ငါတို့ဖြည်းဖြည်းချင်းစီ ရေတွက်ကြမယ်
Vol. 17 Ch. 242
ချင်းဖေးဟာ..ဆိုင်ကို ဖျက်ဆီး အပြီးမှာ နည်းနည်းတော့ ကျေနပ်သွားခဲ့တယ်။ကိုယ်ကိုယ်တိုင် မလုပ်ဖူးရင် ဒါဘယ်လို ခံစားချက်လဲ ဆိုတာကိုသိမှာမဟုတ်ပါဘူး။
သူ ဖျက်ဆီး ပြီးသွားရင် ဒီငနဲ ဒေါသထွက်လိမ့်မယ်လို့ ထင်ပေမယ့်လည်း..ဒီ ကောင်က တည်တည်ငြိမ်ငြိမ် နဲ့ ပြုံးနေဆဲပါ။ချင်းဖေး လင်းဖန်ကို နားမလည်နိင်တော့ပေ။
လင်းဖန် ဒီလူကို တည်ငြိမ်စွာ ကြည့်လိုက်ပြီး..
"ဘယ်လိုနေလဲ..။တစ်ခြားလူရဲ့ ဆိုင်ကို ဖျက်ဆီးရတာ မိုက်တယ်မလား.."
"မင်းက ရယ်နိုင်သေးတယ်ပေါ့.. "
ချင်းဖေး ပြောလိုက်တယ်..သူ ဒီက ထွက်သွားချင်ပေမယ့်.ဆိုင်ပိုင်ရှင်တွေရဲ့ တားဆီးချင်းကို ခံလိုက်ရပါတယ်။သူ ဒေါသထွက်စွာ အော်ဟစ်လိုက်တယ်။
"ဖယ်ကြစမ်း..."
"ဝိုး..မင်းက ဆိုင်ကို ဖျက်ဆီး ပြီးသွားတော့ လွယ်လွယ်ထွက်သွားလို့ ရမယ်ထင်နေတာလား..။နောက်နေတာပဲ ဖြစ်ရမယ်.."
"ကျုပ် ရဲခေါ်ထားပြီးပြီ ဆိုတော့.ခင်ဗျားကို ရဲတွေ ဘာလုပ်မလဲ စောင့်လိုက်ပါဦး.."
"ခင်ဗျားက ဆိုင်တစ်ဆိုင်ကို နေ့ဘက်ကြီးရိုက်ချိုးပြီး ထွက်သွားချင်နေတာလား..။အိပ်မက် ဆက်မက်နေလိုက်.."
"ငါတို့က လမ်းပိတ်ထားတယ် ဆိုမှတော့ ထွက်သွားလို့ ရမယ် ထင်နေလို့လား..."
"ငါတို့က အမှန်တရားကို မြတ်နိုးတဲ့ လူတွေ..ခင်ဗျားရဲ့ အပြုအမူတွေကို မြင်ပြီးတဲ့ နောက်မှာ ကျုပ်တို့ လက်မခံနိုင်ဘူး.."
ဆိုင်ပိုင်ရှင်များဟာ ဝိုင်းပြောနေကြပါတယ်။သူတို့ ဒီလူကို ဒီတိုင်း လွှတ်ပေးလိုက်မှာ မဟုတ်ပါဘူး။
ချင်းဖေး ကြောင်အသွားခဲ့တယ်။
ဒီစောက်ရူး တစ်သိုက်က ဘယ်ကရောက်လာကြတာလဲ...
ဒါက တစ်ခြားလူတွေနဲ့ မတူပါဘူး..တစ်ခြားလူတွေ ပွဲလာကြည့်ရင် ဘေးကနေပဲ တိတ်တဆိတ် ရပ်ကြည့်နေကြတာပါ။သို့ပေမယ့် ဒီလူတွေက တော့ သူ့ရဲ့ လမ်းကို ပိတ်ထားလို့ပါ။
လူတွေက ဘယ်တုန်းက တရားမျှတမူကို သဘောကျသွားကြတာလဲ...
လူလိမ် ထျန် မိနစ်ပိုင်း အတွင်း ပျက်ဆီးသွားတဲ့ ဆိုင်အခြေအနေကို ကြည့်ပြီး အံ့သြနေခဲ့တယ်။ဒီနေ့ခေတ်လူတွေက အရင်က လူတွေနဲ့ တော်တော် ကွဲပြားသွားသလိုပါပဲ။
လင်းဖန် ပျက်ဆီးနေတဲ့ ဆိုင်ကို ကြည့်ကာ.ချင်းဖေးဘက်ပြန်လှည့် ကြည့်လိုက်ပြီး..
"ဘယ်လိုလဲ..ကျေနပ်သွားပြီလား။ခင်ဗျား မကျေနပ်သေးရင်..တစ်ခြားဆိုင်တွေလဲ ဖျက်ဆီးလို့ရသေးတယ်။ဒါဆိုရင်တော့ ခင်ဗျား စိတ်ကျေနပ်နိုင်မှာပါ..."
အကြီးအကဲ ကျန်း ထပ်ပြောလိုက်တယ်။
"ဟုတ်တယ်.မင်းမလုံလောက်သေးရင်.ငါ့ဆိုင်ကိုလဲ ဖျက်ဆီးလို့ ရတယ်။ငါ့ဆိုက်က ဘေးနားလေးမှာတင်။မင်းဖျက်ဆီးချင်ရင် နီးနီးလေးပဲ.."
"ငါ့ဆိုင်ကို လည်း ဖျက်ဆီးလို့ရတယ်နော်"
"ငါ့ဆိုင်ကလည်း သိပ်မကြီးပေမယ့် အထဲမှာ ပစ္စည်းတွေ အများကြီးရှိတယ်။ခွေးချေခုံနဲ့ းမရရင် တူနဲ့ ထုပေါ့.."
......
"စောက်ရူးတွေ..မင်းတို့အကုန် စောက်ရူးတွေပဲ.."
ချင်းဖေးဒေါသထွက်စွာ ပြောလိုက်တယ်။
"ဘေးဖယ်ကြ ငါအခုသွားတော့ မလို့.."
သူ ဒီလူတွေ စောက်ရူးတွေမှန်း သိသွားပြီ ဖြစ်တာကြောင့် ထပ်မနေချင်တော့ပါဘူး။
"ကျေးဇူးပြုပြီး..လမ်းဖယ်ကြပါ.."
နောက်ဘက်က အသံတွေကို ကြားလိုက်ရတာပါ။
"ရဲတွေရောက်လာပြီဟေ့..သူတို့ ဖြေရှင်းလိမ်မယ်.."
ဆိုင်ပိုင်ရှင်တွေဟာ ချက်ချင်းလမ်းဖယ်ပေးလိုက်ကြတယ်။
မာစတာ လင်းရဲ့ ဆိုင်က ရဲအရာရှိတွေ ကြားထဲမှာလည်း နာမည်ကြီးပါတယ်။မာစတာ လင်းက သူတို့ကို လူကုန်ကူးတဲ့ အမူကြီးကို ဖော်ထုတ်ပေးထားတာပါ။
သူတို့ မာစတာ လင်းရဲ့ ဆိုင်ကို တစ်ယောက်ယောက် ဖျက်ဆီးနေတယ် လို့ကြားတဲ့အချိန်မှာ ...သူတို့ လီရှောင်ရှမ်းကို ချက်ချင်းဆက်သွယ်လိုက်ကြတယ်။
လီရှောင်ရှမ်းက မာစတာ လင်းနဲ့ ရင်းနှီးမှန်း သူတို့ သိထားပြီးသားပါ။ဘယ် ငနဲက မာစတာ လင်းရဲ့ ဆိုင်ကို ဖျက်ဆီးရဲတာလဲ ဆိုတာ သူတို့အံ့သြသင့်နေခဲ့ကြပါတယ်။
ဒီလို တရားဝင်အမူကို ကိုင်တွယ်ရတဲ့ အချိန်မှာ လီရှောင်ရှမ်းဟာ..တစ်ခြားလူတွေ အမြင်စောင်းမှာကြောင့် လင်းဖန်ကို သိနေတဲ့ ပုံစံ မပြပေ။
"ဘာတွေဖြစ်နေတာလဲ.."
လီရှောင်ရှမ်းမေးလိုက်တာပါ။
လင်းဖန် ချင်းဖေးကို လက်ညိုးထိုးပြလိုက်တယ်။
"ဒီလူက ကျုပ်ဆိုင်ကို ဖျက်ဆီးခဲ့တာ.."
တစ်ခြားဆိုင်ပိုင်ရှင်တွေက လည်း ထောက်ခံလိုက်ကြတယ်။
"ဒီလူက မောက်မာလွန်းတယ်။သူက ဆိုင်ကို ရောက်လာတာနဲ့ စကားတောင် တစ်ခွန်းမှ မပြောဘူး..တန်း ဖျက်ဆီးတော့တာပဲ.."
"သူက ဖျက်ဆီးပြီးတော့ ပြေးချင်နေတာ ငါတို့ဝိုင်းပြီး တားထားရတယ်။ငါတို့ ဒီလူကို ဒီတိုင်း လွှတ်မပေးနိုင်ဘူးလေ.."
မာစတာ လင်းရဲ့ ဆိုင်ကို ဖျက်ဆီးတယ် လို့ကြားတဲ့ အချိန်မှာပဲ လီရှောင်ရှမ်းဟာ ချင်းဖေး ကို ကြည့်မရဖြစ်သွားခဲ့ပါပြီ။သူ ချင်းဖေးကို လက်ညိုးထိုးပြီး မေးလိုက်တယ်။
"အဲတာတွေ ခင်ဗျား ဖျက်ဆီးခဲ့တာလား.."
ရဲအရာရှိတွေကို မြင်ပြီး ချင်းဖေး ဘာဆက်ဖြစ်မလဲ မသိပေမယ့် ခေါင်းညိမ့်ပြလိုက်တယ်။
"ဟုတ်တယ် .ကျုပ်လုပ်ခဲ့တာ.."
"ဒီလောက်က လုံလောက်ပြီ.."
လီရှောင်ရှမ်း ခေါင်းညိမ့်လိုက်တယ်။
"သူ့ကို ဖမ်းခေါ်ခဲ့လိုက်.."
ချင်းဖေး ရယ်မောလိုက်ပြီး..လင်းဖန်ကို လက်ညိုးထိုးလိုက်ကာ..
"မှတ်ထားလိုက်..။ဒီနေ့ ကိစ္စက မင်းအတွက်သင်ခန်းစာပဲ..။နောက်တစ်ခါ မျက်လုံးကို ကျယ်ကျယ်ဖွင့်ထား..ကိုယ့်ကိုကို ဟုတ်လှပြီ မထင်နဲ့.။မင်း သွားရှုပ်လို့ မရတဲ့ လူတွေဆိုတာ ရှိတယ်.."
လင်းဖန် ရဲ့အရာရှိဘက်လှည့်ကာ ပြောလိုက်တယ်။
"သူက ကျုပ်ကို ချိန်းခြောက်နေပြန်ပြီ..။ဒါပါ မှတ်ထားပေးပါဦး.."
ဘေးနားမှာ ရပ်နေတဲ့ အရာရှိ နှစ်ယောက်ဟာ လည်း မာစတာ လင်းကို နဂိုကတည်းက လေးစားပြီး..ဒီလူရဲ့ မောက်မာမူတွေကို သဘောမကျကြပါဘူး။
"မှတ်ထားပြီးပါပြီ.."
"ကျုပ်လည်း စခန်းကို လိုက်ဖြေရှင်းမှရမယ်။ဒီဆိုင်က သေးပေမယ့်လည်း အထဲက ပစ္စည်းတွေက ရိုးရှင်းတာ မဟုတ်ဘူး..ကျုပ်ဒီလူကို ဒီတိုင်းလွှတ်ပေးလို့ မရဘူး.."
လင်းဖန် လူလိမ် ထျန်ကို ပါ ဆက်ပြောလိုက်တယ်။
"ဘယ်ပစ္စည်းကို မှ မထိနဲ့ဦး..ဒါတွေ အကုန်လုံးက သက်သေပဲ.."
ချင်းဖေး နှာခေါင်းရှုတ်လိုက်တယ်။
"သက်သေ ဟုတ်လား..။အကုန်လုံးပေါင်းမှ ဒေါ်လာ နှစ်ထောင်တောင် တန်မှာမဟုတ်ဘူး..ဟားဟား.."
လင်းဖန် ရယ်မောပြီး ကူညီမဲ့ စွာပြောလိုက်တယ်။
"ဒေါ်လာနှစ်ထောင်က မလုံလောက်ဘူး.။ဒါပေမဲ့ စိတ်မပူပါနဲ့..ကျုပ်တို့ ရဲစခန်းရောက်မှ အေးအေးဆေးဆေး ရေတွက်ကြတာပေါ့။ခင်ဗျားကို လိမ်ညာမတောင်းဘူးလို့ အာမခံပါတယ်.."
ချင်းဖေး လင်းဖန်ကို ဝမ်းသာစွာကြည့်လိုက်တယ်။
"ကောင်းပြီ..ငါပါ ကူတွက်ပေးမယ်။ငါ မင်းဆိုင်ကို ဖျက်ဆီးတယ် ဆိုမှတော့ လျော်ကြေးကို စောက်ဂရု မစိုက်လို့ပေါ့ကွာ..။မင်းကို .တစ်ဆင့်တောင် ပိုပေးလိမ့်မယ်လို့တော့ မထင်နဲ့နော်။ငါ ဒီလို ဆိုင်မျိုးကို မင်းထက် ပိုပြီး..ရင်းနှီးတယ်..။ငါမင်းကို လက်ရှိပေါက်စျေးနဲ့ပဲ ပေးနိုင်မယ်..ပျော်ရဲ့လား.."
လီရှောင်ရှမ်း ဒါကို ကြားပြီး ဒေါသထွက်ပေမယ့် ရဲအရာရှိ ဖြစ်တဲ့ အတွက်ရိုက်နှက်လို့ မရပေ။
"ကျေးဇူးပြုပြီး စကားကို ဆင်ခြင်ပြောပါ။ခင်ဗျားက သူများဆိုင်ကို ဖျက်ဆီးပြီး ဘာတွေ ဘဝင်မြင့်နေတာလဲ။သူ့ကို ခေါ်သွားလိုက်"
ဘေးနားက အရာရှိဟာ ပြန်ဖြေလိုက်တယ်။
"ဟုတ်.."
သူတို့ ထွက်ဖို့ လုပ်နေတဲ့ အချိန်မှာပဲ လူလိမ် ထျန်ဟာရောက်လာခဲ့တယ်။
"ငါလည်း လိုက်ခဲ့မယ်.."
လင်းဖန် လက်ဝေ့ယမ်းလိုက်တယ်။
"မလိုတော့ဘူ..။ကျုပ်တစ်ယောက် တည်းဖြေရှင်းနိုင်တယ်။ဒါက အသေးအမွှားလေးပဲ..ပြန်လည်ပြန်ဆင် တဲ့ ကုမ္ပဏီကိုသာ ဆက်သွယ်ပြီး..ကြည့်ခိုင်းလိုက်..။ကျုပ်တို့ ဆိုင်ကို ဒီဇိုင်းပြန်ဆွဲပြီး ကြည့်ကောင်းအောင် လုပ်ရမယ်.."
လူလိမ် ထျန် ရယ်မောလိုက်တယ်။
"စိတ်မပူနဲ့..ပြီးပြီလို့သာ သဘောထားလိုက်.."
ရဲကားတွေ ထွက်ခွာသွားပြီးနောက်။
"ဟေး ဒီငနဲတော့ သေပြီးပဲ ဒေါ်လာသိန်းချီကုန်တော့မယ်"
"မင်းတို့ အစောက ပြောတော့ ပိုက်ဆံ အတော်ကုန်တော့မယ်ဆို..။ဒီလောက်အများကြီးက မကုန်လောက်ဘူးမလား.."
"မင်းမသိဘူးလား..။လင်းဖန်က ဒီလူလုပ်တာကို တမင်တကာ ကြည့်နေခဲ့တာလေ။ဒီလူ ထောင်မကျချင်ရင် ငွေနဲ့ ညှိရမှာပဲ။ထပ်ပြောရရင် သီးသန့်ဖြေရှင်းဖို့က ပိုက်ဆံ ကုန်ကျရဦးမှာ...ပြန်ဆင်ဖို့ ကုန်ကျစရိတ်တွေရောပဲ။မာစတာ လင်း သူဖျက်ဆီးလိုက်လို့ ဆိုင်မဖွင့်နိုင်တဲ့ ဆုံးရှုံးမူတွေပါ ဒီလူပေးရတော့မှာ..."
"ဒါပေမဲ့ မာစတာ လင်းက တစ်နေ့ ဆယ်လုံးပဲရောင်းတာလေ.."
"သူနောက်နေ့တွေလည်း ဆယ်လုံးပဲ ရောင်းမယ်လို့ ဘယ်သူပြောလဲ။သူ့ပန်ကိတ် ဝယ်မယ့်လူတွေက တိမ်ဖြူလမ်းတစ်လျောက်လုံးမှာ အတော်ပြည့်နှက်နေတာ..။တစ်နေ့တစ်နေ့ လူရာချီတောင်မကပဲ ထောင်ချီတောင် ရှိလောက်တယ်။ထပ်ပြောရရင် ပြန်ပြင်ဆင်ဖို့က ရက်အနည်းငယ်ကြာမှာဆိုတော့ ဒီလူ လျော်ကြေး ပေးရမယ့် ငွေကနည်းမှာ မဟုတ်ဘူး.."
"ဟားဟား..အမှန်တရားက ရက်စက်တယ်နော်"
"ရက်စက်တယ်လား..။မာစတာ လင်းက ရက်စက်တာမဟုတ်ဘူးလေ။ဒီငနဲက သူ့ဆိုင်ကို ဘဝင်မြင့်ပြီး လာဖျက်ဆီးတာကို..သူ ခနနေကြရင်..မျက်ရည်ထွက်အောင် ငိုရတော့မယ်.."
"ဟားဟား ဒါအမှန်ပဲ.."
..
ဆိုင်ပိုင်ရှင်တွေဟာ မာစတာ လင်းကို မနာလို မဖြစ်ကြပါဘူး။သူတို့လည်း ဒီလူတွေကြောင့် စီးပွားဖြစ်ကြရပါတယ်။ထပ်ပြောရရင် မာစတာလင်းကြောင့် ပဲ သူတို့ဒီလိုမျိူး ဆက်ဆံရေးကောင်းတွေ ရှိနေကြတာပါ။
သူတို့ တိမ်ဖြူလမ်းက စည်းလုံးမူရှိတယ်လို့ သူတို့ ခံစားကြရပါတယ်။သူတို့ ပေါင်းစည်းမှရပါမယ်။ထပ်ပြောရရင် မာစတာ လင်း သူတို့ကို မိဘမဲ့ ဂေဟာ ခေါ်သွားတာက သူ့တို့ရဲ့နေ့စဥ်ဘဝကို အဓိပ္ပါယ်ရှိလာစေတာပါ။