မင်းတို့ရဲ့ လှုပ်ရှားနေတဲ့ နှလုံးသားကို ခိုးယူမယ်
Vol. 16 Ch. 232
လင်းဖန် ဘိုင်ကီ လုပ်နေတာကို မှဝင်မနှောက်ယှက်ပါဘူး။သူရှောင်ယန်ကို သာ ပါဝင်ပစ္စည်းတွေ ယူခိုင်းလိုက်တယ်။
အဲတာတွေက..ပုဇွန်ထုတ်.ဝတ်သား..ကြက်သွန်နီ..ဂျင်း...ခရမ်းချဥ်သီး အနှစ်..ကြက်ဥ နဲ့ တိုဟူး တို့ပါ။
ဘိုင်ကီ သူ့ရှေ့မှာ လင်းဖန်လုပ်နေတာတွေကို ကြည့်ပြီး မေးလိုက်တယ်။
"ဘာတွေ လုပ်နေတာလဲ.."
"ကျောင်းဆု..မှန်ပုံသဏ္ဌာန် တိုဟူး ဟင်းလျာ.။ကြားဖူးလား.."
လင်းဖန် ရယ်ကာ ပြောလိုက်တာပါ။
ဘိုင်ကီ ခေါင်းခါယမ်းလိုက်တယ်။သူဒီလို ဟင်းမျိုးကို တစ်ခါမှ မကြားဖူးပါဘူး။သူ ဒါဘာဟင်းလည်း မသိသလို စိတ်လည်း မဝင်စားပေ။
ကာစတန် မာတွေက အပြင်မှာ စိတ်မရှည်ဖြစ်နေကြတော့ သူအမြန်လုပ်ဖို့သာ တတ်နိုင်ပါတော့တယ်။တစ်ခြား အရှုပ်အထွေးတွေ မဖြစ်ချင်ပါဘူး။
လင်းဖန် ဝက်သားနဲ့ ပုဇွန်ထုပ်ကို ရောလိုက်ပြီး..ပါဝင်ပစ္စည်း အနည်းငယ်ကို ထည့်လိုက်တယ်။အဲ့အချိန်မှာပဲ ပုဇွန်ထုပ် ဆယ်ခုကို ကြက်ဥအနှစ်..ဆားနဲ့ ရောနှယ်လိုက်ပါတယ်။
သူ တိုဟူး ကို လက်ထဲမှာ ထားကြည့်လိုက်တယ်။အလေးချိန်က တကယ်ကို မဆိုးပါဘူး။သူ တိုဟူး တွေကို စတင် ဖြတ်လိုက်တဲ့ အချိန်မှာ အရွယ်အစား တူညီတဲ့ တိုဟူးလေးတွေ ထွက်ပေါ်လာလို့ပါ။
ဒီလို အချက်အပြုတ်တွေရဲ့..အဓိက အချက် မီးကို ထိန်းချုပ်မူပါပဲ။သူ မီးကို သေချာ ထိန်းချုပ်နိုင်မှ ရွှေရောင် တိုဟူးလေးတွေက ထွက်ပေါ်လာမှာပါ။ဒီဟင်းပွဲက ပြင်ဆင်ရလွယ်ကူပေမယ့် အခက်ခဲဆုံး အပိုင်းက ဒီအပိူင်းလို့တောင် ပြောလို့ရပါတယ်။ဒါကြောင့် လင်းဖန် အာရုံစိုက်ကာ လုပ်ကိုင်လိုက်တယ်။
ပုံမှန် စာဖိုမှူးတွေအတွက်ကတော့ အပူ အနည်းငယ် လွန်သွားမှာကို စိုးရိမ်ပေမယ့်လည်း..လင်းဖန် အတွက်ကတော့ မတူညီပါဘူး။ဟင်းချက်ရတယ် ဆိုတာ အနူပညာ ရပ်တစ်ခုဖြစ်ပြီး..သေချာဂရုစိုက်မှသာ ဟင်းကောင်း တစ်ခု ဖြစ်မယ် လို့ယုံကြည်ပါတယ်။
* ရှဲ ရှဲ *
သိပ်မကြာခင် မှာပဲ တိုဟူးတွေဟာ သတ်မှတ်ထားတဲ့..အပူချိန်ကို ရောက်ရှိလာခဲ့တယ်။သူ ချက်ချင်းဆယ်လိုက်ပြီး..ဆီ တွေကို စစ်လိုက်ပါတယ်။
ယင်းနောက် သူ ဆော့ကို စတင်ပြီး ပြင်ဆင်လိုက်တယ်။ဒါက မှန်ပုံသဏ္ဌာန် တိုဟူး ဟင်းလျာရဲ့..အဓိက အချက်ပါပဲ။ဆော့ကိုသာကောင်းကောင်းပြင်ဆင်နိုင်ရင်..ဟင်းပွဲ ၇၀ ရာခိုင်နှုန်းလောက် ပြည့်စုံပြီလို့ သတ်မှတ်လို့ရပြီး..ကျန်တဲ့ ၃၀ ရာခိုင်နှုန်းက တိုဟူး အပေါ်မှာပဲ မူတည်ပါတော့တယ်။
ဘိုင်ကီလည်း..အလုပ်ရှုပ်နေခဲ့တယ်။ကာစတန်မာတွေ အလျင်လိုနေတဲ့ အချိန်မှာ..အမြန်ပြင်ဆန်ရတာက အတော်ပင်ပန်းစေပါတယ်။
အဲ့အချိန်မှာတော့ လင်းဖန်က လုံးဝ အလျင်မလိုပါဘူး။သူ ဖြည်းဖြည်းချင်းသာ လုပ်ဆောင် နေခဲ့တယ်။
သူ တိုဟူးတွေရဲ့ ထပ်ပိုင်းကို လှီးလိုက်ပြီး..တိုဟူး သုံးပုံတစ်ပုံကို ထုတ်လိုက်တယ်။ယင်းနောက် ပုဇွန်နဲ့ အသား အနှစ်ကို အထဲမှာ ထည့်ထားလိုက်တယ်။ယင်းနောက် သူ ပုဇွန်ထုတ် ကို ယူပြီး..တိုဟူးရဲ့ အပေါ်မှာ တင်လိုက်ပါတယ်။
ယင်းနောက် ပေါင်းအိူးထဲထည့်လိုက်ပြီး ပြင်ဆင်ထားတဲ့ ဆော့ကို..တို့ဟူးတွေရဲ့ အပေါ်မှာ ဖြည်းညှင်းစွာ လောင်းလိုက်တယ်။
အဲ့အချိန်မှာပဲ မွှေးကြိုင်တဲ့ ရနံ့ဟာ မီးဖိုခန်းတစ်ခုလုံးကို ပျံ့နှံ့လာပါတော့တယ်။ဘိုင်ကီဟာ ကြောင်အသွားကာ ရနံ့ကို ရူလိုက်ပြီး..
"ဒါဘယ်က လာတဲ့ ရနံ့တုန်းဟ"
"ဒီမှာလေ..!
လင်းဖန် သူပြင်ဆင်ထားတဲ့ ဟင်းပွဲတွေကို ညွှန်ပြပေးလိုက်တာပါ။
ဘိုင်ကီ မယုံကြည်နိုင်ခဲ့ပေ။
"ဘယ်လိုဖြစ်နိုင်မှာလဲ.."
လင်းဖန် ရယ်မောလိုက်တယ်။
"မင်းလာနမ်းကြည့်ပါလား.."
ဘိုင်ကီ ဟင်းပွဲတွေနားကို လာပြီး နမ်းကြည့်လိုက်တယ်။သူ လင်းဖန် ကို အံ့သြစွာ ကြည့်လိုက်ပြီး..
"ဒါကို မင်းပြင်ဆင် ထားတာလား.."
"ဘာလို့လဲ မင်းမယုံကြည့်ဖူးလား..ဒါက မှန်ပုံသဏ္ဌာန် တိုဟူး ဟင်းလျာပဲ"
လင်းဖန် တစ်ချက်ကြည့်လိုက်ပြီး..ပေါင်းအိုးအဖုံးကို ဖြည်းညှင်းစွာ ဖွင့်လိုက်တဲ့အချိန်မှာတော့ မီးဖိုခန်းတစ်ခုလုံး မွှေးကြိုင်သွားခဲ့တယ်။
ကာစတန်မာတွေဟာ ဒီရနံ့ကို ရပြီး အံ့သြသွားခဲ့ကြပါတယ်။
"ဒီရနံ့က မွေးလှချည်လား..။ဘာဟင်းပွဲတုန်း"
"မိန်းကလေး ဒါက ဘာဟင်းပွဲတုန်း"
ရှောင်ယန် လည်း အံ့သြနေခဲ့ပါတယ်။ဒါဘာဟင်းပွဲလည်း သူမလည်း မသိပါဘူး။သူမ မီးဖိုခန်းထဲ ဝင်သွားတဲ့ အချိန်မှာ..သူမ တစ်ခါမှမမြင်ဘူးတဲ့ ဟင်းလျာတွေကို မြင်လိုက်ရတယ်။
လင်းဖန် အသီးအရွက် အနည်းငယ်ကို ယူလိုက်ပြီး ဟင်းပွဲတွေမှာ အလှဆငိနေခဲ့ပါတယ်။ယင်းနောက် သူ ပြုံးလိုက်ပြီး..
"ဘယ်လိုလဲ..မှန်ပုံသဏ္ဌာန် တိုဟူး ဟင်းလျာ"
သူ ကြိုးစား ခဲ့ရတဲ့ အလုပ်ကို သူကျေနပ်မိပါတယ်။ဒါက အမှတ် ၁၀၀ မှာ ၁၀၁ ရရှိမှာပါ။အမှတ်ပြည့်ထက် ပိုပေးဖို့အတွက် သူတွန့်ဆုတ်နေမှာမဟုတ်ပါဘူး။ဒါက ထိုက်တန်ပါတယ်။
ဘိုင်ကီ လင်းဖန်ကို သံသယ ဖြစ်စွာ ကြည့်လိုကါတယ်။သူ့ကြည့်ရတာ သရဲတစ်ကောင်ကို မြင်နေရတဲ့ အတိုင်းပါပဲ။ယင့်နောက် သူအလျင်အမြန်ပြောလိုက်ပြီး .
"ငါ မြည်း ကြည့်ဦးမယ်.."
* ဖတ် *
လင်းဖန် ဘိုင်ကီ ရဲ့ လက်ကို ရိုက်လိုက်တယ်။
"ဒါမင်းအတွက် မဟုတ်ဘူးလေ..။ကာစတန်မာတွေ အတွက်။သူတို့ စိတ်မရှည်ဖြစ်နေကြပြီ..ဟင်းပွဲ မြန်မြန် ပြင်ဆင်တော့.."
"အာ.."
ဘိုင်ကီ ဆွံ့အသွားခဲ့တယ်။လင်းဖန် ချက်ပြုတ်တတ်လိမ့်မယ် လို့ သူမထင် ထားခဲ့ပါဘူး။ထပ်ပြောရရင် ဒီ ရနံ့ကလည်း အတော် ဆွဲဆောင် မူရှိလှပါတယ်။
တိုဟူး အတုံးလေးတွေကို.တစ်ခုချင်းစီ ခွဲထားလိုက်တယ်။အထူးသဖြင့် ဆော့တွေကို. အဲ့အပေါ်မှာ လောင်းလိုက်တဲ့ အချိနိမှာ အတော် လှပတာပါ။သူတောင်မှ စားချင်စိတ်ကို မနည်းထိန်းနေရပါတယ်။
"ရှောင်ယန်..ဟင်းပွဲတွေ ကူသယ်ပေးပါဦး.."
လင်းဖန် ..ဟင်းပွဲတွေသယ်လိုက်ပြီး..ရှောင်ယန်ကို ကျန်တာတွေ ကူသယ်ခိုင်းလိုက်တယ်။
ရှောင်ယန် ဟင်းပွဲတွေကို သယ်တဲ့အချိန်မှာတော့ မွေးကြိုင်တဲ့ ရနံ့တွေဟာ သူ့နှာခေါင်းထဲကို ဝင်လာနေခဲ့လို့ပါ။သူမ တံတွေးတွေကို မြိုချဖို့သာ တတ်နိုင်ပါတယ်။
အပြင်ဘက်တွင်။
လင်းဖန် ဟင်းပွဲတွေကို စားပွဲပေါ်မှာ ချလိုက်ပြီး..
"စောင့်နေကြရတဲ့ အတွက် အားလုံးပဲ တောင်းပန်ပါတယ်ဗျာ။ဒီ မှန်ပုံသဏ္ဌာန် တိုဟူး ဟင်းလျာက.ကျွန်တော်တို့ရဲ့ လက်ဆောင်ပါ။ကျွန်တော် တို့အပြင်ဘက်မှာ..စားရင်လည်း ဝန်ဆောင်မူ နောက်ကျရင်..အရမ်းတကယ် စိတ်မရှည်မိဘူး။လူတိုင်းက အရသာရှိပြီး..အာဟာရဖြစ်တဲ့.ဟင်းပွဲတွေကိုပဲ.စားချင်ကြတာလေ။မိနစ်နှစ်ဆယ်မှာ..ဟင်းနှစ်ပွဲလောက်ပဲ ရတာက.တကယ် အဆင်မပြေတာပါ။ကျေးဇူးပြုပြီး စိတ်မရှိကြပါနဲ့။တစ်ခြား ဟင်းပွဲတွေလဲ ..ရောက်လာတော့မှာပါ"
ကာစတန်မာ တွေဟာ အကြောင်းအကျိုးနားလည်ပြီး ..ဒီလို ယဥ်ယဥ်ကျေးကျေး လာပြောမှ တော့ ဘာမှထပ်ပြောလို့မရတော့ပါဘူး။
ထပ်ပြောရရင် သူတို့ ဒီ မှန်ပုံသဏ္ဌာန် တိုဟူး ဟင်းလျာကို မြည်းကြည့်ချင်ပါသေးတယ်။
ဟင်းပွဲတွေက အတော်လှပပြီး..ရနံ့လည်း.အတော်မွှေးကြိုင်တာပါ။ဒါက အစားအသောက် မဂ္ဂဇင်းတွေမှာပါတဲ့..ဟင်းပွဲတွေနဲ့တောင် တူပါတယ်။
လင်းဖန် သူတို့ကို ကျေးဇူးတင်ပြီး ပြောလိုက်တယ်။
"ကောင်းပါပြီ..အားလုံးပဲ။စတင်ပြီး စားလိုက်ကြပါဦး..အေးသွားရင် အရသာက မကောင်းပဲ နေလိမ့်မယ်"
စားပွဲ နှစ်လုံးမှာ ထိုင်နေတဲ့ ကာစတန်မာတွေဟာ စတင်ပြီး တိုဟူးတွေကို ယူလိုက်ကြတယ်။တိုဟူးပေါ်ရဲ့ ဆော့အရည်တွေဟာ ဖြည်းဖြည်းချင်း ကျလာပြီး မွှေးကြိုင်တဲ့ ရနံ့ဟာ ထွက်လာခဲ့ပါတယ်။သူတို့ စားလိုက်တယ်။
ရုတ်တရက် အားလုံး ငြိမ်သက်သွားကြပါပြီ။
ကားစတန်မာတွေဟာ အမူအရာပြောင်းသွားခဲ့ပြီး မယုံကြည်နိုင်မူတွေ ပေါ်လာခဲ့တယ်။
အချိုနဲ့ အစပ်အရသာတွေကတော့ သူတို့ရဲ့ ပါစပ်ထဲမှာ ပေါက်ကွဲ ထွက်နေခဲ့ပါပြီ။အသားအရသာ..တိုဟူးအရသာ..ပုဇွန်အရသာ..ဆော့အရသာ..အကုန်လုံးက အပိုအလိုမရှိပါဘူး။
တိုဟူး ပါးစပ်ထဲမှာ အရည်ပျော်သွားတဲ့ အချိန်မှာတော့..သူတို့ အစားအသောက် နိဗ္ဗာန် ဘုံကိုရောက်နေသလို ခံစားနေခဲ့ရတယ်။
"အရမ်း အရသာ ရှိတယ်.."
ကာစတန်မာ တစ်ယောက်ဟာ ရေရွတ်လိုက်တယ်။ယင်းနောက် သူ တိုဟူး..အပိုင်းတစ်ခုကို နောက်ထပ်စားလိုက်ပြီး..အသက်ရူ ရပ်ကာ ဝါးစားလိုက်ပါတယ်။
ရှောင်ယန် လည်း သူမမြင်နေတာကို အံ့သြနေခဲ့ပါပြီ။
ဘိုင်ကီဟာ မီးဖိုခန်းထဲက ထွက်လိုက်တဲ့ အချိန်မှာ မြင်တွေ့ရတဲ့ မြင်ကွင်းကြောင့် အံ့သြသွားခဲ့တယ်။
လင်းဖန်လည်း ရယ်မောလိုက်ပါတယ်..အစားအသောက်တွေက လူတွေကို ဆွဲဆောငိဖို့ အကောင်းဆုံး နည်းလမ်းပါပဲ။
ယင်းနောက် သူဘိုင်ကီ ကိုကြည့်ကာ ပြုံးလိုက်ပြီး..
"ဟင်းပွဲတွေ အမြန်ချပေးလိုက်တော့လေ..ကာစတန်မာတွေ စောင့်နေကြပြီ.."
ဘိုင်ကီ ခေါင်းညိမ့်လိုက်တယ် ။
"အိုကေ..အိုကေ.."
သူ စိတ်ထဲမှာတော့ ဆွံ့အနေခဲ့ပါပြီ။ကောင်လေးဖန် ဘယ်အချိန်..ချက်ပြုတ်တတ်သွားမှန် သူနားမလည်တော့ပါဘူး။ထပ်ပြောရရင် ကာစတန်မာတွေက..ပန်းကန် ထဲမှာ ရှိတာတွေအကုန်လုံးကို အသည်းအသန် စားသောက်နေလို့ပါ။