မင်းက တကယ်အံ့သြဖို့ကောင်းတာပဲ
Vol. 16 Ch. 239
ချင်းဖေး ဒေါသထွက်သွားခဲ့တယ်။သူ့နာမည်ကို ပြောတာတောင် ဒီငနဲက သူနဲ့ ဆက်ပြီး ငြင်းခုန်ရဲသေးမယ်လို့ မထင်ထားခဲ့ပါဘူး။
သူ ရှေ့ကို့ တက်ပြီး လက်ကို လွှဲလိုက်တယ်။သူ လင်းဖန်ရဲ့ မျက်နှာကို နှစ်ချက်လောက်ဖြတ်ရိုက်ပြီး သင်ခန်းစာ ပေးလိုက်ချင်တာပါ။
ဘေးနားက လူတွေဟာလည်း အံ့သြသွားခဲ့တယ်။ချင်းဖေး အနားကို ရောက်လာတဲ့ အချိန်မှာတော့..လင်းဖန်. ချက်ချင်းလက်ကို မြောက်လိုက်ပြီး လျင်မြန်တဲ့ အရှိန်နဲ့ ချင်းဖေး မျက်နှာကိုဖြတ်ရိုက်လိုက်ပါတယ်။
*ဖြန်း *
ကျယ်လောင်တဲ့ ရိုက်ချက်ဟာ ထွက်ပေါ်လာခဲ့တယ်။ဘေးနားက ခရီးသည်တွေကတော့ အံ့အားသင့်နေကြပါပြီ။အခြေအနေက ဒီလိုပြောင်းလဲ သွားလိမ့်မယ် လို့ မထင်ထားခဲ့ပါဘူး။
လယ်သမား သုံးယောက်တောင် ကြောင်အသွားခဲ့ကြတယ်။
တာဝန်ကျတဲ့ လုံခြုံးရေး အရာရှိတွေဟာ ချက်ချင်းပြေးလာလိုက်ကြပါတယ်။သူတိူ့က လေဆိပ်ရဲ့ ရဲဝန်ထမ်းတွေ ဖြစ်ပြီး..ဆူညံ့တဲ့အသံကြားတဲ့ အချိန်မှာ ဘာတွေ ဖြစ်နေလဲ လာကြည့်တာက ပုံမှန်ပါပဲ။
အရာရှိဟာ မြေကြီးပေါ်မှာ လူတစ်ယောက်လဲလျောင်းနေတာ မြင်တဲ့ အချိန်မှာ ဘာတွေဖြစ်နေတာလဲ..နားမလည်ပေ။
ချင်းဖေးကတော့ ကြမ်းပြင်မှာ လဲလျောင်းပြီး သူ့မျက်နှာကို ကိုင်ထားလို့ပါ။
"ဘာဖြစ်တာလဲ.."
လုံခြုံရေး အရာရှိဟာ ချင်းဖေးကို ဆွဲထူလိူက်ပြီး မေးလိုက်တယ်။
လင်းဖန် ချင်းဖေး ပြန်ဖြေအောင်တောင် မစောင့်ပဲ အပြစ်ကင်းစွာ အရင်ဖြေလိုက်ပါတယ်။
"ငါလည်း မသိဘူး..ဒီလူက တကယ်..ကိုယ်ကျင့်တရား မရှိတဲ့လူ။သူတန်းစီတာကို ကြားဖြတ်ဝင်ချင်နေတယ်လေ..."
ချင်းဖေးဟာ ဒီစကားကို ကြားတဲ့ အချိန်မှာ ဒေါသထွက်သွားခဲ့တယ်။
"မင်းမေ# ..မအိန်လုံး..မင်းက လူလိမ်ပါလား။မင်းငါ့ကို ရိုက်နှက်လိုက်တာလေ.."
လင်းဖန် ပုခုံးတွန့်ပြလိုက်ပါတယ်..သူဒါကို ဝန်ခံမှာ မဟုတ်ပါဘူး။
လုံခြုံရေး အရာရှိဟာ ဘေးနားမှာ ရှိနေတဲ့ လူတွေကို မေးလိုက်တယ်။
"သူတို့ တိုက်ခိုက်ကြသေးလား..."
ခရီးသည် တွေဟာ..ဒီလူ ခုနက ပြုမူတဲ့ အပြုအမူတွေနဲ့ ပတ်သက်ပြီး စိတ်ထဲမှာ မကျေမနပ် ဖြစ်နေခဲ့ကြတာပါ။လင်းဖန်လုပ်တဲ့ လုပ်ရပ်က သူတို့ လုပ်ချင်နေတဲ့ အရာပါပဲ။
ခရီးသည်တွေဟာ ပြန်ဖြေလိုက်တယ်။
"သူတို့ မတိုက်ခိုက်ခဲ့ပါဘူး.. ဒီလူက တကယ်ကိုယ်ကျင့်တရား မရှိဘူး..။သူ့က ကြားထဲကနေ ဖြတ်စီချင်နေတာနဲ့ ချော်လဲပြီး မျက်နှာနဲ့ ကြမ်းပြင်နဲ့ စောင့်မိသွားတာလေ.."
"ငါလည် မြင်တာပဲ..သူတို့ မတိုက်ခိုက်ဘူး.."
"ဟုတ်တယ် ဒီဘဲက ..ကြားဖြတ်ပြီး တန်းစီချင်နေတာ။အခု သူက.တစိယောက်ယောက်ကို အပြစ်တင်ချင်နေပြန်ပြီ။ကျုပ်တို့ အကုန်မြင်သားပဲ.."
"ဟုတ်တယ်..ငါလည်းသက်သေ လိုက်ပေးနိုင်တယ်.။ဒီလူဘယ်သူ့ကိုမှ မရိုက်နှက်ခဲ့ဘူး.."
ခရီးသည် တွေလည်း အဆက်မပြတ်ထောက်ခံနေကြတယ်..။သူတို့ ဘက်က လူများတော့ သူတို့ လုံးဝ မကြောက်တော့ပါဘူး။
ချင်းဖေး ဘေးနားကလူတွေကို လက်ညိုးထိုးလိုက်ပြီး...
"မင်းတို့ ကန်းနေကြတာလား..."
ခရီးသည် တွေဟာ ဒေါသထွက်သွားခဲ့ကြတယ်။
"မင်း စကားကို ဆင်ခြင်ပြော..အပြစ်ကင်းတဲ့ လူတွေကို မထိခိုက်စေနဲ့.."
လုံခြုံရေး အရာရှိတွေဟာ အခြအနေကို မြင်ပြီးကြောင်အသွားခဲ့ကြတယ်။သူတို့ ဒီလူရဲ့ မျက်နှာမှာ နီရဲနေတာ တွေ့နေရပေမယ့်..ပြသနာ မကြီးချင်လို့ ဘာမှတော့ ထပ်မပြောခဲ့ပါဘူး။
သူတို့ အခြေအနေကို ပိုသိရဖို့ ကောင်တာကိုသွားမေးလိုက်တယ်။
"သူတို့ တိုက်ခိုက်နေတာ တွေ့လိုက်လား.."
ဝန်ထမ်းဟာ သံသယဖြစ်စွာကြည့်လိုက်ပြီး..
"တိုက်ခိုက်တာလား...ကျွန်တော်တော့ ဘာမှ မတွေ့ပါလား။ကိုယ့်အလုပ်နဲ့ကို ရှုပ်နေတာ ဆိုတော့ မမြင်လိုက်ရဘူး။ဒါပေမဲ့ တိုက်ခိုက်တာကတော့ မဖြစ်နိုင်ဘူးနော်..ကျန်တဲ့ လူတွေလည်း ရှိနေတာပဲကို.."
ဒါပေါ့ ..ဝန်ထမ်းဟာ. လင်ဖန် ရိုက်နှက်လိုက်တာကို မြင်လိုက်ပါတယ်။ဒါပေမဲ့ အရိုက်ခံရတဲ့ လူကြီးရဲ့ အကျင့်ကို မကြိုက်တာကြောင့် ဘာမှ ထုတ်ပြောမှာမဟုတ်ပါဘူး။
လုံခြုံရေး အရာရှိဟာ ပဟေဠိဖြစ်သွားပြီး ချင်းဖေးကို စောက်ရူးတစ်ယောက်လို ကြည့်လိုက်တယ်။
ချင်းဖေးက တော့ ဒေါသထွက်နေခဲ့ပါပြီ။ဒီလူတွေ သူ့ကို ဝိုင်းလိမ်လိမ့်မယ် လို့ မထင်ထားခဲ့ပါဘူး။သူ ဒေါသထွက်စွာပြောလိုက်တယ်။
"ငါ CCTV မှတ်တမ်း ပြန်ကြည့်ချင်တယ်။ငါ ဒီကိစ္စကို သေချာ စုံစမ်းစစ်ဆေး တာကို လိုချင်တယ်"
လုံခြုံရေး အရာရှိဟာ မျက်မှောင်ကျုတ်လိုက်တယ်။
"ဆျာ..ဒီလိုစစ်ဆေးဖို့က အထက်အရာ ရှိရဲ့ အတည်ပြုချက် လို့အပ်တယ်။ဒါက အချိန်အနည်းငယ် ကြာနိုင်တော့..ဒီလေယာဥ်ကို မှီဖို့ ဆိုတာ အာမမခံနိုင်ဘူးနော်။တကယ်လို့ လေယာဥ် အလွတ်ခံနိုင်တယ် ဆိုရင်တော့ အခုပဲ အထက်ကို အကြောင်းကြားပေးပါ့မယ်.."
"ဒါက ဗီဒီယို တိတ်ခွေပဲလေ..ဘာတွေအဲလောက်ကြာစရာလိုလို့လဲ..။ ငါအခုပဲ ကြည့်ချင်တယ်"
ဘင်းဖန် ရယ်မောလိုက်တယ်။
"လုံခြုံရေး အရာရှိကြီး..ဒီလူကို မောင်းထုတ်လိုက်စမ်းပါဗျာ။ကျွန်တော်တော့..ဒီလူ ဦးနှောက် လွတ်နေတယ် လို့ ထင်တယ်နော်။လူတိုင်းက သူ့ဟာ သူချော်လဲတာ အကုန်မြင်တယ်..ဒါကို သူက ဟိုလူလုပ်တာလိုလို ဒီလူလုပ်တာ လိုလိုနဲ့။ပြီးတော့ ဒီလူ ကျုပ်တို့ လေယာဥ်ပေါ် ပါလာရင် ဘာ စောက်ရူးထ ဥိီးမလဲ မသိဘူး.."
* ရယ်မောသည့် အသံများ.."
ဘေးနားက လူများဟာ ရယ်မောလိုက်ကြတယ်။သူတို့ ဒီလူ ဒေါသထွက်မှာကို လုံးဝ စောက်ဂရုမစိုက်ကြပါဘူး။ဒီမှာ လုံခြုံရေး တွေရှိနေတော့ဘယ်သူမှ လက်ပါရဲ့ တော့မှာ မဟုတ်ပေ။
ထပ်ပြောရရင် ..သူတို့ ဘက်က လူအများကြီးရှိပြီ ဒီလူကို အေးဆေး ထိန်းထားနိုင်ပါတယ်။
ချင်းဖေး ဒေါသထွက်သွားခဲ့တယ်။ယင်းနောက် လင်းဖန် ကို ကြည့်ကာ သူ့ဟာသူ လက်ညိုးထိုးလိုက်ပြီး..
"မင်းက ငါ့ဦးနှောက်မှာ ပြသနာ ရှိနေတယ် လို့ပြောလိုက်တာလား..။ကြည့် ငါက ဒီ လေကြောင်းလိုင်းရဲ့ VIP ပဲ။ဦးနှောက် ချွတ်ယွင်းနေတာက မင်းပဲ ဖြစ်လိမ့်မယ်။ငါ တစ်နှစ်ကို လေယာဥ် ဘယ်နှစ်ခေါက်လောက်စီးလဒ ဆိုတာရော မင်းသိလား..။အနည်းဆုံး အကြိမ် ၂၀၀ ပဲကွ။မင်း သိရဲ့လား...."
လုံခြုံရေး အရာရှိ မျက်မှောင်ကျုတ်လိုက်ပြီး..
"ဆျာ..ကျေးဇူးပြုပြီး ခံစားချက်ကို ထိန်းပေးပါ။ဒါက လေဆိပ်မှာလေ.ကျေးဇူးပြုပြီး..အသံကို လျော့ပြောပေးပါ.."
လင်းဖန် ချင်းဖေးကို ကြည့်ပြီး ထပ်ပြောလိုက်တယ်။
"ဒီလူက..တကယ် ကိုယ်ကျင့်တရား မရှိတဲ့လူ။ခင်ဗျားက ဆူညံ့မူကို ဖန်တီးနေတာပဲ..မလုပ်သင့်တဲ့ စည်းမျဥ်းစည်းကမ်းတွေတောင် မသိဘူး။ခင်ဗျားက အခြေခံ ယဥ်ကျေးမူတောင် မသိတဲ့လူပဲ..။အားလုံးပဲ သူ့ကို ဂရုစိုက်မနေနဲ့တော့.. ဒီလိုလူကို ဂရိုစိုက်ရင် ကိုယ်ပြသနာ ကိုယ်ရှာနေသလိုပဲ ဖြစ်လိမ့်မယ်။လေးစားမူ မရှိတဲ့လူ..လေဆိပ်ဆိုတာက ကျုပ်တို့ နိုင်ငံရဲ့ဘပြတင်းပေါက်တွေပဲ။နောက်ဆို ဒီလို လူမျိုးကို ပိတ်ပင်ထားသင့်တယ်"
ဘေးနားက လူများဟာ သဘောတူစွာ ခေါင်းညိမ့်လိုက်ကြတယ်။
"သူ့ကို ဂရုမစိုက်ပဲ ..ကိုယ့်ပြသနာကိုယ် မရှာပဲ နေလိုက်ကြရအောင်.."
"ကိုယ်ကျင့်တရား အကြောင်းများ မပြောပါနဲ့တော့..သူက ဘာကိုယ်ကျင့်တရားမှ ရှိတဲ့ လူမဟုတ်ဘူး။လေဆိပ်မှာ ဆူညံ့မူမလုပ်ရဘူးဆိုတာ ငါ့သား သုံးနှစ်ပဲ ရှိသေးတာတောင် သိတယ်"
"ဟေး.ဒီနေ့ခေတ်လူတွေက သေချာဝတ်စားထားပေမယ့် စိတ်ဓာတ်တွေက ကောင်းကြတာမဟုတ်ဘူးနော် ."
...
ချင်းဖေးကတော့ ဒေါသထွက်နေခဲ့ပါပြီ..သူ့ကို လူတွေ အကုန်လုံးဝိုင်းပြီး တိုက်ခိုက်ခံရမယ် လို့မထင်ထားခဲ့ပါဘူး။
လုံခြုံရေးအရာရှိတွေဟာ ဒီအခြေအနေ လေးနက်လာတာကို ကြည့်ပြီး..ချင်းဖေးကိုဘပြောလိုက်တယ်။
"ကျုပ်တို့နဲ့ လိုက်ခဲ့ပေးပါ"
ချင်းဖေးကတော့ ကြောင်အပြီး ဒေါသထွက်သွားလို့ပါ။
"ငါက ဘာလို့ လိုက်ခဲ့ရမှာလဲ..သူကရော.."
"တောင်းပန်ပါတယ် ဆျာ။ကျေးဇူးပြုပြီး ပူးပေါင်းပေးပါ..မဟုတ်ရင် လေယာဥ် ကြံ့ကြာပါလိမ့်မယ်"
လုံခြုံရေး အရာရှိဟာ ပြောလိုက်တာပါ။
"ငါ မင်းတို့ အကုန်လုံးကို တိုင်ပြမယ်။ငါက ဒီလေကြောင်းလိုင်းရဲ့..VIP ဆိုတာရော သိရဲ့လား..။မင်းဘယ်သူ့ကို ပြောနေတာလဲ ဆိုရော သိရဲ့လား"
လင်းဖန်ရယ်လိုက်တယ်။
"VIP ကာစတန်မာ..ခင်ဗျားကတော်တော် အံ့သြဖို့ကောင်းတာပဲ။စစ်ဆေးရေး အချိန်ကဖြင့် ကုန်တော့မယ်..ခင်ဗျားက ပြောလို့မပြီးသေးဘူး.."
ချင်းဖေး..ဆွံ့အသွားခဲ့တယ်။ဒါပေမဲ့ ရှန်ဟိုင်းမှာ သူလုပ်စရာတွေ ရှိပါသေးတယ်။ယင်းနောက် သူ လင်းဖန်ကို လက်ညိုးထိုးလိုက်ပြီး..
"ကောင်းတယ်..သိပ်ကောင်းတယ်"
လင်းဖန် ရယ်လိုက်တယ်။
"ခင်ဗျားသိတာကောင်းတယ်။ဘာမှလာပြောမနေနဲ့..ကျုပ် ခင်ဗျားအပေါ်ထားတဲ့ အမြင်ကပြောင်းလဲ မှာမဟုတ်ဘူး။ ခင်ဗျားက မျိုးစိတ် အသစ်ပဲ.."
နောက်ဆုံးမှာတော့..ချင်းဖေးဟာ လုံခြုံရေး အရာရှိတွေနဲ့ အတူ လိုက်သွားရပါတော့တယ်။သို့ပေမယ့် သူ မသွားခင် လင်းဖန်ကို စိုက်ကြည့်သွားလို့ပါ။
လင်းဖန်ကတော့ လုံးဝ မကြိုက်ပေ။
* လက်ခုပ်တီးသံများ *
လူအုပ်ကြီးဟာ လင်းဖန်ကို လက်ခုပ်တီးလိုက်ကြပြီး..လင်းဖန်ကတော့ လယ်သမား သုံးယောက်ကို..ခေါင်းညိမ့်ပြလိုက်တယ်။
အသားမဲမဲ လူကြီးဟာ ကျေးဇူးတင်စွာ ပြောလိုက်တယ်။
"ကူညီပေးတဲ့ အတွက်ကျေးဇူးပါ"
လင်းဖန် လက်ဝေ့ယမ်းလိုက်တယ်။
"မပြောပါနဲ့တော့..လူတိုင်းက ဒီလူရဲ့ အပြုအမူကို မကြိုက်ဘူးလေ..။ကျွန်တော် မဟုတ်ရင်တောင်..တစ်ခြားတစ်ယောက်ယောက် ကူညီဦးမှာပါ။ဒီလူက တကယ် ခွေးတစ်ကောင်လိုပဲ"
ပြီးတဲ့ နောက်မှာ သူတို့ အလျင်အမြန် ဆက်လုပ်လိုက်ကြတယ်။
လေယာဥ်က ထွက်ခါနီးနေပြီဆိုတော့..သူ လမ်းအမြန်လျောက်ရတော့မှာပါ။
ကံကောင်းချင်တော့..စစ်ဆေးရေး ဂိတ်နဲ့ သူတို့လေယာဥ်နဲ့က သိပ်မဝေးပေ။ဒါက သူတို့ရှေ့မှာတင်ပါ။တကယ်လို့ အဝေးဆုံး လေယာဥ်သာ ဆိုရင်. မိနစ်နှစ်ဆယ်လောက် လျောက်ဖို့ လိုအပ်မှာပါ။