မှန်ပုံသဏ္ဌာန် တိုဟူး
Vol. 16 Ch. 231
သူတို့ သုံးယောက်ပဲ ရှိနေတဲ့ အတွက်..အစားအသောက်အများကြီး မလိုအပ်ပါဘူး။သူက ဒီတိုင်း စုဝေးပြီး အတိတ်က အကြောင်းတွေ ကိုပဲ ပြန်ပြောချင်တာပါ။
ရှောင်ယန် ဟာ ဟွမ်ကျုံ မှာမွေးပြီး..ဘိုင်ကီ နေတဲ့ ရပ်ကွက်နဲ့ အတော်နီးပါတယ်။သူတို့ နှစ်ယောက်တွေ့ဆုံပုံကတော့ စိတ်ဝင်စားစရာပါပဲ။ရှောင်ယန်က ဘိုင်ကီရဲ့ ဆိုင်မှာ အလုပ်လာလျောက်ရင်း ဆုံတွေ့ခဲ့ကြတာပါ။
အချိန်ကြာလာတဲ့ အချိန်မှာတော့ သူတို့နှစ်ယောက် သံယောဇဥ် ညှိတွယ်ပြီး..ရည်းစားတွေဖြစ်သွားခဲ့ကြတယ်။
လင်းဖန် ရဲ့ အမြင်ကတော့ မတူညီပါဘူး။ဘိုင်ကီက အတွေးအခေါ် အမြင်ရှိတယ်လို့ပဲ မြင်မိပါတယ်။ပုံမှန်ဆိုရင် သူ ရှောင်ယန်ကို တစ်လ..ဒေါ်လာ ၂၀၀၀ လောက် လစာပေးရမှာ ဖြစ်ပြီး အခုတော့ စုဆောင်းနိုင်ခဲ့ပါပြီ။ထပ်ပြောရရင် သူ မိန်းကလေးတစ်ယောက်လည်း ရလိုက်ပြီး ဒီထက်ပိုကောင်းတဲ့ အရာမရှိတော့ပေ။
သူကတော့..ဘယ်ဘက်ကတွေးတွေး အကျိူးရှိနေဦးမှာပဲ။
ရှောင်ယန်ဟာ လှပတဲ့ မိန်းကလေးတစ်ယောက်လို့ မပြောနိုင်ပေမယ့် ရုပ်ဆိုးတဲ့ အထဲမှာလည်း မပါပြန်ပါဘူး။သူမက ရိုးရှင်းပြီး ပွင့်လင်းပါတယ်။သူမရဲ့ မျက်နှာပေါ်မှာလည်း အပြုံးလေးတစ်ခု အမြဲတမ်းရှိနေလို့ပါ။သူမ ကျောင်းတုန်းက ပျော်ပျော်နေတတ်ခဲ့မှာ အမှန်ပါပဲ။
"ကောင်လေး ကီ..အများကြီးမချက်နဲ့တော့..ဒီလောက်ဆို လုံလောက်ပါပြီ"
စားပွဲပေါ်မှာ ဟင်းပွဲလေးပွဲ နဲ့ စွပ်ပြုတ်တစ်ပွဲ ရှိနေခဲ့ပါပြီ။ဝက်ခေါင်း တစ်ခုပါ ရှိနေပေမယ့်..ဘိုင်ကီက မီးဖိုထဲမှာ အလုပ်ရှုပ်နေပြီး ထပ်ချက်ဖို့ တွေးနေတုန်းပါပဲ။
"လာပြီ ..လာပြီ.."
ဘိုင်ကီဟာ ဘဲသွေးနဲ့ အမဲသား စွတ်ပြုတ်ပန်းကန်ကို သယ်ပြီး..ထွက်လာခဲ့တယ်။
လင်းဖန် အဖြူရောင် ဝိုင်ကို မြင်တဲ့ အချိန်မှာ ပြောလိုက်ပါတယ်။
"ငါ..ဝိုင်အဖြူ မသောက်ဘူး..ဘီယာ ပဲသောက်တာ.."
ဒါပေမယ့် ဘိုင်ကီဟာ ငြင်းပြီး ပြန်ပြောလိုက်တယ်။
"အဆင်ပြေပါတယ်..ဖြည်းဖြည်းချင်းသောက်။မင်းကို တစ်ခါတည်း မသောက်ခိုင်းပါဘူး"
လင်းဖန် ဘာမှမပြောတော့ပေ။သူတို့ မတွေ့ တာအတော်ကြာပြီဆိုတော့..သူတို့.စကားအေးအေးဆေးဆေးပြောဖို့ လိုအပ်ပါတယ်။
ဘိုင်ကီ ဝိုင်ဖြူကို ဖွင့်လိုက်ပြီး လင်းဖန်ရဲ့ ခွက်ထဲကို လောင်းထည့်ပေးလိုက်တယ်။ဒါက တစ်ရာ ဂရမ်လောက် အလေးချိန်ရှိတဲ့ ခွက်အသေးလေးပါ။
"ရှန်ဟိုင်းမှာ အခြေနေ ဘယ်လိုရှိလဲ.."
ဘိုင်ကီ မေးလိုက်တယ်။
"အကုန် အဆင်ပြေပါတယ်.."
လင်းဖန် ဟင်းအနည်းငယ် ကိုစားပြီး ထပ်မေးလိုက်ပါတယ်။
"မင်းရော..ဘယ်လိုနေလဲ.."
ဘိုင်ကီ အကူညီမဲ့စွာ ပြန်ဖြေလိုက်တယ်။
"ဒီရက်ပိုင်း စီးပွားရေးတွေက သိပ်မကောင်းဘူး။ပြိုင်ဆိုင်သူတွေက အရမ်းများတယ်လေ..ဒါက အဆုံးသတ်ဖို့ လုံလောက်တယိ။လာ..မြည်းကြည့်ပြီး ဘယ်လို အရသာရှိလဲ ပြောစမ်းပါဦး.."
လင်းဖန် ပြုံးလိုက်ပြီး အမဲသားဟင်းကို ကြည့်ပြီးပြောလိုက်တယ်။
"ဒီဟင်းက မင်းအန်တီရဲ့ အကောင်းဆုံးဟင်းပဲ။အရမ်းအရသာရှိတယ် ...မင်းသေချာ သင်ယူထားလား ကြည့်ကြည့်ရအောင်.."
လင်းဖန် အမဲသားကိုတူနဲ့ ယူပြီး စားကြည့်လိုက်တဲ့ အချိန်မှာတော့ ..ဘိုင်ကီဟာ ပြုံးပြီး မေးလိုက်ပါတယ်။
"ဘယ်လိုနေလဲ.."
လင်းဖန် တူကို စားပွဲပေါ်တင်လိုက်ပြီး..လက်ဆယ်ချောင်းထောင်ပြလိုက်တယ်။
ဘိုင်ကီဟာ ဒါကို မြင်ပြီး သဘောကျနေယုံရှိသေး..လင်းဖန်ဟာ.လက်တစ်ဖက်ကို ပြန်သိမ်းလိုက်တဲ့ အချိန်မှာတော့ လက်ငါးချောင်းပဲ သူ့ရှေ့မှာ ကျန်နေခဲ့ပါတော့တယ်။
ဘိုင်ကီ အကူညီမဲ့စွာ မေးလိုက်ပါတယ်။
"၅၀ ရာခိုင်နှုန်းပဲလား.."
လင်းဖန် ပြုံးလိုက်ပြီး...
"ဟုတ်တယ်..ဒါက မဆိုးပါဘူး။မင်းအရင်တုန်းက ဆိုရင် ကြက်သားဟင်းတောင် မချက်တတ်သေးတာ ငါမှတ်မိပါသေးတယ်..။အခု မင်းက စားပွဲ တစ်လုံးနဲ့ အပြည့် တောင် ပြင်ဆင်နိုင်နေပြီပဲ..အတော်အံ့သြဖို့ကောင်းတယ်"
ဘိုင်ကီ ဒါကို ကြားပြီး ကျေနပ်သွားခဲ့တယ်။
"ဒါပေါ့..ငါ မနည်းသင်ယူထားရတာ..။ငါ့ရဲ့ အချက်အပြုတ် ကျွမ်းကျင်မူက အတော်တိုးတက်လာပြီ..."
"လာ ခွက်ချင်းတိုက် ကြရအောင်"
ရှောင်ယန်ကတော့ ဘေးနားမှာပဲ ပြုံးနေခဲ့ပါတယ်။သူမလုံးဝ .. ကြားဝင် မပြောခဲ့ပါဘူး။တစ်ခါတစ်ရံ ကြမှသာ..တစ်ကြောင်း နှစ်ကြောင်းလောက် ဝင်ပြောခဲ့တယ်။
သူတို့ နှစ်ယောက်လုံးဟာ အထက်တန်း.ကျောင်းနေဖက်တွေ ဖြစ်တာကြောင့် ရှေးဟောင်းနှောင်ဖြစ်တွေကို ပျော်ရွှင်စွာ ပြောနေခဲ့တယ်။သူတို့ ကျောင်းပြေးခဲ့တဲ့ အကြောင်းတွေတောင် ပါဝင်နေလို့ပါ။
လင်းဖန် ပြုံးလိုက်ပြီး..
"ငါမင်းတို့နောက်ကို လိုက်နေလို့ ..ကောင်မလေး တစ်ယောက်နဲ့တောင် မတွေ့လိုက်ရဘူးလေ.."
ဘိုင်ကီ ရယ်မောလိုက်တယ်။
"ကြွားဝါနေလိုက်..."
ယင်းနောက် ကာစတန်မာ တစ်ချို့ဟာ ဝင်လာခဲ့တယ်။
ရှောင်ယန် အလျင်အမြန် မတ်တတ်ရပ်ပြီး ကာစတန်မာကို နှုတ်ဆက်လိုက်ပါတယ်။
ကာစတန်မာ တစ်ယောက်ဟာ ဆိုင်ကို မျက်မှောင်ကျုတ်ကာ ကြည့်လိုက်ပြီး...
"ငါတို့ ဒီမှာ စားမှာလား..."
သက်လတ်ပိုင်းလူကြီးဟာ ပြောလိုက်တယ်။
"ဒီတစ်ခုပဲ ..တစ်ခြားဆိုင်တွေက ပြည့်နေပြီ။ငါတို့ ဘယ်လောက်ကြာအောင် စောင့်ရမလဲ တောင်မသိဘူး"
ရှောင်ယန်ကတော့..ဘေးနားမှာ ပြုံးပြီး ရပ်စောင့်နေခဲ့ပါတယ်။ကာစတန်မာတွေက ဆွေးနွေးနေတုန်းဖြစ်ပြီး သူတို့ စားမယ် မစားဘူး ဆိုတာက မသေချာသေးပါဘူး။
နေ့တစ်နေ့ရဲ့ ကာစတန်မာ အကျဆုံးအချိန်က နေ့လည်ဘက်နဲ့ညနေခင်းပါ။သူတို့လို့ ဆိုင်ကတွက်ကတော့..စီးပွားရေးက အတော်မကောင်းလှပါဘူး။
အဆုံးမှာတော့ ကာစတန်မာတွေဟာ ဒီမှာပဲ စားဖို့ သဘောတူလိုက်ကြတယ်။ခုံလေးခုံရှိတဲ့ စားပွဲက သူတို့အတွက် မလုံလောက်လို့..ခြောက်ယောက်ထိုင်ဖို့ အတွကိ စားပွဲ စုပေးလိုက်ရပါတယ်။
လင်းဖန် ဘိုင်ကီ ကို ကြည့်လိုက်ပြီး..
"ငါအဆင်ပြေပါတယ်..မင်းသူတို့အတွက်ချက်ပေးလိုက်ဦး.."
ဘိုင်ကီ ခေါင်းညိမ့်လိုက်တယ်။
"ကောင်းပြီ..ခနစောင့်ဦး..။ငါ အမြန်ချက်လိုက်မယ်.."
လင်းဖန်..အခြေအနေကို ကြည့်လိုက်တဲ့အချိန်မှာ ဒီဆိုင်က အတော်အခြေအနေဆိုးမှန်းသိလိုက်ရတယ်။အပြင်ဘက်မှာ လူတွေ အများကြီးဖြတ်သွားဖြတ်လာ ရှိနေကြပေမယ့် ဘယ်သူမှ ဒီဆိုင်ကို..သတိမထားမိကြပါဘူး။
လူအများစုက သေချာ အလှဆင်ထားပြီး..ဟင်းပွဲတွေများတဲ့ ဆိုင်တွေကို ပဲ ရွေးချယ်ကြတာပါ။
သူအုပ်ထဲမှာ လူငယ်တွေများတာကြောင့် ဆိုင်အပြင်အဆင်လှတဲ့ ဆိုင်တွေက ပိုမို ဆွဲဆောင် မူရှိတာ ပုံမှန်ပါပဲ။
ဒီဆိုင်က ဟောင်းနွမ်းနေတာကြောင့် ဘယ်သူမှ သတိမထားမိကြတာပါ။
လင်းဖန် တစ်ယောက်ထဲထိုင်ပြီး ဟင်းပွဲ တွေကိုစားသောက်နေခဲ့တယ်။သူလုံဝ စိတ်မရှည်မဖြစ်ပါဘူး။ဘိုင်ကီ အလုပ်လုပ်နေတာ ကောင်းပြီး..ဆိုင်ပိုင်ရှင် ဆိုတာ အလုပ်မရှိမှသာ..စိတ်ပူရမှာပါ။
ဒါပေမဲ့ ဘိုင်ကီ ရဲ့ ဟင်းတွေက ပုံမှန်လောက်သာရှိပြီး..အိမ်မှာ ချက်ပြုတ်စားသောက်တဲ့ ဟင်းပွဲ အရသာ အတိုင်းပါပဲ။ဒါက..စားသုံးသူတွေကို ဆွဲဆောင်ဖို့ မလုံလောက်ပါဘူး။
ချက်ပြုတ်တဲ့ စကေးတွေက မလုံလောက်ရင် တစ်ခြားဆိုင်တွေနဲ့ယှဥ် ပြိုင်ဖို့ ဆိုတာက မလွယ်ကူတဲ့ အရာပါ။
ချက်ပြုတ်တဲ့ စကေးသာ ကောင်းမွန်ရင် ဆိုင်ထဲမှာ လူပြည့်ယုံသာမက ဆိုင်ပြင်မှာပါ တန်းစီနေကြမှာပါ။
သိပ်မကြာခင်မှာပဲ ဟင်းပွဲ တွေ ပြင်ဆင်လို့ ပြီးသွားပြီး ကာစတန်မာတွေ စတင်သုံးဆောင်ကြကာ..ရှောင်ယန်းလည်း အလုပ်ရှုပ်နေခဲ့ပါတယ်။
ယင်းနောက် နောက်ထပ် ကာစတန်မာ အုပ်စုဟာ ဝင်ရောက်လာခဲ့တယ်။
လင်းဖန် လည်း ဝမ်းသာသွားခဲ့ပါတယ်။ဘိုင်ကီရဲ့ ဆိုင်ကစီးပွားရေး ကောင်းမွန်ပြီး..ကာစတန်မာတွေ နောက်ကျနေလို့ဖြစ်မှာပါ။
နောက်ထပ် ကာစတန်မာတွေ ရောက်လာတဲ့ အချိန်မှာ ရှောင်ယန်ရဲ့ အပြုံးဟာ ပိုမို ကျယ်ပြန့်လာခဲ့တယ်။
သူတို့ဆိုင်မှာ လာစားကြလေ ကောင်းလေပါပဲ။
သို့ပေမယ့် ကာစတန်မာ အုပ်စုနှစ်ခုဟာ အစားအသောက် အမြန်ရရှိဖို့ အရေး စတင်ငြင်းခုန်လာကြတယ်။
"ဝိတ်တာမလေး..ငါတို့ရဲ့..အစားသောက်ကို အရင်လုပ်ပေးလို့ မရဘူးလား..။ငါတို့ ဟင်းပွဲတွေ ဘယ်လောက် စောင့်ရဦးမှာလဲ..ငွေသာပြန်ပေးလိုက်တော့။အခုထိ ဟင်းပွဲ နှစ်မျိုးပဲ ရသေးတာ။တစ်ခြား နေရာမှာပဲ သွားစားတော့မယ်။
ပထမ စားပွဲက ကာစတန်မာဟာ စိတ်မရှည်စွာပြောလိုက်တာပါ။
ရှောင်ယန် အလျင်အမြန် ရှေ့ကို တက်သွားလိုက်ပြီး..
"တောင်းပန်ပါတယ်..ညီမတို့ရဲ့ အသီးအရွက်တွေက လတ်ဆတ်တော့ ဆေးကြောဖို့လိုတယ်လေ..။ဒါကြောင့် နောက်ကျနေတာပါ။စာဖိုခန်းထဲကို အမြန်သွားပြောလိုက်ပါ့မယ်.."
"ကျေးဇူးပြုပြီး..မြန်မြန်လုပ်ပေးပါ"
ရှောင်ယန် မီးဖိုထဲ..ရောက်သွားတဲ့ အချိန်မှာတော့.ကာစတန်မာတွေဟာ စိတ်မရှည်စွာ ပြောဆိုနေကြပါတော့တယ်။
"ငါတို့ တစ်နေရာရာကို သွားသင့်တယ်လို့ ပြောသားပဲ။ဟင်းပွဲတွေက စောင့်ရတာ အရမ်းကြာပြီး အရသာကလည်း ပုံမှန်ပဲ။ကြက်သားမွကြော်နဲ့..ငရုပ်မွှေးဆို ငံတောင် ငံသေးတယ်.."
"နည်းနည်းစားပြီး..သောက်စရာ ဟင်းချိုကို ထပ်စောင့်လိုက်ဦး..။ကျန်တဲ့ ဟင်းတွေကို ပယ်ဖျက်လိုက်ကြမယ်။နောက်မှ ငါတို့ တစ်နေရာရာဝင်ပြီး ထပ်စားကြတာပေါ့"
....
လင်းဖန် ကာစတန်မာတွေ ပြောနေတာကိုလည်း အပြစ်မတင်မိပါဘူး။ဟင်းပွဲတွေက တကယ်ကို အနည်းငယ် နှေးကွေးနေခဲ့တာပါ။ဒါကြောင့် သူချက်ချင်းပဲ မီးဖိုထဲကို လိုက်ဝင်သွားလိုက်တယ်။
ဘိုင်ကီကတော့ မီဖိုခန်း ထဲမှာ အလုပ်ရှုပ်နေပြီး.သူ့လက်တွေကတော့ ရပ်တောင် မရပ်တန့်နေခဲ့ပါဘူး။သူ လင်းဖန် ဝင်လာတာ မြင်တဲ့ အချိန်မှာ စိတ်ပူစွာ ပြောလိုက်တယ်။
"ကောင်လေးဖန်..စိတ်မပူနဲ့..။ခနနေပြီးတော့မှာပါ။စောင့်ဦး..."
လင်းဖန် ရယ်လိုက်တယ်။
"အဆင်ပြေပါတယ်။လုပ်စရာရှိတာသာ လုပ်ပါ အလျင်မလိုပါဘူး။ကာစတန်မာတွေက အလျင်လိုနေတော့ သူတို့အတွက် ငါ လက်ဆောင်အနေနဲ့ ချက်ပေးမလို့..။ငါ့ကို လျစ်လျူရူထားပြီး မင်းဟာမင်းသာ ချက်ပါ"
မီးဖိုက သိပ်တော့..မကြီးပေမယ့်လည်း..နှစ်ယောက်ချက်ဖို့ အတွက်ကတော့ အဆင်ပြေပါသေးတယ်။
ဘိုင်ကီက သူ့ သူငယ်ချင်းဖြစ်ပြီး..ဒီနေရာလေးက အထက်တန်းတုန်းက အမှတ်တရတွေ ရှိခဲ့တော့ သူ ဘိုင်ကီကို ကူညီပေးတာက ပုံမှန်ပါပဲ။
ငါ ဘာလုပ်ရလဲ...
ဟင်းပွဲ ရှုပ်လည်း မရှုပ်ထွေးရဘူး..ပါဝင်ပစ္စည်းလဲ မနည်းရဘူး။အရသာ အနေနဲ့ကတော့ သူ့ကိုယ်သူ ယုံကြည်မူရှိပါတယ်။
ဒါကြောင့် သူ ကျောင်းဆု ဟင်းလျာတွေထဲက ရိုးရှင်းပြှီး ချက်ဖို့ ခက်ခဲတဲ့ ဟင်းပွဲ တစ်ခုကို ရွေးလိုက်တယ်။
ဒါကတော့ ကျောင်းဆူဟင်းလျာတစ်မျိုးဖြစ်တဲ့မှန် ပုံသဏ္ဌာန် တိုဟူး ဟင်းလျာပါ။