ချမ်းသာတဲ့ လူက ဘာမဆို လုပ်လို့ရတယ်!
Vol. 17 Ch. 241
လင်းဖန် ဒီလိုလူမျိူး ကမ္ဘာကြီးမှာ တည်ရှိမှန်း အရင်တုန်းက မထင်ထားခဲ့ပါဘူး။လေဆိပ်မှာ.သူ့ကို နည်းနည်းလေး တိုက်ခိုက်ခဲ့တာနဲ့..ဒီလူက ဒီအထိ လိုက်လာခဲ့တာပါ။
ဒီလူက ဆိုင်ထဲဝင်လာတာနဲ့ လက်ညိုးထိုးပြောနေပြီး သူ့ကို လွယ်လွယ်ကူကူ လွှတ်ပေးမယ့် ပုံမရှိပေ။
ချင်းဖေးဟာ အားနဲ့မာန်နဲ့ ပြောလိုက်တယ်။
"မင်းက လေဆိပ်မှာတုန်းက သူဌေးလိုလို ဘာလိုလို ပြုမူနေခဲ့တာပါ။အခု ဘာလို့ ဘာမှ မပြောတော့တာလဲ..။အဲ့ မျက်ကန်း တွေက လေဆိပ်မှာတုန်းက မင်းဘက်က ရပ်တည်ပြီး အခုဒီမှာ မရှိတော့လို့လား...။မင်းအခု ကြောက်နေတာလား.ဟမ်။ဒီ ကိစ္စက လွယ်လွယ်ပြီးသွားမှာ မဟုတ်ဘူး..မင်းငါ့ကို တစ်ခါရိုက်ခဲ့တယ် မလား..ငါမင်းကို နှစ်ခါ ပြန်ရိုက်ပြမယ်.."
ဆိုင်ထဲက လူတိုင်းဟာ ဒီလူပြောတာကြားပြီး ကြောင်အသွားခဲ့တယ်။
ဒီလူက စောက်ရူးများလား.....
လင်းဖန် ရယ်မောလိုက်ပြီး..
"နေမြင့်နေပြီလား..."
လူလိမ် ထျန်ပြန်ပြောလိုက်တယ်။
"မမြင့်သေးပါဘူး..အခုမှ နှင်းတွေ ကျနေတုန်း ရှိသေးတယ်.."
လင်းဖန် ခေါင်းခါယမ်းလိုက်တယ်။
"သူက နေ့ဘက်ကြီး အိပ်မက်မက် နေတဲ့ စောက်ရူးပဲ.."
ချင်းဖေး ဟာ ဒီငနဲ အခုအချိန်အထိ အမှားကို ဝန်မခံ နိုင်သေးလိမ့်မယ် လို့ မထင်ထားခဲ့ပေ။ယင်းနောက် သူ ဒေါသထွက်စွာ ပြောလိုက်တယ်။
"ငါထင်တာကတော့...မင်းက အကျိုးဆက်တွေကို မျက်လုံးနဲ့ မတွေ့ သေးသ၍.သင်ခန်းစာ ရမမှာမဟုတ်တဲ့ကောင်ပဲ.."
"ဝိုး..ခင်ဗျားက တစ်စုံတစ်ယောက်ကို ရိုက်နှက်ချင်လို့လား.."
လင်းဖန် မေးလိုက်တာပါ။
"တစ်စုံတစ်ယောက်ကို ရိုက်ဖို့လား..။ငါ မင်းကို ရိုက်မှာမဟုတ်ဘူး..ဒါပေမဲ့ မင်းရဲ့.ဆိုင်တစ်ခုလုံးကို ဖျက်ဆီး ပစ်မယ်.."
ချင်းဖေး နှာခေါင်းရှုတ်လိုက်တယ်။
လင်းဖန် ပြောလိုက်တယ်။
"ကောင်းလှချည်လား..ခင်ဗျား ကျုပ်ဆိုင်ကို ဖျက်ဆီးမှာလား.."
ချင်းဖေး လင်းဖန်ကို ကြည့်လိုက်တယ်။
"ငါ အခု ဖျက်ဆီးပြမယ်။မင်းငါ့ကို ဘာလုပ်နိုင်မှာ မို့လို့လား..။ငါ့မှာ အပေါဆုံးက ပိုက်ဆံပဲ။ရဲတွေလာတဲ့ အချိန်ကျရင် လည်း ငါစောက်ဂရုမစိုက်ဘူး..။ငါ ပြန်ပြင်ဆင်တဲ့လူတွေကို ပိုက်ဆံပေးပြီး မင်းဆိုင်ကို ထပ်ဖျက်ဆီး ခိုင်းမယ်ကွာ.."
ကျောက်ကျန်းယန် ဟာ အပြင်ကို ထွက်ပြီး ဘေးနားက လူတွေကို အကူညီတောင်းလိုက်တယ်။
လင်းဖန် ချင်းဖေးကို ကြည့်ပြီး လက်ခုပ်တီးလိုက်ပါတယ်။
"မဆိုးဘူး.မဆိူးဘူး.. ။သူခိုးက တစ်ခြားလူတွေကို သူခိုးလို့ ခေါ်ရတာ ကြိုက်တယ်ဆိုတာ တကယ်မှန်တာပဲ။ကောင်းပြီ ဒီနေ့ ခင်ဗျား ကျုပ်ဆိုင်ကို..ဖျက်ဆီးတာကို ခွင့်ပြုပေးလိုက်မယ်.."
ချင်းဖေးဟာ..ဟာသ တစ်ခုကိုကြားလိုက်ရလို ရယ်မောလိုက်တယ်။
"ငါ မတတ်နိုင်ဘူးလို့ ထင်နေတာလား..။ဟားဟား..မင်းဒီလို ပြောတာ ယုံတောင် မယုံနိုင်ဘူး။မင်းဆိုင် သေးသေးလေး ကို ဆယ်ခါလောက် ဖျက်ဆီးပစ်လိုက်လို့ရတယ်။မင်းငါ့ကို အထင်သေးနေတာပဲ ဖြစ်ရမယ်။ငါ ဘာအတွက် ရှင်သန်နေတာလဲသိရဲ့လား။မင်းနဲ့ စကားပြောနေတဲ့ အချိန်မှာတောင် ငါ့ဘဏ်အကောင့်ထဲကို သုညတွေ ဘယ်နှစ်လုံးလောက် ဝင်လာနေပြီလဲ သိရဲ့လား..."
*ဖြောင်း ဖြောင်း.*
လင်းဖန် လက်ခုပ်တီးလိုက်တယ်။
"မဆိုးဘူး..တကယ်မဆိုးဘူး..။ ခင်ဗျားကဘယ်လို ကြွားရမလဲ ဆိုတာ တကယ် သိတာပဲ။ခင်ဗျားက ကျုပ်ဆိုင်ကို ဝယ်ပြီးတောင်..ကျုပ်ကို ကန်ထုတ်ချင်နေမယ် ထင်တယ်။ကျုပ်ဘယ်လောက် တောင် ကြောက်နေမိပြီမှန်း သိရဲ့လား.."
ဝူယူလန်ဟာ ဒီလူကြီးကို ကြည့်ပြီး နှာခေါင်းရှုတ်လိုက်တယ်။ဒီလူက ဒီလောက်စော်ကား နေတာတောင်..လင်းဖန်က စနောက်ဖို့ စိတ်အနေအထား ရှိနေပါသေးတယ်။
ချင်းဖေး မျက်နှာ အမူအရာ ပြောင်းသွားခဲ့တယ်။သူ ဒေါသထွက်ပြီး ဒီလောက်ပြောနေတာတောင်..သူ့ရှေ့က ငနဲက ပျော်နေတဲ့ ပုံစံပေါက်နေတုန်းပါ။
"ကောင်းပြီ..မင်းက ဒီတိုင်း ကစားချင်နေမှတော့ ငါက မင်းနဲ့ အတူ ဆက်ပြီး ကစားပေးရမှာပေါ့"
ချင်းဖေး ဒေါသတကြီး ပြောလိုက်တာပါ။
လင်းဖန် ရယ်မောလိုက်တယ်။
"ခင်ဗျား ကျုပ်ကို..စိတ်မကောင်း ဖြစ်စေချင်တာလား..။ခင်ဗျားက အာချောင်နေပြီး..အခုထိ ဘာမှလည်း မလုပ်သေးဘူး..။ကျုပ်က ဘာကို ဝမ်းနည်းရမှာလဲ..."
လူလိမ်ထျန် တိတ်တဆိတ် မေးလိုက်တယ်။
"သူ ဖျက်ဆီးရင်..ငါတို့ တိုက်ခိုက်မှာလား.."
လင်းဖန် လက်ဝေ့ပြလိုက်တယ်။
"မလိုဘူး...ဒါက သူဖျော်ဖြေရမယ့် ပွဲပဲ။သူ့ကို ဖျော်ဖြေခိုင်းလိုက်ပါ.."
လင်းဖန် သူ ဒီလို လူမျိုးနဲ့ တွေ့လိမ့်မယ်လို့မထင်ထားမိခဲ့ပါဘူး။ဒီလူ က သူ့နောက်ကို တောက်လျောက်လိုက်လာတာဖြစ်ပြီး..ရောက်ရောက်ချင်း သူ့ကို ကြောက်သွားပြီလား..လို့ မေးခဲတဲ့ လူပါ။
တစ်ခြားလူတွေ ဘယ်လိုပဲ တွေးတွေး အဲ့တုန်းက တော့ သူ့နည်းနည်း အံ့သြပြီး ကြောက်ရွံ့သွားပါသေးတယ်။
ကျောက်ကျန်းယန် ကတော့ အပြင်မှာ ရောက်နေပြီး..
"အားလုံးပဲ အမြန်လာ..အမြန်လာကြ..။မာစတာ လင်းရဲ့ ဆိုင်မှာ ပြသနာ တစ်ခုခုဖြစ်နေလို့.."
ဘေးနားက ဆိုင်ပိုင်ရှင်များဟာ ဒီအသံကို ကြားတဲ့ အချိန်မှာ ချက်ချင်းပြေးထွက်လာခဲ့ကြတယ်။
"ဘာ..တစ်စုံတစ်ယောက်က မာစတာ လင်းရဲ့ ဆိုင်မှာ ပြသနာ ရှာရဲတယ်လား.."
"ချီးပဲ..ဒီငနဲကောင် တိမ်ဖြူလမ်းတစ်ခုလုံးကို စော်ကား ချင်နေတာလား.."
"သွားကြမယ် ဘယ်လိုလူမျိုးမှာ ဒီလို သတ္တိတွေ ရှိသွားကြတာလဲ.."
"မင်းတို့သွားနှင့်..ငါ တုတ်ယူပြီး လိုက်လာခဲ့မယ်.."
ဆိုင်ပိုင်ရှင် သူဌေးတွေ အကုန်လုံး လင်းဖန်ရဲ့ ဆိုင်ပေါက်ဝ ကို ရောက်လာခဲ့ကြပါပြီ။
လင်းဖန် သူတို့ကို မြင်တဲ့ အချိန်မှာ အံ့သြသွားခဲ့တယ်။သူတို့ လူပ်နေတဲ့ ပုံစံကြောင့် သူ့ရဲ့ သားကောင် လေး..ကြောက်လန့်ပြီး ထွက်ပြေးသွားနိုင်ပါတယ်။
ချင်းဖေး ဒီလူတွေကို မြင်တဲ့ အချိန်မှာ လင်းဖန်ကို ချက်ချင်း ဆဲဆိုလိုက်တယ်။
"ခွေးသားလေး..ငါမင်းဆိုင်ကို မဖျက်ဆီးရဲဘူး ထင်နေလား .။ငါ အခုလုပ်ပြမယ်.."
ယင်းနောက် ချင်းဖေး ဟာ ခွေးချေ ခုံကို မပြီး ကောင်တာ ခုံကို အရှိန်နဲ့ ရိုက်ချလိုက်တယ်။ရိုးရှင်းတဲ့ စားပွဲခုံဟာ ခွေးချေခုံ ရဲ့ ပြင်းထန်လှတဲ့ ခွန်အားကြောင့်..ချက်ချင်း ပျက်စီး သွားခဲ့ပါပြီ။
"ချီးပဲ..သူတကယ်ပဲ လုပ်ရဲတယ်လား.."
"မင်းပြသနာ ရှာချင်နေတာလား..သူဌေးလေးရဲ့ ဆိုင်ကို ဖျက်ဆီးရဲ့တယ်.."
"ခွေးသား..မင်းက သေချင်နေတာပဲ.."
ယင်းနောက် ဘေးချင်းကပ်လျက် ဆိုင်က..အကြီးအကဲ ကျန်းဟာ..တုတ်ကို မြောက်ပြီး
ချင်းဖေး ရဲ့ နောက်စေ့ကို ပြေးရိုက်လိုက်တယ်။
လင်းဖန် အလျင်အမြန်ရှေ့ကို တက်ပြီး တုတ်ကို လှမ်းဖမ်းထားရပါတယ်။
"သူဌေးလေး..ငါတို့ ဒီကောင်ကို ထိန်းပေးမယ်..မင်းဝင်ပါစရာမလိုဘူး.."
လင်းဖန် တည်ငြိမ်စွာပြန်ပြောလိုက်တယ်။
"ပြသနာ မရှိပါဘူး။ဒီလူကို..ဖျက်ဆီး ခိုင်းလိုက်ပါ။ဒီကိစ္စမှာဝင်မပါနဲ့တော့..ထပ်ပြောရရင်.တစ်စုံတစ်ယောက်ကို ရိုက်နှက်တာက တရားမဝင်ဘူးလေ..။ဒါဆို..ကျုပ်တို့ရဲ့ ဂုဏ်သတင်းထိခိုက်စေပြီး..နောက်ပိုင်း ပြသနာ တက်လိမ့်မယ်.."
ဘေးနားက လူတွေရဲ့ အပြုအမူကြောင့်.ချင်းဖေး နည်းနည်း တွန့်ဆုတ်သွားခဲ့ပါပြီ။ခုနက..လင်းဖန် သာ အချိန်မှီ ဝင်မတားရင် သူခေါင်းကွဲတော့မှာပါ။ဒီလူတွေ ကြည့်ရတာ သူ့ကို ဝိုင်းပြီး အမဲဖြတ်ချင်နေတဲ့ ပုံပါပဲ။
ချင်းဖေး တံတွေးကို မျိုချလိုက်ပြီး..ဘာမှ မဖြစ်သလို ဟန်ဆောင်လိုက်တယ်။
"မင်းတို့ ဘာလိုချင်လဲ.."
သူ ဘာမှ မဖြစ်သလို ဟန်ဆောင်နေပေမယ့်လည်း..သူ့အသံဟာ တုန်ခါနေပြီး..ခွေးချေကိုင်ထားတဲ့ လက်လာ တုန်ရီနေလို့ပါ။
"မင်းက သူဌေးလေး ဆိုင်ကို ဖျက်ဆီးပြီး ဘာလိုချင်လဲ မေးနေသေးတယ်။မင်းကို သတ်ချင်နေတာ ခွေးသားရဲ့.."
ဆိုင်ပိုင်ရှင်တစ်ဟောက်က ကျိန်ဆဲလိုက်တာပါ။
လင်းဖန် လက်မြောက်လိုက်တယ်။
"အားလုံးပဲ မကျိန်ဆဲ ပဲ ငြိမ်ငြိမ် လေး နေပေးကြပါ။တစ်စုံတစ်ယောက်ကို ကျိန်ဆဲတာက ကောင်းတဲ့ အလုပ်မဟုတ်ဘူး.."
ယင်းနောက် လင်းဖန် ချင်းဖေးကို ကြည့်ကာ လက်ပြလိုက်ပြီး..
"လာ..ကျေးဇူးပြုပြီး ဆက်လုပ်လို့ရပါပြီ။ကြိုက်သလို သာ ဖျက်ဆီးပေတော့..။တစ်ခုခု ဖျက်ဆီးဖို့ ကျန်နေခဲ့ရင် အဲတာ ခင်ဗျား ရှုံးနိမ့်တာပဲ.."
ချင်းဖေး လူတွေ အများကြီးကို မြင်တဲ့ အချိန်မှာ ခွေးချေခုံကို ချပြီး ချက်ချင်းထွက်သွားချင်ခဲ့တာပါ။သို့ပေမယ့် တစ်ခြားဆိုင်ပိုင်ရှင်တွေဟာ သူ့လမ်းကို ပိတ်ထားကြပြီး ..ထွက်သွားခွင့်မပြုကြပေ။
လင်းဖန် ရယ်မောကာ ချင်းဖေးကို ကြည့်လိုက်ပြီး..
"ခင်ဗျား ဒါအကုန်ပဲလား.."
"ထပ်ပြီး မဖျက်ဆီးနိုင်တော့ဘူးလား.."
"ခုနက တော့ ခင်ဗျား မာနကြီးနေတာလေ.."
"ဆက်ကြီး မာနကြီးပါဦး..ဘယ်သူမှ ခင်ဗျားကို မလုပ်ဖို့ ကျုပ်တာဝန် ယူတယ်.."
အစကတော့ ..ချင်ဖေး တွေဝေနေပေမယ့် ဒီငနဲက ဒေါသကို လာဆွနေတော့ စိတ်မထိန်းနိုင်တော့ပေ။
"ကောင်းပြီလေ..ခွေးသားလေး.. ။မောက်မာမနေနဲ့. မင်းရဲ့ တစ်ဆိုင်လုံးကို ငါရိုက်ချိုးပြမယ်.။နောက်တစ်ခါ ဒီလမ်းက ဖြတ်တိုင်းလည်း လာလာပြီး ဖျက်ဆီးပြမယ်.."
*ဘန်း..*
ချင်းဖေး ခွေးချေခုံကို နံရံဆီ ပစ်ပေါက်လိုက်ပြီး စတင် ဖျက်ဆီးလိုက်တယ်။ဆိုင်က နည်းနည်းသေးပေမယ့်လည်း ပစ္စည်းတွေတော့ ရှိပါသေးတယ်။အချိန်ခနလေးအတွင်းမှာပဲ သူ ဖျက်ဆီးလို့ရတာ အကုန်ဖျက်ဆီးလိုက်ပါတယ်။
ဆယ်မိနစ်ကြာပြီးနောက်။
ချင်းဖေး အမောတကော ဖြစ်နေပေမယ့် လင်းဖန်ကို ဘဝင်မြင့်စွာ ကြည့်လိုက်ပြီး..
"ဘယ်လိုနေလဲ..အကုန်ဖျက်ဆီးပြီးသွားပြီလေ..။မင်းငါ့ကို ဘာလုပ်နိုင်မှာမို့လို့လဲ.."
လင်းဖန် ရယ်မောလိုက်တယ်။
"မဆိူးဘူး..ဒါတကယ်မိုက်တယ်."
ယင်းနောက် သူ ဖုန်းကို ထုတ်ကာ 110 ကို ခေါ်လိုက်တယ်။
"ဟဲလို ကျွန်တော် တိုင်ကြားစရာ လေးတစ်ခုရှိလို့ပါ။ကျုပ်ဆိုင်ကို တစ်ယောက်ယောက်ဖျက်ဆီးနေလို့..တိမ်ဖြူလမ်းက.မာစတာ လင်း။ဟုတ်ပါတယ်..လူပို့ပေးပါ."
ချင်းဖေး လှောင်ရယ်လိုက်တယ်။
"ရဲခေါ်မလို့လား..ကောင်းတယ်..။ပြသနာမရှိဘူး.ငါကြောက်မယ် ထင်လို့လား.."
လင်းဖန် ရယ်လိုက်တယ်။
"ခင်ဗျား မကြောက်တာ ကျုပ်သိပါတယ်။ခင်ဗျား ချမ်းသာတော့ လုပ်ချင်တာ လုပ်လို့ရတာပေါ့။ကျုပ်တို့လို သာမန်လူတွေက ခင်ဗျားကို ငွေကြေးပိုင်းမှာ မယှဥ်နိုင်ပါဘူး။ကျုပ် အကြမ်းဖျင်း တွက်ချက်မူအရတော့ ခင်ဗျား လျော်ကြေးငွေ ဒေါ်သာ သိန်းဂဏန်းလောက် ပေးရလိမ့်မယ်နော်.."
ချင်းဖေး ရယ်မောလိုက်တယ်။
"ညီအစ်ကို..မင်းကိုမင်း.ရွှေရောင်းနေတယ် ထင်လို့လား.."
အဲ့အချိန်မှာတော့ ဆိုင်ပိုင်ရှင် သူဌေးတွေဟာ မာစတာ လင်း ဘာလုပ်ချင်တာလဲ ဆိုတာ ကို နားလည်လိုက်ပါပြီ။
"မာစတာ လင်း ဆိုင်က ဟောင်း နေပြီ.တစ်စုံတစ်ယောက်က အခမဲ့ ဖျက်ဆီးပေးတော့ ပြန်ပြင်ဆင်ယုံပေါ့.."
"ဟုတ်တယ်..သူဌေးလေး ပန်ကိတ်က အရမ်းကောင်းတယ်..တန်းစီနေတဲ့ လူတွေကိုလည်းကြည့်ဦး။သူ့ရဲ့ တစ်နေ့ဝင်ငွေက ဒေါ်လာသောင်းချီ ရှိမှာ ကျိန်းသေတယ်"
"ဒါတင်ပဲလား..ဗေဒင်ဟောတာကလည်း ..တစ်နေ့ကို ဒေါ်လာထောင်ချီရတာနော်.."
"ဒီလို ဖျက်ဆီးတဲ့ အမူက..အများဆုံးဆိုရင် ထောင် သုံးနှစ် ကျနိုင်ခြေရှိတယ်နော်.."
"ပိုပြီး လေးလေးနက်နက် လုပ်ဆောင်ရင်..ဒီလူ ထောင်ခုနှစ်နှစ်လောက် ကျနိုင်တယ်.."
ချင်းဖေး ဘေးနားက လူတွေရဲ့ စကားကို ကြားပြီး ဆွံ့အသွားခဲ့တယ်။
သူတို့ ဘာကို ဆိုလို တာလဲ....
ဥပဒေကို နားမလည်တဲ့ စောက်ရူးတွေလား....