← Chapters

သူ့နောက်ကိုလိုက်..

Vol. 16 Ch. 240

သူ့နောက်ကိုလိုက်..

Vol. 16 Ch. 240

နာရီ အနည်းငယ် ကြာပြီးနောက်။

လင်းဖန် ရှန်ဟိုင်းလေဆိပ်ရဲ့ အပြင်ဘက်မှာ မတ်တတ်ရပ်လိုက်တယ်။

သူအသက်ပြင်းပြင်း ရူပြီး ခံစားချက်တွေကတောက တက်ကြွနေလို့ပါ။သူနောက်ဆုံးတော့ ရင်းနှီးတဲ့ လေထုကို ပြန်ရူခွင့်ရပါပြီ။

သူ တက္ကစီ ငှားလိုက်တယ်။

"တိမ်ဖြူလိမ်းကို.."

ဒါရိုက်ဘာ ပြန်ဖြေလိုက်တယ်။

"ကောင်းပါပြီ.."

အဲ့အချိန်မှာတော့ သူ့တက္ကစီ နောက်ကို တိတ်လေး လိုက်နေတဲ့ ကားတစ်စီး ရှိနေခဲ့ပါတယ်။ချင်းဖေဟာ..တက္ကစီ ထဲမှာ ထိုင်နေရင်း ညွှန်ကြားနေခဲ့တယ်။

"အဲ့ကားနောက်ကိုလိုက်..ငါ မင်းကို ကျသင့်ငွေရဲ့ နှစ်ဆ ပေးမယ်.."

ရှန်ဟိုင်းရဲ့ တက္ကစီ ဒါရိုက်ဘာတွေဟာ အတွေ့အကြုံ ရင့်ပြီး ..စကေးတွေ ကျွမ်းကျင်ကြတော့..မတော်တဆ မူဖြစ်တယ် ဆိုတာ သိပ်မရှိကြပါဘူး။စကားပုံတစ်ခုတောင် ရှိပါသေးတယ်..မင်းသာ ရှန်ဟိုင်းမှာ ကားအေးအေးဆေးဆေး မောင်းနိုင်ရင်..ကမ္ဘာပေါ်က ကြိုက်တဲ့နေရာမှာ မရပ်တန့်ပဲ မောင်းနိုင်ပြီ...ဆိုတာ ပါပဲ.။

ဒါရိုက်ဘာ စိတ်လှုပ်ရှားစွာ ပြောလိုက်တယ်။

"သေချာကိုင်ထား...ကျုပ်တို့ သူတို့ကို လုံးဝ မျက်ခြေပြတ်မှာ မဟုတ်ဘူး..."

ချင်းဖေးဟာ ..ထိုင်ခုံ ခါးပတ်ကို ကျစ်ကျစ်ဆုပ်ထားပြီး နှာခေါင်းရှုပ်လိုက်တယ်။ဒီငနဲက သူ့ကို လေဆိပ်မှာ လာရှုပ်ထားတာပါ..သူသာ ရှန်ဟိုင်းပြန်လာဖို့ အလျင်မလို ဘူးဆိုရင် လုံးဝ လွယ်လွယ်လွတိပေးမှာ မဟုတ်ပေ။

သူက ပထမ တန်းမှာ စီးခဲ့တာ ဖြစ်ပြီး..သူ လေယာဥ်ပေါ်က ဆင်းအပြီးမှာ..လင်းဖန် ဆင်းတာကို စောင့်နေခဲ့တာပါ။သူ ဒီငနဲကို သင်ခန်းစာ မပေးပဲ နဲ့ မလွတ်ပေးချင်ပါဘူး။

တက္ကစီ ထဲတွင်။

လင်းဖန် ဝမ်မင်ယန် နဲ့ အတူဖုန်းပြောနေခဲ့တယ်။

"ကျုပ် တက္ကစီပေါ်မှာ..ဆိုင်ကို အရင်သွားမလို့ .ဘာလို့ ဖုန်းခေါ်တာတုန်း.."

ဝမ်မင်ယန် ပြန်​ပြောလိုက်တယ်။

"အားလုံး မင်းကျေးဇူးကြောင့်ပဲ.။မင်းကို သတင်းကောင်း သေးသေးလေး အကြောင်းပြောပြရဥိီးမယ်.."

လင်းဖန် ရယ်မောလိုက်တယ်။

"ဘာများတုန်း..ခင်ဗျားကြည့်ရတာ ပျော်နေသလိုပဲ..."

ဝမ်မင်ယန် ပြန်ဖြေလိုက်တယ်။

"ဝူရွှန်းယွဲ့ရဲ့ အယ်လ်ဘမ် က ထွက်ပြီးသွားပြီ။အရင်ဆုံး ငါ အင်တာနက်ပေါ်တင်လိုက်တယ်လေ..။ဒေါင်းလော့ ဆွဲတဲ့ အရေအတွက်က အံ့သြစရာပဲ..။နှစ်ဆယ့်လေးနာရီ အတွင်းမှာတင် လူပေါင်း တစ်သိန်းခွဲ လောက်ရှိတယ်..။အဲတာ ဘာကို ဆိုလိုတာလဲ မင်းသိရဲ့လား..."

လင်းဖန် ရယ် မောလိုက်တယ်။

"ဒါဘာလို့ ကျုပ်ကို လာပြောတာလဲ။ကျုပ်က အဲ့လောကထဲက လူမဟုတ်ဘူးလေ..။ဒါပေမဲ့ ခင်ဗျားကြည့်ရတာ အတော်ကို ပျော်ရွှင်နေတာပဲ.."

ဝမ်မင်ယန် သူ ပိုက်ဆံ မရသေးပေမယ့်လည်း..ကျေနပ် အားရနေလို့ပါ။တကယ်တော့..သူ ကြော်ညာ ပေးရမှာဖြစ်ပေမယ့်လည်း..အခုတော့.ရလာဒ်က တကယ် ကျေနပ်စရာပါပဲ။ဘာပဲဖြစ်ဖြစ် ဒါက..သူ ဂီတလောကမှာ မှန်ကန်တဲ့.ဆုံးဖြတ်ချက် ချတယ် ဆိုတဲ့ အဓိပါယ်ပါပဲ။

အစကတော့..သူ ဝူရွှန်းယွဲ့ကို ဂီတ လောကမှာ အရင်ခြေချပြီး..အောင်မြင်အောင် အရင်လုပ်မလို့ပါ။နောက်ပိုင်းမှ ရုပ်ရှင်ဘက်ကို ကူးပြောင်းပြီး..ငွေကြေးများစွား ရှာဖွေကို အစီစဥ် ရှိထားတာပါ။

ဒါပေမဲ့ ဝူရွှန်းယွဲ့ရဲ့ အရည်အချင်းကြောင့် သူမက အဆိုရော..သရုပ်ဆောင်ရော တစ်ခါတည်းလေ့ကျင့်နေခဲ့ပါပြီ။

ငယ်ရွယ်တဲ့ အိုင်ဒေါတွေဟာ..ရုပ်ရှင်လောကမှာ သရုပ်ဆောင်စွမ်းရည် မရှိရင်တောင် အောင်မြင်ကြပါတယ်။ဒါပေမဲ့ သူတို့ရဲ့ အောင်မြင်မူက ကြာရှည်မခံပါဘူး။သူ ဖန်တီးချင်တာက တကယ်အောင်မြင်တဲ့ စူပါစတားကိုပါ။သူက နှစ်တွေ အများကြီး ကျော်ကြားစေတဲ့ သရုပ်ဆောင်ကို ဖန်တီးချင်ပြီး..လူတိုင်းကို သတိရနေစေချင်တာပါ။

ဝမ်မင်ယန် နောက်ထပ်ကျေနပ်ရတဲ့ အရာတစ်ခုက ဝူရွှန်းယွဲ့ဟာ နေ့တိုင်းလေ့ကျင့်နေရပေမယ့်လည်း လုံးဝ မညဥ်းညူပါဘူး။

ထပ်ပြောရရင် သူမက လှပပြီး..လူတွေပိုပြီး ကြည့်လေလေ.ပိုပြီးလှပလေပါပဲ။လှပတဲ့ မိန်းကလေးတွေ အများကြီးရှိကြပေမယ့် လည်း .သူတို့က မြင်ပါများရင် ပုံမှန်အတိုင်းပဲ ဖြစ်သွားတတ်ကြပါတယ်။

"ဒါပေါ့..ငါတို့ အောင်ပွဲခံရမှာပေါ့..ဒါပေမဲ့ နောက်ဆုံးရလာဒ်ကို စောင့်ကြည့်လိုက်ရဥိးမယ်"

ဝမ်မင်ယန် ပျော်ရွှင်စွာပြောလိုက်တယ်။တကယ်လို့ သူသာ ဝူရွှန်းယွဲ့ အောင်မြင်ဖို့ နည်းနည်းထပ်ကြော်ငြာ ပေးလိုက်ရင်..တကယ် ကောင်းမွန်တဲ့ အောင်မြင်မူဖြစ်သွားတော့မှာပါ။

လင်းဖန် ခေါင်းညိမ့်လိုက်တယ်။

"​ကောင်းပြီ စောင့်ကြည့်ကြတာပေါ့။ကျုပ် ဆိုင်ကို အရင်ပြန်ပြီး နားတော့မယ်။တစ်ခုခုဖြစ်ရင် ဆက်သွယ်လိုက်ပေါ့"

ဝမ်မင်ယန် ပြန်ပြောလိုက်တယ်။

"ပြသနာ မရှိဘူး..ညီအစ်ကို.."

...

မကြာခင်မှာပဲ သူ တိမ်ဖြူလမ်းကို ပြန်ရောက်လာခဲ့တယ်။

လင်းဖန် ကျသင့်ငွေကို ရှင်းလိုက်တယ်။ဆိုင်ပိုင်ရှင်တွေ လင်းဖန်ကို မြင်လိုက်တဲ့ အချိန်မှာ ချက်ချင်း နှုတ်ဆက်လိုက်ကြပါတယ်။

"မာစတာ လင်း ပြန်လာပြီ။အိမ်ပြန်တာ ဘယ်လိုခံစားရလဲ..."

ရူးဖိနပ် ဆိုင်ရဲ့..ပိုင်ရှင်က.အပြင်ကို ထွက်လာပြီး မေးလိုက်တာပါ။

လင်းဖန် ရယ်မောလိုက်တယ်။

"အဆင်ပြေတယ်..ဒါအတော် အဆင်ပြေတယ်"

လင်းဖန် လက်ဝတ်ရတနာ ဆိုင်ကို..ဖြတ်လျောက်တဲ့ အချိန်မှာ အစ်မဝမ်ဟာ ဆိုင်ထဲက နေနှုတ်ဆက်လိုက်တယ်။

"သူဌေးလေး..မင်းပြန်လာပြီလား။မင်းကို မတွေ့ရတာတောင်..အတော်ကြာပြီ..။ငါ သတိတောင်ရနေသေးတယ်.."

"အစ်မဝမ်..ကျွန်တော်ကို သတိရနေတာလား။ခင်ဗျား ယောက်ျားသာ ဒါကို သိရင်..ကျုပ်ကို ပြသနာ ရှာနေဦးမယ်နော်.."

အစ်မဝမ် ပြန်ပြောလိုက်တယ်။

"ဒီကောင်လေး တော့ အိမ်ကပြန်လာတာနဲ့ ဆိုးဆိုးရွားရွားတွေ စပြောနေတော့တာပဲ.."

လင်းဖန် လက်ဝေ့ယမ်းလိုက်တယ်။သူ ဒီဆိုင်ရှင်တွေ အကုန်လုံးနဲ့ ရင်းနှီးနေပြီး ပါပြီ။သူဖြတ်သွားတိုင်းမှာ သူတို့က ထွက်လာပြီး နှုတ်ဆက်ကြပါတယ်။

အကြီးအကဲ နီကိုးလပ်ဟာ အိပ်နေရာကနေ လင်းဖန် ရဲ့ အသံကို ကြားပြီး လင်းဖန် ဆီကို ကြည့် ကာ ဟောင်လိုက်တယ်။သူဟာ နေရာမှာပဲ ရှိနေပေမယ့် အမြီးကတော့ ..နှံ့နေလို့ပါ။

"ရက်နည်းနည်းပဲ ရှိသေးတာတောင် အကြီးအကဲ ခွေး နီကိုးလပ်က ပိုပြီး ကြီးလာတာပဲ..."

လင်းဖန် ပြောလိုက်တယ်။အကြီးအကဲ ခွေးဟနီကိုးလပ် ရဲ့ နှင်းလို အသားအရည်က တကယ် ပြည့်ဖြိုး လာခဲ့တာပါ။သူ စင်တီမီတာ အနည်းငယ်လောက် အရပ်မြင့်လာတာကိုလည်း လင်းဖန်သတိထားမိလိုက်တယ်။

သူအနားကိုရောက်လာတဲ့ အချိန်မှာတော့ အကြီးအကဲ ခွေး နီကိုးလပ်ဟာ ပျော်ရွှင်စွာနဲ့ ဟောင် နေခဲ့ပါပြီ။

ဆိုင်ထဲတွင်။

လူလိမ် ထျန် လင်းဖန်ကို မြင်လိုက်တာနဲ့ ပွေ့ဖက်လိုက်တယ်။

"ဝိုး..ငါမင်းကို မတွေ့ရတာ ရက်နည်းနည်းပဲ ရှိသေးတယ် တော်တော်လွမ်းနေပြီ..။မင်းလက်ဆောင် တစ်ခုခု ယူလာသေးလား.."

လင်းဖန် သတိရချင်ယောင် ဆောင်ပြီး ပြန်ပြုံးပြလိုက်တယ်။

"နည်းနည်းတော့ပါတယ်။ သီးသန့်တော့ ဘာလက်ဆောင်မှ မပါလာနိုင်ခဲ့ဘူး.."

ကျောက်ကျန်းယန်ဟာလည်း တိုက်ရိုက် ထုတ်လွင့်နေရင်း ကင်မရာကို လင်းဖန် ဘက် လှည့်ပြလိုက်တယ်။

"ငါတို့ရဲ့ မာစတာ လင်းကြီး နောက်ဆုံးတော့ပြန်လာပြီနော်..အားလုံးပဲ လက်ခုပ်တီးလိုက်ကြရအောင်"

ဝူယူလန်ဟာ လင်းဖန်ကို သံသယဖြစ်စွာ ကြည့်ပြီး မေးလိုက်တယ်။

"မဂ်လာပွဲ ဘာဖြစ်သွားပြီလဲ...."

သူမက မေးချင်တဲ့ မေးခွန်းကို တည့်တည့်ပဲ မေးတတ်တဲ့ လူတစ်ယောက်ပါ။

လင်းဖန် ပုခုံးတွန့်ပြီးပြောလိုက်တယ်။

"မအောင်မြင်ခဲ့ဘူး။သူမက ငါအသက်ကြီး နေလို့ဆိုပြီး ..မကြိုက်ဘူးလေ.."

ဝူယူလန် ပြုံးပြီးပြောလိုက်တယ်။

"ဒီမိန်းကလေး တော်တော် လူရွေးတတ်တာပဲ.."

"ဟားဟား.."

လင်းဖန် ရယ်မောလိုက်တာပါ။ သူအိမ်ပြန်တုန်းက မဂ်လာပွဲက အကြောက်ဆုံးအရာဖြစ်ပေမယ့် လှပစွာ အဆုံးသတ်နိုင်ခဲ့တော့..ဘာမှ ကြောက်စရာ မလိုတော့ပါဘူး။

ဝူတန်ဟီ ရယ်မောလိုက်တယ်။

"မင်းမရှိတော့ ငါတို့ ဒီရက်ပိုင်း ငါတို့ အလုပ်ရှုပ်နေကြတာ။ပြီးတော့..မြို့သားတွေကလည်း မင်းကို လွမ်းနေကြပြီ..."

လူလိမ် ထျန် လင်းဖန်ကို ကြည့်လိုက်တယ်။

"မင်းကတော့ ဘာတွေဖြစ်နေလဲ သိမှာမဟုတ်ဘူး..မြို့သားတွေက မင်းပြန်ရောက်ပြီလား..နေ့တိုင်းလာကြည့်ကြတယ်.."

"ဒီအကြောင်းမပြောနဲ့တော့..ကျွန်တော် မွေးရပ်မြေပြန် လက်ဆောင် တွေကို အားလုံးအတွက် ယူလာတယ်"

လင်းဖန် ပြောလိုက်ပြီး..အိတ်ထဲက ပစ္စည်းတွေကို ထုတ်လိုက်ပါတယ်။

.......

သိပ်မဝေးတဲ့ နေရာမှာတော့ ချင်းဖေးဟာ လင်းဖန် ဆိုင်ထဲ ဝင်သွားတာ ကိုကြည့်ပြီး နှာခေါင်းရှုတ်လိုက်တယ်။

ဒီတော့ ဒါက သူ့ရဲ့..ဆိုင်ပေါ့..

ယင်းနောက် ချင်းဖေးဟာ ဆိုင်ဆီကို တုန့်ဆိုင်းခြင်းမရှိပဲ လျောက်သွားလိုက်တယ်။သူ့ကို အပြစ်ပြု မိရင် ဘယ်လို နောက်ဆက်တွဲ ခံစားရမလဲ ဆိုတာ ဒီငနဲ သိသွားစေရမှာပါ။

အစကတော့ လင်းဖန် နောက်ခံကောင်းမှာကို သူ အနည်းငယ် စိုးရိမ်မိပေမယ့်လည်း..အခုကျတော့ ဒီငနဲက ဘာနောက်ခံမှမရှိတဲ့ သာမန်ကောင်လေးပါပဲ။

ဆိုင်ထဲမှာတော့ လူလိမ် ထျန်ဟာ စကားပြောနေရင်း ဆိုင်ပေါက်ဝ မှာလူတစ်ယောက် ရပ်နေတာ သတိထားမိလိုက်တယ်။

"ဘာရှာနေတာလဲ..သိလို့ရမလား.."

ချင်းဖေးဟာ လူလိမ် ထျန်ကို ဘေးဘက်တွန်းလိုက်ပြီး လင်းဖန်ကို ကြည့်လိုက်ကာ..

"ကောင်လေး..မင်းငါ့ကို မြင်တော့ အံ့သြသွားတယ်မလား..."

လင်းဖန် အံ့သြသွားခဲ့တယ်။ဒီလူ..ဒီကို ရောက်လာမယ်လို့ မထင်ထားခဲ့ပါဘူး။

ဒီလူ ငါ့နောက်ကို နောက်ယောင်ခံ လိုက်လာတာ လား....

လူလိမ် ထျန် လူကြီးကို ကြည့်ပြီး လင်းဖန်ကို ပြန်ကြည့်လိုက်တယ်။

"မင်းသူ့ကို သိလား..."

လင်းဖန် ရယ်မောလိုက်တယ်။

"ကျုပ်သူ့ကို မသိဘူး... လေဆိပ်မှာ တစ်ခါတည်း မြင်ဖူးတာ..။ဒီလူ အနံ့ခံ ကောင်းလိမ့်မယ်လို့ မထင်ထားခဲ့တာတော့ အမှန်ပဲ..ဒီနေရာကိုတောင် ရောက်လာခဲ့တယ်.."

ဆိုင်ထဲကလူတိုင်း အံ့သြသွားခဲ့တယ်။ဘာတွေဖြစ် နေလဲ..သူတို့ မစဥ်းစားတတ်တော့ပါဘူး။

လင်းဖန်က ဒီလူနဲ့ ဘယ်လိုမျိုး ဆက်ဆံရေး ရှိတာလဲ...

ကြည့်ရတာကတော့..အခြေအနေက သိပ်မကောင်းတော့ပါဘူး.။

All Chapters