← Chapters

ဒုတိယ ဟင်းပွဲ

Vol. 16 Ch. 236

ဒုတိယ ဟင်းပွဲ

Vol. 16 Ch. 236

ပထမဆုံးနေ့ရဲ့ သင်ကြားပေးမူ ရလာဒ်က ကောင်းမွန်တယ်လို့ ပြောလို့ရပါတယ်။ဘိုင်ကီရဲ့ ကြိုးစား ချင်စိတ်က အဓိကပါ။သူ တစ်ရက်တည်းနဲ့ တတ်အောင် သင်ယူနိုင်ခဲ့တယ်။ဒါက လင်းဖန်ရဲ့ ဆယ်ရာခိုင်နှုန်းလောက်သာ မှီပေမယ့်လည်း..အထင်သေးလို့ မရပါဘူး။

လင်းဖန် ကြည့်လိုက်တယ်။

ငါ သင်တန်းကျောင်းတစ်ခုဖွင့်သင့်လား....ဒါဆို စွယ်စုံအမှတ် တွေတော်တော် ရမှာ...

ငါသာ အရှေ့သစ် ဟင်းချက်သင်တန်းကျောင်းကိုဖွင့်ရင်.အတော်အောင်မြင်မှာ ကျိန်းသေတယ်..

ဒါပေါ့..ဒါတွေက လင်းဖန်လျောက်တွေးနေခဲ့တာပါ။

အပြင်ဘက်တွင်။

ဘိုင်ကီဟာ ကျယ်လောင်တဲ့ အသံဖြင့်...

"လမ်းသွားလမ်းလာများ ခင်ဗျာ..ဒီအခွင့်အရေးကို လက်လွှတ်မခံပါနဲ့။ဒီနေ့ ညစာက..စျေးနှုန်တစ်ဝက်လျော့ချ ပေးပြီး..မီနူအသစ်ကို လည်း အခမဲ့ ကျွေးသွားဦးမှာပါ။ကျေးဇူးပြုပြီး လာရောက် သုံးဆောင်နိုင်ကြပါပြီ"

သူ့အသံက တကယ်ကျယ်တော့..လမ်းသွားလမ်းလာရဲ့ အာရုံစိုက်မူကို ရယူနိုင်ခဲ့ပါတယ်။သို့ပေမယ့် သူတို့ဟာ ဆိုင်ရဲ့ အခြေအနေကိုဘကြည့်ပြီး ပြန်လှည့် သွားခဲ့ကြတယ်။

ဒီ ထက်ဝက်စျေးက တကယ်နည်းပါးတော့..ကာစတန်မာတစ်ချို့ ကို ဆွဲဆောင် နိုင်ပါသေးတယ်။

ကာစတန်မာတစ်ချို့ ဟာ ဆိုင်ထဲဝင်လာခဲ့တယ်။

ဘေးနားက ဆိုင်ပိုင်ရှင်တွေ ဒါကိုမြင်တဲ့ အချိန်မှာ ရယ်မောလိုက်ကြတယ်။ဘိုင်ကီ လက်လွဲယူကတည်းက ဒီဆိုင်က ကျဆုံးခန်းကို ရောက်လာနေပြီ ဆိုတာ သူတို့ သိထားကြပြီးသားပါ။သူတို့ တစ်နေ့ကို ဒေါ်လာ နှစ်ရာ သုံးရာဖိုး လောက် ရောင်းရရင်တောင် ကံကောင်းနေပါပြီ။

သူတို့ ထက်ဝက်စျေးနဲ့ ကာစတန်မာ ဆွဲဆောင်နေပေမယ့်လည်း ..ကြာရှည်ရပ်တည်နိုင်မှာမဟုတ်ပေ။

လင်းဖန် ပြောလိုက်တယ်။

"တော်လောက်ပြီ..စားပွဲ နှစ်လုံးပြည့်နေပြီလေ..။သူတို့ကို ပဲ ပြင်ဆင်ပေးလိုက်တော့.."

ဘိုင်ကီ ယုံကြည်မူ အပြည့်နဲ့ ခေါင်းညိမ့်လိုက်တယ်။

"ကောင်းပြီ..ငါ.မီးဖိုခန်းထဲ သွားလိုက်မယ်"

လင်းဖန်လည်း လုပ်စရာ သိပ်မရှိတော့..ကာစတန်မာတွေ ဘယ်လို တုန့်ပြန်မလဲ စောင့်ကြည့်နေခဲ့တယ်။

သိပ်မကြာခင်မှာပဲ ဘိုင်ကီ မှန်ပုံသဏ္ဌာန် တိုဟူး ဟင်းလျာကို သယ်လာခဲ့တယ်။

"အားလုံးပဲ ဒါက ကျွန်တော်တို့ ဆိုင်ရဲ့ မီနူးအသစ်ပါ။နည်းနည်းလောက်မြည်းကြည့်ပြီး..အရသာလိုအပ်ချက်လေးတွေ ထောက်ပြပါဦ..."

စားသုံးသူတွေဟာ ပျော်ရွှင်နေကြတယ်။သူတို့ဒီဟင်းပွဲကို မြည်းကြည့်လိုက်တဲ့ အချိန်မှာတော့ ဆွံ့အသွားကြပါပြီ။ဒီဆိုင်က ဟင်းပွဲက ဒီလောက်ထိ အရသာရှိနေလိမ့်မယ် လို့ မထင်ထားခဲ့ကြပါဘူး။

ယင်းနောက် သူတို့ တူကိုကိုင်ပြီး..ဆက်တိုက် စားသောက်လိုက်ကြတယ်။

"ကောင်းတယ်...ဒီဟင်းပွဲက တော်တော် ကိုကောင်းတယ်"

"ဟေး ..ငါတို့ ဒါမျိုးတစ်ခါမှ မစားဖူးဘူး။တိုဟူးမလား..ဘာလို့ ဒီလောက်တောင် အရသာကောင်းနေရတာလဲ.."

"မဆိုးဘူး မဆိုးဘူး.။ဒီဆိုင်က တကယ်မထင်ရဘူနော်။ဒီလောက် တောင် အရသာရှိတယ်"

.....

ဒါက စားသုံးသူတွေရဲ့ အသိမှတ်ပြုမူကိုဘရရှိလိုက်တဲ့ သဘောပါ။လင်းဖန် ကြည့်လိုက်တယ်။သူ ဒုတိယ ဟင်းပွဲ အတွက် ဝက်သားဟင်းကိုသင်ကြားပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဒါက အရမ်းကြီးမခက်သလို... ရူပ်ထွေးတဲ့ အဆင့်တွေလည်း မပါဝင်ပဲ..အတော် ရိုးရှင်းတဲ့ ဟင်းလျာတစ်မျိုးပါ။

သူ ဒီဟင်းပွဲကို ဘိုင်ကီကို သင်ပေးရမှာဖြစ်ပြီး..ဒီဟင်းက ထမင်းပွဲနဲ့ အတော်လိုက်ဖက်ပါတယ်။

လူတွေက ထမင်းစားဖို့ လာကြတာ ဖြစ်တဲ့ အတွက် ဒီဟင်းနဲ့ ဆို အံ့ကိုက်ပါပဲ။ဝက်သားဟင်းနဲ့ မှန်ပုံသဏ္ဌာန် တိုဟူးဟင်းသာ ပေါင်းစပ်လိုက်ရင်..တကယ့် အဆင့်တစ်ခု ရောက်သွားမှာပါ။

မှန်ပုံသဏ္ဌာန် တိုဟူး ဟင်းလျာ ဟာ အားလုံးရဲ့ ကြိုက်နှက်သက်မူနဲ့ အံ့ကိုက်ဖြစ်ပြီး..အသွင်အပြင်ကလည်း အရမ်းလှပပါတယ်။

ဒီ ဟင်းပွဲ အပြီးမှာ ကျန်တဲ့ ဟင်းတွေပါရောက်လာခဲ့တယ်။

စားသုံးသူတွေဟာ ဒီဟင်းပွဲတွေလည်း ကျန်တဲ့ ဟင်းတွေလို သဘောထားလိုက်ပေမယ့်..စားကြည့်တဲ့ အခါမှာ အရသာ ကွာခြားမှန်း သိလိုက်တယ်။ဒါကြောင့် သူတို့ အများကြီး မတွေးတော့ပါဘူး။

"ဘော့စ် ..ဒီကို ပထမ ဟင်းပွဲမျိုး ထပ်ပေးလို့ ရနိုင်မလား..."

"နောက်တစ်ပွဲလောက်..ငါတို့ ပိုက်ဆံရှင်းပါ့မယ်။ဒီဟင်းတွေက ပုံမှန်ပဲ..ဒါပေမဲ့ တိုဟူး ဟင်းပွဲကတော့ အရသာကောင်းလွန်းတယ်"

အဲ့အချိန်မှာတော့ အလုပ်ရှုပ်နေတဲ့ ရှောင်ယန်ဟာ ဒါကိုကြားပြီး..ဝမ်းသာသွာခဲ့တယ်။ မီးဖိုထဲမှာ ရှိနေတဲ့..ဘိုင်ကီလည်း ကျေနပ်နေလို့ပါ။သူကို့ ဝမ်းနည်းစေတဲ့ တစ်ခုတည်းသော အရာက သူ့ရဲ့ မိသားစု ဟငးလျာတွေက အဆင့်မမှီတာပါပဲ။

သူ လင်းဖန် ရဲ့ အကြံဥာဏ်ကို တွေးမိလိုက်တယ်။အဓိက ဟင်းပွဲ..က အရေအတွက်ပေါ်မူတည်တာ မဟုတ်ပဲ အရည်အသွေး ပေါ်ကိုပဲ မူတည်တာပါ။သူ ကာစတန်မာတွေကို ဆွဲဆောင်နိုင်တဲ့ ဟင်းလျာတစ်မျိူးကို လုပ်ဆောင်နိုင်ရင်ပဲ အောင်မြင်ပြီ လို့ပြောလို့ရပါတယ်။

အဆုံးမှာတော့။

ဘိုင်ကီနဲ့ ရှောင်ယန်တို့ဟာ ခုံပေါ်မှာ ပင်ပန်းစွာ ထိုင်လိုက်ကြတယ်။သူတို့ရဲ့ မျက်နှာမှာတော့ အပြုံးတွေဟာ တောက်ပနေလို့ပါ။

ဘိုင်ကီ ဝမ်းသာစွာပြောလိုက်တယ်။

"ကောင်လေးဖန်..မင်းက တကယ်အံ့သြဖို့ကောင်းတာပဲ။တွေ့လိုက်လား..ကာစတန်မာတွေ ဟင်းကို ချီးကျုးနေတာ မပြီးတော့ဘူး..."

လင်းဖန်ပြုံးလိုက်တယ်။

"ဒါပေမဲ့ မင်းရဲ့ တစ်ခြားဟင်းပွဲတွေကို သူတို့စိတ်ပျက်သွားကြတယ်လေ..."

ဘိုက်ကီ ဝမ်နည်းသွားခဲ့တယ်။

"မတတ်နိုင်ဘူးလေ.။တကယ်တော့..တစ်ခြားဟင်းတွေလည်း မဆိုးပါဘူး.."

လင်းဖန် ခေါင်းညိမ့်လိုက်တယ်။

"မင်းကို မနက်ဖြန်ကြရင်..နောက်ထပ် ဟင်းတစ်ခွက်သင်ပေးမယ်။အဲဒါက လည်း အဓိက ဟင်းလျာဖြစ်လာလိမ့်မယ်။မင်းရဲ့ ဆိုင်အပြင်အဆင်အတွက်ကတော့..ငါပြောင်းလဲ သင့်ပြီလို့ထင်တယ်နော်..."

ဘိုင်ကီ ခေါင်းညိမ့်လိုက်တယ်။

"အင်း..ဆိုင်အပြင်အဆင်လည်း ပြန်လုပ်ရမယ်။တစ်ခြားဆိုင်တွေထက် နောက်ကျနေလို့ မဖြစ်တော့ဘူး.."

*ကလင် ကလင်*

အဲ့အချိန်မှာပဲ ဝမ်မင်ယန်ဟာ ဖုန်းခေါ်လာခဲ့တယ်။

ဝမ်မင်ယန်.." ငါအခု သီချင်းဆိုနေတာ..လာခဲ့လိုက်တော့ အတူတူပျော်ပါးရအောင်"

လင်းဖန် .." ကျုပ်ဒီနေ့ ပင်ပန်းနေပြီ..ခင်ဗျားဟာခင်ဗျား ပျော်လိုက်တော့..,ဖုန်းချလိုက်တော့မယ်"

ဝမ်မင်ယန် ," ကောင်းပြီလေ.."

ဖုန်းချပြီး နောက်မှာ လင်းဖန် အချိန်ကို ကြည့်လိုက်တယ်။ဒါက တကယ်မစောတော့ပါဘူး။ယင်းနောက် သူ ဘိုင်ကီ တို့ကို နှုတ်ဆက်လိုက်ပြီး..နောက်တစ်နေ့ မနက်မှာ ပြန်တွေ့ဖို့ ချိန်းလိုက်ပါတယ်။

ဘိုင်ကီဟာလည်း ကြိုးစားလွန်းလို့ သူ့လက်မောင်းတွေ ညောင်းညာနေပြီး..ဆိုင်ကို အစောပိတ်ကာ အိမ်ပြန်ချင်နေခဲ့ပါပြီ။

နောက်တစ်နေ့မနက်။

လင်းဖန် မနက်အစောနိုးပြီး..မနက်စာစားကာ ဘိုင်ကီရဲ့ ဆိုင်ကို ထွက်လာခဲ့လိုက်တယ်။

ဆိုင်ထဲတွင်။

ဘိုင်ကီ လင်းဖန် အနားကို လာလိုက်ပြီး..

"ကောင်လေးဖန်.ဒီနေ့ ငါ့ကို ဘာဟင်း သင်ပေးမှာလဲ.."

လင်းဖန် ဘိုင်ကီ တက်ကြွနေတာ ကို ကြည့်ပြီး ခေါင်းညိမ့်လိုက်တယ်။ကြည့်ရတာ ဒီကောင် မနေ့က ကာစတန်မာတွေရဲ့ မျက်နှာအမူအရာတွေကို ကျေနပ်နေတဲ့ ပုံပါပဲ။

"ဒီနေ့..ငါမင်းကို..ချယ်ရီ ပေါ့.ဝက်သားဟင်းလျာ သင်ပေးမယ်"

"ချယ်ရီ..ဟင်းထဲမှာ ချယ်ရီသီး ထည့်ချက်မှာလား.."

ဘိူင်ကီ အံ့သြသွားခဲ့တယ်။သူ တကယ်နားမလည်တော့ ပါဘူး။

လင်းဖန် စွယ်စုံကျမ်းကို သေချာလေ့လာပြီးတဲ့နောက် တစ်ချို့ဟာတွေက အပြင်ဘက်မှာ မရှိဘူးဆိုတာ နားလည်လိုက်တယ်။အရင်နေ့က သူပြန်သွားတော့ ချယ်ရီပေါ့ ဝက်သားဟင်းလျာကို လေ့လာလိုက်ပေမယ့်..ဒါက အပြင်မှာ မတည်ရှိပြန်ပါဘူး။ဒါက စွယ်စုံ ကျမ်းထဲမှာပဲ တည်ရှိတဲ့ အရာပါ။

စွယ်စုံ ကျမ်းထဲက ကျောင်းဆု ဟင်းလျာတွေထဲမှာ..အများစုဟာ တည်ရှိပြီး တစ်ချို့ဟာ မတည်ရှိကြပေ။

ဒါပေမဲ့ သူ ဒါကို ဂရုမစိုက်ပါဘူး..အရသာက ကောင်းနေသ၍ ဒါအဆင်ပြေပါတယ်။

အများကြီးတွေးနေလို့ ဘာအဓိပ္ပါယ်ရှိမှာလဲ.....

လင်းဖန် ပြုံးပြီး ပြောလိုက်တယ်။

"ဒါက ချယ်ရီသီး မပါပါဘူး..။နာမည်ကသာ ချယ်ရီပေါ့ ဖြစ်နေတာ။ဒီဟင်းလျာက မှန်ပုံသဏ္ဌာန် တိုဟူး ဟင်းလျာထက်..ပိုပြီး ခက်ခဲတယ်နော်။ဒါပေမဲ့ ဒါက လူငယ်ရော..လူကြီးတွေ အတွက်ရော..ထမင်းနဲ့ စားဖို့ အတော်အဆင်ပြေတယ်။ဒါ ဟင်းလျာကောင်းတစ်ခွက်လို့ ပြောလို့ရတယ်"

ဘိုင်ကီ ဒါကို ကြားတဲ့အချိန်မှာတော့ ထပ်မစောင့် နိုင်တော့ပေ။

သူ လင်းဖန် ဆီက သင်ယူချင်လှပါပြီ။အရင်က ဆိုရင် ဒီလို ဟင်းလျာမျိူးတွေ သင်ယူခွင့်ရဖို့ အိပ်မက်တောင် မမက်နိုင်ပါဘူး။စာအုပ်လေးတွေပဲ ဝယ်ဖတ်နေခဲ့ရတာပါ။

မီးဖိုထဲတွင်။

လင်းဖန် ချယ်ရီပေါ့ ဝက်သား ဟင်းလျာ ပြင်ဆင်ပြီးတဲ့ အချိန်မှာ ဘိုင်ကီ ရော..ရှောင်ယန်ရော ရနံ့ကြောင့် ဆွံ့အနေခဲ့ကြတယ်။

မှန်ပုံသဏ္ဌာန် တိုဟူး ဟင်းလျာ ကတင် အတော် အံ့သြသင့်ဖို့ ကောင်းနေပြီဖြစ်ပြီး..အခု ချယ်ရီပေါ့ ဝက်သားဟင်းလျာ ကပါ ဒီလောက်ထိ မယုံစရာ ကောင်းနေမယ်လို့ မထင်ထားခဲကြပါဘူး။

"ဒီဟင်းက အတော် ပြုလုပ်ဖို့ ခက်ခဲမယ်ထင်တယ်"

ဘိုင်ကီ ရေရွတ်ပြီး ပြောလိုက်တာပါ။

လင်းဖန် ပြုံးလိုက်တယ်။

"ငါ သင်ပြပေးရင်..မခက်တော့ပါဘူး။ရိုးရှင်းပါတယ်"

ဘိုင်ကီ လင်းဖန်ကို ကြည့်လိုက်တယ်..သူ့နှလုံးသားထဲမှာတော့ ကျေးဇူးတင်မူတွေ အပြည့်နဲ့ပါ။ဒါအမှန်ပဲ..သူ့ဘက်မှာ ကောင်လေးဖန် ရှိပါတယ်။

ကောင်လေးဖန်သာ စိတ်ရှည်လက်ရှည်နဲ့ တစ်ဆင့်ချင်း သင်ပြပေးမယ်ဆိုရင်..ဘယ်လောက်ပဲ ခက်ခဲ ခက်ခဲ ဒါပြသနာ မရှိတော့ပါဘူး။

All Chapters