← Chapters

ဒီလိုမျိုး မျိုးစိတ်ကို အရင်က ဘယ်သူ မြင်ဖူးလဲ...

Vol. 16 Ch. 238

ဒီလိုမျိုး မျိုးစိတ်ကို အရင်က ဘယ်သူ မြင်ဖူးလဲ...

Vol. 16 Ch. 238

နောက်တစ်ရက်မှာ, လင်းဖန်.သူ့ မိဘတွေနဲ့ အချိန်ပေးကာ စကားပြောပြီး..ဘိုင်ကီရဲ့ နေရာကိုလည်း သွားခဲ့ပါသေးတယ်။

တတိယမြောက်နေ့မှာ ဘိုင်ကီဟာ ချယ်ရီပေါ့ ဝက်သားဟင်းလျာကို အတော်တိုးတက်လာပြီး.လင်းဖန်ရဲ့ လိူအပ်ချက်နဲ့ ကိုက်ညီ သွားခဲ့ပါတယ်။

ဒီ ဟင်းပွဲ နှစ်ပွဲ နဲ့ဆိုရင်..အတော် အဆင်ပြေသွားပါပြီ။သူ့ဆိုင်က တဖြည်းဖြည်း ကျော်ကြားလာမှာ ဖြစ်ပြီး.ဘာပြသနာမှ ရှိမှာ မဟုတ်ပါဘူး။

စျေးကွက် အတွက်ကတော့ လင်းဖန် အများကြီး မသိပေမယ့်..ဘိုင်ကီက အတွေ့အကြုံ ရှိတော့ ပိုပြီး သိမှာပါ။သူ့ရဲ့ ဆိုင်ကို လည်း သူသင့်တော် သလို ပြန်ပြင်ဆင်ပါလိမ့်မယ်။

အဆောက်အဦး၏ ဝင်ပေါက်ဝတွင်။

လင်းဖန် သူ့မိဘတွေကို လက်ဝေ့ယမ်းပြီး ပြောလိုက်တယ်။

"အမေတို့ ပြန်တော့လေ..။သား တစ်ယောက်တည်း သွားတော့မယ်..."

အမေလင်း ပြောလိုက်တယ်။

"လမ်းမှာ ဂရုစိုက်ဦးနော်။နောက်တစ်ခါ ပြန်လာရင် မင်းကောင်မလေးကို အမေတို့ ကြည့်ဖို့ ခေါ်လာခဲ့ဦး..."

သူ့အမေ ဒီစကားပြောလာမှာကို သူအကြောက်ဆုံး ဖြစ်ပေမယ့် ..သူလည်း ဘာမှ မတတ်နိုင်ပါဘူး။

"ကောင်းပြီး အမေတို့ ပြန်သွားတော့..။ကားငှားတာက ဒီနားမှာတင်..သားသွားတော့မယ်"

တက္ကစီက အနားလေးမှာ တင်ရှိတာပါ။လင်းဖန် အိတ်ကို ..ကားနောက်ဖုံးထဲ ထည့်လိုက်ပြီး ကားပေါ်တက်ကာ သူ့အဖေနဲ့ အမေကို လက်ပြလိုက်တယ်။

အမေလင်း ပြောလိုက်တယ်။

"နောက်တစ်ခါ ပြန်လာရင်..ချွေးမလေးကို ကျိန်းသေ ခေါ်လာမှ ရမယ်နော်"

အဖေလင်း ဝင်ပြောလိုက်တယ်။

"ဒါက သူ့ရဲ့အလုပ်..သူသိပါတယ်..။ဘာလို့ အတင်းတိုက်တွန်းနေတာတုန်း.."

အမေလင်း လက်မခံပေ။

"ဒါရှင့်သားလေ..နည်းနည်းပါးပါး စိုးရိမ်တဲ့ အမူအရာပြလို့ မရဘူးလား။ပြီးတော့ ရှင်ပဲ မြေးအရမ်းလို ချင်နေတာလေ..ဒီလောက်ထိ မတိုက်တွန်းရင် အဲ့မြေးက အလိုလို ရလာမှာကြောင့်လား.."

....

လေဆိပ်တွင်။

သူ အိတ်ကို ဆွဲပြီး လင်းဖန် လေဆိပ်ထဲ ဝင်သွားခဲ့တယ်။အချိန်ကကွက်တိပါပဲ..သူ့လေယာဥ်ကလည်း မကြာခင်ထွက်တော့မှာပါ။

"ညီအစ်ကို ..ခနလေး နေပါဦး.."

အဲ့အချိန်မှာပဲ အသံတစ်ခုကို သူ့နောက်ဘက်က ကြားလိုက်ရပြီး..လင်းဖန် ဆွံ့အသွားခဲ့တယ်။

ဒါက လူသုံးယောက်ပါ။သူတို့ထဲက အဝတ်အစား မသပ်မယပ် ဝတ်ထားတဲ့ အသား မဲမဲလူကြီးတစ်ယောက်ဟာ အနီရောင် ဘေလ်ကဒ် နှစ်ခုကို ကမ်းပေးလိုက်ပြီး..

"အခုပဲ..ညီအစ်ကို ကားထဲက ထွက်တုန်းက.ဒီဘေလ်ကဒ်တွေ ပြုတ်ကျကျန်ခဲ့တာ တွေ့လိုက်ရလို့.."

လင်းဖန် သူ့လက်ကို အိပ်ထဲ နှိုက်ပြီး စမ်းကြည့်လိုက်တယ်။သူ ပိုက်ဆံအိပ် သုံးလေ့သုံးထ မရှိတော့ ကဒ်ကို အိပ်ထဲထည့်ထားတာပဲ များပါတယ်။

သူ ကားထဲ ထွက်တဲ့ အချိန်မှာ..ပိုက်ဆံကဒ် ထွက်ကျသွားတဲ့ ပုံပါပဲ။

သူပြုံးပြီး ပြောလိုက်တယ်။

"ကျေးဇူးပါ.."

"ကျေးဇူးတင်ဖို့ မလိုပါဘူး..ဒါက ကျွန်တော် လုပ်သင့်တဲ့ အလုပ်ပါ"

အသားမဲမဲ လူကြီးက ပြောလိုက်တာပါ။ဒါက သူကြီးမားတဲ့ လေဆိပ်ထဲလာတာ ပထမဆုံး အကြိမ်ဖြစ်တဲ့ အတွက် နည်းနည်းတော့..ကြောက်ရွံ့နေခဲ့ပါတယ်။

လင်းဖန် လူတစ်ချို့ဟာ သူတို့ဘက်ကို လှမ်းကြည့်နေခဲ့တာကို..သတိပြုမိလိုက်တယ်။လယ်သမားလို ဝတ်ဆင်ထားတဲ့ လူက လေယာဥ် လာစီးလိမ့်မယ် လို့ သူတို့ မထင်ထားခဲ့တာ ဖြစ်ကောင်းဖြစ်မှာပါ။

လင်းဖန် နောက်တစ်ခေါက် ကျေးဇူးတင်ပြီး နောက်မှာ..ပြန်လှည့်ပြီး သူ့လမ်းသူ ဦးတည်လိုက်ပါတယ်။

သူ စစ်ဆေးရေးဂိတ်ကို ဖြတ်ကျော်ခါနီးမှာ စောသေးတဲ့အတွက်. သန့်စင်ခန်းကိုအရင် သွားလိုက်တယ်။

အဲ့အချိန်မှာပဲ ဖုန်းတစ်ကော ဝင်လာခဲ့ပါတယ်။

ဘိုင်ကီ ," ကောင်လေးဖန် ..လေဆိပ်ကို ရောက်ပြီလား.."

လင်းဖန်ပြောလိုက်တယ်။

"ငါရောက်ပြီ..မနေ့ညက သောက်တာများသွားလို့ ခေါင်းတောင် နည်းနည်းမူးနေသလိုပဲ.."

ဘိုင်ကီ ရယ်မောလိုက်တယ်။

"ဒါက ပျော်စရာကောင်းခဲ့ပါတယ်..မင်းဘယ်ချိန်ပြန်လာမလဲ.."

လင်းဖန် ပြန်ဖြေလိုက်တယ်။

"ငါလည်း သိပ်တော့ မသေချာဘူး..ဒါပေမဲ့ အရမ်းတော့ ကြာမှာမဟုတ်ပါဘူး.။နောက်ဆုံးအနေ့နဲ့ နှစ်သစ်မတိုင်ခင် တော့ ပြန်လာခဲ့မယ်"

သူတို့နှစ်ယောက် စကား အနည်းငယ် ပြောအပြီးမှာ ဖုန်းချလိုက်ကြတယ်။.

ကောင်တာတွင်။

လင်းဖန် သန့်စင်ခန်းက ပြန်လာအပြီးမှာ..စစ်ဆေးရေး ဂိတ်ဆီကို လျောက်လာခဲ့တယ်။

ဒီမှာ စစ်ဆေးနေတဲ့ လူတွေ အများကြီးရှိတဲ့ အတွက် တန်းစီနေရပါတယ်။လင်းဖန် အချိန်ယူပြီး အလျင်မလိုပါဘူး..ဘာပဲဖြစ်ဖြစ်..သူ့အိတ်ကိုလည်း စစ်ဆေးကြရပါဦးမယ်။

ရုတ်တရက် သူ့ရှေ့ကနေ အသံတွေ ဆူညံ့လာခဲ့တယ်။

"မင်းတို့ လယ်သမား သုံးယောက် စစ်ဆေးရေးဂိတ်ကို မြန်မြန်လျောက်ပြီး ဖြတ်ပေးလို့ မရဘူးလား။လေယာဥ်တစ်ခါမှ မစီးဖူးရင်လည်း..မစီးနဲ့လေ..တစ်ခြားလူတွေရဲ့ အချိန်ကို လာဖြုန်းနေတာပဲ.."

အသံက အနည်းငယ် မာထန်ပါတယ်။ဘေးနားက လူတွေလည်း အသံလာရာကို ဝိုင်းကြည့်လိုက်ကြတယ်။တစ်စုံတစ်ယောက်က ဒီလို စကားပြောလိမ့်မယ် လို့ သူတို့ မထင်ထားခဲ့ကြပါဘူး။

ကောင်တာက ဝန်ထမ်းဟာ ..လူသုံးယောက်ကို ပြုံးပြီးပြောလိုက်တယ်။

"ကျေးဇူးပြုပြီး အိုင်ဒီ လေးတွေ ပြပေးပါ.."

သူတို့ သုံးယောက်ဟာ ဒါကို ကြားတဲ့ အချိန်မှာ အိပ်မက်ထဲကနေ လန့်နိုးသလို ဖြစ်သွားခဲ့ကြတယ်။သူတို့ အိုင်ဒီကဒ် တွေကို အလျင်အမြန်ကမ်းပေးလိုက်ကြပါတယ်။

သူတို့နောက်က လူက သူတို့ကို စော်ကားတဲ့ စကားလုံးတွေ ပြောပေမယ့်လည်း သူတို့ ဘာမှ ပြန်လည် မတုန့်ပြန်ခဲ့ပါဘူး။

သူတို့ ဒီကို ဝင်လာကတည်းက..ကြီးမားတဲ့ လေဆိပ်ကြီးကို ကြည့်ပြီး အံ့သြသင့်နေကြတာပါ။

သူတို့ လေယာဥ်လက်မှတ်ရဲ့..အဂ်လိပ်စကားလုံးတွေကိုလည်း ..နားမလည်ကြပေ။သူတို့ ပြသနာတွေ အများကြီးကြုံတွေ့..အပြီးမှာ..ဝန်ထမ်းတွေရဲ့ လမ်းညွှန်မူကြောင့် ဒီရောက်လာခဲ့တာပါ။

လင်းဖန် စော်ကားတဲ့ စကားလုံးပြောတဲ့ လူကို တစ်ချက်ကြည့်လိုက်တယ်။သူ ဒီလူရဲ့ မျက်နှာကို မမြင်ရပေမယ့်လည်း..စျေးကြီးတဲ့ အနောက်တိုင်း ဝတ်စုံတွေကို ဝတ်ဆင်ထားလို့ပါ။

တစ်ချိန်တည်းမှာပဲ သူတစ်ခြား ခရီးသည်တွေကို ပြောနေခဲ့တယ်။

"ဒီသုံးယောက်ကို ကြည့်..သူတို့ ဘာလုပ်နေတယ် ဆိုတာတောင် သိပုံမရဘူး..တောင်ကြည့်မြောက်ကြည့်နဲ့..။သူတို့ ခနနေရင် ကောင်တာပေါ် ပြေးမတက်ဘူးလို့ ဘယ်သူပြောနိုင်မှာလဲ..သူတို့ကြည့်ရတာ သရဲ သုံးကောင်လိုပဲ.."

ဘေးနားက ခရီးသည်တွေဟာ ပြုံးပြီး သာခေါင်းယမ်းလိုက်ကြတယ်။သူတို့ ဘာမှ ဝင်မပြောပါဘူး။

သို့ပေမယ့် ဒီလူပြောတာလည်း မှာတော့မမှားပေ။ဒီလူသုံးယောက်က သူပြောတာနဲ့ တစ်ပုံစံတည်းပါ။

အနောက်တိုင်း ဝတ်စုံ ဝတ်ထားတဲ့ လူဟာ သေနတ်ပစ်သလို ပါစပ်က မနားတမ်း ပြောနေခဲ့တယ်။

"ကြည့်..ဟိုမှာ နိုင်ငံခြားသားတွေလည်း ရှိနေတယ်။သူတို့ ဒါကိုမြင်ပြီး .ကျိန်းသေ အထင်မြင်သေးသွားမှာပဲ.."

ဝန်ထမ်းဟာ ဒါကို ကြားတဲ့ အချိန်မှာ..စကားများနေတဲ့ လူကို တစ်ချက်စိုက်ကြည့်လိုက်တယ်။သို့ပေမယ့် အဆုံးမှာတော့..လယ်သမားသုံးယောက်ကိုပဲ ဝန်ဆောင်မူပြန်ပေးနေခဲ့ပါတယ်။

လင်းဖန် ဒီသုံးယောက်ကို သေချာ မြင်လိုက်ရတဲ့ အချိန်မှာ အနည်းငယ် အံ့သြသွားခဲ့တယ်..။ဒီလူတွေက ဝင်ပေါက်မှာ သူတွေ့ခဲ့တဲ့ လူတွေပါ။

အဲ့အချိန်မှာပဲ..အသားမဲမဲ လူကြီးဟာ နောက်လှည့်ပြီး တောင်းပန်စကားပြောလိုက်တယ်။

"ညီငယ်ရဲ့ အချိန်ကို ဖြုန်းမိတဲ့ အတွက်တောင်းပန်ပါတယ်။ငါတို့က ပထမဆုံးလေယာဥ်စီးဖူးတာဖြစ်လို့..နည်းနည်း စိတ်ပူနေခဲ့တာလေ."

အနောက်တိုင်း ဝတ်စုံကို ဝတ်ဆင်ထားတဲ့ လူဟာ အေးစက်စွာရယ်မောလိုက်တယ်။ယင်းနောက် သူ့ခေါင်းကို မြင့်လိုက်ပြီး..

"ခင်ဗျား တစ်ခါမှ မစီးဖူးရင် အခုဘာလို့ စီးတာလဲ..။ခင်ဗျား အလုပ်လုပ်ဖို့သွားချင်တယ် ဆိုလည်း..ဘတ်စ်ကား ဒါမှမဟူတ် ရထားနဲ့သွားလေ.."

"ငါတို့က..အလုပ်သွားလုပ်မှာမဟုတ်ဘူး။ငါတို့ကလေးတွေ ဘွဲ့ရတာကို သွားကြည့်မလို့ပါ။သူတို့က ငါတို့အတွက် လေယာဥ်လက်မှတ် ဖြတ်ပေးထားတယ်လေ.."

အသားမဲမဲ လူကြီးဟာ သူတို့ကြောင့် တစ်ခြားလူတွေ အနှောက်ယှက် ဖြစ်နေတဲ့ အတွက် ညှင်သာစွာပဲ ပြန်ရှင်းပြနေခဲ့တာပါ။

"ဟီးဟီး.."

နောက်ကလူဟာ ရယ်လိုက်ပြီး ဘာမှထပ်မပြောတော့ပေ။သူ့ရဲ့ မျက်လုံးထဲမှာတော့ အထင်မြင်သေးမူတွေ အပြည့်ပါပဲ။

ဘေးနားက လူတွေကတော့ သည်းမခံနိုင်တော့ပေ။ဒီကောင် ပြောနေတဲ့ ပုံစံက တကယ် စော်ကားနေတဲ့ အတိုင်းပါပဲ။သို့ပေမယ့် ကမ္ဘာကြီးက ကျယ်လွန်းတော့ မရေမတွက်နိုင်တဲ့ လူအမျိူးအစားတွေ အများကြီး ရှိနေလို့ပါ။

တစ်ချို့ လူတွေကတော့..အဆင့်အတန်းမြင့်တဲ့ လူတွေဟာ စိတ်ဓာတ်အောက်တန်းကျတယ် ဆိုတာ နားလည်လိုက်ပါပြီ။

ယင်းနောက် လင်းဖန်ပြုံးလိုက်ပြီး အနောက်တိုင်းဝတ်စုံ ဝတ်ထားတဲ့ လူရဲ့ ဘေးကို သွားကာ စိုက်ကြည့်လိုက်တယ်။

လူကြီးဟာ သူ့ဘေးနားမှာ..တစ်ယောက်ယောက်က ကြည့်နေတာ သတိထားမိလိုက်ပါတယ်။သူ မျက်မှောင်ကျုတ်လိုက်ပြီး..

"မင်းဘာလိုချင်တာလဲ. ဘာလို့ ငါ့ကို အဲလိုလာကြည့်နေတာလဲ.."

တစ်ခြား ခရီးသည်တွေကလည်း..ဒီလူပြောတာ မကျေနပ်ပေမယ့်..ဒီလူငယ်လေး လုပ်နေတာကိုတော့ နားမလည် နိုင်ကြပါဘူး။

လင်းဖန် ခေါင်းခါယမ်းပြီးပြောလိုက်တယ်။

"ကမ္ဘာကြီးမှာ တကယ်ထူးဆန်းတာတွေလည်း ရှိသေးတာပဲ။တိရစ္ဆာန် တစ်ကောင် စကားပြောတာက ရှားပါးပေမယ့်..တိရစ္ဆာန် တစ်ကောင် လေယာဥ်စီးတာကိုတော့ တစ်ခါမှ မကြားဖူးဘူး.."

ယင်းနောက် သူ ဘေးနားက လူတွေကို ကြည့်ပြီးပြောလိုက်တယ်။

"ကျွန်တော် တိရစ္ဆာန်တွေ အများကြီး မြင်ဖူးပေမယ့် ဒီလို တိစ္ဆာန်ကိုတော့ မမြင်ဖူးဘူး။အားလုံးပဲ ဒီ တိရစ္ဆာန် မျိူးစိတ်ကို သိကြလား.."

* ရယ်မောသံများ.*

ဘေးနားက ခရီးသည်များဟာ တောင်မခံနိုင်တော့ပဲ ဝိုင်းရယ်မောလိုက်ကြပါတယ်။ကောင်လေးတစ်ယောက်ဟာ သူ့ဖုန်းကို ကိုင်ထားလိုက်ပြီး..

"ညီအစ်ကို ငါလည်း ဒီလို တိရစ္ဆာန် မျိုးစိတ်ကို မမြင်ဖူးဘူး။ငါအခု ရိုက်ကူးနေတာ..။နောက်ကျရင် လူတိုင်း မျိူးစိတ်အသစ် ကို မြင်ဖူးအောင် လိုင်းပေါ်တင်ပေးရမယ်"

လင်းဖန် ခေါင်းညိမ့်လိုက်တယ်။

"ဒါအကောင်းဆုံးပဲ..။ငါတို့တော့ တိရစ္ဆာန် မျိုးစိတ်အသစ်ကို ရှာတွေ့လိုက်ပြီ.."

လူကြီး ဒါကို ကြားတဲ့အချိန်မှာ သူ့မျက်နှာ ဖြူဖျော့သွားခဲ့တယ်။

"မင်းငါ့ကို သိလို့လား..။မင်းက ငါ့ကို စော်ကားနေတာပဲ..။ငါ ဘာမှ မလုပ်ရဲဘူးလို့ထင်နေတာလား.."

လင်းဖန်ခေါင်းခါယမ်းလိုက်တယ်။

"ဘယ်လို သောက်ကျိုးနဲ မေးခွန်းလဲ..။ကျုပ်ခင်ဗျားကို မသိဘူး ဆိုတာ ရှင်းနေတာပဲ။ကျုပ်သာ ခင်ဗျားလို တိရစ္ဆာန် မျိူးစိတ်နဲ့ သိရင် ကျုပ်ကိုကျုပ် ပြန်ရိုက်လိုက်တော့မယ်။ကျုပ်က တိရစ္ဆာန်နဲ့ ဘယ်လို သိနိုင်မှာလဲ.."

ဘေးနားက ခရီးသည်တွေဟာ..ဒါကို ကြားပြီး ဖပ်ရယ်မောလိုက်ကြတယ်။

ကောင်တာမှာ ရှိနေတဲ့ ဝန်ထမ်းတောင် ရယ်မောနေခဲ့ပါပြီ။

All Chapters