ပန်းတိုင်တစ်ခု ရှိရမယ်
Vol. 16 Ch. 237
ချယ်ရီပေါ့ ဝက်သားဟင်းက တကယ်ကောင်းမွန်တဲ့ ဟင်းတစ်ခွက်ပါ။ဒီ ဟင်းပွဲက ပြင်ဆင်ရတာ အရမ်းမခက်ခဲပေမယ့်လည်း မှတ်ပုံသဏ္ဌာန် တိုဟူး ဟင်းလျာနဲ့ ယှဥ်ရင်တော့..ပိုခက်ခဲတယ် လို့ပြောလို့ရပါတယ်။
ပုံမှန် စာဖိုမှူးတစ်ယောက်ကသာ သင်ကြားပေးရင် သာမန် အရသာလောက်ဆိုရင် လက်ခံနိုင်မှာပါ။ဒါပေမဲ့ ဘိုင်ကီကို သင်ကြားပေးတဲ့ လူက လင်းဖန် ဖြစ်နေပါတယ်။
ဒီ ဆရာက လေးနက်လာပြီ ဆိုရင်..ကြောက်ဖို့ကောင်းပြီး..ဘိုင်ကီကိုပါ တွန်းအားဖြစ်စေတာ အမှန်ပါပဲ။
"မကောင်းသေးဘူး..အရမ်းငံတယ်.။ပြန်လုပ်ဦး"
"အရောင်က မမှန်သေးဘူး....အရောင်တောက်နေတယ်။ပြန်လုပ်ဦး..."
"ပြန်လုပ်"
"ပြန်လုပ်"
.....
"ပြန်လုပ်" ဆိုတဲ့ စကားလုံးက လင်းဖန်ရဲ့ ပါးစပ်ထဲကနေ မရေမတွက်နိုင်အောင်ထွက်လာခဲ့တယ်။အကြိမ် တိုင်းမှာ ဘိုင်ကီဟာ ပင်ပန်းဆင်းရဲနေလို့ပါ။ဒီဟင်းပွဲက မှန်ပုံသဏ္ဌာန် တိုဟူးဟင်းလျာ နဲ့ ယှဥ်ရင် .ပိုခက်ခဲပြီး.ပိုလည်းလက်ဝင်ပါတယ်။
လင်းဖန် ထပ်ပြောလိုက်တယ်။
"မင်း ဒီဟင်းပွဲ ကိုပိုကောင်းအောင် လုပ်ဖို့ဆိုရင်..အသားကို လှီးပြီး..ဆော့ နဲ့ စိမ်တဲ့ နေရာမှာ အရေးအကြီးဆုံးပဲ။အသားက လှီးတာ အရမ်းပါးနေရင်..ဆော့တွေ ဖုံးလွှမ်းတာ အရမ်းများသွားလိမ့်မယ်။အသား.ထူသွားပြန် ရင်လည်း..ဆော့က အသားထဲကို နှံ့အောင် ဝင်နိုင်မှာ မဟုတ်ဘူး။သကြားနဲ့..လျာလကာရည် ရဲ့အချိုးအစားကို လည်း သေချာ ထိန်းညှိပြီးထည့်မှ ရမယ်နော်။အရမ်းချိုရင်လည်း..စားရတာ တစ်မျိုးကြီး ဖြစ်နေပြီ..။အရမ်း လေးပြန်ရင်လည်း..အရသာ ဆိုးသွားလိမ့်မယ်..မှတ်ထားဦး"
ဘိုင်ကီဟာ ဖိအားတွေ ကြားထဲကနေပြီး ခေါင်းညိမ့်လိုက်တယ်။
"နားလည်ပြီ.."
"အင်း..ပြန်လုပ်ဦး..။အလျင်လိုဖို့ မလိုဘူး..ဒီနေ့ လုပ်လို့ မရသေးဘူးဆိုရင် မနက်ဖြန်ဆက်လုပ်ပေါ့"
ဒီဟင်းပွဲက မှန်ပုံသဏ္ဌာန် တိုဟူး ဟင်းလျာကိုပိုပြီး..နာမည်ကြီးမှာ ဖြစ်တဲ့ အတွက် လင်းဖန် အလျော့မပေးရဲပါဘူး။ဒီဟင်းပွဲက အကောင်းဆုံး အနေအထားမှာ ရှိနေမှ ရမှာပါ။
ဒါပေါ့ အကောင်းဆုံး ဆိုတာ သာမန်လူတွေ အတွက်ကို ပြောတာပါ။လင်းဖန် ..ချက်ပြုတ်တဲ့ အဆင့်အတန်း အထိ လိုက်မှီဖို့ ကိုပြောတာ မဟုတ်ပါဘူး။ဒါက မိုက်မဲတဲ့ အိပ်မက်တစ်ခုလိုပါပဲ။
ရှောင်ယန် ဟာ ဘေးနားက ကြည့်နေပြီး..ဘိုင်ကီ ပင်ပန်းနေတာကို စိတ်မကောင်းဖြစ်ပေမယ့် စိတ်ထဲမှာတော့ ပြုံးနေလို့ပါ။
မနေ့က တုန်းကတော့ ဘိုင်ကီဟာ ဂျီးနီးယပ် တစ်ယောက်လို ပြုမူနေပြီး..သူ မသင်ယူနိုင်တဲ့ ဟင်းပွဲ မရှိဘူးလို့တောင် ပြောနေခဲ့ပါသေးတယ်။
အဲ့အချိန်မှာတော့ သူ ဒီဟင်းပွဲ ကို ဒီနေ့ အပြီးသတ် မသင်ယူနိုင်မှာ ကို ကြောက်ရွံ့နေခဲ့ပြီး အဆုံးစွန်အထိ ကြိုးစားနေခဲ့တယ်..။ဒါက တကယ် မဆိုးပါဘူး။
နေ့လည်ဘက်။
ကာစတန်မာတွေဟာ ရောက်လာခဲ့ကြတယ်။ဒီလူတွေက မနေ့က စားသွားကြတဲ့ လူတွေပါ။သူတို့ မိသားစုတွေကို ပါ ခေါ်လာခဲ့ပြီး..မှန်ပုံသဏ္ဌာန် တို့ဟူး ဟင်းကို မြည်းစမ်းခိုင်းကို ရောက်လာခဲ့ကြတာပါ။သို့ပေမယ့် ဆိုင်က ကာစတန်မာ လက်မခံ သေးဘူး ဆိုတာ တွေ့တဲ့ အချိန်မှာ..စိတ်ပျက်သွားခဲ့တယိ။
သို့သော်လည်း နောက်ထပ် မီနူးအသစ် ပြင်ဆင်နေလို့ ဆိုတာ သိတဲ့ အချိန်မှာ စိတ်ဝင်စားခဲ့ကြတယ်။
လင်းဖန် ချွေးတွေ နဲ့ ရွဲနစ် နေတဲ့ ဘိုင်ကီ ကို ကြည့်ပြီး..
"ခန နားလိုက်ကြရအောင်..။ပြီးမှ ဆက်လုပ်ကြရအောင်.."
ဘိုင်ကီ ခေါင်းညိမ့်လိုက်ပြီး..သူ့လက်တွေကို ဝေ့ယမ်းလိုက်တယ်။တစ်မနက်ခင်းလုံး ဆက်တိုက် ကြိုးစားအပြီးမှာ..သူ့လက်မောင်းတွေ..ကိုက်ခဲနေခဲ့ပါပြီ။
ဆယ်မိနစ်ကြာပြီးနောက်။
"ဆက်လုပ်ကြမယ်"
လင်းဖန် ပြောလိုက်တာပါ။
ဘိုင်ကီ ခေါင်းညိမ့်လိုက်ပြီး..လက်နှစ်ဖက်ကို ရိုက်လိုက်တယ်..။သူ တကယ် အောင်မြင်မှ ရမှာပါ။
လင်းဖန် သူ ဒီကို ပြန်လာတဲ့ အချိန်မှာလုပ်မိတဲ့ အဓိပါယ်ရှိတဲ့ အလုပ်က ဘိုင်ကီကို ဟင်းနှစ်ခွက် သင်ကြားပေးရတာပါပဲ။ဘိုင်ကီက သူ့သူငယ်ချင်းဆိုတော့ သာယာ တဲ့ ဘဝမှာနေထိုင်စေချင်ပါတယ်။
အရင်တုန်းက သူ တတ်ခဲ့တဲ့ စွယ်းစုံကျမ်းရဲ့ အရည်အချင်းတွေက သင်ကြားပေးလို့ မလွယ်ကူပါဘူး။အခု ဒီအရည်အချင်း သင်ကြားပေးလို့ ရတာက..ဘိူင်ကီရဲ့ ကံကောင်းမူကြီးတစ်ခုပါ။
ယင်းနောက် ည ၇ နာရီရောက်သွားခဲ့တယ်။
ဘိုင်ကီဟာ ထိုင်နေပြီး လင်းဖန်ကို မျက်တောင် မခတ်ပဲ ကြည့်နေခဲ့တယ်။သူဒီဟင်းပွဲကို ဘယ်နှစ်ကြိမ်တောင် လုပ်ပြီးပြီလဲ မသိတော့ပါဘူး။ဒါပေမဲ့ သူတို့ အကုန်လုံးက ကျဆုံးခဲ့ပါတယ်။
လင်းဖန် ဘိုင်ကီ ကို ကြည့်လိုက်တယ်။
"အတော်ကြီးကို တိုးတက်လာပြီ..။မင်း ဒီဟင်းပွဲကို အသုံးပြုပြီး ကာစတန်မာ အများစုကို ပြသနာမရှိပဲ ဧည့်ခံနိုင်လိမ့်မယ်။ဒါပေမဲ့...ဒါက ငါ့ရဲ့ ရည်ရွယ်ချက်မဟုတ်ဘူး။အခု ချိန်မှာ အဓိက ပြသနာ က ပြင်ဆင်မွန်းမံဖို့ပဲ။ဒါပေမဲ့ အလျင်မလိုဘူး။မင်း အကြိမ်နည်းနည်းထပ်လုပ်လိုက်ရင် အရသာရော..အပြင်အဆင်ရော အဆင်ပြေလာလိမ့်မယ်"
ဘိုင်ကီ ခေါင်းညိမ့်လိုက်တယ်။
"ကောင်းပြီ ငါအကောင်းဆုံး ကြိုးစားပါ့မယ်။ဒီနေ့က အဆင်မပြေပေမယ့်လည်း ..မနက်ဖြန်အဆင်ပြေမယ် ဆိုတာ ငါယုံကြည်တယ်"
လင်းဖန် ပြုံးပြီး ပြောလိုက်တယ်။
"ငါတို့ ဒီမှာပဲ ရပ်ပြီး..မနက်ဖြန်မှာ ထပ်ကြိုးစားကြတာပေါ့"
တစ်စုံတစ်ယောက်ကို သင်ကြားပေးရတဲ့ ဆရာတစ်ယောက်အနေနဲ့ ခံစားရတာ အတော်ကောင်းမွန်တာပါ။
ဒါက သူ့ရဲ့ ရည်မှန်းချက် ပန်းတိုင်တစ်ခုကို ရလိုက်သလိုပါပဲ။သူ စွယ်စုံကျမ်းကို ရလိုက်တဲ့ အချိန်ကတည်းက ချမ်းသာမူက အရာရာတိုင်းမဟုတ်ဘူးဆိုတာ နားလည်လိုက်တယ်။
သူ အရင်က မဆက်သွယ်နိုင်ခဲ့တဲ့ လူတွေကိုလည်း ဆက်သွယ် လာနိုင်ခဲ့ပါတယ်။ဒီလို တစ်ယောက်ကို တစ်ယောက်လိမ်လည် လှည့်ဖျားနေတဲ့ စီးပွားရေး လောက ထဲကိုလည်း သူမဝင်ချင်ပါဘူး။သူက ပျော်ရွင်ပြီး လွတ်လပ်တဲ့ ဘဝလေးနဲ့ အတူ လုပ်ချင်တာ လုပ်နေချင်ခဲ့တာပါ။
သူ ဘိုင်ကီ ကို သင်ကြားပေးနေတုန်း တစ်ခုခုကို တွေးမိလိုက်တယ်။အဲတာက မိဘမဲ့ ဂေဟာက မသန်စွမ်း ကလေးငယ် တွေကိုပါ။
တစ်ချို့ကလေးတွေက ကိုယ်ခန္တာ သန်စွမ်းကြပေမယ့်လည်း..ငယ်ငယ်ကတည်းက ဘာအတန်းပညာ မှ မတက်ခဲ့ရပေ။
သူတို့ အသက်ကြီးလာတဲ့ အချိန်ကြရင် ..မှားယွင်းတဲ့ လမ်းကြောင်းတွေကို ရွေးချယ်မိသွားနိင်ပါတယ်။
ကိုယ်အဂ်ါ ချို့တဲ့တဲ့ ကလေးတွေ အတွက်ကတော့ သူတို့ ကျွမ်းကျင်မူ တစ်ခုကို မသင်ယူနိုင်ရင်..အသက်ရှင်ဖို့ ရပ်တည်နိုင်ကြမှာ မဟုတ်ပေ။
လတ်တလော လင်းဖန် ပိုင်ဆိုင်ထားတဲ့ ကျွမ်းကျင်မူတွေထဲမှာ သူတို့ကို သင်ပေးနိုင်တာ ဆိုလို့ ကိုယ်ခံပညာနဲ့..ဟင်းချက်ပညာ ပဲ ရှိပါတယ်။ကိုယ်ခံပညာ က သူတို့ကို..ကျန်းမာသန်စွမ်းစေပြီး..ဟင်းချက်ပညာက သူတို့ကို အသက်ရှင်သန်စေနိုင်မှာပါ။
ဒီ ပညာရပ်နှစ်ခုစလုံးက သူတို့အတွက် အသုံးဝင်တဲ့ ပညာရပ်တွေ ချည်းပါပဲ။
သို့ပေမဲ့ ဂေဟာ မှာက လက်နှစ်ဖက်စလုံး ချွတ်ယွင်းနေတဲ့..ကလေးတွေလည်း အတော်များများရှိနေပြီး..သူတို့တွေဟာ.ချက်ပြုတ်နည်းကို သင်ယူနိုင်မှာ မဟုတ်ပေ။အဲတာဆိုရင် တော့ လင်းဖန်မှာ သင်ပေးစရာ ကျွမ်းကျင်မူ မရှိတော့ပါဘူး။
ကြည့်ရတာ သူ ကြိုးစားပြီး စွမ်းစုံကျမ်းရဲ့ အသိပညာအခန်း တွေကို ဖွင့်မှ ရတောမှာပါ။
ဒါပေမဲ့ ဒီကိစ္စက တကယ် အကြံဥာဏ်ကောင်းပါပဲ။သူ နိုင်ငံကို အကျိုးပြုနိုင်မယ့် ကလေးတွေကို ကူညီနိုင်မယ့်အပြင် သူကိုယ်တိုင်လည်း စွယ်စုံအမှတ်တွေကို ရရှိမှာပါ။
သူတို့ ငယ်ရွယ်လွန်းနေတာ က နည်းနည်း ပြသနာရှိနေတာပါ။သူတို့သာ နည်းနည်း ကြီးလာရင်..သူလည်း အသိပညာ အသစ်တွေရလာရင်တော့. အကောင်းဆုံးပါပဲ။
နောက်တစ်ရက်။
မီးဖိုခန်းထဲတွင်။
လင်းဖန်ရဲ့ညွှန်ကြားမူအောက်မှာ ဘိုင်ကီ ကတော့ ချယ်ရီပေါ့ ဝက်သားဟင်းလျာကို ပြင်ဆင်နေလို့ပါ။
အသွင်အပြင်နဲ့ ရနံ့က အကုန်အဆင်ပြေနေပြီ ဖြစ်ပေမယ့် လိုနေတာက ..အရသာ ပါပဲ။
လင်းဖန် ပြောလိုက်တယ်။
"အလျင်မလိုနဲ့. ဒါက အချက်အပြုတ် အပိုင်းပဲ။အသက်ရူတဲ့ အချိန်မှာတောင် အရသာ အပြောင်းအလဲ ဖြစ်သွားနိုင်တယ်။နည်းနည်းလောင် ထပ်လေ့ကျင့်ရင် အဆင်ပြေသွားမှာပါ။မင်းလုပ်တာ အတော်အဆင်ပြေနေပြီ"
ဘိုင်ကီ ပြုံးလိုက်တယ်။
"ပြသနာမရှိဘူး..မင်း ငါ့အတွက်ပြောပေးနေတယ် ဆိုတာ ကို သိပါတယ်။ငါလွယ်လွယ်နဲ့ ကျဆုံးမှာမဟုတ်ဘူး..အကောင်းဆုံးဖြစ်အောင် ကြိုးစားပြမယ်"
လင်းဖန် ခေါင်းညိမ့်လိုက်တယ်။
"ငါ မင်းကို ယုံကြည်ပါတယ်"
တကယ်တော့ ဘိူင်ကီ လုပ်တဲ့ ဟင်းပွဲ ကအတော်ကောင်းမွန်နေပါပြီ။သူလိုနေတာ ဆိုလို့ လင်းဖန်ရဲ့ လိုအပ်ချက်နဲ့ ပြည့်မှီဖို့ပါပဲ။လိုအပ်နေတဲ့ အချက်တစ်ချို့သာ ပြင်ဆင်နိုင်ရင် အဆင်ပြေသွားပါပြီ။
ရှောင်ယန် လည်း အစ်ကို လင်း ဒီလောက် အထိတင်းကြပ်လိမ့်မယ် လို့ မထင်ထားခဲ့ပါဘူး။သူ မဘိုင်ကီရဲ့ ဟင်းပွဲ ပိုပိုကောင်းလာတာကို ခံစားမိပြီး စားချင်စိတ်တောင် ဖြစ်မိပါတယ်။ဒါပေမဲ့ အစ်ကိုလင်းရဲ့ လိုအပ်ချက်နဲ့တော့ မပြည့်မှီသေးပါဘူး။
ဒါပေါ့..အစ်ကိုလင်းက ဘိုင်ကီကို အဆင့်အတန်းမြင့်တဲ့ အထိဖြစ်စေချင်တာကို သူမသိပါတယ်.. .ဒါကြောင့် သူမဘေးကနေသာ အကောင်းဆုံး.ထောက်ပံ့ပေးနေခဲ့တယ်။
အဆုံးမှာတော့ ညအချိန် ရောက်လာခဲ့ပါပြီ။သူက လင်းဖန်ရဲ့..လိုအပ်ချက်ကို မပြည့်မှီသေးပါဘူး။ဒါပေမဲ့ အတော်တော့ နီးစပ်နေပါပြီ။
လင်းဖန် ပြန်သွားတဲ့ အချိန်မှာ ဝမ်မင်ယန် ဆီက ဖုန်းဝင်လာခဲ့တယ်။ဝမ်မင်ယန်က ဒီညလေယာဥ်နဲ့ ရှန်ဟိုင်းကို ပြန်ရတော့မှာပါ။ကုမ္ပဏီ ကသူ့ကို လိုအပ်နေပါပြီ။
လင်းဖန် လည်း ဘိုင်ကီကို သင်ပေးပြီးရင် ရှန်ဟိုင်း ကို ပြန်ဖို့ ဆုံးဖြတ်ထားပြီးသားပါ။
ညဘက်..သူအိပ်ယာထဲမှာလှဲနေခဲ့တယ်။
သူ ဖုန်းကို ဖွင့်ပြီး မိဘမဲ့ ဂေဟာနဲ့ ပတ်သက်တဲ့ အချပ်အလက်တွေကို ရှာကြည့်လိုက်ပါတယ်။
အရင်တုန်းကဆိုရင်..ကိုယ်ပိုင်ဂေဟာ ဖွင့်ဖို့ကို လူကြီးပိုင်းတွေက ခွင့်မပြုထားပေမယ့်..အခုတော့ ကိုယ်ပိုင်ဂေဟာ ဖွင့်ဖို့ ခွင့်ပြုထားပါပြီ။
သို့ပေမယ့် ..ကိုယ်ပိုင် တည်ထောင်ဖို့လိုအပ်ချက်ကတော့ အတော်မြင့်ပါတယ်။တကယ်ကြောက်စရာပါပဲ။