အပိုင်း ( ၂၂၉ ) ဘလက်ကီလေး အပြည့်အဝပြုစုမှုကို လိုနေပြီ..
Vol. 16 Ch. 229
ဘလက်ကီ ကတော့ ဒေါသထွက်နေခဲ့ပါပြီ။
ဒီလူတွေက ဘာတွေဖြစ်နေတာလဲ...
ငါ သူတို့ပြောတဲ့ အတိုင်းပဲ လုပ်တာလေ..အခု ထပ်လုပ်ပြန်ရတော့မှာလား....
သိူ့ပေမယ့် အဲ့အချိန်မှာပဲ သူ လင်းဖန်ကို ကတိပေးထားခဲ့တာ သတိရသွားခဲ့ပါတယ်။
နွေရာသီ နေ့များ.ဟာ အရမ်းပူပြီး..ဘလက်ကီ အတွက်ကတော့..အရမ်းပူလောင်တဲ့ အတွင်းအပူမီးတွေ ဖြစ်ပေါ်စေတာပါ။ဒါက ဘလက်ကီ အတွက်ကတော့..မခံစားနိုင်စရာပါပဲ။
ဒါရိုက်တာ ချင်ဟာ ဘလက်ကီ ရဲ့..သရုပ်ဆောင်ချက်တွေကို ကျေနပ်နေခဲ့တယ်။ဒါက လူတွေနဲ့တောင် သိပ်မကွာတဲ့ မျက်နှာသရုပ်ဆောင်ချက်ဖြစ်ပြီး..အတော်အဆင်ပြေတယ် လို့ ပြောလို့ရပါတယ်။
မဆိုးဘူး....
မဆိုးဘူး ..
ရူဇီလီလည်း လင်းဖန် ဒီလောက် အချိန်တိုလေးအတွင်းမှာ ဘလက်ကီကို လေ့ကျင့်ပေးနိုင်ခဲ့မယ် လို့ မထင်ထားခဲ့ပေ။
ကင်မရာ မန်းတွေဟာ လည်း ရူဇီလီရဲ့ မျက်နှာကို သေချာချိန်ထားပြီး ခံစားချက်တွေ ပြည့်နေတဲ့...ဇာတ်ဝင်ခန်းအတွက် ရယ်ဒီ ဖြစ်နေကြပါပြီ။
ဒီရိုက်ကွက်သာ ပြသနာ မရှိပဲ.. ဒါရိုက်တာ ချင်ရဲ့ စံချိန်စံညွှန်းတွေ နဲ့ ပြည့်မှီရင်..ဒီနေ့အတွက် တာဝန် က ပြီးဆုံးပြီလို့ ပြောလို့ရပါတယ်။
ကျန်တဲ့ အပိုင်းတွေကိုက တစ်ခြားနေရာမှာ သွားရိုက်ရမှာပါ။
ဝမ်မင်ယန် ပြုံးလိုက်ပြီး...
"လင်းဖန်..တကယ် အံ့သြဖို့ကောင်းတာပဲ။ငါ့ကိုလည်း ခွေးတွေနဲ့ စကားပြောနည်း သင်ပေးပါဦး"
လင်းဖန် သူ့ကို ကြည့်လိုက်တယ်။
"ခင်ဗျားက အရည်အချင်းမမှီဘူး"
ဝမ်မင်ယန်ဟာ ဆွံ့အသွားပြီး ပြန်ပြောလိုက်တယ်။
"ငါ အရည်အချင်းမမှီဘူး ဆိုတာ ဘာပြောတာလဲ.။မင်း မသင်ပေးချင်လို့ ပြောနေတာမလား.."
ရှောင်ကျန်းဟာ ရူဇီလီ ရဲ့ မျက်နှာကို အနီးကပ် ချိန်ထားခဲ့တယ်။ရူဇီလီ ရဲ့ အံ့သြစရာ သရုပ်ဆောင် ချက်က သာမန် ငယ်ရွယ်တဲ့..သရုပ်ဆောင် တွေယှဥ်နိုင်မှာ မဟုတ်ပါဘူး။
ဒါရိုက်တာ ကျန်းဟာ ကျေနပ်စွာနဲ့ ပြောလိုက်တယ်။
"တကယ် မဆိုးဘူး..တကယ်မဆိုးဘူး..အတော် အဆင်ပြေတယ်"
သို့ပေမယ့် သူခေါင်းမော့ ကြည့်လိုက်တဲ့ အချိန်မှာ အံ့သြသွားခဲ့တယ်။
ဘာတွေ ဖြစ်နေတာတုန်း...
ရူဇီလီဟာ ဇာတ်ညွှန်းအတိုင်း..လှည်းဘေးနားမှာ ဒူးထောက်နေပြီး.နီရဲနေတဲ့ မျက်လုံးတွေနဲ့ သရုပ်ဆောင်နေခဲ့ပါတယ်။လှည်းဘေးနားမှာ ဘာတွေ ဖြစ်နေလည်း သူမ သတိမထားမိပါဘူး
ဘလက်ကီကတော့ အလောင်းကောင်ကို ခေါင်းနဲ့ ဖြည်းညှင်းစွာ ပွတ်နေပြီး သူ့ရဲ့ ပိုင်ရှင်နှင့်အတူ နှစ်ပေါင်းများစွာ ကုန်ဆုံးခဲ့ရတဲ့ အချိန်ကို သတိရနေတဲ့ ပုံစံပေါက်နေခဲ့လို့ပါ။
ဘယ်လောက် ဝမ်းနည်းစရာ ကောင်းတဲ့ မြင်ကွင်းလဲ....
ဘလက်ကီဟာ...ဘေးနားမှာ လဲလျောင်းလိုက်ပြီး သူ့သခင်ကို ခေါင်းထောင်ကာ ကြည့်နေခဲ့တယ်။သူ မျက်နှာမှာပေါ်နေတဲ့..ဝမ်နည်းမူနဲ့ သူ့မျက်လုံးထဲမှာ ရှိနေတဲ့..မျက်ရည်တွေက..တကယ် အသဲကွဲစရာပါ။
ဘလက်ကီကို သေချာ ရိုက်ကူးပေးနေတဲ့ ရှောင်ကျန်း..တောင် ဒီသရုပ်ဆောင်.ချက်ကို ကြည့်ပြီး အံ့သြသွားခဲ့တယ်။
ဘယ်လိုဖြစ်နိုင်မှာလဲ...ခွေးတစ်ကောင်က ဘယ်လိုဖြစ်ပြီး.ဒီလို ခံစားချက်မျိုးကိုသရုပ်ဆောင်.နိုင်ရတာလဲ...
အလင်းအမှောင် ချိန်ညှိနေတဲ့...နည်းပညာ ရှင်တွေလည်း ခွေးကို ပိုပြီး အသားပေးဖို့ လုပ်လိုက်ကြပါတယ်။
ချီးပဲ....
ဒါရိုက်တာချင် စိတ်တိုစွာ ရေရွတ်လိုက်တဲ့ အခါမှာတော့ လူတိုင်း ဒါရိုက်တာ ချင်ကို ကြည့်လိုက်ကြတယ်။
"ဘလက်ကီ ကို စခရင် ပေါ်မှာ လုံလောက်အောင် ရိုက်ပြီးပြီလား..."
ရှောင်ကျန်း..အလျင်အမြန်ပဲ ပြန်ဖြေလိုက်တယ်။
"ဒါရိုက်တာ ကျွန်တော် ချိန်နေတုန်းပဲ.."
ဒါရိုက်တာ ချင် ဒေါသထွက်သွားခဲ့တယ်။
"ဒီရိုက်ကွင်းက တကယ် အံ့သြဖို့ကောင်းတယ်။ဒါက ဒီနှစ်ရဲ့အကောင်းဆုံး အခန်း ဆုကိုတောင် ရနိုင်တယ်။ဒီဇာတ်ကားကိုလည်း..ထပ်ပြီးအဆင့်မြင့်တင်နိုင်လိမ့်မယ်။ဒီအခန်းကို ကြည့်ရင် ပရိတ်သတ်တွေတော့ ငိုကြရတော့မှာ ကျိန်းသေပဲ။ဒါပေမဲ့..မင်း..မင်းက တစ်ချိန်လုံး စောက်တလွဲတွေလုပ်နေတော့ တာပဲ..."
ကင်မရာ မန်းဟာ အပြစ်ကင်းတဲ့ အကြည့်လေးနဲ့ ကြည့်လိုက်တယ်။သူ ဒီ အလုပ်လုပ်နေတာ ဆယ်နှစ်လောက် ရှိပြီး..အတော် ကျွမ်းကျင်တဲ့ အဆင့်ကို ရောက်နေခဲ့ပါပြီ။ဒီလိုမျိုး နှစ်ကြိမ်အထိ..အမှားလုပ်မိမယ်လို့ မထင်ထားခဲ့ပေ။
ခွေးက လူထက် ပိုသရုပ်ဆောင် တတ်နေမယ်လို့ ဘယ်လို ထင်ထားမိခဲ့မှာလဲကွာ...
အလင်းအမှောင် နည်းပညာရှင်....
"ခွေးက ဒီလောက် သရုပ်ဆောင်ပေးနေတာတောင် မင်းက ဘာလို နှစ်ကြိမ်လွဲအောင်လုပ်လိုက်ရတာလဲ..."
"ဒါက..ငါလည်း..."
"ငါ ဒီလောက် နှစ်တွေကြာနေတာတောင်..ဘလက်ကီလို သရုပ်ဆောင် တတ်တဲ့ ခွေးမျိုး မတွေ့ဖူးသေးဘူး။ခွေးတစ်ကောင်တောင် ဇာတ်ပို့ဆု့ ရသွားနိုင်တယ်နော်..."
"ဘာပဲဖြစ်ဖြစ် ဘလက်ကီလည်း အသိဥာဏ်ရှိတယ်လေ..ရိုက်ကွင်းတွေမှာ နှစ်ပေါင်းများစွာ လေ့လာပြီး..ဒီလို သရုပ်ဆောင်နိုင်တာ နေမှာပေါ့"
အဲ့အချိန်မှာတော့ လူတိုင်းဟာ ဘလက်ကီ ရဲ့ စွမ်းဆောင်ရည်တွေကို ဆွေးနွေး နေခဲ့ကြပါတယ်။သူတို့ ကိုယ်တိုင်သာ မမြင်ရရင် ခွေးတစ်ကောင်က ဒီလောက်ထိ သရုပ်ဆောင် တတ်တယ် ဆိုတာ ယုံကြည်နိုင်ကြမှာ မဟုတ်ပါဘူး။
ဆရာ လီ လည်း အံ့သြနေခဲ့ပါပြီ..သူ့လုပ်သက်တစ်လျောက်လုံး ဒါမျိုး အဖြစ်အပျက်ကို မမြင်ဖူး ခဲ့ပါဘူး။
ဒါရိုက်တာ ချင် ကြည့်ပြီး သက်ပြင်းချကာ ရေရွတ်လိုက်တယ်။
"ငါတို့ ဒီလို အံ့သြဖို့ ကောင်းတဲ့ သရုပ်ဆောင်ချက်ကို အပြည့်အဝ မရိုက်ကူးနိုင်လိုက်ဘူး။ဘယ်လိုတောင် ဖြုန်းတီးမူလဲ..."
အဖွဲ့သားတွေ လည်း စိတ်ပျက်နေခဲ့ကြပါတယ်။
"ဒါရိုက်တာ ချင် စိတ်မပပျက်ပါနဲ့..နောက်တစ်ကြိမ် ထပ်ရိုက်လို့ ရတာပဲ.."
ဒါရိုက်တာ ချင် အံ့သြသွားခဲ့တယ်။
"ဘလက်ကီ သရုပ်ဆောင်သွားတာ တွေက အရမ်းကောင်းလွနိးတယ်..။သူ ခုနက လို ပြန်သရုပ်ဆောင် နိုင်ပါ့မလား.."
လင်းဖန် ပြုံးလိုက်ပြီး .
"အဆင်ပြေမှာပါ..။ဘလက်ကီက အနည်းငယ် စိတ်ပျက်မှာ ဖြစ်ပေမယ့်လည်း..သူက ကိုယ်ကျင့်တရား ကောင်းတဲ့ ခွေးတစ်ကောင်ပါ"
ဒါရိုက်တာ ချင် လင်းဖန် ရဲ့ ယုံကြည်မူရှိတဲ့ အပြုံးကို မြင်ပြီး အဖွဲ့သားတွေဘက်ဘက်လှည့်ကာ ပြောလိုက်တယ်။
"အားလုံးပဲ..နားထောင်ကြဦ..။ငါ ဇီလီ ကိုရော..ဘလက်ကီကိုရော မြင်ကွင်းထဲမှာ ပေါ်တာ မြင်ချင်တယ်။ထပ်ပြီး မမှားယွင်းစေနဲ့...။ဘလက်ကီလေး..မျက်ရည် စကျပြီ ဆိုတာနဲ့ သူ့ကိုအသားပေး ရိုက်တော့ ဟုတ်ပြီလား..."
ဘလက်ကီ ရဲ့ အံ့သြဖွယ်ရာ သရုပ်ဆောင် ချက်ကြောင့်သာ မဟုတ်ရင် သူ နားပြီး နေတာကြာပါပြီ။သို့ပေမယ့် ဘလက်ကီ ရဲ့ သရုပ်ဆောင်ချက်တွေက ကောင်းတော့ မချန်ထားခဲ့ချင်ပါဘူး။
ရှောင်ကျန်း..ဒါရိုက်တာ ချင်ကို ခေါင်းညိမ့်ပြလိုက်တယ်။သူဒီတစ်ကြိမ် မမှားအယွင်း လုပ်တော့မှာ မဟုတ်ပေ။
"အားလုံး အဆင့်ပြင်.အလင်း..ကင်မရာ...အက်ရှင်.."
ဒါရိုက်တာ ချင်ဟာ မျှော်လင့်ချက် အပြည့်နဲ့ အော်လိုက်တယ်။
လင်းဖန် ဘလက်ကီကို အချက်ပြပြီး စသရုပ်ဆောင် ဖို့အသိပေး လိုက်ပါတယ်။ဘလက်ကီဟာ ချက်ချင်း သဘောပေါက်ကာ စတင်သရုပ်ဆောင်လိုက်တယ်။ဒါက တိရစ္ဆာန်တစ်ကောင်ရဲ့ ခံစားချက်ဖြစ်ပြီး..ပရိတ်သတ်တွေ ရဲ့ နှလုံးသားကို ဖမ်းစားနိုင်မှာပါ။
"အာ.."
ဒါရိုက်တာ ချင်ကတော့ ဘလက်ကီ ရဲ့ သရုပ်ဆောင်မူတွေကို သဘောကျနေခဲ့ပါပြီ။
အဆင်ပြေတယ် ..အကုန်အဆင်ပြေတယိ။
ကင်မရာမန်းဟာ ဘလက်ကီကို ပဲ အသားပေးရိုက်ကူးနေခဲ့တယ်။သူ ကင်မရာနောက်ကနေ..အဖြစ်အပျက်တွေကို သေချာကြည့်နေရတဲ့ လူမဟုတ်ဘူး ဆိုရင် ယုံကြည်နိုင်မှာတောင် မဟုတ်ပါဘူး။
ဘလက်ကီ ရဲ့ အမူအရာက သူ့သခင် တကယ် သေဆုံးသွားလို့ ခံစားနေရတဲ့ အတိုင်းပါပဲ။သူ မျက်ရည်တွေကတော့ အထိန်းအကွပ်မဲ့ စွာ ကျနေခဲ့ပါပြီ။
ဒီလို ဝမ်းနည်းစရာ သရုပ်ဆောင်ချက်တွေနံ ဆိုရင် အလွမ်းအဆွေး နောက်ခံ တီးလုံးတောင် လိုတော့မှာ မဟုတ်ပေ။
" ကပ် "
ဒါရိုက်တာ ချင်ဟာ..စိတ်လှုပ်ရှားစွာ အော်လိုက်တယ်။ယင်းနောက် သူ လင်းဖန် ဘက်ကိုလှည့်ပြီး..ကျေးဇူးတင်စကား ပြောလိုက်ပါတယ်။
"ကျေးဇူး အများကြီး တင်ပါတယ်..ဒီည ဘယ်လို ကျေးဇူးတင်ရမယ်မှန်တေားမသိတော့ဘူး။ဘာကိစ္စပဲ ရှိရှိ မာစတာ လင်းကို ဒီည ညစာလိုက်ကျွေး ပါရစေ.."
အဲ့အချိန်မှာပဲ ဘလက်ကီဟာ ပျော်ရွှင်တဲ့ အမူအရာနဲ့ ပြေးလာနေခဲ့ပါတယ်။
လင်းဖန် ပြုံးပြီး ပြန်ဖြေလိုက်တယ်။
"ကျွန်တော်ကို ကျေးဇူးတင်ဖို့ မလိုဘူး..ဘလက်ကီ ကိုပဲ ဆုချသင့်တာ.."
ဒါရိုက်တာ ချင်ဟာ ဘလက်ကီကို ကြည့်လိုက်ကာ လင်းဖန်ကို ပြန်ဖြေလိုက်တယ်။
"စိတ်မပူပါနဲ့..သူက အခုကစပြီး ငါ့ကလေးလေးပဲ။သူ့ကို တတ်နိုင်သလောက် ဂရုစိုက်လိုက်ပါ့မယ်.."
"မဟုတ်ဘူး..သူနဲ့ ကျွန်တော် သဘောတူထားတာက.အပြည့်အဝ.ပြုစုဖို့.."
ဒါရိုက်တာချင်ဒါကို ကြားပြီး အံ့သြသွားခဲ့တယ်။
"အပြည့်အဝ ပြုစုဖို့ ဆိုတာက ဘာပြောတာလဲ.."
လင်းဖန် ပြုံးလိုက်ပြီး..
"သူ့ကို ရေးချိုးပေးတာတို့.. အစာကျွေးတာတို့..တစ်ခြားဟာတို့.သိတယ်မလား.."
ဒါရိုက်တာချင်..လင်းဖန် ပြောချင်တာကို နားမလည်ခဲ့ပါဘူး။ဒါပေမဲ့ ဘလက်ကီ..လျှာထွက်ပြီး.အမြှီးနှံ့နေတာကို တွေ့ကာ ချက်ချင်းနားလည် လိုက်ပါတယ်။
လင်းဖန် ဒါရိုက်တာ ချင်ကို ထပ်ပြောလိုက်တယ်။
"ခင်ဗျား အနာဂတ်မှာ ဘလက်ကီကို ပူးပေါင်းခိုင်းစေချင်ရင်..သူ့ကို ကတိပေးထားတာကို လုပ်ပေးသင့်တယ်နော်.."
ဒါရိုက်တာ ချင်ဟာ အံ့သြသွားပေမယ့် ခေါင်းညိမ့်ပြလိုက်တယ်။
စောက်ကျိုးနဲ..ခွေးတစ်ကောင်က အပြည့်အဝ ပြုစုဖို့ လိုမယ်လို့ ဘယ်သူထင်ထားခဲ့မှာလဲ....