အနိုင်ရသွားပြီ
Vol. 16 Ch. 233
မှန် ပုံသဏ္ဌာန် တိုဟူး ဟင်းလျာ ကို စားသုံးသူတွေ သဘောကျနေခဲ့ပါပြီ။သူတို့ စားသောက်ပြီး နောက်မှာ လင်းဖန်ကိုကြည့်လိုက်တယ်။ယင်းနောက် ရှောင်ယန်ကို ကြည့်လိုက်ပြီး..
"ဒီလို ဟင်းမျိူးနောက်ထပ်ရနိုင်ဦးမလား..။ငါတို့ ငွေရှင်းပါ့မယ်"
"ဟုတ်တယ် ငါတို့ ဘေလ်ရှင်း မှာပါ။ဒီဟင်းက အရသာ ရှိလွန်းတယ်။တိုဟူးထဲမှာ ရှိတဲ့ အသားနဲ့ ပုဇွန်ထုပ်ကလည်း အရသာ ရှယ်ပဲ.."
ရှောင်ယန် ဒါကို ကြားပြီး ဘာပြန်ပြောရမလဲ မသိတော့ပေ။သူတို့ ဒီလို ဟင်းပွဲ မျိူးကို မပြင်ဆင်တတ်ပါဘူး။
လင်းဖန် ပြုံးလိုက်ပြီး..
"တောင်းပန်ပါတယ်။ဒီဟင်းပွဲက အကန့်အသတ်နဲ့ပါ..ရောင်းချဖို့ မဟုတ်ပါဘူး။ကျွန်တော်က ဒီက ဆိုင်ပိုင်ရှင်ရဲ့ သူငယ်ချင်းပါ..တစ်က
ယ်လို့ အခွင့်အရေးရှိမယ် ဆိုရင် နောက်တစ်ခေါက် ပြန်လာပြီး စားနိုင်ပါတယ်။ဒါပေါ့ အရသာကတော့ ဒီအရသာ နဲ့ မတူနိုင်ပေမယ့် စိတ်ကျေနပ်စေဖို့ အာမခံပါတယ်.."
စားသုံးသူတွေဟာ ဒါကို ကြားပြီး ဘာမှမတတ်နိုင်တော့ပေ။ဒါပေမဲ့..သူတို့ ဒီဟင်းပွဲ ကို မှတ်မိနေတော့မှာပါ။
သိပ်မကြာခင်မှာပဲ စားသုံးသူတွေဟာ ပြန်သွားခဲ့ကြတယ်။စားသုံးသူတွေဟာ ပြန်သွားကြပေမယ့် ခုနက စားခဲ့တဲ့ ဟင်းပွဲ အရသာကို မေ့လို့ မရသေးပါဘူး။
ရှောင်ယန် သန့်ရှင်းရေးလုပ်နေတုန်းမှာပဲ ဘိုင်ကီဟာ လင်းဖန်နားကို လျောက်လာပြီး..
"ကောင်လေးဖန် .မင်းဘယ်တုန်းက ချက်ပြုတ်တတ်သွားတာလဲ..။မင်းရဲ့ ဟင်းက စောက်ရမ်းအရသာရှိတယ်"
လင်းဖန် ပြုံးလိုက်တယ်။
"မင်းစားတောင် မကြည့်ရသေးဘူးလေ။ဒီဟင်းကောင်းမယ် ဆိုတာ ဘယ်လိုသိတာလဲ.."
ဘိုင်ကီ စိတ်လှုပ်ရှာစွာ ပြောလိုက်တယ်။
"ငါ မကန်းသေးဘူး။စားသုံးသူတွေရဲ့..မျက်နှာကိုလည်း ကြည့်လိုက်ဦးလေ..သူတို့ အားလုံးက မင်းရဲ့ ဟင်းကို စောက်ရမ်းကြိုက်နေကြတာ.."
လင်းဖန် ဘိုင်ကီရဲ့ ပုခုံးကို ပုတ်လိုက်ပြီး..
"မင်းပုံစံကို ကြည့်ရတာတော့..ငါ့ဆီက သင်ယူချင်နေတယ် ထင်တယ်။မင်းသင် ချင်ရင် ငါသင်ပေးလို့ ရပါတယ်"
"အာ.."
ဘိုင်ကီရဲ့ မျက်နှာ ပေါ်မှာ စိတ်လှုပ်ရှားမူတွေ ဖြစ်ပေါ်သွားခဲ့တယ်။ဒါပေမဲ့ ခနအကြာမှာ ပျောက်ကွယ် သွားခဲ့ပြီး..
"မင်းက ဟွမ်ကျုံး မှာ အကြာကြီးနေမှာ မဟုတ်ဘူးလေ..။သင်ယူတယ် ဆိုတာက အချိန်အတော်ကြာ လိုအပ်မှာ..ငါ ဘယ်လို သင်လို့ ရမှာလဲ.."
"စိတ်မပူနဲ့..ငါ မင်းကို ဟင်းပွဲအများကြီး.သင်ပေးမှာ မဟုတ်ဘူး။တကယ်တော့ ငါမင်းကို အများကြီးလည်း သင်ပေးနိုင်မှာမဟုတ်ဘူး။ဒီမှာ ဆိုင်တွေအများကြီး ရှိပေမယ့် သူတို့ရဲ့ အဓိက ဟင်းပွဲက..တစ်ခုနှစ်ခု လောက်ပဲ ရှိတာလေ။ငါမင်းကို မှန်ပုံသဏ္ဌာန် တိုဟူး ဟင်းနဲ့တစ်ခြား ဟင်းတစ်ပွဲ ကို သင်ပေးလို့ရတယ်။မင်း ငါ့အရသာ နဲ့ တစ်ထပ်တည်း တူစရာ မလိုဘူး..ဒါပေမဲ့ မင်းအဆင့်တစ်ခုအထိ လုပ်နိုင်ရင်စားသုံးသူ တွေ အကုန်လုံး စွဲလမ်းသွားစေရမယ်"
ဒါက လင်းဖန် လည်း အစောကြီး ကတည်းက တွေးနေတဲ့ ကိစ္စပါ။ကျောင်းဆု ဟင်းလျာ ဆိုတဲ့ နာမည်အောက်မှာပဲ ..နောက်ထပ်..ယန်ကျို့ ဟင်းလျာ..ဆူရှီ ဟင်းလျာ..ရူဟိုင် ဟင်းလျာ..နဲ့တစ်ခြား ဟင်းလျားတွေ လည်း စွယ်စုံကျမ်းထဲမှာရှိပါသေးတယ်။
စွယ်စုံ ကျမ်းသာ မရှိရင်..ဒီလို အမျိုးအစား စုံလင်တဲ့ ဟင်းလျာ တွေ အများကြီး ကို..စားဖိုမှူးတစ်ယောက်ထဲက ချက်နိုင်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။
ဘာပဲဖြစ်ဖြစ်..ဘယ်လို ချက်ပြုတ်ရမလဲ ဆိုတာ သိတာနဲ့..တစ်ကယ် ချက်ပြုတ်တတ်တယ် ဆိုတာဟာ မိုးနဲ့မြေကြီးလို ကွာခြားတဲ့ အရာပါ။
ဒါက သူဘိုင်ကီကို ဟင်းပွဲ နှစ်ပွဲပဲ သင်ပေးရတဲ့ အကြောင်းအရင်း တစ်ခုပါပဲ။သူသာ ဒီဟင်းပွဲ နှစ်ခုကို ပိုင်နိုင်အောင် ချက်ပြုတ်တတ်ရင်..သူ့ဆိုင်က ဒီဟင်းပွဲ တွေအပေါ်မှာ မှီခို လို့ရမှာဖြစ်ပြီး..လူသိများ ထင်ရှား လာမှာပါ။
တစ်ခြားတစ်ယောက်ယောက် သာ သူ့ဆီက သင်ယူချင်တယ် ဆိုရင် လင်းဖန် စိတ်ရှုပ်ခံနေမှာ မဟုတ်ပဲ ထွက်သွားလို့သာ..တစ်ခွန်းထဲပြောလိုက်မှာပါ။ဒါပေမဲ့ ဘိုင်ကီ ကတော့ ကွာခြားသွားပါပြီ။
သူတို့က အတူတူ ကြီးပြင်းလာခဲ့တဲ့ ကျောင်းနေဘက်တွေပါ။ဒုတိယ အချက်က..ဒီ ဆိုင်လေးက သူ့ငယ်ဘဝ ရဲ့ မှတ်ဥာဏ်တွေ ရှိနေတယ် လို့ ပြောလို့ရပါတယ်။သူ ဒီနေရာမှာ အကြိမ်များစွာ စားသုံး ခဲ့တာ ဆိုတော့..ဒီတိုင်း မေ့ပစ်ဖို့က လွယ်တဲ့ အရာမဟုတ်ပါဘူး။
သူဘိုင်ကီ ကို ကူညီချင်ပါတယ်။သူ ဘိုင်ကီ ကို ပိုက်ဆံ ဒါမှမဟုတ် တစ်ခြားတစ်ခုခု ပေးရင် ဘိုင်ကီ က ကျိန်းသေ ငြင်းပယ်မှာပါ။သူက လင်းဖန်..သူ့ကို စော်ကား နေတယ်လို့တောင် တွေးချင်တွေးမှာဖြစ်ပြီး..သူတို့ရဲ့ ဆက်ဆံရေး ဆိူးရွားသွားနိုင်ပါတယ်။
ဒါပေမဲ့ ဘိုင်ကီ ကို ဟင်းချက်သင်ပေးတာက တော့ မတူညီတော့ပါဘူး။
ဟင်းချက်တယ် ဆိုတာ ပုံမှန်ပဲ လို့မြင်ကြပေမယ့်..လမ်းညွှန်ပေးမယ့် မာစတာ သာ မရှိရင်..ဒီဟင်းပွဲကို.အဆင့်မြင့်အောင် ချက်နိုင်ဖို့ဆိုတာဘမဖြစ်နိုင်ပါဘူး။
ထိပ်တန်း စာဖိုမှူးတွေတောင် မီနူး အသစ်တီထွင်ချင်ရင်..များပြားလှတဲ့.ကျဆုံးမူတွေကိုတွေ့ကြရမှာ ဖြစ်ပြီ..ပါဝင်ပစ္စည်းတွေကို နားလည်ဖို့ အချိန်ယူကြီး ကြိုးစားကြရမှာပါ။
လင်းဖန် ရဲ့ အကြံဥာဏ်ပေးမူဟာ ဘိုင်ကီ ရဲ့ နှလုံးသားကို လှုပ်ခတ်သွားခဲ့တယ်။သူ အဓိက မီနူး ဟင်းပွဲ မလုပ်ချင်တာမဟုတ်ပဲ..သူ့မှာ အရည်အချင်းမရှိ လို့ပါ။
သူ့ ဆိုင်လေးကို အဆင့်မြင့်ဖို့ သူများပြားလှတဲ့ ဟင်းလျာ စာအုပ်တွေ ဖတ်ပေမယ့်လည်း..သူချက်လိုက်တိုင်း အရသာက ပုံမှန်ပါပဲ။သူ့အမေ ဆီကသာ..အနည်းငယ် မသင်ယူထားခဲ့ဘူးဆိုရင် အခုချိန်ထိတောင် ရှင်သန်နိုင်မှာမဟုတ်ပေ။
"ကောင်လေး ဖန်..မင်းဟင်းချက်သင်တယ် လို့လည်း မကြားမိပါလား။ဘယ်မှာ. သင်လိုက်တာလဲ.."
ဘိူင်ကီ မေးလိုက်တာပါ။
လင်းဖန် ထူးဆန်းစွာ ပြုံးလိုက်တယ်။စွယ်စုံကျမ်းမှာ သင်ကြားလို့ရမယ့် နေရာတွေအများကြီးပါ..။သူ သင်ကြားချင်တဲ့ စွမ်းရည် ကို သင်ကြားလိုက်ယုံပါပဲ။
"အရှေ့သစ် မှာ.."
လင်းဖန် ပြန်ဖြေလိုက်တယ်။
ဘိုင်ကီ ပဟေဠိ ဖြစ်သွားတယ်..အရှေ့သစ်ကျောင်းက ဘယ်မှာလဲ ဆိုတာ မသိပါဘူး။
"အရှေ့သစ်က ဘယ်မှာတုန်း..ငါဘာလို့ တစ်ခါမှ မကြားဖူးတာလဲ.."
လင်းဖန် လည်း ဘယ်မှာမှန်းမသိပါဘူး။ဒါကြောင့် သူပုံပြင်တစ်ပုဒ် ပြောလိုက်တယ်။
"အဲတာက လေ့ကျင့်ပေးတဲ့ နေရာပဲ။နောက်ပိုင်းမှာ လေ့ကျင့်ပေးတာတွေက အဆင်မပြေတော့ပဲ..သင်တန်းသားတွေကို ထိခိုက်ဒဏ်ရာရခဲ့တော့..တရားစွဲခံရပြီး.သင်တန်းကျောင်းကို ပိတ်လိုက်ရတယ်"
ဘိုင်ကီ တစ်ခါမှ မကြားဖူးပေမယ့် လည်း..များပြားလှတဲ့ လေ့ကျင့်ရေး သင်တန်းကျောင်းတွေ ရှိတာကို တွေးမိပြီး..ထပ်မမေးတော့ပေ။
"ငါ့ကို အခု ဘာလို့ မသင်ပေးတာလဲ..။ငါက သင်ယူတာ အရမ်းမြန်တယ်နော်..."
ဘိုင်ကီ ပြောလိုက်တာပါ။
"မင်းက အခုဘာကို သင်ချင်တာလဲ..။မင်းငါ့ကို ခေါ်တာက..အတိတ်ကအကြောင်းတွေ ပြောရင်း စားသောက်ကြဖို့လေ..သင်ရင်လည်း မနက်ဖြန်မှသင်တော့..။တစ်ခြားအကြောင်း မပြောပဲ သောက်ရအောင်..ကာစတန်မာတွေ လာတော့မှာ မဟုတ်ဘူး.."
သူတို့ ၁၁ နာရီ အချိန်အထိ သောက်လိုက်ကြတယ်။လင်းဖန် လည်း မူးဝေ နေခဲ့ပါပြီ။သူ ၂၀၀ ml အထိ သောက်နိုင်လိမ့်မယ် လို့ မထင်ထားခဲ့ပါဘူး။သူ ဘိုင်ကီ ပြန်လိုက်ပို့ပေးမှာကို ငြင်းလိုက်ပြီး..တက္ကဆီသာ ငှားပြီး ပြန်လာလိုက်တယ်။
သူ့ တိုက်ခန်း ရောက်တဲ့ အချိန်မှာတော့..သူသော့ကို ထုတ်လိုက်တယ်။
ဒီအချိန်ဆို သူ့အဖေ နဲ့ အမေ အိပ်နေလောက်ပါပြီ။ဝမ်မင်ယန် သူ့အဖေ နဲ့အမေ ကို ဘာတွေ ပြောထားသေးလည်း..သူ လည်း မသိပါဘူး။သို့ပေမယ့် သိပ်ပြသနာ မရှိပေ။
နောက်တစ်နေ့ မနက်ကျရင်သူ အစောကြီး ထပြီး..မနက်စောစော အိမ်ကနေ တိတ်တဆိတ် ထွက်သွား ရမှာပါ။ဒါဆို သူ့အဖေအမေ မေးခွန်းထုတ်ချင်ရင်တောင် မေးလို့ မရတော့ပါဘူး။
သူ တံခါးကို တွန်းဖွင့်လိုက်တယ်။
ဧည့်ခန်းထဲမှာတော့ ဆူညံ့နေလို့ပါ။
"အန်တီ စိတ်မပူနဲ့..။အန်ကယ် သောက်လိုက် ကြရအောင်.."
"အာ..သူ ပြန်လာပြီ.."
လင်းဖန် မတ်တတ် ရပ်နေပြီး..ဧည့်ခန်းထဲက ရင်းနှီးတဲ့.အရိပ်တွေကို အံ့သြစွာ ကြည့်လိုက်ပါတယ်။သူ အချိန်ကို ကြည့်လိုက်တော့..၁၁ နာရီခွဲရှိနေပါပြီ။
အကြည့်တွေ သူ့အပေါ် ဝိုင်းလာတဲ့ အချိန်မှာတော့ နှလုံးခုန်သံဟာ မြန်သွားခဲ့တယ်။
သူ အမေဟာ ထိုင်နေရင်းကနေ..
"ဟဲ့ ခွေးသားလေ..ဒီကို အမြန်လာဦး။အမေ မင်းကို မေးစရာ ရှိသေးတယ်"
လင်းဖန် ခေါင်းကို ကိုင်ကာ ပြောလိုက်တယ်။
"အာ..ခေါင်းကိုက်နေသလိုပဲ.. အရမ်းသောက်တာ များသွားလို့ထင်တယ်။မရတော့ဘူး..အိပ်မှရတော့မယ်"
အဲ့အချိန်မှာပဲ သူ အိပ်ခန်းထဲ သွားဖို့ လုပ်လိုက်တယ်။ဒီအချိန်မှာ သူ့အမေနဲ့ စကားပြောလို့ မရပါဘူး။သူ ဝမ်မင်ယန်နဲ့ ကျန်တဲ့ လူတွေ ပြန်တဲ့အချိန်အထိ စောင့်ရမှာပါ။
အမေလင်း ကတော့ သူ့သားရဲ့ အကွက်တွေကို မြင်နေပြီးသားပါ။
"သရုပ်ဆောင်နေပြန်ပြီ"
ဝမ်မင်ယန် ပြုံးလိုက်ပြီး..
"အမြန်လာခဲ့..အန်တီက မင်း မဂ်လာဆောင်ဖို့ အလျင်မလိုဘူးတဲ့.."
လင်းဖန် ဒါကို ကြားတဲ့အချိန်မှာ ခြေလှမ်းတွေကို ရပ်တန့်လိုက်တယ်။
"အာ..ငါ့ခေါင်းက ပြန်ကောင်းသွားသလိုပဲ။အမေ ဘာတွေ လုပ်နေတာလဲ..အခုထိ မပြီးသေးဘူးလား.."
လင်းဖန် ဝမ်မင်ယန် ရဲ့ စကားကို ကြားမှ စိတ်သက်သာရာ ရသွားခဲ့ပါတယ်။ကြည့်ရတာ ဝမ်မင်ယန် ကသူ့ကို စိတ်မပျက်စေပါဘူး။
ညစာစားပွဲတွင်။
လင်းဖန် ရဲ့ အမေဟာ လေးနက်တဲ့ အမူအရာနဲ့ ပြောလိုက်တယ်။
"သား..သားလေး ဝမ် က အမေတို့ကို အခြေအနေ ပြောပြထားပြီးပြီ။အမေတို့ စိတ်သက်သာရာ ရသွားခဲ့တယ်..ဒါပေမဲ့ မှတ်ထားဦး မိန်းကလေး တစ်ယောက်ကို ရွေးချယ်မယ် ဆိုရင် တောင် တစ်ခြား မိန်းကလေးတွေကို နာကျင်ခံစားရအောင် လုပ်လို့ မဖြစ်ဘူး။တကယ်လို့ အဲလို လုပ်တာ တွေ့ရင်..မင်းအတွက်ကောင်းမွန်တဲ့ နေ့တွေ ရှိမှာ မဟုတ်ဘူးဆိုတာ သိထားလိုက်"
လင်းဖန် အသက်ပြင်းပြင်းရူလိုက်ပြီး..
"အမေ စိတ်မပူပါနဲ့..သားကို မယုံဘူးလား.."
အားလုံးဟာ အချိန်အတော်ကြာအောင် စကားပြောလိုက်ကြတယ်။
ဝမ်မင်ယန် နဲ့ ရူဇီလီဟာ နောက်ကျနေပြီး ပြန်တာကြောင့် ပြန်ဖို့ပြောလိုက်ကြပါတယ်။
လင်းဖန် အမေဟာလည်း နောက်ကျနေတော့ ဆက်ပြီး မဆွဲထားတော့ပေ။
"အမြန်..သားလေးဝမ်ကို အောက်လိုက်ပို့လိုက်ဦး.."
ဓာတ်လှေကားတွင်။
ဝမ်မင်ယန် ပြုံးလိုက်တယ်။
"ဘယ်လိုလဲ..တကယ်မဆိုးဘူး မလား။မင်းငါ့ကို ယုံကြည်လို့ ရပါတယ်"
လင်းဖန် လက်မထောင်ပြလိုက်ပြီး..
"အမေးဇင်းပဲ.."
"ဟားဟား.."
ဝမ်မင်ယန်ဟာ ရယ်မောလိုက်တယ်။အောက်ဘက်ကို ရောက်တဲ့ အချိန်မှာတော့ ကားပေါ်တက်ကာ ရူဇီလီ နဲ့ အတူ ထွက်သွားလိုက်ကြပါတယ်။