← Chapters

မြင်ကွင်းက ရင်းနှီးနေသလိုပဲ

Vol. 16 Ch. 230

မြင်ကွင်းက ရင်းနှီးနေသလိုပဲ

Vol. 16 Ch. 230

ပုံမှန်အတိုင်းပဲ ဒါရိုက်တာချင်ဟာ ဒီလိုအရေးကြီးတဲ့ တာဝန်ကို အဖွဲ့သားတစ်ယောက် စီအပ်လိုက်တယ်။ဒီကောင်လေးက ရည်းစားတောင် မထားရသေးတဲ့ လူငယ်လေးတစ်ယောက်ပါ..။

ဒါရိုက်တာက သူ့ကို ဘလက်ကီကို အပြည့်အဝ ပြုစုပေးဖို့ ကူညီခိုင်းတဲ့ အချိန်မှာ အံ့သြသွားခဲ့တယ်။သူတောင် ဒါမျိူး တစ်ခါမှ မခံစားဖူးပေမယ့် ခွေးတစ်ကောင်ကတော့ ဒါမျိုးအခွင့်အရေးရနေခဲ့ပါပြီ။

ကောင်လေးဟာ ဘလက်ကီကို ပြုစုပေးဖို့..လူကိုရှာရမှာလား ခွေးတစ်ကောင်ကို ရှာရမှာလား မေးချင်ပေမယ့်လည်း..အဆုံးမှာတော့ ခွေးတစ်ကောင်ကို ရှာရမှာမှန်း သဘောပေါက်လိုက်ပါတယ်။

လင်းဖန် ဒီမှာ အကြာကြီး မနေချင်ပါဘူး..။ဒါရိုက်တာ ချင် ဘလက်ကီ ကို ဒီဇာတ်ကားရဲ့ အရေးကြီးတဲ့ အခန်းတွေမှာ အသုံးချဖို့ ပြင်ဆင်စရာတွေ ရှိတယ် ဆိုတာကို သိထားပြီးသားပါ။

ဘလက်ကီသာ ရှေ့အခန်းတွေ မှာ ဒါမျိုးဆကိပြီး သရုပ်ဆောင်နိုင်ရင် ဒီဇာတ်ကားက..တကယ် အောင်မြင်တော့မှာပါ။

လင်းဖန် ဒါရိုက်တာ ချင် တွေးတော နေတာကို ကြည့်ပြီး သူ့ကို နောက်တစ်ခါ အကူညီ မတောင်းခင် ဝမ်မင်ယန် နဲ့ ကျန်တဲ့ လူတွေကို ဆွဲခေါ်ပြီး ထွက်လာခဲ့တယ်။

ဟူး...

"ဒါရိုက်တာ ချင်က အကြံဥာဏ်တွေ အများကြီးရှိပြီး..အရင်ရိုက်ကူးထားတာတွေကိုတောင် စွန့်ပစ်ဖို့ စိတ်ကူးရဲတယ်။သူ ဒါလုပ်ပြီး ပိုက်ဆံတွေ ဘယ်လောက်တောင် ဖြုန်းတီးမလဲ တွေးကြည့်စမ်းပါ..."

လင်းဖန် အံ့သြသင့်စွာ ပြောလိုက်တာပါ။

ဝမ်မင်ယန် လည်း မဖြစ်နိုင်တာတွေကို မြင်တွေ့ခဲ့ရပြီး အံ့သြစွာ ပြောာလိုက်တယ်။

"မင်းက ဘယ်လိုများ ခွေးနဲ့ ဆက်သွယ်လိုက်တာလဲ။ဒါက အတော်အံ့သြဖို့ကောင်းတယ်..။တစ်ခြားထူးခြားတာတွေ အများကြီး မြင်ဖူးပေမယ့် ဒါက တကယ်စောက်ဆန်းကြီးနော်..မင်းသာ တိုက်ရိုက် ထုတ်လွင့်နေရင်..ဒါက လူတွေ အများကြီးကို စိတ်ဝင်စားစေမှာ ကျိန်းသေတယ်"

ရူဇီလီ လည်း အံ့သြနေတုန်းပါပဲ။

"ငါလည်း အစက ထင်တောင် မထင်ထားခဲ့ဘူး။ဘလက်ကီလေး စတင်သရုပ်ဆောင် တုန်းက ဆိူရင် ငါအတော် အံ့သြသွားခဲ့တာ။အစကတည်းက ဇာတ်ကားက အောင်မြင်ဖို့ အလားအလာရှိနေတာ အခု ဘလက်ကီလေးရဲ့ အကူညီနဲ့ ဆိုရင်..ကျိန်းသေ အကြီးကြီး ဟစ်ဖြစ်တော့မယ်"

"အများကြီး တွေးနေကြတာပဲ..ဒါက ခွေးတစ်ကောင်ပဲလေ.ဇာတ်ကားကို အများကြီး သက်ရောက်နိုင်ပါ့မလား.."

ရူဇီလီက တော့ ဒီလို မတွေးပါဘူး။ဇာတ်ကားတစ်ကား အောင်မြင်ဖို့အတွက် ဇာတ်ညွှန်းက အရေးကြီးပေမယ့်လည်း ဒီဇာတ်ညွှန်းကို ..သရုပ်ဆောင်တွေက အသက်သွင်းကြရတာပါ။

ဒီဇာတ်ကားမှာ စစ်ပွဲတွေနဲ့ ပြည့်နှက်နေပြီး များပြားလှတဲ့ အသက်တွေကို ဆုံးရှုံးခဲ့ကြရတာပါ။အခုလို ဘလက်ကီ ရဲ့ သရုပ်ဆောင်မူက တစ်မူထူးခြားနေပြီး ..လူများစွာရဲ့. အသဲနှလုံးတွေကို ခိုးယူသွားမှာ အမှန်ပါပဲ။ဒီအရာတွေကို စကားလုံးနဲ့ ဖော်ပြလို့ မရပေမယ့် သူမစိတ်ထဲကနေတော့ သိနေခဲ့ပါတယ်။

"အစ်ကို လင်းပြောတာလည်း မှန်ပါတယ်။အရင်တုန်းက ဆိုရင်တော့ ဘလက်ကီကြောင့် မှာမှ ထွေထွေးထူးထူးပြောင်းလဲ နိုင်မှာမဟုတ်ဘူး..ဒါပေမယ့် ဘလက်ကီ ရဲ့ သရုပ်ဆောင်ချက်တွေက အတော်ကို ကောင်းမွန်နေခဲ့တယ်လေ..."

မာစတာ လင်းရဲ့ လမ်းညွှန်မူကြောင့် ဘလက်ကီ က အတော်သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ဒါက လူတွေ သရုပ်ဆောင် တာနဲ့ မတူပဲ တမူထူးခြားနေမှာ အမှန်ပါ။

"ကောင်းပြီလေ..ဇာတ်ကားထွက်လာရင်ပြောပါဦး..တကယ်သွားကြည့်ရမယ်"

လင်းဖန်ပြောလိုက်တယ်။

"စိတ်မပူပါနဲ့...ညီမမဖိတ်ရင်တောင် ဒါရိုက်တာချင်က ကကျိန်းသေဖိတ်လိမ့်မယ်..ဒီဇာတ်ကားက မာစတာ လင်းရဲ့ အကူအညီကြောင့် အတော်အောင်မြင်တော့မှာ.."

ရူဇီလီ ရယ်မောပြီး မြှောက်ပင့်လိုက်တာပါ။

လင်းဖန် လက်ဝေ့ယမ်းပြီး ပြောလိုက်တယ်။

"ကောင်းပြီလေ.ဒီည ကျုပ်သူငယ်ချင်းတဲ့ စုဝေးဦးမှာ..။ခင်ဗျားတို့ တတိယ ဘီး ကို စိတ်ရှုပ်နေရင် သီးသန်နေလို့ရတယ်..ဒါမှမဟုတ်လည်း လာပူးပေါင်းလို့ရတယ်"

"ငါတို့က လူများတာကို မကြိုက်ဘူး။ထပ်ပြောရရင်..ငါ့အန်တီက ငါ့ကို ညစာဖိတ်ထားသေးတယ်"

ဝမ်မင်ယန် ပြုံးပြီး ပြောလိုက်တယ်။

လင်းဖန် ဝမ်မင်ယန် ကို အံ့သြစွာ ကြည့်လိုက်တယ်။ဒီလူ အဓိပါယ်မရှိတာတွေ ပြောနေတာ သိသာလှပါတယ်။

"ခင်ဗျား..ပေါက်ကရတွေ ပြောနေတာ ရပ်သင့်ပြီထင်တယ်နော်။မဟုတ်ရင် ကျုပ်သည်းခံ နိုင်မှာမဟုတ်တော့ဘူး.."

"စိတ်လျော့ပါ..ငါက အဲ့လိုလူမဟုတ်ပါဘူး"

ဝမ်မင်ယန် လင်းဖန်ကို ပြုံးပြပြီး ပြောလိုက်တာပါ။

ဒါပေမဲ့ လင်းဖန် ရဲ့ စိတ်ထဲမှာတော့ ဒီလူက တကယ် အဲ့လိုလူမျိုးပါပဲ။

ဒီလူက ကုမ္ပဏီအကြီးကြီးတွေ ပိုင်ဆိုင်ထားပေမယ့် လုပ်စရာ အလုပ်သိပ်မရှိပါဘူး။သူ ကုမ္ပဏီကလူတွေကို လစာအများကြီး ပေးထားပြီး စိတ်ချလက်ချ ခိုင်းထားတာပါ။

၆ နာရီ ၇ နာရီ လောက်အချိန်။

ဘိုင်ကီဟာ စားသောက်ဆိုင်လေး တစ်ဆိုင်ကို ဖွင့်ထားခဲ့တာပါ။ဒါက အရမ်းမကြီးပေမယ့်လည်း သေးတယ် လို့တော့ မဆိုနိုင်ပါဘူး။ဒီ စားသောက်ဆိုင်က ဘိုင်ကီ ရဲ့ မိဘတွေ လက်ထက်ကတည်းက ဆငိးသက်လာတာ ဖြစ်ပြီး..သူ အထက်တန်းကျောင်းပြီး တော့ တက္ကသိုလ် တောင် မတက်ပဲ..ချက်ပြုတ်နည်းတွေ သင်ယူကာ ဒီအလုပ်ကို လက်လွှဲ ယူခဲ့ပါတယ်။

ဟောင်ကီ စားသောက်ဆိုင်။

သူ့ရဲ့ ဆိုင်သေးသေးလေးရဲ့ ရှေ့မှာ..လူသွားလမ်းတစ်ခုရှိနေခဲ့လို့ပါ။နံရံတွေ..ဆေးပန်ချီတွေဟာ လည်း နှစ်အတော်ကြာအောင် မပြောင်းလဲပဲ ထားထားပြီး..သစ်လွင်တဲ့ ထိုင်ခုံ စားပွဲတွေကတော့ ပေါ်လွင်နေခဲ့ပါတယ်။

ဒီသေးငယ်တဲ့ ဆိုင်လေးဟာတော့ တစ်ခြားဆိုင်တွေ နဲ့ မတူပဲ တည်ငြိမ်နေလို့ပါ။တစ်ခြားဆိုင်တွေ အများစုဟာ ခေတ်မှီပြီး အစားအသောက် မျိုးစုံကို ရောင်းချနေခဲ့ပါတယ်။

ဆန်ခေါက်ဆွဲ ဆိုင်။

အဝါရောင် ကြက်သားစတူး ဆိုင်။

ဟောင်ကောင် ကဖေး။

များပြားလှတဲ့ အစားအသောက်တွေ...စုံလင်လို့ပါ။

ဘိုင်ကီ ရဲ့ ဆိုင်လေးက တစ်ခြားဆိုင်တွေနဲ့ ယှဥ်ရင်..သူတင် ကိုယ်တင် ယှဥ်ပြိုင်ဖို့ ဆိုတာက သိပ်တော့ မဖြစ်နိုင်ပါဘူး။လူတွေက အစားအသောက်ရဲ့ အရသာကို အကဲ မဖြတ်ခင်မှာ ဆိုင်အနေအထား ကို အရင်ကြည့်တတ်ကြပါတယ်။

ဆိုင်အနေအထား သန့်ပြန့် ကောင်းမွန်မှသာ ကာစတန်မှာတွေက ဝင်စားသင့် မစားသင့်စဥ်းစား ကြမှပါ။အခုလို လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်က ဒီဇိုင်းကတော့ ပြန်လည်ပြုပြင်ဖို့လိုတာတော့ အမှန်ပါပဲ။

ကြမ်းပြင်တွေကို တိုက်ချွတ်နေတဲ့ မိန်းမငယ်လေး တစိယောက်ဟာ လင်းဖန် ဆိုင်ထဲဝင်လာတဲ့ အချိိန်မှာတော့..စားသုံးသူထင်ပြီး ချက်ချင်းနှုတ်ဆက်လိုက်တယ်။

"ဘိုင်ကီ ရှိလား.."

လင်းဖန် မေးလိုက်ပါတယ်။

မိန်းမငယ်လေးဟာ မေးခွန်းကြောင့် ခနလောက် ကြောင်အသွားပြီး..မီးဖိုခန်းထဲကို လှမ်းအော်လိုက်တယ်။

"တစ်ယောက်ယောက် နင့်ကို ရှာနေတယိ.."

ဘိုင်ကီ ရဲ့ အသံကို သူအပြင်မရောက်မှာပဲ ကြားလိုက်ရပါတယ်။

"ကောင်လေး ဖန်..မင်းရောက်နေပြီလား.."

ဘိုင်ကီဟာ ​ပြုံးလိုက်ပြီး..အေပရွန်ကို ချွတ်ကာ မီးဖိုခန်းထဲကနေ ထွက်လာခဲ့တယ်။

"လာ ငါမင်းတို့ကို မိတ်ဆက်ပေးမယ်။ဒါက ငါ့ရဲ့ ကောင်မလေး..ရှောင်ယန်..။ရှောင်ယန် ဒါက ငါ့ရဲ့ အချစ်ဆုံး သူငယ်ချင်း လင်းဖန်လေ။သူက မနေ့ကမှ ပြန်ရောက်တာ..ဒါကြောင့် သူ့ကို တွေ့ဆုံဖို့ ခေါ်ထားတာလေ.."

ရှောင်ယန် လင်းဖန်ကို ကြည့်ကာ ​ပြုံလိုက်ပြီး..

"ငါ ဝက်ခေါင်းသွားဝယ်လိုက်ဦးမယ်..။သူငယ်ချင်းတွေ စကားပြောနှင့်ကြဦး..."

"ဝိုး မင်းမှာ ရည်းစားတောင် ရှိနေပြီပဲ.."

လင်းဖန် ရှောင်ယန် ထွက်သွားတဲ့ အချိန်ကျမှ ဘိုင်ကီကို ကြည့်ပြီး ပြောလိုက်တယ်။

ဘိုင်ကီဟာ ပြုံးကာ ပြန်ဖြေလိုက်တယ်။

"ဟုတ်တယ်...ငါက ပိုက်ဆံရှာတာမှာသာ မကောင်းရင် မကောင်းမယ်..။မိန်းကလေးရှာတာမှာတော့ တော်တယ်မလား..."

"မင်းတို့ ဘယ်ချိန်လက်ထပ်ကြမှာလဲ.."

လင်းဖန် မေးလိုက်တာပါ။

"အလျင်လို ဖို့မလိုပါဘူး..ငါအခု ပိုက်ဆံစုနေတုန်း...။ငါ ဟင်းနည်းနည်းလောက်သွားလုပ်လိုက်ဦးမယ်..ပြီးမှအေးဆေး ပြောကြတာပေါ့။ထံက်မသွားနဲ့ဦးနော်.."

ဘိုင်ကီ နောက်လိုက်တယ်။

လင်းဖန် ရယ်မောလိုက်ပြီး...

"ဒါအကောင်းဆုံးပဲပေါ..။အထက်တန်းတုန်းက ငါတို့ ကိုယ့်ဟာကို ချက်စားပေမယ့် မင်းအန်တီရဲ့လက်ရာ ဟင်းကို အကြိုက်ဆုံးပဲ။မင်းကောင်းကောင်း သင်ယူထားမယ်လို မျှော်လင့်ပါတယ်"

အထက်တန်းတုန်းက လင်းဖန်နဲ့ ကျန်တဲ့ လူတွေဟာ ဘိုင်ကီတို့ရဲ့ ဆိုင်ကို မကြာခန လာစားဖြစ်ကြပါတယ်။အဲ့အချိန်တုန်းက စီးပွားရေး အတ်ကောင်းပြီး...အဓိက စာဖိုမှူးက ဘိုင်ကီရဲ့အမေပါ။ဒါပေမဲ့ သူမ ဟင်းချက်နေတုန်း လက်ကို အပူလောင်ပြီးနောက်ပိုင်း မချက်ပြုတ်နိုင်တော့ပေ။

ဘိုင်ကီဟာ သူ့ရဲ့ အထက်တန်း ရလာဒ်က သိပ်မကောင်းတော့ တက္ကသိုလ် ဆက်တက်မယ့်အစား..ဆိုင်ကိုပဲ လက်လွှဲ ယူခဲ့ပါတယ်။

"ကောင်းပြီလေ..ငါ မီးဖိုထဲသွားပြီး အကောင်းဆုံး ပြင်ဆင်ပေးမယ်။ဒီမှာ ခနစောင့်နေဦး.."

ဘိုင်ကီ ပြောရွှင်စွာ ပြောလိုက်တယ်။

"ကောင်းပြီလေ..ငါ အစားအသောက် ပညာရှင်လိုသဘောထားပြီး..မင်းရဲ့အစားအသောက်တွေကို ခန့်မှန်းပေးမယ်.."

ယင်းနောက် လင်းဖန် ထိုင်စောင့်နေပြီး..အရင်တုန်းက ရင်းနှီးခဲ့တဲ့..ပတ်ဝန်းကျင်ကို ကြည့်ရူနေခဲ့ပါတယ်။

All Chapters