံး ဇာတ်ကားကို 0.5 လောက် ကြည့်ရူနှုန်း တက်စေလိမ့်မယ်"

ရှောင်ကျန်း ခေါင်းငုံ့ပြီး နောင်တရစွာ ပြောလိုက်တယ်။

"တောင်ပန်းပါတယ် ဒါရိုက်တာ ချင်။ကျွန်တော် လည်း မထင်ထားဘူးလေ...."

ဒါရိုက်တာ ချင်ဟာ မတတ်နိုင်စွာပဲ ကြည့်လိုက်ပါတယ်။ကင်မရာ မန်း. ဘလက်ကီကို အပြည့်အဝ မရိုက်ရဲတာက တစ်ခုခု နှောက်ယှက်မှာ ကြောင့်ဆိုတာ သူသိထားပြီးသားပါ။

ဘေးနားက အလုပ်သမားတွေတောင် အံ့သြနေခဲ့ကြပါတယ်။

ဘလက်ကီ ဒီလို သရုပ်ဆောင်မူမျိုး လုပ်နိုင်မယ်လို့ ဘယ်သူမှ မထင်ထားမိခဲ့ကြပေ။

လင်းဖန် ခေါင်းညိမ့်လိုက်ပြီး..

"ဒါရိုက်တာ ချင်..စိတ်မပူပါနဲ့.။နောက်တစ်ခေါက်ပြန်ရိုက်လို့ ရတယ်လေ...။ဘလက်ကီ အဆင်ပြေမှာပါ"

ဒါရိုက်တာ ချင် လင်းဖန်ကို လက်မထောင်ပြလိုက်တယ်။လင်းဖန် ဒီလောက် အချိန်ခနလေးအတွင်းမှာ ဘလက်ကီကို သင်ပေးနိုင်ခဲ့မယ် လို့ မထင်ထားခဲ့ပါဘူး။

"ရှောင်ကျန်း..ခွေးကို စခရင်ပေါ် ကို ပိုပြီးအသားပေးရိုက်ကူးပါ။သူ့ကို အလင်း များများ ထည့်ပေးရင် အကောင်းဆုံးပဲ။ငါ ဒီတစ်ကြိမ်ကို နောက်ဆုံး အကြိမ်အဖြစ်ရိုက်ကူးချင်တယ်"

"ကောင်းပါပြီ ဒါရိုက်တာ"

ရူဇီလီဟာ ဘလက်ကီ..အလောင်းကောင်ကို လှည်းဆီ ဆွဲသွားတော့ အံ့သြမိတာက ပုံမှန်ပါပဲ။

အလောင်းကောင် အဖြစ်သရုပ်ဆောင်နေတဲ့ လူဟာ သူ့ကို ဘလက်ကီ လာဆွဲတော့..ခွေးကိုက်ခံရပြီ လို့တောင် ထင်လိုက်မိတာပါ။

ဒါရိုက်တာ ချင် အကုန်လုံးကို ကြည့်လိုက်ကာ ခေါင်းညိမ့်ပြီး ပြောလိုက်တယ်။

"အိုကေ...စမယ်"

All Chapters